မောင်ရှမ်းတို့လဲကိုရီးယားကားရိုက်တတ်ပါတယ်ဗျာ.. ကိုဖတ်ကတ်တို့ဦးဘလက်တို့မှမဟုတ်ပါဘူး…… ဒီချောင်းကိုသွားတာပုံတစ်ရာကျော်တွယ်လာတာ…ဒီလောက်တော့ဆွဲဆန့်ထားရမှာပေါ့နော့်လေ… ဟုတ်ဝူးလားရွာသားတို့ရေ…. ဂယ်တော့ဘာမှမဟုတ်ဘူး သူကြီးပွိုင့်ကိုနဲနဲချင်းစီခိုးနေတာ…… မရတော့လဲ… Top  Poster ဖြစ်တာပေါ့….. ဟီးဟီး…. သင်ပေးကြပါဦးဒါ့ပုံရိုက်တတ်အောင် မောင်ရှမ်းကို…. အဟိ နာမည်ကလဲပြောင်းလို့ကောင်းမှကောင်းရွာဇရပ်မှာအားမရလို့ရွာထဲ ထိပြောင်းကြည့်နေတာ…. လ.ဝ.ကတော့မရှိလောက်ပါဘူးနော်…. ခဏနေ…မှတ်ပုံတင်အတုလုပ်မှုနဲ့ရုံးတင်နေမှ…. အဟိ….  


                    အဟိအဟိ….လက်ဆော့တဲ့မောင်ရှမ်း သူကြီးဆီကသုံးဆယ်ယူပြီး ထိပ်တန်းပို့စ်တင်တဲ့သူဖြစ်အောင်လုပ်ဦးမယ်… နက်ဖြန်ဆယ်ပုံတင်မယ်ဟေ့……. သူကြီးဆာဖာရဲ့မီဒီယာလိုက်ဘရီထဲမှာ  ဆယ်ပုံသိမ်းထားတယ်…မနက်ဖြန်အေးဆေးထုတ်တင်မယ်….   ရွာသားများအားပေးစောင့်မျှော်ရှုစားကြပါနော်…….. ခင်တဲ့….မောင်ခ…..ရှမ်းပြည်သား(တောင်ပိုင်း)              


          အဟိအဟိလာထားမယ်လာထားမယ်တစ်ရာတစ်ရာ… တစ်ရာမရရင်တောင်ပို့စ်တော့များသွားပြီ……. ရွာသူားတို့အားပေးကြည့်ရှုပြီးဝေဖန်သင်ကြားပေးပါဦးနော့်…….. သူကြီးတော့မွဲပြီထင်ရဲ့…………… တစ်နေ့ကိုဆယ်ခုမန့်ပို့စ်တစ်ခုတင်….တွက်ခြေကိုက်တွက်ခြေကိုက်….. အဟီးနောက်ထာ… ဂယ်မထင်နဲ့နော်…. ရွာသူားတွေကိုကြည့်စေချင်လို့အိပ်ရေးပျက်ခံတင်ပေးလိုက်ပါတယ်….. ခင်တဲ့မောင်ခ…ရှမ်းပြည်သား(တောင်ပိုင်း)


တင်ချင်တာကပုံအများကြီး…. တင်လို့ရတာကတစ်ပုံထဲရယ်…………. သူကြီးမင်းရေ…… ပွိုင့်အလကားညာယူတာမဟုတ်ဘူးနော်….. အများကြီးတင်ချင်တာ ….  ကွန်နက်ရှင်နဲ့ လျှပ်စစ်မီးက အခွင့်အရေးမပေးလို့….. ရသလောက်ပဲတင်ပေးလိုက်တယ်……. ရွာသားတို့ရေ…. ဘာပဲပြောပြော… သူကြီးဆီက တစ်ရာတော့ရပြီ……… အဟိအဟိ…. 😉 B) 😀  😛 ကျွန်တော်စိုင်ပစ်ထားတာလေးတွေတင်ပေးချင်ပါတယ်… ဒါပေမယ့်ကျွန်တော်တို့ဆီမှာ မိုးသက် လေပြင်းကကျနေလေတော့ မီးကလည်းမလာ ကွန်နက်ရှင်ကလည်းပျက် အကုန်လုံးတင်မရဘူး ဒီတစ်ပုံလေးတောင် မီးလာမယ့်အချိန်နဲနဲလေးကိုအလုအရက်တင်ပေးလိုက်တာဖြစ်ပါတယ်….. အမှားရှိကခွင့်လွှတ်ကြပါကုန်………….. ရွာသားတို့ရေ……


    ရွာသားများအားလုံးကိုဒီနေ့ပုံလှလှလေးတွေနဲ့ စာလေးတွေအောက်မှာတွဲတင်ပေးချင်တာ(ပုံသုံးပုံကတော့ ပုံဆိုးဆိုးကြီးတွေပေါ့နော်) သူကြီးမင်းရဲ့ဆာဖာမှာ ကျွန်တော့်ပို့စ်တွေကို နှစ်ခါပြန်တင်ဖို့ပေးထားတဲ့ ဗိုင်းရပ်စ်ကိုက်နေတယ်ထင်တယ်… ဘယ်လောက်ပဲမှန်အောင်တင်တင် နှစ်ခါလောက်မှမလုပ်ရရင် … အိပ်ရေးအပျက်ခံပြီးမတင်ရင်… သူကြီးဆာဖာက ဂေလာရီနဲ့ဟိုဘာညာဘညာဆိုတဲ့အကောင်ကြီးကသိပ်မကြည်လို့တင်မရဘူး….. ပုံသုံးပုံမှလွဲ၍ကျန်တာအကုန်လုံးကရှမ်းပြည်သားရဲ့ ဖန်တီးမှုလက်ရာစစ်စစ်သာဖြစ်ပါကြောင်း potoshopဖြင့် frame စွပ်ခြင်းမှလွဲ၍ cropping မျှပင်မလုပ်ထားကြောင်းဝန်ခံပါသည်……  ကျန်သုံးပုံကတော့ကိုယ်တိုင်ဝင်အရိုက်ခံနေလို့မပြင်မဆင်တင်ပေးလိုက်ပါသည်… ရွာသူရွာသားများ၏ဝေဖန်အကြံပေးခြင်းများကိုလည်းကွန်မန်းလေးများစောင့်စားခြင်းဖြင့်မျှော်လင့်နေပါသည်…. ခင်တဲ့လေးစားတဲ့ ဓါတ်ပုံတွေကတစ်ဆင့်ရှမ်းပြည်ကိုအလည်အပတ်ခေါ်သွားချင်တဲ့ မောင်ရှမ်း….. ရှမ်းပြည်သား(တောင်ပိုင်း) ကျေးဇူးပြုပြီးရွာထဲမှဓါတ်ပုံပညာရှင်အပေါင်းကျွန်တော့်ပုံတွေကိုဝေဖန်ပေးကြပါခင်ဗျာ…. လိုအပ်တာရှိရင်လည်းသင်ကြားပေးကြပါ…… (ကျွန်တော်သည် ဓါတ်ပုံဆရာမဟုတ်သော ဓါတ်ပုံတပည့်မျှသာဖြစ်ပေတော့သည်)


  အားလုံးသောရွာသားများကို ကြည့်ရှုရင်းအလည်အပတ်ရောက်ခဲ့သလိုခံစားရအောင်           ဓါတ်ပုံလေးတွေတင်ပေးလိုက်ပါတယ်….. ဒီတစ်ခါတော့အမှားအယွင်းမရှိ…ပုံကိုပုံမှန်ဆိုဒ်တွေနဲ့တင်ပေးလိုက်ပါတယ် အခုရွာသူရွာသားများကို တင်ပေးလိုက်တဲ့ပုံတွေကတော့ ရှမ်းပြည်သားရဲ့ကိုယ်တိုင်ဖန်တီးထားတဲ့လက်ရာလေးတွေပါ…   ကျွန်တော့်ပုံနှစ်ပုံကလွဲလို့ပေါ့လေ….. အဲဒီ့ပုံတွေကတော့ ညီဝမ်းကွဲတစ်ယောက်ရိုက်ပေးတာပါ….. သံလွင်မြစ်ရဲ့မြစ်လက်တက်ချောင်းကလေးဖြစ်တဲ့နမ့်တိန်းချောင်းလေးဆီကိုခေါ်ဆောင်သွားခဲ့ပါတယ်…. ဒီပုံတွေဟာ “ပွိုင့်မပေးလည်းနေပါရပါတယ်…သူကြီးရယ်……….”ဆိုတဲ့ပို့စ်လေးရဲ့အဆက်ပါ….. နောက်ထပ်…တစ်ပိုင်း(ဇါတ်သိမ်း)ကျန်ပါသေးတယ်… ပုံတွေတအားများသွားရင်လည်း ရိုးအီသွားမှာစိုးတဲ့အတွက် နဲနဲစီတင်ပေးလိုက်ပါတယ်…… ရှမ်းပြည်သားဆိုတဲ့ကျွန်တော့်ပုံစံဘယ်လိုရှိလဲဆိုတာကိုလည်း ရွာသားတို့ကိုဓါတ်ပုံလေးတင်ပေးလိုက်ပါတယ်။


ယနေ့အေပရယ်ဖူးအရူးများနေ့သည်ကျွန်ုပ်အတွက် အတော်ကြီးပင် ရင်ခုန်လှသောနေ့ပင်ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သောပြောင်းလဲမှုသည် မြန်မာနိုင်ငံတွင်ယနေ့မှပင်စပေတော့မည်……. ၂၀၁၁ မတ်လကပြောင်းခဲ့ပြီဟုဆိုကဆိုနိုင်ပေလိမ့်မည်…… သို့သော်ယနေ့ပြောင်းလဲခြင်းသည် ထိုထက်အဆပေါင်းများစွာသောပြောင်းလဲမှုကြီးများ ရုတ်ချည်းဖြစ်ပေါ်မည့်ပြောင်းလဲခြင်းဖြစ်ပေ၏ ကျွန်ုပ်သည် ဆယ်တန်းအောင်စာရင်းဟုခေါ်ကြသော ဘဝတစ်ဆစ်ချိုးဟုလူအများသတ်မှတ်သည့် အောင်စာ ရင်ကြီးထွက်သည့်နေကပင်လျှင် ယနေ့လောက်ရင်အခုန်ကြီးမခုန်စဖူးပေ……. အောင်စာရင်းကိုပင်ကျကျ အောင်အောင်သွားမကြည့်သည့်လူစားမျိုးပင်ဖြစ်လေ၏။ ကျွန်ုပ်တစ်ခါကချစ်ခဲ့ဖူးသူတစ်ယောက်၏ ပခုံးသား နုနုကိုထွေးပွေ့ခြင်း၊ပါးပြင်တို့ကိုနမ်းခြင်းတို့သည်ပင် ဤမျှလောက်ရင်ခုန်ခဲ့ခြင်းမရှိပါပေ။ ရင်တဒိတ်ဒိတ်ခုန်လျက် ၂၀၁၂ခုနှစ်၏ မတ်လ ၃၁ ရက်နေ့ သမ္မတမိန့်ခွန်းနှစ်ပါတ်လည်နေ့ကြီးကို……… အိပ်စက်ခြင်းမပြုဘဲကုန်ဆုံးစေပြီး ယခု အေပရယ်၁ရက်နေ့ မြန်မာစံတော်ချိန်နံနက်ခုနှစ်နာရီပင်ထိုးချေပြီ။ ရှည်လျားသောညကြီးတစ်ညကို ကျွန်ုပ်ဖြတ်သန်းခဲ့ရလေ၏ လွန်စွာတိတ်ဆိတ်သောညအဖော်မဲ့သောည ကိုကျွန်ုပ်၏ရင်ခုန်သံတို့က တဒိတ်ဒိတ်မည်သံဖြင့်ဖြိုခွင်းလေ၏ အဖော်မဲ့ရသည်ဆိုခြင်းမဤရက်ပိုင်းအတွင်းကျွန်ုပ်၏မိသားစုသည်လည်း ခရီးရက်ရှည်သွားနေကြလေ၏ ကျွန်ုပ်တပ်မက်ခုန်မင်ပျော်ရွှင်ခဲ့ရသည့်ရွာကြီးဖြစ်သော ဂေဇက်သည်လည်း ညခရီးသွားမရှိတိတ်ဆိတ် ငြိမ်သတ်နေပေ၏ ထိုအချိန်တွင်ကျွန်ုပ်ယခင်ကသိနေရသော မြင်နေရသော ကိုယ့်ကိုယ်ကို ရွာစောင့်နတ် ဟုအမည်ပေးထားသည့်နတ်မင်းသည်လည်းမိမိဘုံဗိမာန်တွင် သရည်တဖြန်းဖြန်းစံမြန်းနေလောက်ပြီဖြစ် ၏…. ရွာတွင်ငှားထားသောဒလဝမ်သည်လည်းမိမိတာဝန်အားမထမ်းဆောင်ဘဲ …… ကင်းတဲတွင်ငိုက် မျဉ်းနေလေ၏……. […]


သူကြီးမင်းရဲ့ ဂေလာရီဆိုတာကြီးကိုကျေနပ်ဘူး …. ပုံတွေတစ်ပြိုင်ထဲတင်ရင် သေးသေးလေးပဲရတယ် … ဒီနေ့ဓါတ်ပုံရိုက်ဖို့အစောကြီးထပြင်ရတယ် တစ်နေကုန်ထမင်း တစ်နပ်ပဲစားရတယ်….. ရိုက်လာတဲ့ဓါတ်ပုံတွေကို ထိုင်ပြင်ရတယ် ပြီးလို့တင်မယ်လုပ် တော့မီးကပျက်သွားတယ် မီးလာတော့ကော်နက်ရှင်ကကျနေရော အားလုံးလဲအဆင်ပြေလို့ ညဆယ့်နှစ်နာရီ ပုံထတင်တော့ ပုံတွေကသေးသေးလေးပဲရတယ်….. မပြင်ရတဲ့ပုံတွေကိုတင်တော့လည်း တစ်ပုံကပျက်ပြီး ကျန်ပုံတွေကသေးနေတယ်…. ၃၁.၃.၂၀၁၂ ညဆယ့်တစ်ခွဲမှာတစ်ပို့စ်တင်တယ် ၁.၃.၂၀၁၂ မနက် ဆယ့်နှစ်နာရီဆယ့်ငါးမှာတစ်ပို့စ်တင်တယ် ခုလည်းတစ်ခါတင်တစ်ပုံတင်တော့အကြီးကြီးပေါ်မယ်ထင်တာပဲ သူကြီးထုတ်ထားတဲ့စည်းမျဉ်းတွေထဲမှာ တစ်ရက်ထဲပို့စ်နှစ်ခုထက်ပိုမတင်ရဆိုလို့ ပိုမတင်ပါဘူးနော်သူကြီး ဒီနေ့က မနက်သုံးနာရီထိုးနေပြီ ၁.၃.၂၀၁၂နေ့မှာ သူကြီးပြောတဲ့အထဲမှာ နှစ်ဆယ့်လေးနာရီအတွင်းပို့စ်နှစ်ခုထက်ပိုမတင်ရမပါဘူးနော် တစ်ရက်အတွင်းလို့ပဲပါတယ်……… (ဂီဂီရေ….. လက်တစ်လုံးခြားတော့စလုပ်ပြီနော်…..) ရွာသားအပေါင်း မနက်ရွေးကောက်ပွဲအတွက်စိတ်လှုပ်ရှားပြီး ရင်ပူနေမှာစိုးလို့ ကျွန်တော်ရှမ်းပြည်သား မျက်စိအေးရင်ရင်ပူသက်သာအောင်လုပ်ပေးဖို့ ပုံလေးတွေတင်ပေးချင်ပေမယ့် သူကြီးဆာဖာကဖုန်တင်နေလေတော့(သူကြီးနှစ်လုံးပြူး နဲ့ချိန်နေပြီ….)ပုံတွေသေးကုန်တယ် စိတ်အေးစရာလေးတွေကောင်းကောင်းမမြင်ရတော့ဘူး သူကြီးကောရွာသားတွေကော ပို့စ်တစ်ခုထဲကို နှစ်ခါတင်ပေးလိုက်ရလို့ ရှမ်းပြည်သားတို့ တောင်းပန်ပါတယ်နော်….. ဝေဖန်အားပေးကြပါဦး သူကြီးမင်းတရား ဖျက်ချင်ရင်သေးသေးလေးတွေကိုဖြတ်နော်…….. […]


ပုံမပေါ်လို့ မမြင်ရရင်တော့တတ်နိုင်ဘူးနော်…… မော်ဒယ်မလေးများကိုရိုက်ချင်သော်လည်း အရိုက်ခံမယ့်သူမရှိတာနဲ့ ကိုယ်တိုင်အခြော်တကောက်လုပ်ပြီးပို့စ်ပေးထားပါတယ်နော်….. ကျွန်တော့်ဆြာများဖြစ်ကြသော ကိုလုလင်၊ဂီဂီ၊ဦးပေါက်၊ဦးသော့နှင့်ရွာသူားအပေါင်း တို့အတွက် ကျွန်တော်ကိုယ်တိုက်အရိုက်ခံကိုယ်တိုင်ရိုက်ထားတဲ့ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ လိုအပ်တာလေးများရှိရင်သင်ကြားပေးကြပါဦးနော်………. လေးစားစွာဖြင့်…… ရှမ်းပြည်သား(တောင်ပိုင်း)


ဒီပို့စ်ကဂီဂိရဲ့စနက်နဲ့တင်တဲ့ပို့စ်တစ်ခုပါ သူ့ရဲ့မြန်မာ့လူငယ်တစ်ရာပရောဂျက်ကြီး ကောပီရိုက်တွေပေးတန့်ရိုက်တွေမမိပဲအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကွန်မန်းတော်ကြီးဖြင့်မိန့်တော်စာချလာတာရယ်အတွက်တင်ပေးခြင်းဖြစ်ပါတယ် ခေါင်းစဉ်ကိုကြည့်မယ်ဆိုရင်ဥပဒေကိုချိုးဖော်ဖို့စည်းရုံးသလိုဖြစ်နေပေမယ့်နောက်ဆုံးမှာတော့တ ဥပဒေကိုချိုးဖောက်ရင်ဘယ်လိုပြစ်ဒဏ်တွေကျခံနိုင်ရသလဲဆိုတာရေးထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ် ခေါင်းစဉ်စာသားလေးနဲ့ပါတ်သက်ပြီး သဒ္ဒါမကျနည်းမကျနဲ့ရေးမိတယ်ဆိုရင်လည်း နားလည်သမှုနဲ့ခွင့်လွတ်ပေးစေလိုပါတယ်။ ကဲ စလိုက်ကျရအောင် what  is  IP? IP  means  Intellectual  Property . Let  start   we  denfine. Intellectual  Property  Rights  Enforcement  In  Myanmar  Legal  System  and  Practice 1.Introduction The  Union  of  Myanmar  has  a  substantial, solid  and  strongly  rooted  legal  system  which  has  many  years  of  sound  legal  history. […]


ဒီထဲမှာနာမည်သုံးထားတဲ့ရွာထဲကဦးကြီးအန်တီကိုကိုမမများခွင့်လွှတ်ကြပါကုန် ဖေ့ဘွတ်နှင့်တကွသော အင်တာနက်မှ ပေါက်တတ်ကရပုံမှန်သမျှကိုကူးယူတင်ပြပါသည် ရွာသူရွာသားအပေါင်းကိုပျော်စေချင်သောသဘောဆန္ဒဖြင့်သာတင်ပါသည် သူကြီးပွိုင့်ကိုဖြုံးတီးချင်သောသဘောမပါဝင်ပါ နောက်ပြီးဓါတ်ပုံတွေကူးတင်ရင်တက်မတက်စမ်းသော သဘောဖြင့်တင်ခြင်းလည်းဖြစ်ပါသည် လောလောဆယ်တော့ဘာပုံကိုမှမမြင်ရပါ မပေါ်လာပါက ဘုန်းကံနိမ့်ပြီဟုမှတ်၍တရော်ကင်ပွန်းများဖြင့်ခေါင်းလျှော်ပြီး ကွန်နက်ရှင်ကောင်းသောအခါမှနောက်တစ်ခါထပ်တင်မည်ဖြစ်ပါသည် ဘုန်းကံမြင့်သူဆိုရင်တော့မြင်ကိုမြင်တယ်ဗျ။


အလိုလေး နယူးတွေနယူးတွေ သီအိုးလ်ဒီးတွေကလိုက်ရှင်းပြနေရတယ် ရွာထဲဝင်လာတာကြိုဆိုပါတယ် ဒါပေမယ့် “ပညာတတ်ခေတ်လူငယ်တွေဖြစ်ပြီး စဉ်းစားချဉ့်ချိန်သုံးသပ်ဆင်ခြင် နိုင်စွမ်းရှိမှပို့စ်တစ်ခုဆိုတာဖြစ်ပေါ်ပါတယ် ” ပို့စ်တစ်ခုကွန်မန်းတစ်ခုရေးမယ်ဆိုရင်ကိုယ်ရေးမယ့်အတိုင်းအတာ ဟာဖြင့်ဘယ်အထိတာသွားတယ် ဘယ်လောက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာဝေခွဲသုံးသပ်သင့်ပါတယ် ကြားဖူးတယ်မလား တံတားအိုမှောင်ကိုမလျောက်နဲ့စကားကိုတောင်လိုမမောက်နဲ့လို့ပြောတဲ့စကားပုံလေးလို ထမင်းကိုကုန်အောင်စားစကားကိုကုန်အောင်မပြောကြပါနဲ့ကွယ် ရောမရောက်ရင်ရောမလိုကျင့်ရတယ် ကွယ့် ပို့စ်ပိုင်ရှင်ကော မသိလို့မေးတဲ့သူတွေကောတော်တော်များများဟာနယူးမန်ဘာတွေလို့သိရပါတယ် ပို့စ်တင်ခါနီး လမ်းညွန်တွေသေချာဖတ်ခဲ့ရဲ့လား စည်းကမ်းချက်တွေသေချာနားလည်ခဲ့ရဲ့လားကွယ်တို့ရယ် မဖတ်မရှုဘဲဝင်လာတဲ့သူတွေဆိုရင်တော့ ကို်ယ့်ကိုမြုပ်မယ့်သေတွင်းမှာ ဤကျင်းထဲတွင်ရတနာများရှိ တယ်ဆိုယုံနဲ့မမေးမမြန်းခုန်ဆင်းမယ့်သူတွေပဲဖြစ်လေတော့မယ်ကွယ် ဂေဇက်ကသေတွင်းမဟုတ်ပေမယ့် ဒီနေရာက ပြည်ပရောက်ပညာတတ်တွေနဲ့ပြည်တွင်းကအသိမိတ်ဆွေတွေပညာဖလှယ် ရင်းသတင်းမေး ကြတဲ့ရွာကြီးတစ်ရွာဖြစ်ပါတယ် ရွာထဲကိုဝင်ချင်သလိုဝင်ပြီးထွက်ချင်သလိုထွက်နေကြပေမယ့် ဒီပေါ်ရောက်လာတဲ့ သူအများစုကတော့ မိမိရဲ့ဂုဏ်သိက္ခာမိမိရဲ့လူမျိုးမိမိရဲ့ဘာသာတရား မိမိတို့ရဲ့နိုင်ငံ ကြီးကိုတိုးတက်အောင်လုပ်ဖို့အတွက် ကြံဆောင်နေကြတဲ့သူတွေပါပဲ ဒီလိုလူတွေထဲမှာကိုယ့်ထက် တတ်ကျွမ်းတဲ့ပညာရှင်တွေ နားလည်တဲ့ပညာရှိတွေလည်းပါနေပါတယ် ကိုယ်လုပ်လိုက်တဲ့အပြုအမူ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ဘယ်အတိုင်းအတာကိုသွားကြတယ် ဆိုတာပညာရှိတွေကမေးမ ကြည့်ပေမယ့်တွေးကြည့်ယုံနဲ့သိကြပါတယ်ကွယ် လမ်းမှန်တွေကိုလည်းညွန်ဖို့အသင့်စောင့်ဆိုင်းနေကြပါ တယ် လွတ်လပ်စွာပြောရေးဆိုခွင့်ပေးထားတယ်ဆိုပေမယ့် ခြောက်လမ်းသွားလမ်းမပေါ်မှာ ပလာတာ ရိုက်သလို ဟိုရမ်းဒီရမ်းရမ်းပြောကြမယ်ဆိုရင်တော့ ဒီရွာကြီးထဲကငြိမ်းချမ်းတဲ့လွတ်လပ်တဲ့ အနှစ်သာရများ […]