မြန်မာဝဘ်ဆိုဒ်များ မသိသေးတဲ့သူများအတွက်ပါ သိပြီးသားဆိုရင်တော့ခွင့်လွှတ်ကြပါပေါ့ http://www.weeklyeleven.com အလဲဗင်းမီဒီယာဆိုဒ် http://mmflashsongs.multiply.com သီချင်းနားထောင်ချင်သူများအတွက် ဖလက်ဆောင်းများဆိုဒ် http://www.thithtoolwin.comလူသိများတဲ့သစ်ထူးလွင်ဆိုဒ် http://www.burmese.panglong.orgရှမ်းတို့ရဲ့ သံတော်ဆင့်ဆိုဒ် (မြန်မာ၊တရုတ်၊ထိုင်း၊ရှမ်း၊အင်္ဂလိပ်)ကြိုက်ရာဘာသာကိုကြည့်လို့ရတယ် ဘာသာငါးမျိုးတင်ထားတယ်။ http://swesonemedia.org ပြည်မြန်မာဂျာနယ် ဆိုဒ် http://www.myanmar.mmtimes.com မြန်မာတိုင်းမ်ဆိုဒ် http://refmmjournal.wordpress.com/  reference  of  myanmar  journal ဆိုဒ် http://shwelone.com ရွှေလုံးဆိုဒ် http://www.google.com/search?hl=en&biw=1440&bih=778&tbm=isch&q=moekyashweko+myanmar&revid=1602740416&sa=X&ei=YxFzT-CFO8LJrAfD9dzuDQ&ved=0CD8QgxY ဒါက ရွာထဲကကာလသားများအတွက် အထူးအထူးမျက်စိအပန်းဖြေရာဆိုဒ် (သူငယ်ချင်းမေးလ်ကနေပို့လာတာဗျ) တစ်ခါတစ်လေတော့သွားလည်ဖြစ်ပါတယ် သူပို့လာတဲ့အတိုင်းပြန်တင်ပေးထားတာ ဘယ်လိုမှန်းတော့မသိဘူး ဒီဆိုဒ်ဖွင့်ချင်ရင် draft ထဲကိုသွားပြီးကော်ပီပေ့စ်ထ်လုပ်လုပ်ရတာများလို့ သိပ်မကြည့်ဖြစ်တဲ့ဆိုဒ် အဲလိုများမလုပ်ရရင်တော့လား ယောက်ျားပဲဘယ်ပြောကောင်းမလဲ ရိုးရိုးသားသားဝန်ခံတာနော် ။ ဖွင့်လို့ရတဲ့ဆိုဒ်တွေကတော့အများကြီးပါ ဒါပေမယ့် သတင်းကိုပိုဖတ်ဖြစ်ကြလေတော့ အဲဒီ့ဆိုဒ်တွေပဲများများတင်ပေးလိုက်ပါတယ်။ ထပ်တင်ရင်လည်းသူကြီးပွိုင့်တွေအလကားယူသလိုဖြစ်မှာစိုးတယ်ဗျ သူကြီးတူ …….. သမက်ဖြစ်ချင်လည်းဖြစ်နိုင်ပါတယ် ရှမ်းပြည်သား(တောင်ပိုင်း) နာမည်တူတွေ့လို နာမည်ပြောင်းထားတယ်ဗျို့ Shan ဆိုပြီးတော့ […]


Enforcement  under  the  Myanmar  Copyright  Act According  to  the  Myanmar  Copyright  System, the  copyright  may  be  defined,in  accordance  with  the  provisions  of  section  4  of the   Myanmar  Copyright  Act,as  the  sole  right  to  produce  the  work  or  any  substantial  part  thereof  in  any  material  form  whatsoever.And  it shall  include  the  sole  right: (a) To  produce, […]


ကျွန်တော်ဖေ့ဘွတ်အကောင့်ကိုဖွင့်တိုင်းကျွန်တော့်ရဲ့ဟုမ်းပေ့ချ်မပေါ်လာဘဲ ဘာတွေမှန်းမသိတဲ့ဝဘ်ဆိုဒ်တွေပေါ်ပေါ်လာတယ်။ ဗိုင်းရပ်ကိုက်တယ်ထင်လို့ ဝင်းဒိုးအသစ်တင်လည်းမရဘူးဗျာ…… ဖေ့ဘွတ်ပေါ်ကသူငယ်ချင်းတစ်ယောက်ရဲ့ requestကို acceptလုပ်ပြီး ဖွင့်မိသွားကတည်းက ကျွန်တော့်ဖေ့ဘွတ်အကောင့်တိုင်းမှာ ညစ်ညမ်းဝဘ်ဆိုဒ်တွေပဲပေါ်ပေါ်လာတယ် အကောင့်ကိုပဲကိုက်တတ်တဲ့ ဗိုင်းရပ်တစ်မျိုးလားမသိဘူး။ အဲဒီ့သူငယ်ချင်းကိုမေးတော့လည်း သူလည်းပဲrequestရလို့ accept လုပ်လိုက်တာ အော်တိုပို့စ်တွေအနေနဲ့တက်လာပြီး frတွေအကုန်လုံးကို ပို့နေတော့ တာပါပဲတဲ့ သူလည်းမရှုနိုင်မကယ်နိုင်တွေဖြစ်ပြီး ဒုက္ခတွေတွေ့နေရတယ်တဲ့ ပေါ်လာတဲ့boxလေးကဒါမျိုးဗျ OMG! CHECK OUT THIS? Kohtet Shweoh Thet Naing Snow Fox Nangkhamswe Kham Oo September Ruby Man Barbie Huan Ma Hnin Ei Chaw MC Green Shaowsharman Man My Home S3x Vide0 okatokat.cf.gs အစမှာတော့ […]


ဒီလိုအိမ်ထောင်ဆက်များတဲ့ကိစ္စဟာမြန်မာဓလေ့အရ အမျိုးသားများအတွက်ဆိုရင်တော့မထူးဆန်းပါဘူး အမျိုးသမီးများအတွက်ဆိုရင်တော့ တစ်လင်စနစ်ပဲကျင့်သုံးရပါတယ် ရှေးမြန်မာမင်းများလက်ထက်ကတည်းက ယောက်ျားတွေကမိန်းမအများယူစနစ်ရှိပြီး မိန်းမတွေကတော့ယောက်ျားတစ်ယောက်သာယူခွင့်ရှိပါတယ်။ အစ္စလာမ်ဘာသာဝင်တွေကတော့ ယောက်ျားတစ်ယောက်ဟာမိန်းမလေးယောက် ယူခွင့်ရှိပြီး မိန်းမတစ်ယောက်ကတော့ယောက်ျားတစ်ယောက်သာယူခွင့်ရှိပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေကတော့တစ်လင်တစ်မယားစနစ်ကိုသာကျင့်သုံးကြတာဖြစ်တဲ့အတွက် အင်္ဂလန်လိုနိုင်ငံမျိုးမှာဆိုရင် မယားခိုးမှုဆို တာမရှိပါဘူးတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ တစ်လင်မယားအများစနစ်ရှိတာဖြစ်လို့ လင်ခိုးမှုဆိုတာမရှိဘဲ မယားခိုးမှုကတော့ ရှိနေတာပဲဖြစ်ပါတယ်။ ကဲရွာသားတို့ရေ………. ဒီမင်္ဂလာဆောင်ဓါတ်ပုံလေးကိုကြည့်ကြစမ်းပါဗျာ အရှေ့တိုင်းရဲ့အယူအဆအများစုအရ ဇနီးသည်မိန်းမဟာယောကျာ်းခင်ပွန်းသည်ရဲ့လက်ဝဲဘက်မှာသာလျှင်အိပ်ရပါသတဲ့…… ဒီပုံလေးတိုင်းနှစ်ယောက်တစ်ပြိုင်ထဲယူ ဇနီးနှစ်ယောက်ကလဲအပြိုင်အဆိုင်ပိုင်ဆိုင်လိုကြဆိုတော့ မြန်မာဘုရင်များလိုဆောင်တော်ကူး…… လို့မရ အဆောင်ခွဲထားလို့လည်းမရ….ဖြစ်နေလေတော့ တစ်ဆောင်တည်းအပြိုင်ထား တစ်ယောက်ခြားရင်တစ်ယောက်ကမကျေနပ်……. မင်္ဂလာဦးရက်ကိုဘယ်လိုဖြတ်သန်းကြမှာလဲနော်………….. ရွာသူများကတော့ဒီပိုစ့်ဖတ်ပြီးကျွန်တော့်ကိုဝိုင်းသမတော့မှာမြင်ယောင်သေးလို့ ပြောချင်တာတွေကုန်အောင်ချမရေးတော့ပါဘူး……….. သံပုံးတော့ဝိုင်းမတီးကြပါနဲ့နော် ဆားနဲ့ပက်ချင်ပက် ရွာသူလေဒီတို့ရေ……………. ရွာသားများကတော့ အင်းဒီယောက်ျားရဲ့ဘဝကိုကိုယ်ချင်းစာမိမယ်ထင်တာပါပဲ သူလဲအပြိုင်မယားမထားချင်ဘဲထားရတာဆိုလေတော့……….။  


NLDပါတီက စည်းရုံးရေးသီချင်းလေးတွေထုတ်ပေးနေပြီနော် ဒီဆိုဒ်ကလေးမှာဒေါင်းလိုက်ကြပါဦး။ ငါးပုဒ်လုံးကောင်းတယ်။ http://www.thithtoolwin.com/2012/03/nld_2815.html


အရှေ့အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်အား မကြာသေးမီကာလအတွင်း ပဏာမအပစ်အခတ်ရပ်စဲခဲ့သောရွက်စစ်အဖွဲ့မှ အလျော်ပေး၍ လွဲပြောင်းယူမည်ဟုကြားသိခဲ့ရသည်။ ထို့အတွက်စစ်ဋ္ဌာနချုပ်အား နမ့်စန်မြို့အနီးအနားဝန်းကျင်ဖြစ်သော အမှတ်၉ရွာဘက်သို့ပြောင်းရွေ့နေရာ ချထားမည်ဟုလည်းသတင်းရရှိခဲ့သည်။ နမ့်စန်မြို့နယ်၏မြို့နယ်ခွဲဖြစ်သော ခိုလမ်မြို့နယ်တွင် စစ်တိုင်းဌာနချုပ်ဖွင့်လှစ်ပြီး တစ်နှစ်ခန့်အကြာ၌ ပဏာမအပစ်အခတ်ရပ်စဲခဲ့သောရွက်စစ်အဖွဲ့မှ ၎င်းတို့နယ်မြေအဖြစ်သတ်မှတ်ပေးရန်နှင့် ခိုလမ်မြို့နယ်တွင်ဆောက်လုပ်ခဲ့သော အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိအဆောက်အဦများ၏ကုန်ကျစားရိတ်ကို တွက်ချက်ပေးပြီးငွေချေပေးမည်ဟုလည်း နမ့်စန်မြို့နေပြည်သူများထံတွင်သတင်းများ ထွက်ပေါ်ခဲ့သည်။ အဆိုပါအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အားပြောင်းလဲဖွင့်လှစ်ပေးမည့် အမှတ်၉ရွာပတ်ဝန်းကျင်းအနီးတွင်လည်း လွန်ခဲ့သောနှစ်နှစ်ခန့်က စက်မှုဇုန်အဖြစ်သတ်မှတ်ထားသောမြေနေရာများတွင်လည်း ယခုနှစ်ဧပြီလ၌ နမ့်စန်မြို့အတွင်းတွင်လုပ်ကိုင်လျက်ရှိသော စက်မှုလုပ်ငန်းများ ပြောင်းရွေ့လုပ်ကိုင်ရမည်ဖြစ်သည့်အတွက် အဆိုပါမြေနေရာများတွင် အလျားပေ၈၀xအနံပေ၆ဝရှိသည့်မြေကွက်များမှာ လည်းဈေးနှုန်းသုံးဆခန့်မြင့်တက်လာကြောင်း စက်မှုလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြသော ပြည်သူများထံမှကြားသိရသည်။ ထိုသို့ဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ဝယ်လိုသူအများအပြား ရှိခဲ့သည်ဟုလည်းကြားသိရသည်။  


ကျောင်းသူ/ကျောင်သားတွေကြားထဲမှာ ကြားနေရတဲ့သတင်းလေးပါ။ ဒါပေမယ့်ကောလဟာလမဟုတ်ပါဘူး။ လာမယ့် ၂ရရက်နေ့မှာစတင်ဖြေဆိုမယ့် အတန်းတင်စာမေးပွဲကို ၂၉ရက်နေ့မှာပြီးဆုံးမယ်လို့ကြားသိရပါတယ်။ အတန်းတိုင်းပါတဲ့ဗျာ။ တစ်ရက်ကိုနှစ်ဘာသာဖြေရမယ်လို့ကြားသိရပါတယ်။ ဒီသတင်းလေးကိုကြားသိရတဲ့အချိန်မှာကျွန်တော်တောင် အံဩသွားပါတယ်။ ဟောဗျာမြန်မာနိုင်ငံပညာရေးကအဲဒီလောက်တောင်တိုးတက်နေပြီလား။ တစ်ရက်ကိုနှစ်ဘာသာဖြေဆိုနိုင်တဲ့စွမ်းရည်တွေတောင် မြန်မာကျောင်းသားလူငယ်များဆီမှာရှိကြပြီလား။ ကျွန်တော်တို့လက်ထက်တုန်းကတော့ အတန်းတိုင်းအတန်းတိုင်းကို တစ်ရက်တစ်ဘာသာသာ ဖြေဆိုပြီးအောင်လာတာမို့ ကိုယ့်ထက်ငယ်ရွယ်ကြသော ယနေ့ခေတ်ကျောင်းသားလူငယ်များဟာ တစ်ရက်ကိုနှစ်ဘာသာဖြေဆိုပြီးအောင်ကြ တော့မှာဖြစ်တဲ့အတွက် ကိုယ့်ထက်ထူးချွန်ကြတဲ့ကလေးတွေပါလား မြန်မာ့လူ့စွမ်းအားအရင်းအမြစ်တွေ ဒီလောက်တောင်မှပဲတိုးတက်ဖွံ့ဖြိုးနေပြီလား။ ကိုယ့်ကိုယ်ကိုအရင်ပြန်မေးရင်းဆန်းစစ်နေမိပါတယ်။ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကြီးတကယ်ကိုပြောင်းလဲသွားပြီပဲလို့တောင် ယောင်အော်မိပါ သေးတယ်။ ကလေးတွေပြောကြတာတော့ အစ်ကိုကြီးထင်သလိုမဟုတ်ဘူးတဲ့ မေးခွန်းပေါက်ကြားလို့ သိပြီးသားတွေပဲ အမှတ်ပြည့်ရကြမှာပဲ ဆိုပြီး တစ်ရက်ကိုနှစ်ဘာသာဖြေဆိုခိုင်းတယ်လို့ပြောပါတယ်။ ကျွန်တော်ဒီသတင်းကိုကြားသိရတာ အတော့်ကိုပဲအံ့ဩမိပါတယ်။ ကျေးဇူးပြုပြီး ရွာသူရွာသားများသိပြီးပြီဆိုရင်လဲ ကျွန်တော့်ကိုပြန်ဖြေပေးကြပါဦး ကျွန်တော်များခေတ်နောက်ကျနေပြီလားလို့။ မြန်မာတစ်နိုင်ငံ လုံးဒီလိုတစ်ရက်နှစ်ဘာသာစနစ်နဲ့ပဲဖြေဆိုကြတာလား ။ ကျွန်တော့်ကိုသတင်းပေးရာအရပ်ဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း၊လွိုင်လင်ခရိုင်ထဲက နမ့်စန်ဆိုတဲ့မြို့လေးတစ်မြို့သာဒီစနစ်ကို ကျင့်သုံးဖြေဆိုကြတာလား ပညာရေးဝန်ကြီးကကောဒီကိစ္စကိုသိရှိခွင့်ပြုပြီးသားလားဆိုတာ ဝိုင်းဝန်း စုံစမ်းပေးကြပါလို့ တောင်းပန်အဆိုပြုလိုက်ရပါတော့တယ်။ တကယ်သာမြန်မာတစ်နိုင်ငံလုံးက သူငယ်တန်းမှနဝမတန်းအထိကျောင်းသူ […]


မြန်မာနိုင်ငံရှိရေအရင်းမြစ်များမှာ နေ့စဉ်သုံးသည်ထက်ပြုန်းတီးလျက်ရှိပါသည်။ မြန်မာနိုင်ငံသားတို့မှာ အစိုးရ၏ရေလှောင်တမံစီမံကိန်းများ၊ ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆည်များပြုလုပ်ခြင်းကိုသာရေအရင်းမြစ်များပြုန်းတီးကြောင်းတရားများဟုမှတ်သားကြပြီး မိမိတို့နေစဉ်အသုံးပြုလျက်ရှိသော ရေအရင်းအမြစ်များနေ့စဉ်ပြုန်းတီးနေခြင်းများကိုမူ သတိမမူမိကြပေ။ ဥပမာအားဖြင့်ဆိုရသော် နေအိမ်တွင်ရေလှောင်ကန်များသို့ရေတင်ပြီး ရေများလျှံထွက်လာမှရေပိတ်ကြတဲ့အခါ ရေပိုက်ခေါင်းတွေမလုံတဲ့အခါ မှာဆိုရင် ရေတွေပြုန်းတီးတာကိုသတိမထားမိကြပါဘူး။ ဒါဟာတကယ်တွက်ကြည့်မယ်ဆိုရင် စီမံကိန်းတွေလောက်ရေအရင်းမြစ်ဆုံးရှုံးမှုမများပါဘူးလို့ဆင်ခြေပေးနိုင်ပေမယ့် မိုးစက်ကလေးတွေများလာရင် ကန်ပြည့်တတ်ပါတယ်။ အဲ့တော့နည်းနည်းဆုံးရှုံးမှုများတော့ အများကြီးဆုံးရှုံးမှုဖြစ်တော့တာပေါ့။နောက်ပြီး လူအများစုကစည်းကမ်းမရှိဘဲ ရေနှုတ်မြောင်းထဲအမှိုက်တွေစွန့်ပစ် စက်ရုံအလုပ်ရုံတွေက စွန့်ပစ်ပစ္စည်းတွေရေချောင်းတွေမြစ်တွေဆီကို စွန့်ထုတ်တဲ့အခါ ဒီချောင်းကိုမှီခိုပြီးနေကြရတဲ့ သတ္တဝါအများကိုဘေးဥပဒ်ဖြစ်စေပါတယ်။ အဓိကကတော့ သစ်တောတွေကိုခုတ်တဲ့ကိစ္စပါ။ သစ်တောတွေမရှိတော့ ရာသီဥတုကိုထိန်းသိမ်းပေးမယ့်အရာတွေမရှိတော့ဘူး မိုးတွေခေါင်တယ် ရေရှားလာတယ် ရာသီဥတုပူလာတော့ မြစ်တွေချောင်းတွေရေခန်းလာကြတယ်။ နိုင်ငံတစ်ဝန်းမှာလူဦးရေတိုးပွားလာတာနဲ့အမျှ နေထိုင်ဖို့အိမ်ရာတွေလိုအပ်လာတယ် အဲဒီတော့“ရွာစည်ယာဆုတ်”ဆိုတဲ့စကားအတိုင်း လယ်ယာတွေကိုမြေဖို့ အိမ်တွေဆောက်ကြတယ်။ လယ်ယာမြေအသစ်ဖော်ထုတ်ဖို့ သစ်တောတွေကိုခုတ်ထွင်ရှင်းလင်းရပြန်တယ်။ သစ်တောပြုန်းတော့ ရာသီဥတုဖောက်ပြန်တယ်။ ရာသီဥတုဖောက်ပြန်တော့ ရေတွေကြီးတဲ့နေရာကြီး ရှားတဲ့နေရာရှာဖြစ်ကုန်တာပေါ့။ အဲတော့ကျွန်တော်တို့ပြည်သူအများက ဝိုင်းဝန်းပြီးထိန်းသိမ်းရင် အစိုးရဘက်ကလည်း ပြည်သူတွေရဲ့စိတ်ဆန္ဒကိုလိုက်လျောပေးမှာပါ။ မြစ်ဆုံစီမံကိန်းကြီးတောင်ရပ်သွားတာပဲ။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တတ်သူများ၊စက်ရုံပိုင်ရှင်များနှင့် မြေပွဲစားများပါ […]