တောင်ပေါ်သားNovember 23, 20133min1789
  ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) စနေည အဲဗာတန်-လီဗာပူး အသင်းအမည်     အဆင့် အဲဗာတန်              ၆ လီဗာပူး              ၂ B.R             လီဗာပူး Level (50-) Goals     2(-) Sky မှ အလေးပေးမှု     အဲဗာတန် 9/5     သရေ 23/10     လီဗာပူး 6/4 Asianbookie အကြိုက်     လီဗာပူး Fan                             လီဗာပူး Asian Tip                     လီဗာပူး Soccer Betting             […]


တောင်ပေါ်သားNovember 21, 20131min1459
    အင်တာဗျူးတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်လည်း ကြုံဘူးသလို ရုပ်သံက လာတဲ့ အင်တာဗျူးတွေကိုလည်း ရံဖန်ရံခါ ကြည့်မိပါတယ် ၊ ရုပ်သံက လာတဲ့ အင်တာဗျူးဆိုတာ အားလုံး တည်းဖြတ်ပြီးမှ ထုတ်လွှင့်တာမို့ အပြစ်တင်စရာမျိုး သိပ်မရှိလှပါဘူး ၊ ပရိသတ် သိလိုမှာကို မမေးမိတာမျိုးတော့ ပါနိူင်ပါတယ် ၊ ဒါပေမယ့် တစ်ခါတစ်လေ ဘယ်လိုဖြစ်ရတယ်ဆိုတာလေး ပြောချင်ပါတယ် ၊ အဲသလို ရုပ်သံက အင်တာဗျူးအဖွဲ့ ဘယ်လို ဗျူးမိတယ် ဆိုတာလေး ဖောက်သည်ချပါရစေ ၊ တစ်ခါက လို့ ဆိုကြပါစို့ ၊ စာပေဆိုင်ရာ အခမ်းအနား တစ်ခုမှာပါ ၊ စာရေးဆရာမကြီး တစ်ယောက် သူ့ ဘော်ဒါ စာရေးဆရာ / စာရေးဆရာမတွေနဲ့ ထိုင်စကားပြောနေတုန်း နာမည်ကြီး […]


တောင်ပေါ်သားNovember 19, 20131min42426
  ငယ်ငယ်က  ကျောင်းသားဘဝ အချစ်ဦးက သင်ပေး အလွမ်းတေးတွေကို ငါဆို စိုလာတဲ့မျက်ရည် ကျနေပါစေကွယ် ၊ အလုပ်ဝင်စ တွေ့ရပြန်သော ရင်မောစရာ ဒုတိယအချစ် သုခမြစ် မဖြစ်ပဲ ဥပေက္ခာတွေနဲ့ အက်လာတဲ့နှလုံးသား အလွမ်းများနဲ့ဖာထေး အညာတေးတွေကြား ငညံ့သားငါ လွမ်းလျက်သာ ၊ နောက်တစ်ခါမတော့ ဟုတ်လှပေါ့လို့ ထင်ကြ အို အသင်လောက မိန်းမတော့ ငါ ရခဲ့ရှာ စ ခဲ့ပါတဲ့ ဇာတ်လမ်းစုံ ပြန်အမ်းကုန် မဟုတ်တာကြီးနဲ့ အစုတ်ဗလာခရီးမှာ  ငါ ငြီးငွေ့လှပါပကောကွယ် ၊ ( ဒီတော့လည်း ) ကုန်ဆုံးသွားခဲ့တဲ့ သည်းခံခြင်းတွေအနောက် ဒီနှစ်ယောက် ဦးတည်ခဲ့ တရားရုံးရဲ့   တစ်နေရာ နာကျည်းမှုအပြည့်ပါနေတဲ့ ငါ့လက်မှတ်  တစ်သက်ပြတ်ပဲလေ ၊ သည်လိုနဲ့ ကာလရှည်ကြာ […]


တောင်ပေါ်သားNovember 14, 20131min42741
ဒီကနေ့ အောက်တိုဘာလ အကောင်းဆုံး ပို့စ်ကြေငြာရမယ့်နေ့မို့ မနက် စောစောထ၊ ရေမိုးချိုးပြီး အိမ်ကထွက်လာခဲ့တယ်။ မြောက်လေလေးတိုက်နေတာကြောင့်…. အေးမြတဲ့မနက်ခင်းပေါ့။ ပြည်ရိပ်သာလမ်းကထွက်  ပြည်လမ်းပေါ်ရောက်တော့ကားက ခပ်ရှင်းရှင်း ၊ ခပ်ပြာပြာ ကောင်းကင်က မိုးသားတွေ မရှိတာမို့ လင်းလို့နေလေရဲ့၊ လှည်းတန်းမီးပွိုင့်ရောက်တော့ မှတ်တိုင်ဘက်ကူးမယ်လုပ်တုန်း ………..ဟေ့…..ကိုမျိုး………..တဲ့။ ခေါ်သံဘက် လှည့်ကြည်တော့ လှိုင်နန်း၊ မတွေ့တာ ဘယ်လောက်ကြာပြီမှန်း မသိတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ပါ။ အဲဒါနဲ့ မွန်သစ် ကဖီးမှာ ထိုင်ဖြစ်ကြတယ်။ ကဲ….ပြောစမ်းပါဦး၊ ဘယ်တွေကိုများ ပျောက်သွားတာတုန်းကွာ။ အင်း………ပြောရရင်တော့ ဇာတ်က ရှည်တယ်ကွာ …. ဒီလို………..ဒီလို… ငါ….. မိန်းမရလိုက်တာတော့ မင်း…..သိမှာပေါ့ကွာ…. မိန်းမက ငါ့အပေါ် ကောင်းပါတယ်၊ နေတာကတော့ သူ့ဇာတိ နယ်မှာပဲ၊ ငါက အဲဒီက စက်ရုံတစ်ခုမှာ တာဝန်ကျရင်း […]


အောက်တိုဘာ အကောင်းဆုံး ပို့စ်အတွက် အကြိုရင်ခုန်စရာ   အင်းလျားရေပြင်ပေါ် ဖြတ်သန်းတိုက်ခတ်လာတဲ့ လေကလေးက အေး မြ လို့ ၊ ( ဦး………..မပြန်နဲ့ဦးနော် ) ( အင်းပါ….ဦးက ဘာလို့ ပြန်ရမှာလဲ?…..ဟိုးမှာ ကြည့်ပါဦး…….ငှက်ကလေးတွေကပျံလို့… အင်းလျားရေပြင်ကြီးကလည်း…..လှလို့……. ချစ်ဖို့ ကောင်းတယ်နော်…..) ( ဘာ..ဘယ်လို……ဦးက ဒါတွေကိုချစ်တယ်…….  ဒါဆို…….ဒါဆို…….ဦးဘေးက………ဦးဘေးက……… ) ( ဪ……ကလေးရယ်…….ဒါက ပတ်ဝန်းကျင်အလှကို ပြောတာပါ……..ဦးရင်ထဲမှာကတော့………. ဘယ်သူရှိမလဲ………….သိရက်သားနဲ့ကွာ………… ) ( ဟင်..ဦးက လေ……ဦးက စကားအရမ်းတတ်တာပဲ အင်းပေါ့လေ…..ဒါကြောင့်လဲ….ဒီက ဦးကို မခွဲနိုင်တာပေါ့………. ) ( ဒီလိုလား……….ဒီလိုဆို………..လာထား………..အာဘွား………….. ) ( ဟင်  ဦး က လူဆိုး ပဲကွာ ) အဖေကြီး………….အဖေကြီး…………. ဟဲ့   သောက်တလွဲ […]


ပျိုးမိခဲ့တဲ့ ပန်းကလေး တဖြည်းဖြည်း အလှဝင် ရချင်သူတွေများ ပျားပိတုန်းက အကွက်ချောင်း အပေါင်းပေါင်းသော အန္တရာယ် ရှိလို့ရယ် မလာရအောင် ကြံဆောင်ရ ဥယျာဉ်မှုးကောင်း ရေလောင်းလို့ ပေါင်းသင် ဆောင်းအဝင် နှင်းတွေကြား နားဖို့ရယ်ဝေး အို   ပန်းကလေးရေ ထူးခြားစေတဲ့ သူ့အသွင် မြင်သူတိုင်းကငေး လှသွေးလည်းကြွယ် ချစ်စဘွယ်ဟန်များ အံ့အားသင့်စေ လူတိုင်းလေ ထိုသို့သောအခြေ ချူလိုသူတွေက များလာ ခမျာသော ဥယျာဉ်မှုး ခူးပိုင်ခွင့်ရယ် မရှိ ကြည့်လျက်နှင့် အသည်းနာ မတားသာ ဒီဘဝ မညီမျှတဲ့ သည်အခြေ သည်းကြွေလို့ လူပမ်း အပူလမ်းက ဝေဒနာ ဘယ်သူလာလို့ သိမလဲလေ ။


ဘီရိုလေးများ ရှင်းပြီးကြပြီလားဗျာ ရွာသူလေး ကောင်းကင်ပြာက တွံတေး မင်္ဂလာပရဟိတကျောင်းက မိဘမဲ့ကလေးတွေကို   အဝတ်အစား ၊ စားစရာ နဲ့ စာအုပ် ခဲတံ ဘောပင် စသဖြင့်ပေါ့လေ သွားလှူချင်တဲ့အကြောင်း ပို့စ် တစ်ခု တင်ခဲ့ပါတယ် ၊   ( https://myanmargazette.net/187487 ) ၊   ဖြစ်နိူင်ရင် နိူဝင်ဘာလထဲမှာ သွားချင်တယ်ပေါ့ ၊   အခု အဲဒါနဲ့ ပတ်သက်လို့ ဘာသံမှ ထပ်မကြားရပြန်လို့ ဒီပို့စ်ကို တင်လိုက်တာပါ ၊   ကျနော်ကတော့ ဘီရိုရှင်းပြီးသလို ရုံးကဝန်ထမ်းတွေဆီမှာလည်း ဒမြတိုက်နေဆဲပါ ၊   ကျန်တဲ့ ရွာသူ ရွာသားတွေကော ဘယ်လိုများ ရှိကြပါလဲ ဗျာ ၊ ကုသိုလ်လည်းရ […]


အချစ် ဆိုတာကို ဘယ်လို အဓိပ္ပါယ်ပဲဖွင့်ဖွင့် လူတိုင်းလိုလို ကြုံဖူးကြတဲ့ကိစ္စပါ ၊ တစ်ချို့က အချစ်ဆိုတာ ပူလောင်သတဲ့ ၊ တစ်ချို့က အချစ်ဆိုတာ နွေးထွေးသတဲ့ ၊ တစ်ချို့က အချစ်ဆိုတာ အေးမြသတဲ့ ၊ တစ်ချို့က အချစ်ဆိုတာ ခါးသက်သတဲ့ ၊ တစ်ချို့က အချစ်ဆိုတာ ချိုမြသတဲ့ ၊ တစ်ချို့က အချစ်ဆိုတာ အသက်ရှည်ဆေးတဲ့ ၊ ပြောကြတာတော့ စုံနေတာပါပဲ ၊ တကယ်တော့ အချစ်ကို ရရှိခဲ့ရင် အေးမြမပေါ့ ၊ မရရင်တော့လည်း ပူလောင်ခြင်းတွေကြားမှာ အသည်းကွဲဝေဒနာတွေနဲ့ပေါ့ ၊ ကျနော် ငယ်ငယ်က အချစ် ဆိုတာကြီးနဲ့ စတွေ့ချိန်မှာ ကံကြမ္မာက မျက်နှသာ မပေးခဲ့ပါဘူး ၊ ဟုတ်မလိုလို ဟုတ်မလိုလိုနဲ့ အဖျားရှုးသွားခဲ့တာပါကလား […]


အချစ်ရေ စနစ်တွေဘယ်လိုပြောင်းပြောင်း ခေတ်တွေဘယ်လိုဟောင်းဟောင်း မနှောင်းတဲ့ ချစ်ခြင်းတွေနဲ့အတူ မင်းလိုလူဟာ  ထာဝရပါ ၊ ရှေးဘဝကံဇာတာ မဟန်ပါပြန်လေတော့ လက်လျှော့လို့ နောက်မှာကျန် ခံစားရပြင်းထန်လှပေမယ့် ငြင်းဆန်ခဲ့ပြီဆိုမှ ငိုမရတဲ့ ဒီမျက်နှာ အလွမ်းဆိုတာကိုထွေးပွေ့ ဘယ်တစ်ကွေ့မှာမှ တွေ့တော့မှာ မဟုတ်သော်လည်း မျှော်မြဲသာမျှော်ရင်း မတော်ခြင်းကိုလည်း နားမလည် အပါးဝယ် မရှိနိူင်သူကိုမှ စွဲမိတဲ့ ဘဝမှာ ငါ အလွမ်းတွေနဲ့သာ အိပ်စက်တာ ဘာဆန်းသလဲ အချစ်ရေ ၊


တောင်ပေါ်သားSeptember 30, 20131min22312
  အမေရေ ကျနော်မွေးတဲ့ ဟောဒီအောက်တိုဘာမှာ ဩဂတ်စ် စက်တင်ဘာဆီက အကြွေးများကိုဆပ်ရမှာမို့ ဒီကနေ့လစာရဲ့  ၃ပုံ၁ပုံကို အိမ်စရိတ်လိုသဘောထား ကျန်ငွေများကိုတော့လေ ပေးစရာအတွက်ပေမို့ ချို့တဲ့မယ်ထင်လည်း ခဏပါပဲအမေ အမဲသားငါးတွေ အမေစား သားအတွက်က ချဉ်ရည်ဟင်းနဲ့ငပိချက် အပီနှက်နိူင်တာပဲဗျာ ဒီတော့ကာ ကိုယ် စခဲ့တဲ့နိဒါန်း နိဂုံးခန်းရောက်အောင် ကြံဆောင်လိုက်ရင်း သက်ပြင်းတွေနဲ့ အနားယူ မှားခဲ့သူရဲ့  ပေးဆပ်ခန်း အလွမ်းမရှိ အနမ်းမသိ အကြမ်းတွေပဲရှိပေမပေါ့ ၊


တောင်ပေါ်သားSeptember 18, 20131min1264
ဇွန်လမှ စတင်ခဲ့သော ဆန္ဒပြပွဲများသည် ၈.၈.၈၈ တွင် အမြင့်ဆုံး လှိုင်းတံပိုးများ အဖြစ် တစ်နိုင်ငံလုံး အုန်းအုန်းထခဲ့၏။ ဇူလိုင်-ဩဂုတ်လများ၏ မိုးသီးမိုးပေါက်များကြားတွင် ‘ဒို့အရေး’ အော်သံများက မိုးယံ အထိ လွင့်တက်ခဲ့ကြလေသည်။ အဖြူအစိမ်း ကျောင်းသားလေးများ ၊တက္ကသိုလ် ကောလိပ် ကျောင်းသားများ၊ စာပေ အနုပညာ သမားများ၊ စက်ရုံ အလုပ်ရုံများ၊ ရုံးဌာနများနှင့် နောက်ဆုံးကြည်း၊ ရေ၊ လေတပ်များပါ လမ်းပေါ်သို့ ရဲရဲဝင့်ဝင့်ကြွားကြွာ တက်ခဲ့ကြပြီ။ လမ်းဆုံလမ်းခွတိုင်းတွင်  ရဲရဲတောက် ဟောပြောပွဲများက စစ်အာဏာရှင်တို့ ရှုတ်ချတွန်းတုတ်ခဲ့ကြပြီ။ သမ္မတ သုံးဆက်ပြောင်းသွားခဲ့ပြီ။ ရုတ်တရက် ကြည့်လျှင်တော့ ပြည်သူတွေ အောင်ပွဲခံနေပြီဟု ထင်စရာ ရှိလေသည်။ အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကို ပျက်သွားအောင် စွမ်းဆောင်ခဲ့သော ‘ပြည်သူ့အား’ သည် ထက်ရှားခဲ့ပြီ။ […]


တောင်ပေါ်သားSeptember 6, 20131min27815
  ဧရာမြစ်ကမ်း ငြိမ်းချမ်းဆိတ်ငြိမ်   အိမ်ကလေးတွေနဲ့ လွမ်းရခဲ့တာ ကျနော့်ရွာ   အဲဒီနေရာမှာ အင်တာနက်ဆိုတာမရှိ အွန်လိုင်းဆိုတာဝေး   ဖုန်းကလေးများကလိုင်းမမိ ဧရိယာ၏အပြင်ဘက်   စကိုင်းနက်ဆိုတာလည်းမသိ   ဒါပေမယ့်ရှိနေတာ ရိုးသားမှုများစွာနဲ့အတူ   လူတိုင်းကဖော်ရွေ ဆွေမျိုးတွေလိုနေခဲ့ကြ   ဘဝတိုင်းကိုလည်း မဆန်းပြားပဲဖြတ်သန်း   ဆိပ်ကမ်းမှာသင်္ဘောမကပ် ပဲ့ထောင်သာရပ်ပေမယ့်   ခက်သဟဲ့လို့ဘယ်သူမှမတွေး   ငါးကလေးတွေရှာသူရှာ တောင်ယာလုပ်သူကလုပ်   ဗရုတ်သုတ်ခမရှိ ပီဘိအေးချမ်း အဲဒီကမ်းကို   ပြန်ရောက်လိုလှပေမယ့် ရှုပ်ထွေးတဲ့မြို့ပြကမခွာနိူင်   ချုပ်ကိုင်မှုများစွာကြား အမေ့သားရယ်ဖြင့်လွမ်းလှပြီ ၊  


တောင်ပေါ်သားSeptember 4, 20131min26818
တရုတ်ကုမ္ပဏီ မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်  တရုတ်ကုမ္ပဏီ မြစ်ဆုံစီမံကိန်း ဆက်လုပ်မည် တရုတ်နိုင်ငံက လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း  (CPI) ဟာ သမ္မတဦးသိန်းစိန်က ဆိုင်းငံထားဖို့ ကြေညာထားတဲ့ ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို စာချုပ်အတိုင်း ဆက်လုပ် သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ၂ ရက်ကြာ ကျင်းပနေတဲ့  မြန်မာ့ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။ ဒီအစည်းအဝေးကို confexhub  (ကွန်ဖက်ဟတ်) အဖွဲ့အစည်းရဲ့ အစီအစဉ်နဲ့  စွမ်းအင် ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဌာနနဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းကျင်ပတာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ စွမ်းအင် စီမံကိန်းတွေအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာ ဆန်းစစ်ချက် […]