နွယ်ပင်July 4, 20111min20717
ဖားကန့်မြို့လယ် မြင်ကွင်း ဥရုချောင်းကူးတံတားမြင်ကွင်း ကချင်ပြည်နယ် ဖားကန့်မြို့က ရေကြီးနေတဲ့ ဓာတ်ပုံတွေပါ ဖားကန့်တမြို့လုံးနီးပါး ရေမြုပ်တယ်လို့ ဆိုပါတယ်..။ လက်ရှိ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ စစ်ဘေး၊ စစ်ဒဏ် ရေဘေးဒဏ်တွေ ကချင်ပြည်နယ်က လူထုလက်ရှိခံစား နေရတဲ့ ဒုက္ခတွေပါ….။


နွယ်ပင်July 2, 20111min17514
မနေ့ကနေမကောင်းလို့ အလုပ်မှာခွင့်တစ်ရက်ယူဖို့ ခွင့်တိုင်ဖြစ်တယ် အိမ်ကနေပဲ အလုပ်ကလူတွေကို လှမ်းပြီးဖုန်းဆက်ပြောတော့ ” သူငယ်ချင်းတွေက အေးဆေးပါ နင့် အလုပ်တွေလုပ်ထားပေးမယ်လို့ပြောတယ် ဒါပေမယ့် ဘောစိ(သူဌေး) ဆီကိုတော့ ဖုန်းဆက်ပြီး ခွင့်တိုင်လိုက်ဦးတဲ့ သိတယ်မဟုတ်လား ဘောစိက ခွင့်ဆိုရင် သူ့မသိရင်ပြောနေဦးမယ်လို့ ” ပြောတာနဲ့ ဖုန်းဆက်လိုက်ရတယ် ။ တကယ်ပါ နွယ်ပင်တို့ နေမကောင်းဖြစ်တာတောင် ပျောက်ပြီး အလုပ်သွားချင်စိတ်ပေါ်လာအောင်ကိုပဲ ဖုန်းခေါ်လိုက်ရတာ တစ်ညောင်းပဲ မကြာဘူးဆို 45 မိနစ် အသာလေးပဲ ဖုန်းလဲရသွားရော ” အစ်ကို ညီမနေမကောင်းလို့ ခွင့်တစ်ရက်လောက်ယူချင်လို့ပါလို့ ပြောတော့ …..သူက ဘာဖြစ်တာလဲတဲ့ ……ခေါင်းမူးနေလို့ ဆေးခန်းသွားမလို့ပါဆိုတော့ …… တကယ်လို့ ဆေးခန်းပြပြီးလို့သက်သာရင် အလုပ်ကိုပြန်လာပါတယ်တဲ့ လှဲနေစရာမလိုအပ်ဘူးဆိုရင်လဲ အလုပ်ကိုပြန်လာပါတဲ့ ” အဲတာနဲ့ ဖုန်းတစ်ညောင်းထိုင်ခေါ်ရတာပဲ အဖတ်တင်တယ် […]


နွယ်ပင်July 1, 20111min794
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ၊ ကမာရွတ်မြို့နယ်တရားရုံးတွင် မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley ၏အမှုကို၂၀၁၁ခု၊ဇွန်လ(၃၀)ရက်နေ့နေ့လည်(၂)နာရီတွင် အပြီးသတ်အမိန့်ချ မှတ်ခဲ့ပါသည်။ ကမာရွတ်မြို့နယ်တရားသူကြီးမှ မြန်မာတိုင်းမ်ဂျာနယ်မှ(CEO) Mr Ross Dunkleyသည် တရားလို မခိုင်ဇာလင်းအား နာကျင်စေခဲ့သောအမှု ဥပဒေပုဒ်မ (၃၂၃)အရ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရသဖြင့် ထောင်ဒဏ်(၁)လ ပြစ်ဒဏ်ကျခံစေရန်နှင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားသဖြင့် လဝကအက်ဥပဒေ (၁၃(၁) အရ ဒဏ်ငွေ(၁)သိန်းကျပ် တိတိပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ပါသည်။ အပြစ်ပေးခံရသော ထောင်ဒဏ်(၁)လကို တရားခံ) မြန်မာတိုင်းမ်ဂျာနယ်မှ (CEO) Mr Ross Dunkley အား ပြစ်မှုရင်ဆိုင်နေစဉ်အတွင်း ချုပ်နှောင်ထားခဲ့သော ရက်ပေါင်း(၄၄) ရက်ဖြင့် ကြေစေကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။ ယင်းစီရင်ချက်နှင့် ပတ်သက်၍ Mr Ross Dunkley […]


နွယ်ပင်June 30, 20111min21016
မနက်မိုးလင်းလို့ မျက်စိနှလုံးပွင့်တာနဲ့ ငါဒီနေ့ ဘာတွေအမှားထပ်ပြီး အလွဲတွေလုပ်မိမှာပါလိမ့်ဆိုပြီး စိုးရိမ်မူနဲ့ အရင်စရတာပဲ .အဟုတ်ကိုပဲ နွယ်ပင်တို့ တစ်နေ့တစ်နေ့ အမှားလေးမှ မလုပ်ရင် မလွဲရရင်ကို မကျေမနပ်ဖြစ်နေတာ တနင်္ဂနွေကလဲ ကြည့်ဦး အလုပ်ပိတ်လို့ အိမ်မှာလက်စွမ်းပြပြီး ဟင်းချက်ကျွေးမယ်ဆိုပြီး လုပ်ပါတယ် အမေနဲ့ကလည်း တစ်ပတ်လုံးနေမှ ဒီတစ်ရက်လေး အေးအေးဆေးတွေ့ရတော့ ဟင်းချက်ရင်းနဲ့ အမေန့ ဲ့ စကားပေါနေတာပေါ့ အဲတာနဲ့ ဟင်းလဲ ချက်ပြီးရော ငါ့ဟင်းက တစ်မျိုးပါပဲ ဘာလိုနေပါလိ်မ့်ဆိုပြီးကြည့်လိုက်တော့ အဲ ဝက်သားဟင်းချက်တာ ဆီတည့်ဖို့မေ့နေတာလေ အဲတော့ မျက်နှာ မရ ခြေထောက်ရဆိုတာပေါ့ တစ်အိမ်လုံးက ကောင်းချည်းပေးကြတာလေ ။ တစ်ခါကလည်း အလုပ်သွားခါနီး အလုပ်ချိန်က နီးနေလို့ ဖိနပ်ကို ကမန်းကတန်းစိးပြီး ကားဂိတ်ကိုထွက်တော့ အိမ်ပေါ်က အစ်မကနေ လှမ်းခေါ်တော့ ကိုယ်ကလဲ […]


နွယ်ပင်June 29, 20111min1539
မနေ့က အလုပ်တွေကလဲများ ပင်ကလဲပင်ပန်းဆိုတော့ သင်တန်းသွားရတာ တကယ်ကိုစိတ်ကမပါဘူး မတက်လို့ကလဲ မဖြစ်တော့ သွားတယ်ဆိုတဲ့အဖြစ်လေးနဲ့ သွားတော့ သင်တန်းလဲရောက်ရော အိပ်ကငိုက် စာမေးရင် တစ်လွဲဖြေနဲ့ ဟုတ်နေတာပဲ စာသင်ပေးတဲ့အစ်မက တစ်ခါမေးလိုက် နွယ်ပင်က တစ်လွဲဖြေလိုက်နဲ့ (2) ခါ (3) ခါလောက်လဲ လွဲရောအစ်မက ကဲ ဒီလိုပုံဆိုရင်တော့ မရတော့ဘူး နွယ်ပင်တစ်ယောက်တော့ အိပ်ကလဲ ငိုက် စာမေးရင်လဲ မေးတာတစ်ခြားဖြေတာ တစ်မျိုးနဲ့ ဟိုပုံပြင်ထဲကလိုဖြစ်နေပြီဆိုပြီး ပြောတော့တာပေါ့ . အဲတော့ အိပ်ငိုက်နေတဲ့ နွယ်ပင်က ပုံပြင်လဲဆိုရော ချက်ခြင်းပဲခေါင်းထောင်ပြီး အစ်မပြောပြပါဆိုပြီး ရွာထဲမှာရေးဖို့အတွက် ကုန်ကြမ်းရှာတဲ့အနေနဲ့ အတင်းပြောပြခိုင်းတာပေါ့ အဲတာနဲ့ ပုံပြင်လေးက ………….. တစ်ခါက တိုင်းပြည်ကြီး တစ်ပြည်မှာ စစ်မက်ရေးရာကို ဝါသနာပါတဲ့ ဘုရင်ကြီးတစ်ပါးရှိပါတယ် ဘုရင်ကြီးက စစ်မက်ရေးရာကို […]


နွယ်ပင်June 27, 20111min14210
လူတိုင်းမှာ ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်ကိုယ်စီရှိကြပါတယ် ။ ပုံစံတူ ကိစ္စတစ်ခုကို ဖြစ်ခဲ့မယ်ဆိုရင်တောင် ကိုယ်အတွေးနဲ့ ဆုံးဖြတ်ချက်က တစ်ယောက်ဆုံးဖြတ်ချက်နဲ့ တစ်ယောက်မတူတက်ကြတာ သဘာဝပါပဲ .။ အဲတာလေးနဲ့ ပတ်သတ်ပြီး နွယ်ပင်ဖတ်ဖူးထားတဲ့ ဟာသ ပုံပြင်လေးကို ပြောပြချင်ပါတယ် ပုံပြင်လေး အစကတော့ ……………….. တစ်ခါက တိုင်းပြည်ကြီး တစ်ပြည်က ဘုရင်ကြီးတစ်ပါးမှာ အရမ်းတော်တဲ့ ပညာရှိအမတ်တွေရှိကြသတဲ့ ပညာရှိအမတ်တွေရဲ့ ဂုဏ်သတင်းဟာ အနယ်အရပ်အရပ်ကို ပျံလွင့်သွားတဲ့အတွက် အခြားတိုင်းပြည်တွေက ပညာရှိအမတ်တွေနဲ့ ပညာဖလှယ်ပွဲတွေ ပြိုင်ပွဲတွေကိုလဲ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်တဲ့ ပညာပြိုင်ပွဲတွေ လုပ်တိုင်းလဲ အဲဒီတိုင်းပြည်က ပညာရှိအမတ်တွေကသာ အနိုင်ရပါတယ် ။ တစ်နေ့မှာတော့ တရုပ်ပြည်က သံတမန်တွေရောက်ရှိလာပြီး သူတို့တိုင်းပြည်က ပညာရှိအမတ်တွေနဲ့ ပြိုင်ပွဲကလေး တစ်ခုပြုလုပ်လိုကြောင်း တကယ်လို့ အနိုင်ရခဲ့မယ်ဆိုရင် သူတို့မှာပါလာတဲ့ ကုန်ပစ္စည်းတွေအပြင် […]


နွယ်ပင်June 25, 20111min23713
၁။ မိချောင်းများတွင် သွားများရှိပြီး ထို သွားများသည် ကျိးချင်သလောက်ကျိုး ပြန်ပြီးပေါက်နိုင်သည့် အစွမ်းရှိသည် ။ (မှား/ မှန်) ၂ ။နှံကောင်တွင် မျက်လုံးမပါရှိပေ ။ (မှား/ မှန်) ၃။ မျောက်တွင် ဦးနှောက် (2) ခုရှိသည် ။ (မှား/ မှန်) ၄။ ခိုငှက်၏ အမွှေးများသည် သူ၏ အရိုးထက်ပင် ပိုပြီး အလေးချိန်စီးသည် ။ (မှား/ မှန်) ၅။ ပုဆွန်ဆိတ်တွင် နှလုံးရော ၊ အစာအိမ်ပါ မပါရှိပေ ။ (မှား/ မှန်)


နွယ်ပင်June 24, 20111min874
မန္တလေးတွင် မွန်းလွဲ ၃ နာရီ အချိန်၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကာ ၈၄လမ်း ၃၁၊ ၃၂ ကြား ရွှေနိုင်ငံ ရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်း အနီးတွင်ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ဆက်လက်သိရှိရသော သတင်းများအရ ၈၄လမ်း ၃၁၊၃၂ ကြားတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်မှာ အမှိုက်ပုံအနီး ပြစ်ထားသော အမှိုက်ပုံးတွင် ဆောနစ်ဗုံး ဟုရေးသားပြီး ကပ်ထားသော အရာတစ်ခုကို တာဝန်ရှိသူများမှ တွေ့ရှိခဲ့ပြီးနောက် ပေါက်ကွဲစေပြီး ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောကြားခဲ့ပါသည်။


နွယ်ပင်June 24, 20111min21515
22 ရက်နေ့ ညနေမှာ IC show ပွဲရှိတယ်တဲ့ သူငယ်ချင်းက ဖုန်းဆက်လာတယ် နွယ်ပင်က IC ပွဲဆို အရမ်းကြိုက်ပြီး ကြည့်ချင်နေတာ ဒါပေမဲ့ လက်မှတ်ဈေးတွေက ကြီးတော့ သွားပြီးမကြည့်ဖြစ်တာ များတယ် ဒါပေမဲ့ ဒီတစ်ခါတော့ လက်မှတ်ဈေးကလဲ ဈေးသိပ်မကြိးတဲ့ အနေအထားဆိုတော့ ပွဲလုပ်မယ် ့နေ့ခင်းမှာပဲ ကြည့်မယ်ဆိုပြီး အသည်းအသန် သွားဝယ်ဖြစ်ခဲ့တယ် ပွဲစချိန်က ည (7း30) တဲ့ ဒါဆိုရင် အလုပ်က ပြန်မှာနဲ့ အတော်ပဲပေါ့ ညနေလဲရောက်ရော ရွာလိုက်တဲ့မိုးက ပွဲပျက်မလားတောင်ထင်ရတယ် ဒါပေမဲ့ နွယ်ပင်ပဲဟာ လက်မှတ်ဖိုးတော့ ဘယ်အရှုံးခံမလဲ သွားမယ်ဆိုပြီးရအောင်ထွက်ခဲ့တာပေါ့ မိုးရွာတာကိုအကြောင်းပြပြီး Taxi ဈေးတွေကလဲ ခေါင်ခိုက်လို့ အရင်ငှားနေကျထက် ပိုပေးပြီးငှားခဲ့ရတယ် သုဝဏရုံရှေ့လဲရောက်ရော လက်မှောင်ခိုတွေက (6000) တန်းကို (6000) […]


နွယ်ပင်June 23, 20111min30130
နွယ်ပင်က အခုတစ်လော အလုပ်ကပြန်ရင် သင်တန်းတစ်ခုတက်နေတော့ ညအပြန်ဆို အမြဲတမ်းနောက်ကျနေတက်တယ် တစ်နေ့ကလဲ ထုံးစံအတိုင်း သင်တန်းပြီးလို့ပြန်တော့ (သင်တန်းနဲ့ အိမ်နဲ့က နည်းနည်းဝေးတယ် ) ည (9း00) နာရီလောက်ရှိနေပြီ နွယ်ပင်နဲ့ နွယ်ပင်သူငယ်ချင်းက မီးပွိုင့်မှာ ကိုယ်စီးရမယ့် ကားကိုတွေတော့ အရမ်းဝမ်းသာပြီး အပြေးပဲ လှမ်းတက်လိုက်တာပေါ့ ကားကလဲ ထွက်နေပြီဆိုတော့ ခုံကိုရွေးမနေတော့ပဲ ကို်ယ်နဲ့ အနီးဆပ်ဆုံးခုံမှာ ဝင်ထိုင်လိုက်မိတယ် ခုံက သုံးယောက်ထိုင်ထိုင်ခုံဆိုတော့ ဘေးနားမှာက ထိုင်နှင့်နေပြီးသားသူကရှိနေတယ် ကြည့်လိုက်တော့လဲ ကိုယ့်အဖေ အရွယ် ဦးလေး အရွယ်ဆိုတော့ အေးအေးသက်သာပဲ ဝင်ထိုင်လိုက်မိတယ် . ‘ ဒါပေမဲ့ အဲ့အဖေအရွယ် ဦးလေးအရွယ်ကြီးက နွယ်ပင်တို့ သူငယ်ချင်း (2) ယောက်ဝင်ထိုင်ကတည်းက သိသိသာသာ တစ်မျိုး ခေါ်တော်ကြည့်လို့ခေါ်တဲ့ အကြည့်နဲ့တစ်မျိုး နှိပ်စက်ပါလေရော […]


နွယ်ပင်June 22, 20111min21616
နွယ်ပင် တက်နေကျသင်တန်းက စာသင်ပေးတဲ့ အစ်မပြောတဲ့ ပုံပြင်လေးကို သဘောကျလို့ ရွာသူ/ ရွာသားတွေကိုလဲ ပြောပြချင်လာတယ် ပုံပြင်လေးက ………… ပညာရှိလုပ်မလားတဲ့ တစ်ခါက ရွာကြီး တစ်ရွာမှာ ပညာရှိကြီးတစ်ယောက် ရှိပါတယ်တဲ့ အဲဒီပညာရှိကြီးက စကားကိုလဲ သိပ်မပြောပဲ လိုအပ်မှာသာပြောတက်တဲ့သူပါ ပညာရှိကြီးဆီကို အဲ့ရွာက လူတွေတင်မကဘူး တစ်ခြားရွာကလူတွေကပါ အကြံဉာဏ်တွေတောင်းတက်ကြပါတယ် နောက်ပညာရှိကြီးက ရှေ့ဖြစ်နောက်ဖြစ်တွေကိုလဲ ဟောပါသတဲ့ ။ တစ်နေ့တော့ ရွာထံက ကောင်လေး (3) ယောက်က စာမေးပွဲဖြေပြီးလို့ ပြန်လာတော့ ပညာရှိကြီးဆီမှာ စာမေးပွဲအောင်မအောင်ကိုလာမေးကြတာပေါ့် ။ သူတို့ကို ပညာရှိကြီးက ဘာစကားမှမပြောပဲ လက်ညှိုးတစ်ချောင်းပဲ ထောင်ပြပါတယ်တဲ့ ဒါနဲ့ကောင်လေးတွေလဲ ပညာရှိကြီးဘာကိုဆိုလိုချင်မှန်းမသိပဲ ပြန်လာခဲ့ကြတာပေါ့ ဒါပေမဲ့ စာမေးပွဲအောင်စာရင်းလဲထွက်ရော ပညာရှိကြီးပြောချင်တာကို သူတို့ သဘောပေါက်သွားကြတယ် အဲတာကတော့ သူတို့ထဲက […]