သီရိဓမ္မာသောကမင်းကြီးသည် ခမည်းတော်မင်းကြီးလက်ထက်ကအတိုင်း တိတ္ထိတို့အား ကျွေးမြဲသောဝတ်ကို မချွတ်စေဘဲ အိမ်တော်၌ အမြဲလုပ်ကျွေး၏။ တစ်နေ့သ၌ ခြင်္သေ့ခံသော လေသာ နန်းတံခါးကို လှပ်၍ ကြည့်တော်မူသော် လျှပ်ပေါ်သော ဣန္ဒြေဖြင့် နေထိုင်စားသောက်ကြသော တိတ္ထိပုရိပိုဇ်တို့ကို မြင်၍ “ဤသူတို့၌ မြတ်သောတရားသည် မရှိရာ၊ သွားလာနေထိုင်ခြင်း ကိစ္စတို့၌ ငြိမ်သက်သိမ်မွေ့ခြင်းမရှိ၊ ပကတိသော လူတို့ကဲ့သို့ပင်တကား၊ မြတ်လှသော အလှူခံတို့ကို ရှာကြံရွေးချယ်၍ လှူမှသာလျှင် အကျိုးရှိရာသည်တကား”ဟု ကြံမိလေ၏။ ထို့သို့ကြံပြီးသော် အမတ်တို့ကို ခေါ်၍ “အမောင်တို့သည် သူတော်ကောင်းဟု သမုတ်အပ်သော အလှူခံမြတ်တို့ကို ရှာ၍ ပင့်ခဲ့ကုန်၊ ငါအလှူပေးလိုသည်”ဟု ဆိုလေ၏။ အမတ်တို့လည်း တိတ္ထိပုဂ္ဂိုလ်တို့ကို ပင့်ဆောင်၍ “အရှင်မင်းကြီး ဤပုဂ္ဂိုလ်တို့ကား အကျွန်ုပ်တို့၏ ဆရာ ရဟန္တာပါတည်း လျှောက်ကုန်၏။ မင်းကြီးလည်း သူမြတ်မဟုတ်မှန်း သိ၍ […]


ပုတီးကို ဘာသာရေး လူမှုရေး နှစ်ထေ အသုံးပြုခဲ့ကြလေသည်။ ရှေးခေတ်ပီရူးနှင့် တရုတ်နိုင်ငံများတွင် ချည်ကြိုးနှင့် အထုံးပုတီးပြုလုပ်၍ မှတ်တမ်းမှတ်ရာသဘော အသုံးပြုတတ်ကြလေသည်။ တဖန် ဗြဟ္မဏ-ဟိန္ဓူ၊ ဇိန၊ ခရစ်ယာန်၊ မွတ်စလင်၊ ဗုဒ္ဓဘာသာဝင်များသည် အာရုံ၌ စွဲမြဲတည်တံ့စေရန်၊ စိတ်နှိပ်ကွပ် ဆုံးမရန်၊ သတိတရား ချွတ်ယွင်းမှု ကင်းစေရန် (သစ်စေ့၊ ဝါး၊ ကျောက်၊ ဖန် စသည်) ပုတီးကို စိပ်ကြ အသုံးပြုတတ်ကြလေသည်။ စိတ်ကို စောင့်ရှောက်စေခြင်းငှာ စိပ်ပုတီး စတင်အသုံးပြုသူများသည် အာရိယန်လူမျိုး ဗြဟ္မဏ-ဟိန္ဓူဘာသာဝင်များ ဖြစ်ဟန်တူလေသည်။ သူတို့သည် ကိုးကွယ်ရာ နတ် ဗြဟ္မာတို့၏ဂုဏ်ကို ရွတ်ဖတ်သဒ္ဓါပွားကာ ပုတီးစိပ်ကြလေသည်။ ထို့ကြောင့် သင်္သကရိုက်ဘာသာဖြင့် ပုတီးကို ဇပမာလာ(ရွတ်ဆိုခြင်း၊ ပန်းကုံး)ဟူ၍ လည်းကောင်း၊ သမဏိ(သတိ၊ ပုတီး)ဟူ၍လည်းကောင်း ခေါ်တွင်သည်။ ဗြဟ္မဏ-ဟိန္ဓူ၊များအထဲမှ […]


ရဟန်းတော်များအတွက် ပညတ်ထားသမျှ သိက္ခာပုဒ်ပေါင်း အမြောက်အများသည် ဘုရားရှင်လက်ထက်တော် မတိုင်မီအခြားဘာသာအယူဝါဒကွဲပြားသော ရဟန်း(တိတ္ထိများ) အတွင်း လူကြိုက်များ၍ တွင်ကျယ်နေပြီးသာ ဖြစ်နေသည်ကိုလည်း တွေ့ရမည်ဖြစ်၏။ သို့ရာတွင် ဝိနည်းသိက္ခာပုဒ်အားလုံး ကျင့်ဝတ်အားလုံးကို ဘုရားရှင် ကိုယ်တော် တိုင်သာ ပညတ်တော်မူခဲ့သည်ဟု ဆို၏။ သုတ္တဝိဘင်္ဂနှင့် ခန္ဓကတို့ရှိ သိက္ခာပုဒ် ကျင့်ဝတ် အားလုံးတို့ကို မည်သည့်အခါ မည်သည့်အကြောင်းကြောင့် ဘုရားရှင် ပညတ်တော် မူခဲ့ကြောင်း မှတ်တမ်းတင် ဝတ္ထုကြောင်းများဖြင့် နိဒါန်းပျိုးထား၍ အထက်ပါအချက်ကို ခိုင်လုံ စေပြန်သည်။ ရေးသားပုံရေးသားဟန်နှင့် ပတ်သက်၍ ခန္ဓကတွင်ပါသော ဝတ္ထုကြောင်းများသည် သုတ္တဝိဘင်္ဂတွင်ပါသော ဝတ္ထုကြောင်းများနှင့် များစွာတူညီနေရကား ခန္ဓကရော သုတ္တဝိဘင်္ဂပါ တချိန်တည်း မရှေးမနှောင်းတွင်ပင် ဖြစ်ကြောင်း မှတ်ယူရပေမည်။ ဝတ္ထုကြောင်း အဖြစ်အပျက် အနည်းငယ်တွင်သာ တကယ့်အဖြစ်အပျက်မှန်ကို ရည်ညွှန်းမှု ဖြစ်နိုင်စရာရှိ၍ […]


သီဟိုဠ်သို့ သာသနာပြုစေလွှတ်မှုအကြောင်း ဖော်ပြချက်သည် ဒဏ္ဍာရီပုံပြင်ဆန်လှ၍ ရှင်မဟိန္ဒ အမှူးရှိသော ရဟန်းတော်များသည် ကြိုးကြာငှက်များသဖွယ် သီဟိုဠ်သို့ ကောင်းကင်ခရီးဖြင့် သွားကြသည်ဆိုသော ရာဇဝင်ဆရာများ၏ စကားကို ကျွန်ုပ်တို့ မယုံကြည်စေကာမူ ရာဇဝင်ပါ စကားရပ် အားလုံးကို ငြင်းပယ်ရန်မလိုဘဲ ဒဏ္ဍာရီဆန်သော စကားများကို ချန်လှပ်၍ ဗုဒ္ဓဘာသာနှင့် ပါဠိတော် ပိဋကတ်များကို ရှင်မဟိန္ဒကိုယ်တိုင် သူနှင့်အတူ သီဟိုဠ်သို့ ဆောင်ယူခဲ့သည်ဟူသော အဖြစ်အပျက်မှန် ရဇဝင်စကားကိုကား မှတ်သားရပေမည်။ ရှင်မဟိန္ဒ ဆောင်ယူခဲ့သော ပိဋကတ်တော်များသည် ခရစ်မပေါ်မီ ပဌမရာစုနှစ်အတွင်း သီဟိုဠ်ဘုရာင် ဝဋ္ဋ­­ဂါမဏိလက်ထက် ပေထက်အက္ခရာ တင်သည်အထိ ဦးစွာပဌမ နှုတ်ဖြင့်သာ ဆောင်လာခဲ့ကြ၏။                                     (စာမျက်နှာ-၃၄)   ဘာသာစကားဘက်ကရော၊ အဓိပ္ပါယ် သဘာဝတ္ထဘက်ကပါ စဉ်းစားလိုက်သော ကျွန်ုပ်တို့၏ လက်ရှိပိဋကတ်ပါဠိတော်သည် အသောကမင်းတရား လက်ထက်က […]


အန္ဒိယစာပေသမိုင်း ဗုဒ္ဓစာပေကဏ္ဍ ပြန်ကြားရေးဌာန ဘာသာရေးဆိုင်ရာ စာပေခွင့်ပြုချက် အမှတ် ၆၅၆ တာဝန်ခံထုတ်ဝေသူ ဦးစိန်ကြည် ပြည်သူ့အလင်းစာပေတိုက် ၁၀၇၊ ဗိုလ်ချုပ်အောင်ဆန်းဈေး ရန်ကုန်မြို့။ ၁၉၆ရခုနှစ်၊ အောက်တိုဘာလတွင် အုပ်ရေ ၂၀၀ဝကို ပထမအကြိမ်အဖြစ် ရိုက်နှိပ်ပြီးစီးသည်   မူလရေးသူ – ဂျာမန်ပါမောက္ခကြီး ဒေါက်တာ မောရစ်(စ်)ဝင်တာနစ် မြန်မာပြန်သူ – အရှင် ဇာဂရာဘိဝံသ   ဤစာအုပ်သည် မျက်မှောက်ခေတ် မြန်မာလူမျိုး ဗုဒ္ဓဘာသာများ အတွက် အလွန် တန်ဘိုး ကြီးမားလှသော ကျမ်းစာအုပ် တစ်အုပ်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုသင့်ကြောင်း တိုက်တွန်း နှိုးဆောက်လိုက်ရပေသည်။                             MA ကောလင်း အမှာစာမှ   ရှေးအကျဆုံး ဗုဒ္ဓဘာသာစာပေ အားလုံးလောက်လိုလိုတွင် ဟောချက်ပြောချက်များ၊ ဩဝါဒတော်များ၊ ဂါထာများ၊ ဝတ္ထုကြောင်းများ […]


–         သပွတ်အူတွေကိုမှ တရားလုပ်ပြီး နာနေရတဲ့ ကမ ္ဘာ မသိကိန်း အလုံး ၁၀ဝ ပါတဲ့ပုစ္ဆာလို မသိခြင်းရှိရာကို မသိတာတွေသာ ထပ်ခါတလဲလဲ သယ်ဆောင်လာခဲ့ နောင်ဘဝဆိုတဲ့ ဝန်ထုပ်ဝန်ပိုးက ကြီးမားလှ တရားဓမ္မက လက်ပြနှုတ်ဆက်နေပြီ။   –         လူတစ်ယောက်ဖြစ်လျက်နဲ့ “ရှိတယ်”လို့ အသိအမှတ်မပြု အိပ်မက်လို ရှင်သန်ရတဲ့ ဘဝမျိုး မသိမှု ဥခွံက ထူထပ်မာကျောခဲ့ ဘယ်သူ့ အဆုံးအမ ရလို့ ယဉ်ကျေးရမှာလဲ အကြိမ်ကြိမ်လျက်ခဲ့တဲ့ ဓားသွားထက်က ပျားရည်တွေမှာ တရားလှေဟာ နစ်မြုပ်ခဲ့ပေါ့။   –         နလပိန်းတုံးတွေရဲ့ ဦးဆောင်မှုအောက်မှာ စုံလုံးကန်းတွေဟာ သိမှုမပါ ယုံကြည်မှု သက်သက်နဲ့ ပြားပြားမှောက်ခဲ့ကြတဲ့ အနှစ် နှစ်ထောင်ကျော် လူ့သမိုင်း ရာဇဝင်ရိုင်းလွန်းလှပြီ။   –         မျက်မမြင်တို့ရဲ့ […]