နွယ်ပင်February 8, 20122min19915
အေးမြတ်သူ မေကဗျာ မို့မို့မြင့်အောင် စိုးမြတ်သူဇာ သက်သခင် ချောရတနာ မိုးပြည့်ပြည့်မောင် သင်ဇာဝင့်ကျော် နေမျိုးအောင် စမိုင်းလ် လင်းဇာနည်ဇော်


နွယ်ပင်February 8, 20124min35832
အိချောပိုရဲ့ ပွဲတက်ဖက်ရှင် စိုးပြည့်သဇင်ရဲ့ ပွဲတက်ဖက်ရှင် ဖွေးဖွေးရဲ့ ပွဲတက်ဖက်ရှင် ခင်လေးနွယ်ရဲ့ ပွဲတက်ဖက်ရှင် သန္တာဗို နှင့် ချောရတနာတို့ရဲ့ ပွဲတက်ဖက်ရှင် ဂျင်းနီရဲ့ ပွဲတက်ဖက်ရှင် သဇင်ရဲ့ ပွဲတက်ဖက်ရှင် ခိုင်နှင်းဝေရဲ့ ပွဲတက်ဖက်ရှင် Melody ရဲ့ ပွဲတက်ဖက်ရှင် ချမ်းမီမီကိုရဲ့ ပွဲတက်ဖက်ရှင် ဖူးစုံရဲ့ ပွဲတက်ဖက်ရှင် ပုလဲဝင်းရဲ့ ပွဲတက်ဖက်ရှင် မိုးဟေကိုရဲ့ ပွဲတက်ဖက်ရှင် နန်းဆုရတီစိုးရဲ့ ပွဲတက်ဖက်ရှင် ခရစ္စတီးနားတို့ ညီအစ်မ ရဲ့ ပွဲတက်ဖက်ရှင် သင်ဇာဝင့်ကျော်ရဲ့ ပွဲတက်ဖက်ရှင် အေးမြတ်သူရဲ့ ပွဲတက်ဖက်ရှင် ကလေးသရုပ်ဆောင် ယွန်းယွန်းရဲ့ ပွဲတက်ဖက်ရှင် မိုးယုစံရဲ့ ပွဲတက်ဖက်ရှင် အကယ်ဒမီဆုရှင် သက်မွန်မြင့်ရဲ့ ပွဲတက်ဖက်ရှင်


နွယ်ပင်February 4, 20121min1055
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေဖော်ဝါရီလ ၄ရက်နဲ့ ၅ ရက်နေ့များတွင် မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်းပြောကြားခဲ့ပါတယ် “ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေ နဲ့ နှစ်၃ဝစာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်း က ဘောလုံးအားကစားအပါအဝင် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အဲဒီအပေါ်မှာ NLD […]


နွယ်ပင်January 26, 20121min18710
နေပြည်တော်ကအပြန်ဝယ်လာတဲ့ မျှစ်ချဉ်ထုပ်လေးကိုမြင်တော့ ဝက်သားနဲ့မျှစ်ချဉ်ချက်စားမယ်ဆိုပြီး စဉ်းစားလိုက်မိတယ် ဒါပင်မယ့် အလုပ်က သူငယ်ချင်းတွေကလည်း စားချင်တယ်ဆိုတော့ အားလုံးလည်းစားလို့ရအောင်ဆိုပြီး ဝက်သားအစား ငါးနဲ့ ချက်မယ်ဆိုပြီး ငါးကြင်းသားမျှစ်ချဉ်ဟင်းလေး ချက်ဖြစ်ပါတယ် .နွယ်ပင်က နေပြည်တော်က မျှစ်ချဉ်ဆို ပန်ဒါတံဆိပ် မျှစ်ချဉ်ကိုကြိုက်တယ် ။ အခုလည်း ဒီတံဆိပ်ပဲ ဝယ်လာဖြစ်ပါတယ် ။ မျှစ်ချဉ်ချက်မယ်ဆိုရင် မျှစ်ချဉ်ကို သင့်သလို တုံးပြီး ရေတစ်ထပ် ဆေးပါတယ် ။ပြီးတော့ မျှစ်ကို အိုးထဲတည့်ပြီးပြုတ်ပါတယ် ။ပန်ဒါ မျှစ်ချဉ်ကနုတော့ သိပ်ကြာကြာတော့ မပြုတ်ရပါဘူး ဒီအတိုင်းချက်ရင်တောင် ရပင်မယ့် မျှစ်ချဉ်အနံ့နံမှာဆိုးတာနဲ့ ပြုတ်တော့ ပြုတ်လိုက်ပါသေးတယ် ။ ငါးကြင်းသားကို ဆား၊ အချိုမှုန့်၊ နည်းနည်းနဲ့ နယ်ပြီးနောက် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါ ပြီးတော့ ဆီအိုးတင်၊ ဆီပူရင် […]


နွယ်ပင်January 24, 20123min21315
ဆိုင်ကယ်မှောက်လို့ လက်နာ ခါးနာ ကြောက်နေတဲ့ ကြားက ရွာထဲပြချင်လို့ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ .. ရွာထဲက ပညာရှင်ကြီးတွေလို အဆင့်မှီမှီ မရိုက်တက်လို့ သည်းခံပြီး ကြည့်ပေးကြပါဦးနော် …… ရေပန်းဥယျာဉ်ထဲက ကြိုးတံတားလေးပါ ….. လူကူးကြိုးတံတား အနီးကပ်ပုံလေးပါ ….. ကြိုးတံတား ရှေ့က ရုပ်တုလေးပါ …. ရေပန်းဥယျာဉ်ထဲက အပျော်ရေကူးလို့ရတဲ့ နေရာလေးပါ …. ရေကူးကန်လေးကို ဟိုဘက်ဒီဘက် ဖြတ်လျှောက်လို့ ရအောင် ဖန်တီးထားတာလေးပါ … ရေကူးကန်လေးမှာ လှိုင်ဂူပုံစံလေး အလှဆင်ထားတာပါ မိုးတွေရွာနေသလို …. ကျောက်မှိုပွင့်ကြီး ….. ရေပန်းဥယျာဉ်ထဲက ရေတံခွန်လေးပါ … ရေပန်းဥယျာဉ်ထဲက လမ်းကလေး … ရေပန်းဥယျာဉ်ထဲက လူသွားလမ်းလေးမှာ အလှဆင်ထားတာလေးတွေပါ … အိမ်အပြန်လမ်း တုတ်တုတ်ပေါ်က […]


နွယ်ပင်January 23, 20121min27022
တကယ့်ရုပ်ရှင်တွေက အတိုင်းပါပဲ ကိုယ့်မျက်စီရှေ့တည့်တည့်မှာ ကားကြီး နွယ်ပင်တို့ ဆိုင်ကယ်ကလည်း ကားရှေ့ကို ကွေ့အချတိုက်မိတော့မယ်ဆိုတဲ့စိတ်နဲ့ အဲဒီအချိန်ခဏလေးမှာ ခံစားချက်က တော်တော်ကိုဗြောင်းဆန်သွားပါတယ် ကားကလည်း အလျှင်မြန်ဘရိတ်အုပ် ဆိုင်ကယ်ကလည်း ဘရိတ်ဆွဲဆိုတော့ ကားနဲ့ ဆိုင်ကယ်မတိုက်မိလိုက်ပင်မယ့် အနောက်က နွယ်ပင်နဲ့ တစ်ယောက်သောသူက လှုပ်လှုပ်ရှားရှားဖြစ်တော့ ဆိုင်ကယ်က မထိန်းနိုင်ဘဲလဲသွားပြီး နွယ်ပင်တစ်ယောက် အောက်က တမံတလင်းနဲ့ မိတ်ဆက်ပါတော့တယ် တကယ်ပါ မျက်လုံးတွေ အကုန်လုံး ဝေဝါးပြီးတော့ ချက်ခြင်းလဲ ထမရဖြစ်နေပြီး လူတစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တဆက်ဆက်တုန်နေပါတော့တယ် သူငယ်ချင်းနဲ့ တစ်ယောက်သောသူက လာတွဲလို့ လမ်းဘေးကို ပါလာပါမယ့် တစ်ကိုယ်လုံး နာကျင်ပြီး မျက်လုံးထဲမှာလည်း ဝေဝေဝါးဝါးနဲ့ အသားတွေကလည်း အေးစက်နေပါတော့တယ် တစ်ယောက်သောသူလည်း အရမ်းကို စိတ်ပူပြီး နီးစပ်ရာ ဆေးခန်းကို လဲကျခဲ့တဲ့ ဆိုင်ကယ်နဲ့ပဲ သွားဖို့ပြင်ရင်း […]


နွယ်ပင်January 23, 20121min12410
19.1.2012 ရက်နေ့ နွယ်ပင်တို့ တစ်ယောက်သောသူနဲ့ နေပြည်တော်ကို မထင်မှတ်ပဲ သွားရမယ်ဆိုတော့ အရမ်းကိုပျော်နေတာပေါ့ ။ ကြိုတင်သွားဖို့ စီစဉ်ထားတာမဟုတ်တော့ ရရာကားနဲ့ သွားမယ်ဆိုပြီး အောင်မင်္ဂလာအဝေးပြေးရောက်မှ ကားလက်မှတ်ဖြတ်တော့ 9း00နာရီ ထိုးကားနဲ့မှီတော့ ကမန်းကတန်းပဲ ဖြတ်လိုက်မိတယ် ပြီးမှ ကားလည်းစထွက်ရော ညနေစာ အခုထိမစားရသေးတာကို သတိရသွားတယ် ဒါပင်မယ့် 115မိုင်ရောက်ရင် ကားရပ်ရင် စားလို့ရတယ်ဆိုတော့ အဲ့တော့မှစားမယ်ဆိုပြီး အိတ်ထဲရှိတဲ့ သကြားလုံးလေးတွေကိုပဲ အားကိုးနေလိုက်တော့တယ် ။ ကားက 115မိုင်လည်းရောက်ရော လူကဆာနေတာ ဟပ်ထိုး ကိုလိုက်ရော ဒါနဲ့ကားအောက်ကို မပြေးရုံတစ်မယ်ဆင်းလိုက်တဲ့ နွယ်ပင့်ကို အောက်ကနေ အေးစိမ့်နေတဲ့ လေအေးတွေကကြိုဆိုနေလိုက်တာ တစ်ကိုယ်လုံးကို တုန်ခိုက်သွားတဲ့ အထိပါပဲ ။ဆိုင်ထဲလည်းရောက်ရော အပြင်မှာအေးခဲ့တဲ့ အရှိန်လေးနဲ့ ကိုရီးယားယဉ်ကျေးမူထဲ စီးမျော လိုက်ဦးမယ်ဆိုပြီး လျှာရှည်မိတဲ့ စိတ်က […]


နွယ်ပင်January 19, 20123min18916
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် သာဓုပရိယတ္တိ စာသင်တိုက် (ရန်ကုန် ဗုဒ္ဓတက္ကသိုလ်) အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးအား အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မမီးမီး၊ မနီလာသိန်း၊ မမာမာဦး၊ ကိုစိုးထွန်း၊ ကိုကိုကြီး(စမ်းချောင်း)၊ ကိုဇော်ရဲဝင်း၊ ကိုခင်မောင်ကြည်၊ ကိုဆန်နီ၊ ကိုတွက်ကီ(အမေရိကား)၊ ဇော်ထက်ကိုကို၊ ကိုကြီးသန်း၊ ကိုမင်းသူရိန်၊ ကိုအောင်သူ၊ ကိုဇေယျ၊ ကိုဇော်ဇော်မင်း၊ မဌေးဌေးဝင်း၊ မစန်းစန်းမော် တို့သွားရောက် တွေ့ဆုံဖူးမျှော် ဂါရဝပြုတဲ့ရဲ့ပုံရိပ်များပါ ………… ဓာတ်ပုံ ဒီမိုဝေယံ


နွယ်ပင်January 12, 20121min25529
မနေ့က ညနေအလုပ်ဆင်းလို့ အိမ်ပြန်ရောက်တော့ သူငယ်ချင်းတွေရောက်နေကြတယ် စကားတွေပြောရင်း လက်ဖက်သုပ်စားချင်တယ်လို့ တစ်ယောက်ကပြောတော့ ထလုပ်ပေးရင်း နောက်တစ်ယောက်က ဟဲ့ နင်ငါတို့ကို တစ်ခုခု ချက်မကျွေးချင်ဘူးလားလို့ မေးလာလို့ လွယ်လွယ်နဲ့ မြန်မြန် ချက်စားလို့ရအောင် ဘာကျွေးရမလဲ စဉ်းစားနေတုန်း အမေက အိမ်မှာ ငါးရွှေတွေရှိတယ် မုန့်တီချက်ကျွေးလိုက်ပါဆိုလို့ ချက်စားဖြစ်တယ် ။ ရခိုင်မုန့်တီက ငါးရွှေနဲ့ ချက်စားရင် ပိုအရသာရှိတက်လို့ အမေက ဈေးထဲမှာ တစ်ခါတစ်လေမှ တွေ့ရတဲ့ ငါးရွှေကိုတွေ့ရင် ရခိုင်မုန့်တီကြိုက်တက်တဲ့ သူ့သမီးအတွက် ဝယ်လာတက်တယ်လေ ……… ဒီနေ့တော့ သူငယ်ချင်းတွေရောက်နေတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့ ….. ရခိုင်မုန့်တီချက်မယ်ဆို ငါးကိုပြုတ်ရင် ဆနွင်းမထည့်ဘဲ ဆား /အချို့မှုန့် တို့အပြင် ငါးပိလေး နည်းနည်းထည့်ပြိး ရေနည်းနည်းနဲ့ ရေခမ်းတဲ့အထိပြုတ်ပေးရပါတယ် ။ ငါးပြုတ်အိုးကျက်ပြီဆိုရင် အိုးတစ်လုံးနဲ့ […]


နွယ်ပင်January 10, 20121min25617
သူငယ်ချင်းတဲ့ ဒီအခေါ်အဝေါ်လေးက နွယ်ပင်တို့ ငယ်ငယ် မူကြိုစတက်ကတည်းက ကြားနေတဲ့ အသုံးအနှုန်းလေး ။ မူကြိုကိုစတက်နေပြီဆိုကတည်းက လူကြီးတွေက တွေ့လိုက်ရင် မူကြိုမှာ သူငယ်ချင်းရနေပြီလား ဘယ်နှစ်ယောက်ရှိလဲ ဆိုပြီးမေးတက်ကြတယ် ။ အဲ့အချိန် အဲ့အရွယ်မှာကတည်းက လူဆိုတာ တစ်ယောက်ထဲမဟုတ်ဘဲ ကိုယ်နဲ့ ခင်မင်ရာ စိတ်တူရာ အုပ်စုလေးနဲ့ သူငယ်ချင်းဆိုတာ ဖြစ်လာတယ်နော်။ ဒီအရွယ်လေးနဲ့ သူငယ်ချင်းကို ခင်ရကောင်းမှန်း တွယ်တာရကောင်းမှန်းလဲ သိနေကြပါပြီ ။ ဒီလိုနဲ့ ကျောင်းတက်ခဲ့စဉ် တစ်လျှောက်လုံး သူငယ်ချင်းတွေ အများကြီးထားကြတဲ့ သူတွေရှိ သလို ကိုယ်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း တစ်ယောက် နှစ်ယောက်ကိုပဲ စွဲစွဲမြဲမြဲရွေးပေါင်းတက်တဲ့ သူတွေလည်းရှိပါတယ် ။ ငယ်ငယ်က သူငယ်ချင်းဆိုတာ အတန်းထဲက သူငယ်ချင်းတိုင်းလိုလိုက ကစားဖော်ကစားဖက် စာပြိုင်ဖော်စာပြီုင်ဖက် အနေနဲ့ပဲ ရှိခဲ့ကြပြီး […]


နွယ်ပင်December 29, 20111min48115
ယနေ ့မနက် အစော ပိုင်း က မင်္ဂလာ တောင်ညွန် ့မြို ့ နယ် စက်ဆန်း သင်္ဘောကျင်း တွင် ဖြစ်ပွား ခဲ့ သည့် ဓါတု ဗေဒ ကုန်လှောင် ရုံ ပေါက် ကွဲ မှု ၏ အကျိုး ဆက် အဖြစ် ရန်ကုန် တိုင်း မြို ့ နယ် အချို ့တွင် ဓါတု ဗေဒ အဆိပ် သင့် မှု များ ဖြစ် နေသည် ဟု FNG က စုံ စမ်း သိရှိ ရသည်။ လေးနားရီ နီးပါး ကြာ လောင်ကျွမ်းထား သည့် မီး […]


နွယ်ပင်December 19, 20111min29521
ကမ်းခြေနဲ့ အလှချင်းပြိုင်နေတဲ့ ဝါဆိုမိုးဦး မပေါ့်တစ်ပေါ်လေး 😀 ဟင် မှန်ထဲက ဘီသူတွေဒုံး …………. မေးလ်ထဲရောက်လာတဲ့ ပုံလေးတွေပါ …………


နွယ်ပင်December 7, 20111min30328
ယနေ့ 7.12.11 3း45 PM အချိန်တွင်မဟာဗန္ဓုလတံတားပေါ်တွင် BM တစ်စီးတိမ်းမှောက်သွားပါတယ် ကားကတစ်စောင်းကြီး တိမ်းမှောက်သွားခဲ့ပြီး လူအသေအပျောက်ရှိမရှိတော့ မသိသေးပါဘူး အခုချိန်ထိတော့ လူနာတင်ယာဉ်တစ်စီးမှ ရောက်တာမတွေ့သေးဘဲ မီးသတ်ကားနဲ့ ရဲကားများသာ ရောက်ရှိနေပါတယ် ..