ရပ်ကွက်ထဲမှာ ယမကာဆိုင်လေးတစ်ခု ရှိပါတယ် ၊ အဲဒီမှာ သူငယ်ချင်းတွေ ညနေ ညနေဆို ဆုံဖြစ်ကြတယ်ပေါ့ ၊ နေ့စဉ်ရယ်လို့တော့ အားလုံးဆုံတာ မဟုတ်ပေမယ့် အဲဒီဝိုင်းမှာ လူ မပြတ်ပါဘူး ၊ မနေ့က လာတဲ့သူက ဒီနေ့ မလာ ၊ မနေ့က မလာတဲ့သူက ဒီနေ့လာ စသဖြင့်ပါ ၊ ဒီဝိုင်းမှာ ကုမ္ပဏီ မန်နေဂျာ ပါတယ် ၊   ကုမ္ပဏီ ဝန်ထမ်း ပါတယ် ၊ ကုမ္ပဏီ ကားဒရိုင်ဘာ ပါတယ် ၊ ကားပွဲစားပါတယ် ၊ တက္ကစီမောင်းသူ ပါတယ် ၊ ပြန်မတက်နိူင်သေးတဲ့ သင်္ဘောသား ပါတယ် ၊ ကုန်စုံဆိုင် ပိုင်ရှင်ပါတယ် ၊ ဘွဲ့လက်မှတ်တစ်ခု ဆာတီဖကိတ်အထပ်လိုက်နဲ့ အလုပ်လိုက်လျှောက်နေဆဲလည်း […]


ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကျနော်ခရီးဝေးထွက်ဖြစ်ခဲ့ပါတယ် ၊ မန္တလေး နဲ့ ရွှေကူ အထိပါ ၊ အဲဒီခရီးတွေထဲမှာ စိတ်ကသိကအောက်ဖြစ်ရတာလေးတွေ ပြောချင်ပါတယ် ၊ ရွာထဲမှာလည်း ခရီးသွားတွေ များတာမို့ သိကြပြီးလည်း ဖြစ်ပါလိမ့်မယ် ၊ ခရီးစတာ ၁၁ ရက်နေ့ပါ ၊ ည ၉ း ၃ဝ ဂျေဂျေ နဲ့ လိုက်ရမှာမို့ အိမ်က ရ း ၃ဝ ကျော်ကျော်မှာ ထွက်ပါတယ် ၊ ရပ်ကွက်ထဲက သူငယ်ချင်းတက္ကစီနဲ့မို့ အေးဆေးပါပဲ ၊ သင်္ကြန်ပိတ်ရက်မို့ ခရေပင်လမ်းခွဲ အကွေ့က စလို့ အောင်မင်္ဂလာဝင်ပေါက်အထိ ကားတွေက တန်းလို့ ၊ ယာဉ်ထိန်းခမျာလည်း လက်မလည်နိူင်အောင်ပါပဲ ၊ သူငယ်ချင်းက လမ်းပြောင်းပြန်ဝင်လိုက် ၊ […]


မနေ့ကညပိုင်း ၊ ရုံးပြန်ရဦးမယ့် ကျနော် အိမ်မှာ အမေနဲ့ စကားပြောနေတုန်း ဖုန်း ဝင်လာပါတယ် ၊ မင်းနိူင်ဆီကပါ ၊ ရှေ့နေလုပ်နေတဲ့ အောင်မြင့်ရယ် တွံတေးသိန်းတန်သား မြတ်သူတို့လည်း ပါသတဲ့ ၊ အိမ်နားက ရွှေလီမှာ စောင့်နေမယ်ဆိုလို့ တွေ့ဖြစ်ခဲ့ကြပါတယ် ၊ ၄ ယောက်သား ဆုံတော့ အသံအကျယ်ဆုံးဝိုင်းဟာ ကျနော်တို့ ဖြစ်မယ်ထင်တာပါပဲ ၊ မင်းနိူင် ၊ မြတ်သူတို့နဲ့က ပြီးခဲ့တဲ့  ( ၁၉၇၄ – ၁၉၈၁ တီတီစီ ကျောင်းသားဟောင်းများ ) ဆရာကန်တော့ပွဲမှာ တွေ့ခဲ့ပေမယ့် အောင်မြင့်နဲ့ မတွေ့တာ ၅ နှစ် ၆ နှစ်လောက်ရှိပါပြီ ၊ ကျောင်းအုပ်ဆရာမကြီးအထိဖြစ်ခဲ့တဲ့ ၉ တန်း အတန်းပိုင်ဆရာမ ဒေါ်ခင်နွယ်တင့် […]


သမီးရေ အပြီးဖြေရမယ့် မေးခွန်းမဟုတ်ပေမယ့် အရှုပ်တွေရဲ့ ရာဇဝင်ထဲမှာ သမီးတို့ကို မပါစေချင် တစ်ခါလေလျင် ဘဝဆုံးတတ် အပြုံးရပ်မယ့် ဘဝမျိုး ဘယ်တိုးလို့ဖြစ်မလဲ မိုးလေတစ်ခွင်ထဲမှာ ဘယ်အရာဟာ အဆိုး ဘယ်အကျိုးက ဘယ်လိုအကြောင်း ကောင်းကောင်း သိဖို့လို အဖေဆိုတာ အမေလိုပါထိန်းနေရ သိကြသကွဲ့ဆိုရင် အဖေ ကြင်ရကျိုးနပ်ပြီကွယ် ၊  


ညက အတော်မှောင်နေချိန် ၊ ပြည်လမ်းဘက်က ကားသံတွေ မကြားရသလို နာနတ်တောလမ်းမှာလည်း ကားမရှိ ၊ ခဏအကြာမှာ အသိတစ်ယောက် ရောက်လာတယ် ၊ ပြည်လမ်းကို လှည်းတန်းပွိုင့်ကနေ ဟံသာဝတီအထိ ပိတ်ထားသလို နာနတ်တောလမ်းကိုလည်း ပိတ်ထားသတဲ့ ၊ သိပ်မကြာခင် နောက်တစ်ယောက်က ကျွန်းတောလမ်း ကားပွဲစားတန်းဘက်မှာ ရဲကား အချုပ်ကား လူနာတင်ကားတွေ ထိုးထားတယ်ဆိုပဲ ၊ သေချာပြီ ၊ ရပ်ကွက်ကို ဒီည ဝင်စီးတော့မည် ၊ အမေက သား အိမ်ပြန်ရအောင်ဆိုလို့ ဝဂ္ဂီလမ်းနဲ့ ဣစ္ဆာရာမလမ်းထောင့် အံ့ကူတို့အိမ်ကနေ ပြန်လာခဲ့တယ် ၊ ဟိုး ခပ်လှမ်းလှမ်း ဆရာမောင်စွမ်းရည်တို့ အိမ်ကလည်း မီးလင်းနေဆဲ ၊ ကဲ သား ၊ ဟိုကလာခေါ်ရင် အမေလိုက်သွားဖို့ အဝတ်အစားတွေလည်း […]


“ဒေါ်ဒေါ်မေ။ သတင်းကတော့ သတင်းဆိုးပဲ” ရမည်းသင်း အထည်စက်ရုံခွဲ (၈) မှ စက်ရုံမှူး တူတော်မောင် ဦးမြင့်စိုးက လှမ်းပြောခြင်းဖြစ်ပါသည်။ “ဘာ သတင်းကြီးလဲ” “ဦးချစ်ဆောင် ဆုံးပြီ” “ဟုတ်လား၊ အေးလေ၊ ၈ဝ တောင် နီးပြီပဲ” “မဟုတ်ဘူး၊ အက်ဆက်ဒင့် ဖြစ်တာ” “ဘာနဲ့လဲ” “ဆိုင်ကယ်ပါ။ သူဆိုင်ကယ် စီးလာတာကို တစ်ခြား ဆိုင်ကယ်က ဝင်အောင်းတာ၊ ဦးချစ်ဆောင်က ပွဲချင်းပြီးပဲတဲ့” ကျွန်မ ဘာမှ ပြန်မပြောဖြစ်တော့ပါ။ လူထု ဒေါ်အမာ မွေးနေ့တစ်ရက်ဖြစ်သော ၂၀၀၅ ခုနှစ်က မန္တလေးမှာ ဦးချစ်ဆောင်နှင့် ဆုံခဲ့သည်။ မန္တလေး၊ ကျွဲဆည်ကန်က “အောင်မြင့်မို” ဟိုတယ်မှာ တည်းနေရာက ပလိပ်ရှိ ဦးချစ်ဆောင်ထံ ကျွန်မ သွားနှုတ်ဆက်ခြင်းဖြစ်၏။ သူက ပလိပ် အထည်စက်ရုံမှ […]


ပြီးခဲ့တဲ့ ရုံးပိတ်ရက် တစ်ညနေ ၊ တစ်နေကုန် ဈေးသွား ချက်ပြုတ် လျှော်ဖွတ်ခဲ့ပြီးပြီမို့ အနားယူညနေခင်းအဖြစ် ရပ်ကွက်ထဲက ဆိုင်တစ်ခုမှာ ထိုင်ရင်း ဟိုတွေး ဒီတွေး ဟိုကြည့် ဒီကြည့်ပေါ့ ၊ အပေါင်းအဖော်တွေ ရောက်မလာသေးတော့ နားအေး ပါးအေးနဲ့ တစ်ကျိုက်မော့လိုက် ဆတ်သားခြောက်ကြော်တစ်ဖတ် ဝါးလိုက် ဇိမ်ကျနေတယ်ပဲ ဆိုပါတော့ ၊ အဲဒီအချိန်မှာ ဟိုး ပြည်လမ်းပေါ်ကချိုးဝင်လာတဲ့ လူ ၂ ယောက်ကို အကြည့်က အမှတ်တမဲ့ရောက်သွားခဲ့တယ် ၊ ဪ ငါ့သားပါလား လို့ တွေးမိချိန်မှာ သူ့ ဘေးက အမျိုးသမီးဟာ ဘယ်သူဆိုတာ သိလိုက်ပါပြီ ၊ ရေခြားမြေခြား တိုင်းတစ်ပါးက ပြန်ရောက်နေတဲ့ သားရဲ့ အမေပါ ၊ သားက အဖေလုပ်သူ ဒီမှာထိုင်တတ်မှန်းသိလို့ […]


ရုံး အနောက်တွင် ပင်ရွှေပိတောက် ပွင့်ပုံမပေါက်၍ မေးကြည့်လေရာ မိုးမလာသဖြင့် ပွင့်ချင်ပါလည်း အခွင့်မသာ ဖြစ်ပါရကြောင်း ပြန်ပြောင်းဖြေကြား မိုး မသနား၍ ပိတောက်သစ္စာ ပျက်ရရှာဟု ကြွေလုငုံဖူး ရူးမတတ်ဖြစ်ရှာ မျှော်သူမှာ ။  


စားကြမယ် လှူကြမယ် ဆိုတဲ့ KZ ရဲ့ ကြော်ငြာကောင်းမှုကြောင့် ဒီနေ့ မေဒေးနေ့ ပြည်သူ့ရင်ပြင် ဒါဇင်ပလပ်စ် အဖွဲ့ဆီ တွေ့ချင်လွန်းစိတ်နဲ့ ထွက်ခဲ့ပါတယ်.. ဒါပေမယ့် ပြည်သူ့ရင်ပြင်ဆိုတာ ကျနော်နဲ့မနီးစပ်လှတာမို့ ဘယ်နားရှာရမှန်းမသိ.. ဒါနဲ့ ကိုမိုက် ဆီကို လှမ်းအကူအညီတောင်းရပါတယ်. ကိုမိုက်ဆီက ကိုအမတ်မင်း ဖုန်းနံပတ်ရလို့ ဆက်လိုက်တော့ နောက်မိနစ် လေးဆယ်လောက်ဆိုရောက်မယ်တဲ့…. ဒါနဲ့ ကျနော်လည်း သားကောင်းကောင်းနဲ့ ဆိုင်တစ်ခုမှာထိုင်စောင့်ဖြစ်ပါတယ်. သိပ်မကြာခင် ဖုန်းထပ်ဝင်လာပါတယ်.. ကိုပီချိုကြီးတဲ့… တွေ့မယ်ဆိုတော့ …. ကိုယ်ဘယ်မှာထိုင်နေတယ်.. ဘယ်နားပေါ့… လူချင်းမတွေ့ဖူးသူတွေ ဖုန်း ၃ -၄ ခါဆက်ပြီးမှ ဆုံဖြစ်ပါတယ်… သူကလည်း အလှူရှိတယ်ဆိုလို့ ခဏပဲနေပြီး ပြန်သွားပါတယ်.. နောက်တစ်ခါ ဖုန်းဝင်လာပြန်ပါတယ်.. မိန်းကလေးအသံနဲ့…သူ့နာမည်ကို ကိုယ်ကသိပ်မရင်းနှီး..ဘယ်နားလဲ…ဘာဝတ်ထားလဲ.. ကျနော်ကလည်း ဘယ်နားမှာ ဘာဝတ်ထားတယ် […]


ဘာလိုလိုနဲ့ လာမယ့်လမှာ ကျနော် ဒီကုမ္ပဏီရောက်တာ ၉ နှစ်ပြည့်ပါတော့မယ် ၊ စ ဝင်ဝင်ချင်းတုန်းကတော့ အားကစားသတင်း ဘာသာပြန် အနေနဲ့ပါ ၊ အဲဒီ ၉ နှစ်ကို ပြန်လှည့်ကြည့်မိရင် ခံစားမှုတွေကတော့ အစုံပါပဲ ၊ ကွန်ပြူတာဆိုတာ တီဗီလိုဟာကြီးနဲ့ ကြည့်ရတဲ့ဟာပါလားလို့ သိခဲ့ရသလို အင်တာနက်ဆိုတာ ဂလိုပါလား လို့လည်း နားလည်ခဲ့ရသပေါ့လေ ၊ အဲဒီအချိန်ကတော့ ကျနော်တို့ အားကစား ဝက်ဘ်ဆိုက်ဌာနမှာ ကွန်ပြူတာက ၃ လုံးထဲမို့ ( အယ်ဒီတာ ၁ လုံး ၊ အော်ပရေတာ ၂ လုံး ) ကျနော်တို့ ဘာသာပြန် ၃ ယောက်အတွက် အပိုင် ကွန်ပြူတာ မရှိပါဘူး ၊ မနက် ခဏ […]


၁၃ ရက်နေ့ မနက် အိပ်ယာနိူးနိူးခြင်း ယောက်ဖတော် ( အစ်မ ယောင်္ကျား ) ဆိုင်ကယ်နဲ့ ရွှေကူရဲ့ လူအစည်ဆုံးဆိုတဲ့ လဘက်ရည်ဆိုင်ကို ထွက်ခဲ့ကြတယ် ၊ မစားရတာ ကြာလှပြီဖြစ်တဲ့ မိုးတားစတိုင်လ် မုန့်တီကို ၂ ပွဲဆက် စားပြီးသကာလ မြစ်ကမ်းပါးကိုရောက်ဖြစ်ခဲ့တယ် ၊ ဪ ဧရာဝတီဟာ ကော်ဖီရောင်ပေါက်နေရှာပြီပဲ ၊ ထိန်းသိမ်းမှု ညံ့ဖျင်းလှလို့ အရင်က ကမ်းပါးနဲ့လည်း တခြားစီ ဖြစ်ခဲ့ပြီပဲလေ ၊ အရင်က ကျနော်တို့ နေခဲ့တဲ့အိမ်နဲ့ မြစ်ကမ်းပါးဟာ ပေ ၅ဝ ကျော် ကွာပေမယ့် ပြိုပျက်မှုတွေကြောင့် အခုဆို ၁၅ ပေလောက်ပဲ ဝေးပါတော့တယ် ၊ ကွန်ကရစ်ကျောက်စီ နံရံတွေနဲ့ ရေအားကိုထိန်းဖို့ ပြင်ဆင်ထားပေမယ့် ရေကြမ်းမယ့် မိုးတွင်းမှာ […]


ဧပြီ ၁၁ မှ ဧပြီ ၂၃ အတွင်း ခရီးတစ်လျှောက်ပုံရိပ်တွေဖြစ်ပါတယ် ၊ နိူကီရာ အိပ်စ်တူး ဟန်းဆက်လေးနဲ့ ရိုက်လာတာမို့ ပုံမကောင်းရင် ခွင့်လွှတ်နော် ၊     ပုံ ၁ – ၁၁၅ မိုင် ( ၁၁ – ၄ – ၂၀၁၂ ည )     ပုံ ၂ – သီရိမန္တလာ ကားကြီးကွင်း ( ၁၂ – ၄ – ၂၀၁၃ နေ့လည် )     ပုံ ၃ –  သီရိမန္တလာ ကားကြီးကွင်း ထမင်းဆိုင် ( ၁၂ […]


ဧပြီ ၁၁ ရက်ညမှာ ဇာတိပြန်ခရီး စခဲ့ပါတယ် ၊ ဂျေဂျေ ည ၉ း ၃ဝ ကားနဲ့ပါ ၊ မန္တလေး ဘူတာကြီးရှေ့ကို ၁၂ ရက်နေ့ မနက် ၆ နာရီကျော်ကျော်မှာ ရောက်ပါတယ် ၊ အဲဒီကနေ သီရိမန္တလာကားကွင်းကိုဆက်သွားပြီး ကြိုမှာထားတဲ့ ရွှေကူလက်မှတ်ဖြတ် ၊ ကိုပေါက် ဆီကိုဖုန်းဆက်ပြီး အဲဒီအပေါ်ထပ် တည်းခိုခန်းမှာ နားပါတယ် ၊ တကယ်တမ်း ကိုပေါက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းတွေက ဆက်မရ ၊ နောက်ဆုံး အကြောင်းအမျိုးမျိုးနဲ့ လွဲသွားခဲ့ပါတယ် ၊ ညနေ ၃ နာရီမှာ ရွှေကူကား စထွက်ပြီး ၁၃ ရက်မနက် ၄ နာရီမှာ ရွှေကူရောက်ပါတယ် ၊ မတွေ့ရတာ […]