nwelinooDecember 14, 20101min1051
“လာမည့်ဘေးပြေးတွေ့” ဟူသည့် ထိုစကားမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ အောက်တွင် ကျွန်ဘဝအဖြစ် ရောက်ရှိနေစဉ်ကာလ အတွင်းမှာ ပေါ်ပေါက်လာတဲ့ စကားဖြစ်ပါတယ်။ နဂို စကားက “လာမည့်ဘေး ဝေးကရှောင်” လို့ပဲ ရှိတာပါ။ ကျွန်ုပ်တို့ နိုင်ငံသားတွေဟာ အင်မတန် မျက်နှာငယ်ရ၊ ကြောက်ရ၊ ရွံ့ရ၊ နှိမ့်ချခံရနဲ့ စိတ်ဓာတ်တွေ လုံးလုံးပျက်ပြားပြီး ကျွန်ဖြစ်ကြရတာပါ။ ကျွန်တောင်မှ နိမ့်ဆုံးက ကျွန်အဆင့်ထိ နှိမ့်ချခံခဲ့ရတာ။ ချုပ်တန်းဆရာရဲ့ ကဗျာထဲမှာတောင် တစ်တစ်ခွခွ ရေးထားပုံက (ကုလားမြင် သူ့မေ လုတော့မလို၊ ခု မြေလျှိုးပုန်းရှောင်) ပါတဲ့။ ဒီလို ကျွန်ခေတ်ကြီးမှာ “လာမည့်ဘေး ဝေးကရှောင်” ဆိုတဲ့ စကားက ကျွန်တွေရဲ့ လက်စွဲစကား တခုဖြစ်နေတော့တာပေါ့။ ပြဿနာလည်း မဖြစ်ချင်၊ ဖြစ်ရင်လည်း မှန်မှန်မှားမှား ကိုယ်ကသာ ရှုံးရမှာဆိုတော့ […]


nwelinooDecember 13, 20101min28818
အချို့သော သူများသည် ဗေဒင်၊ နက္ခတ်၊ ယတြာ၊ မန္တရား၊ အင်းအိုင်၊ လက်ဖွဲ့၊ လက်လှည့်စသည် အထင်သေး ရှုတ်ချချင်ကြသည်။ ထိုထိုပညာရပ်တို့ အင်မတန် နက်နဲ နူးညံ့ သိမ်မွေသည့် ပညာရပ်များဖြစ်သည်။ သို့သော် ထိုပညာရပ်တို့ လောကီအရာ ဖြစ်သောကြောင့် လောကုတ္တရာအရာနှင့် မသက်ဆိုင်ပါ။ လောကီပညာရှင် ကျင်လည်ကျက်စားရ ပညာရပ်သာ ဖြစ်သည်ကို ဘာသာရေးသမားများနှင့်၊ ဘာသာရေး စိတ်ဝင်စားသူတို့ သိသင့်ပါသည်။ အကျွန်ုပ်သည် ထိုထိုလောကီရပ်များကို မဟာဘုတ်တိုင်ထူနည်းမှလွဲ၍ မဖတ်ဖူး၊ မလေ့လာဖူး၊ မကျင်ဖူးပါ။ လောကုတ္တအရာ၌ အခြေခံလောက်သာ သိပါသည်။ ထိုသို့ မဖတ်ဖူး၊ မလေ့လာဖူး၊ မကျင်လည်း ဖူးသည့်အတွက်၊ မတတ်ကျွမ်းသည့်အတွက် ထိုထိုပညာရပ်တို့သည် အလသမျိုးဖြစ်သည်၊ အချီးနှီးဖြစ်သည်၊ အသုံးမဝင်၊ အလိမ်အညာများဟု အကျွပ်န်ု မထင်မှတ်သလို ယူလည်း မယူမဆပါ။ […]