တောင်ပေါ်သားSeptember 2, 20141min19416
စာဖတ်ပရိသတ်အများစုက ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို စိတ်ဝင်စားနေကြချိန်တွင် ကျွန်မကား ပီအာရ် ဘယ်အခြေ အနေရောက်နေပြီနည်းဟု စိတ်ဝင်စားစောင့်ကြည့်နေပါသည်။ ယခုနောက်ဆုံးရရှိသော သတင်းအရ လေ့လာသုံးသပ်ရေးကော်မရှင်သည် စနေ၊ တနင်္ဂနွေမှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေအထိ စည်းဝေးနေကြောင်း၊ ခွင့်ယူခြင်းကိုပင် မေတ္တာရပ်ခံထားကြောင်း၊ ငြင်းခုံဆွေးနွေးမှုအရှိန်ရနေကြောင်း သိရ၏။ ၎င်း ကော်မရှင်၏ လုပ်ငန်းအဆင့်မှာ သုံးဆင့်ရှိပြီး ပထမအဆင့် မိမိတို့အတွင်း သုံးသပ်ဆွေးနွေးခြင်း၊ ဒုတိယအဆင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်ဆွေးနွေးခြင်း၊ နောက်ဆုံးအဆင့်အဖြစ် အစီရင်ခံစာရေးခြင်းတို့ဖြစ်၏။ ကော်မရှင်၏အလုပ်လုပ်ချိန်ကို ရက်ပေါင်း ၆ဝ သတ်မှတ်ထားရာ အောက်တိုဘာလဆန်းတွင် အပြီးသတ် ထုတ်ပြန်ရန် ဖြစ်သည်။ ဤစာရေးသူသည် နိုင်ငံရေးစနစ်ကို စိတ်ဝင်စားသော စာရေးဆရာတစ်ဦးအဖြစ် (ကော်မရှင်က မဖိတ်ကြားစေကာမူ) အကြံပြုရန် စိတ်အားထက်သန်သဖြင့် ဤအကြံပြုစာကို ရေးရခြင်းဖြစ်ပါသည်။ […]


မင်းဟာ နှင်းဆီထက် နည်းနည်း ပိုသွယ်တယ် ၊ ဒါပေမယ့် ဆိုဒ်က သိပ်မကွာပါဘူး ၊ ငါ့အရိုးထဲအထိ စွဲနေတဲ့ နှင်းဆီရဲ့  အရသာကို မီမလား၊ သိပ်မသေချာသွားပေမယ့် မင်းမှာလည်း မင်းအစွမ်းများတော့ ရှိမပေါ့ ၊ ပေးရတဲ့ဈေးက တူသလို မင်းက အရောင်ပိုလှတယ် ၊ မင်းကို ကိုင်မိတာနဲ့ ကျစ်လစ်တဲ့ အတွေ့အထိကို ခံစားမိတယ် ၊ မင်းအသားပေါ်မှာ မွှေးနုစိမ်းကလေးတွေနဲ့ပါလား ၊ မင်းကို နမ်းကြည့်တော့ ရှတတ ၊ မင်းအရသာကို သိပ်သိချင်လာသမို့ အိပ်ထဲက အချစ်ကို ထုတ်လိုက်တယ် ၊ ဖျောက်ကနဲထွက်လာတဲ့  မီးတောက်ကလေးနဲ့ မင်းကို ထိတွေ့စေခဲ့ပြီးတဲ့နောက် မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေကြားမှာ မင်းအရသာကို ငါသိသွားတယ် ၊ မွှေးတေးတေး နဲ့ ချိုအီအီ […]


မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်မှာ မန်ယူအသင်းခရေဇီဖြစ်ကြောင်း The Mirror သတင်းစာက ဖော်ပြခဲ့ပြီးနောက် ယခုအခါ အခြားအာဏာရှင်ကြီးများ၏ ခရေဇီအသင်းများကိုပါ ဆက်လက် ဖော်ပြခဲ့သည်။ ဇင်ဘာတွေအား နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် အာဏာရှင် ရောဘတ် မူဂါဘီမှာ ချဲလ်ဆီးအသင်းကို အားပေးသူဟု ဆိုသည်။ သူပြောခဲ့ဘူးသောစကားမှာ “ကျွန်တော် ဘောလုံးပွဲကြည့်နေတဲ့ အချိန်မှာ ဘယ်သူကမှ လာရှုပ်တာမျိုး မကြိုက်ပါဘူး။ ကျွန်တော့် မိန်းမဆိုရင် သူဘယ်မှာ ထိုင်သင့်တယ်ဆိုတာ သူသိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့အသင်း ဂိုးသွင်းပြီး ဆိုတာနဲ့ ကျွန်တော်လဲ အိမ်မှာ ဂိုးသွင်းတော့တာပဲ။ ကြည့်နေတဲ့နေရာကထပြီး ကျွန်တော့ရှေ့မှာ မြင်သမျှကို ကန်ထည့်လိုက်တာပဲ” ဟု ဆိုသည်။ ယူဂန္ဒာ အာဏာရှင် အီဒီအာမင်မှာ သူအုပ်ချုပ်စဉ် ကာလအတွင်း လူပေါင်း ၅ သိန်းကျော် […]


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ မန်ယူပရိသတ်တစ်ဦးဖြစ်ပြီး သူ၏တိုင်းပြည်အတွင်း မန်ယူကစားသည့်ပွဲတိုင်းကို ရုပ်သံမှထုတ် လွှင့်ပြသရန် အမိန့်ပေးထားကြောင်း သိရသည်။ အသက် ၃၁ နှစ်သာ ရှိသေးသော မြှောက်ကိုရီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင် ကင်ဂျုံအန်မှာ မန်ယူကို ကာလရှည်ကြာ အားပေးခဲ့ သူတစ်ဦးဖြစ်ပြီး အခြားဘောလုံးပွဲစဉ်များတွင်မူ ဂျာမနီဘွန်ဒစ်လီဂါပွဲစဉ်များကို လည်း နှစ်သက်သည်ဟု ဆိုသည်။ သူ၏ အမိန့်ကြောင့် မန်ယူပွဲ လာမည့်အချိန်တွင် နိုင်ငံတော်ပိုင်ရုပ်သံမှ အခြားအစီအစဉ်များကို အချိန်ပြောင်းခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ရကြောင်းလည်း သိရသည်။ မြင်းပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲများကိုလည်း ကြည့်ရှုတတ်သည့် ကင်ဂျုံအန်မှာ မန်ယူ၏ MK ဒွန်းစ်ကို ၄းဝ နှင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက်တွင်မူ ဒေါသတကြီးဖြင့် မန်ယူပွဲစဉ်များ ထုတ်လွှင့်ခြင်းကို ပိတ်ပင်လိုက်ပြန်သည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာ မူ မြောက်ကိုရီးယားပြည်သူများမှာ […]


( Super moon ညမုာ မင်း နဲ့ ငါ ) ဩဂုတ်လ ၁ဝ ရက် ဝါခေါင်လပြည့်နေ့ ၊ တစ်နေ့လုံး ရုံးကလူတွေနဲ့ သန်လျင်ဘက်က သီလရှင်စာသင်တိုက်တစ်ခုဆီ အလှူကိစ္စနဲ့သွားခဲ့ရလို့ ပင်ပန်းချင်နေတာမို့ ကုတင်ပေါ်လှဲနေရင်း ကလာနေတဲ့ ဇာတ်ကားကိုကြည့်ရင်း နားနေမိတယ် ၊ ဆိုင်မှာထိုင်နေကျ ဘော်ဒါတွေကတောင် ဘာလဲ Super moon နေ့ ရေကြီးမယ်ဆိုလို့ စောစောတက်ပြေးတာလားလို့ နောက်ကြသေးတယ် ၊ ဟုတ်ပါတယ်လေ ၊ ရ နာရီတောင် မထိုးသေးပဲကိုး ၊ ခဏအကြာမှာတော့ ဖုန်း ဝင်လာတယ် ၊ ကိုယ်မသိတဲ့ နံပါတ် ၊ ဟုတ်ကဲ့ ပြောပါ ဆိုတော့ ( ဦး = = ဆက်တာပါ […]


မောင်လေးရေ ပြီးခဲ့တဲ့ စနေနေ့က မောင်လေးရေးတဲ့ မမမျိုးတမ်းချင်း ဘားအံခရီးစဉ်ကို ဖတ်ရတော့ မောင်လေးရဲ့  မေတ္တာတွေကို မမ ပိုပြီး သိလိုက်ရပါတယ် ၊ မောင်လေးရယ်  မမလည်း မောင်လေးလက်ကိုတွဲပြီး ကမ႓ာအနှံ့သွားပစ်လိုက်ချင်တာပေါ့ကွယ် ၊ ဒါပေမယ့် မမတို့ လူသားတွေက ကံဇာတ်ဆရာ အလိုကျ နေ နေရသမို့ စိတ်သွားတိုင်း ကိုယ်မပါတာ မောင်လေးသိပါတယ်လေ ၊ အဲဒီ ကံဇာတ်ဆရာက ဘယ်လောက်တောင်ကျီစယ်သလဲဆိုရင် မောင်လေးရဲ့  ဘားအံပို့စ်ကို ဖတ်ရတဲ့ အဲဒီ စနေနေ့ ညမှာပဲ မမလည်း ဘားအံကို ခရီးထွက်ဖြစ်ပါပကောလား ၊ ရပ်ကွက်ထဲက မမမျိုးဘော်ဒါက သူ့သမီး ဘားအံမှာ ကလေးမွေးတယ် ၊ ကလေးမီးထွက် အလှူလုပ်မလို့ လိုက်မလား ၊ တနင်္ဂနွေည ပြန်ရောက်မယ် တဲ့ […]


ကျနော့်အဒေါ် နာရေးကိစ္စအတွက် ၂၁ – ၆ – ၂၀၁၄ ညမှာ မြစ်ကြီးနားကို အရေးပေါ်ခရီးထွက်ခဲ့ရပါတယ် ၊ အဲဒီဘက်က ပုံလေးတွေကို ရွာသူရွာသားတွေအတွက် ဝေမျှပေးလိုက်ပါတယ် ၊ ရန်ကုန်အထွက် Elite  နဲ့   ၁၁၅ မိုင် ၂၈၅ မိုင် မန္တလေးအထွက် သစ်ပင်ကြားက စစ်ကိုင်းတံတား စစ်ကိုင်းတံတားအသစ် နဲ့ စစ်ကိုင်းတောင် အဟောင်းပေါ် မှ အသစ်ဆီသို့ အညာရှုခင်း ကောလင်းဘူတာ ကချင်မြေဘက်က လယ်ကွင်းများ ခဏနေခဲ့ဘူးတဲ့ ဟိုပင် မြစ်ကြီးနားဝင်တော့မည် ၊ မြစ်ကြီးနားမှာ ထာဝရအနားယူသွားတဲ့ အဒေါ် ဗန်းမော် ပင်လယ်ပြာမှာ ဆုံရတဲ့ အမ နဲ့ ညီမ လှမ်းမြင်ရတဲ့ ဧရာဝတီတံတား ( စင်းခန်း ) […]


လက်က နာရီကိုကြည့်မိတော့ ၆:၃ဝ ၊ မနက် ရ နာရီ ကားလာကြိုမှာမို့ အိပ်ယာကထ၊ ရေချိုးခန်းဝင် ရေမိုးချိုး၊ ပစ္စည်းသိမ်းပြီး ဆေးလိပ်လေးဖွာ..လို့ ကားကို ထိုင်စောင့်နေရင်း မသွားဘူးတဲ့လမ်းအကြောင်း တွေးနေမိတယ်။ ကချင်ပြည်နယ်သား ဖြစ်သလို မြစ်ကြီးနားကို ခဏခဏ ရောက်ရပေမယ့် အပြန်မှာတော့ ကားနဲ့တစ်ခါမှ မပြန်ဖူးဘူး၊ ဗန်းမော်ရွှေကူကို ရှပ်ပြေးနဲ့ပြန်၊ မန္တလေးဆို ရထားနဲ့ပြန်၊ ဒါမျိုးပဲ ပြန်ဘူးပေမယ့် အခု ဗန်းမော်ကိုပြန်ရမှာက ကားနဲ့၊ ဝိုင်းမော်၊ လိုင်ဇာ၊ မိုးမောက် အဲဒီဘက်တွေက ပြန်ရမှာ။ ရ နာရီလောက်မှာ လာကြိုတဲ့ “မြစ်ဖျား ဧရာ” ကားအသင်းက ဗန်းမော်ကား ရောက်လာတယ်။ ၃ဂ / ၉၂၂၂ တဲ့၊ ပါဂျဲရိုး ငွေရောင်နဲ့ အစိမ်းရောင်စပ်ကြား၊ ကားသမားကတော့ […]


မမရေ မမ နဲ့ ကျနော် ဝေးခဲ့တာ အတော်ကြာခဲ့ပြီပဲနော် ၊ တကယ်တော့ မမ ရယ် ၊ ကျနော်က မမကို ဟိုး ငယ်စဉ်ကတည်းက စွဲလန်းခဲ့ရတာပါ ၊ မမ နဲ့ တွေ့ချင်တဲ့ စိတ်တွေဟာ ရှေးရေစက်ပေလား လို့တောင် ထင်မိပါတယ် ၊ ကျနော် ရ တန်းလောက်မှာ ကျောင်း စပြေးတတ်တယ် ၊ မမ ကြောင့် ဆိုရင် ယုံပါ့မလား မမရယ် ၊ အင်မတန် စည်းကမ်းကောင်းလှပါတယ်ဆိုတဲ့ တီတီစီ ကျောင်းကြီးမှာ ကျနော်ဟာ ကျောင်းပြေးချန်ပီယံဘွဲ့ ရခဲ့သလို ကျောင်း နဲ့ မျက်နှာချင်းဆိုင် မြန်မာ့အသံမှာ အလုပ်လုပ်နေတဲ့ အမေ့ခမျာလည်း သားအတွက်ကြောင့် ဆရာမကြီးရုံးခန်းကို ချောင်းပေါက်မတတ်ပဲပေါ့ ၊ ဒါပေမယ့် […]


မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်တူ ပြည်တွင်းစစ် ပေါ်လာသကဲ့သို့ ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်လာခြင်းနှင့်အတူ ယာဉ်တိမ်းမှောက်မှုများ ပေါ်လာခဲ့သည်ကိုအားလုံး ဝန်ခံကြရပါလိမ့်မည်။ ယခုအခါ တိမ်းမှောက်မှုများတွင် လူစီးယာဉ်အကြီးစားများပါလာပြီး နေရာတွင်သေဆုံးမှုများလာရာ အကြောင်းအရင်းကို မေးခွန်းထုတ်လာကြရသည်။ လမ်းကြောင့်…..ဟု ပထမအဖြေထုတ် ခဲ့ကြ၏။ ဤအဖြေကို မှားသည်ဟု ပြော၍မရပါ။ ဤလမ်းပေါ်လာမှ ဤပြဿနာတွေက များလာခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-တောင်ငူလမ်း စသည်တို့တွင် ယာဉ်တိမ်းမှောက်မှု အနည်းအကျဉ်းသာ ရှိခဲ့သည်။ လမ်း၌အပြစ်မရှိကြောင်း သေချာသည်။ ကျွန်မသည် ပြည်ပနိုင်ငံ လေး၊ ငါးနိုင်ငံသို့ ရောက်ဖူးပါသည်။ လွန်ခဲ့သော နှစ် ၄ဝ ကလည်း ရောက်ဖူးသည်။ မနေ့တစ်နေ့ကလည်း ရောက်ခဲ့သေးသည်။ မည်သည့်နိုင်ငံမှာမှ ရန်ကုန်-နေပြည်တော် လမ်းကဲ့သို့ “ကွန်ကရစ်” ခင်း လမ်းမတွေ့ခဲ့ရပါ။ ရွှေလီရှိ လမ်းဖြူးဖြူးအကြောင်း […]


( ကလေး ရေ ) သံတံခါး ပြာပြာကြီးကို တွန်းဖွင့်ပြီး ထွက်လာချိန်မှာ ကောင်းကင်တစ်ခုလုံး မည်းမှောင်လို့ ပြာဝေ ကြယ်တွေလည်း မရှိကြတော့ပါဘူး အဲဒီလိုပဲ ဦး လို့ ခေါ်တတ်တဲ့ ကလေးလည်း မရှိတော့ဘူးနော် ဘယ်တောကိုကျော်လို့ ဘယ်တောင်ကိုဖြတ် အဘယ်သို့သော ဇာတ်ကိုများ က နေရရှာပြန်ပြီလည်းကွယ် တကယ်တော့ သူနဲ့ကျွန်တော်ဟာ ဘယ်လိုမှ ထင်မထားတဲ့ အရပ်မှာ တွေ့ခဲ့ကြတာပါ မှတ်မှတ်ရရ အဲဒီနေ့ဟာ ဆရာသမား တစ်ယောက်ရဲ့ မင်္ဂလာ ဧည့်ခံပွဲနေ့ပါ ဒါပေမယ့် အလုပ်ရှိကြတဲ့နေ့မို့ ညနေရုံးဆင်းချိန်ကျမှ ဆိုင်တစ်ဆိုင်ဆိုင်မှာ သွားစားကြ ဆိုတဲ့နေ့ပေါ့ သောက်တတ် စားတတ်သူတွေကတော ့ဘီယာဆိုင်ဘက်ပေါ့ဗျာ စားရင်းသောက်ရင်း အချိန်ကလေးကကြာ အရှိန်ကလေးကလည်း ပါခဲ့ တစ်ဝက်စာ လခ ကလေးကလည်း အိတ်ထဲမှာဆိုတော့ ညောင်းတယ် […]


    ဆင်းရမည့်အချိန် ( ရွှေကူမေနှင်း ) နံနက်ခင်းစောစောက နှင်းတွေဝေနေခဲ့သည်။ အမြဲဖွင့်ထားသော ပြတင်းဝသို့လှမ်းကြည့်ရာက ဟယ် နှင်းတွေဝေနေလိုက်တာဟု ဝမ်းသာအားရပြောခဲ့မိသေးတယ်။ အိပ်ရာထဲကွေးနေသူများထဲမှတစ်ယောက်က ထကြည့်၏။ ဟုတ်ပါရဲ့။ နှင်းတွေ နှင်းတွေဟုပြောပြီး ပြန်အိပ်သွားသည်။ နှင်းချစ်တတ်သူ ကျွန်မတစ်ယောက်သာ ရေနွေးပြေးတည်လိုက်၊ ပြတင်းနားကပ်လိုက်။ ကော်ဖီဖျော်လိုက် လုပ်ပြီး ကော်ဖီခွက်ကိုကိုင်လျက်၊ ပြတင်းပေါက်ပေါင်တွင် မှီရင်း၊ ကော်ဖီပူပူမွှေးမွှေးကို အရသာခံသောက်နေခဲ့ပါသည်။ ကြာကြာကြီးအရသာခံခွင့်တော့ မရခဲ့ပေ။ နှင်းတို့ကြားမှာ တိုက်တာအိမ်ခေါင်မိုးတွေကို တဖြည်းဖြည်း မြင်လာရ၏။ နောက်တော့ ခပ်ဝေးဝေးရှိ လှိုင်သာယာစက်မှုဇုန်ခေါင်မိုးနီများ၊ တွံတေးဘက်မှ လယ်ကွင်းစိမ်းစိမ်းများသည် နှင်းတွေကြားမှ ပေါ်ထွက်လာကြ၏။ နှင်းတွေဘယ်လိုကြောင့် ပျောက်သွားကြသနည်း။ နေရောင်ရောက်က ဆီးနှင်းပ၏ဟု ကြားဖူးသည်။ ယခုနေရောင်မရောက်ပါဘဲလျက် နှင်းတွေဝေ့ဝဲပျောက်ကွယ်သွားကြပြီ။ နှင်းကိုချစ်သော ကျွန်မသည် နှင်းကို ပျောက်မသွားပါနှင့်ဟု မတားနိုင်ခဲ့ချေ။ […]


ဟီး ဟီး  ဘာရယ်မဟုတ်ပါဘူး ၊ ဟိုးတလောက ဖဲဇာတ်လမ်းပို့စ်လေးကို သတိရပြီး ရေးလိုက်တာပါ ၊ လူ့စိက်ကို သိစေတဲ့အထဲမှာ ဖဲရိုက်ကြည့်တာလည်း ပါတယ်လို့ ကျနော် ဆိုလိုချင်တာပါ ၊ ကျနော် ဖဲဆရာကြီး ဟုတ်ရပါဘူးဗျာ ၊ ဖဲကို စတတ်တာ အဖွား နာရေးတုန်းကပါ ၊ အဖွားက မန္တလေးက အဒေါ်အိမ်မှာဆုံးတော့ ရန်ကုန်ကနေ အမေ နဲ့ ကျနော်က သွားရတာပေါ့ ၊ ၈ တန်းအရွယ်ဆိုတော့ ခရီးသွားရတာကိုပဲ ပျော်နေတာ ၊ အဒေါ့်အိမ်က ၇၄ လမ်း ၃၁ နဲ့ ၃၂ ကြား ၊ ဆေးကျောင်းအနောက်ဘက် မောရဂီဝါရပ်တဲ့ ၊ ဆွေမျိုးတွေစုံ ၊ ကလေးတွေလည်းဆုံ ၊ အဲသည်မှာ […]