nyimalayJuly 14, 20111min122
အားလုံးပဲမင်္ဂလာပါ……. ပိစိကွေးကိုမေ့နေ ကြပြီလားလို့ အသစ်တဖန်ပြန်လည်မိတ်ဆက်တာပါ……. ရွာသူရွာသားအဟောင်းများရော အသစ်များပါ ခင်နိုင်ပါတယ်နော်……………..တော်ပါသေးရဲ့   Log in  ဝင်လို့ရသေးလို့ ……….. မန်ဘာအဖြစ်ကနေ ထုတ်မပစ်လိုက်တာကို ကျေးဇူးတင်ပါတယ်ဦးခိုင်…………….  🙂


nyimalayFebruary 23, 20111min1339
ဘဝဆိုတာ လောကကြီးမှာ ပျော်ရွင်မှုတွေ ဝမ်းနည်းမှုတွေ ကြေကွဲမှုတွေ အားငယ်မှုတွေ တက်ကြွမှုတွေ နဲ့ ပြည့်နေတယ်လို့ လူတွေကပြောကြတယ်……… ငါ့ဘဝမှာကတော့ဘာလို့များ ဝမ်းနည်းမှုတွေ ကြေကွဲမှုတွေ အားငယ်မှုတွေ နဲ့ပဲပြည့်နေရတာလည်း ကံကောင်းခြင်းဆိုတာတွေက ငါ့အတွက်မရှိတော့ဘူးလား……….. ဘဝမှာသိတတ်ပါပြီဆိုကတည်းက ကြေကွဲမှု ဝမ်းနည်းမှု နာကျင်မှု တွေနဲ့ပဲကြီးပြင်းလာရတဲ့ ငါကအရင်ဘဝကဘယ်သူတွေကိုများဘာလုပ်မိခဲ့လို့လည်းဆိုတာ သိချင်လိုက်တာ………… လောကကြီးမှာ လူတွေဟာ ဘာလို့ ကိုယ်ချင်းစာတရားနည်းပါးကြရတာလည်း……….. လူတိုင်းမှာ ကိုယ်ချင်းစာမှုဆိုတာသာရှိမယ်ဆိုရင် ဘယ်သူမှ စိတ်ညစ်စရာမလိုတော့ဘူးဆိုတာကို လူသားတိိုင်းနားလည်ရင်ဘယ်လောက်ကောင်းမလဲနော်……. အမှန်တရားဆိုတဲ့ အရာက လူတွေရဲ့ပါးစပ်ဖျားမှာသာရှိတာပါ………. တကယ်တမ်းဆိုရင် အဲ့ဒီလို အမှန်တရား အမှန်တရားလို့အော်နေတဲ့သူတွေ ကိုယ်တိုင်ကိုယ်က မတရားလုပ်ချင်နေကြတယ်ဆိုတာ ကိုလူတိုင်းကသိနေရဲ့သားနဲ့ဘာလို့  ခံစားရတဲ့သူတွေဘက်ကနေရပ်တည်မပေးနိုင်ကြရတာလည်း………. စဉ်းစားမိပါတယ် ခုခောတ် လောကကြီးမှာ မတရားလုပ်တဲ့သူတွေ အတွက်ပဲ နေရာရှိတာလားဆိုတာကို………. ဝဋ်ဆိုတာလည်တတ်တယ်တဲ့ ငယ်ငယ်က လူကြီးတွေကဆုံးမတယ်…………. အဲ့ဒီဝဋ်ဆိုတာက ဘယ်တော့ဘယ်အချိန်မှာ […]


nyimalayFebruary 23, 20111min13111
ဆင်းရဲတယ်ဆိုတဲ့နေရာမှာ ထမင်းစားဖို့မပြောနဲ့ ထမင်းရည်ကိုနပ်မှန်အောင်မသောက်နိုင်လောက်အောင်ဆင်းရဲတဲ့သူတွေရှိတယ်ဆိုရင် မယုံတဲ့သူရှိနိုင်မလား။ တစ်နေ့က ပိစိကွေး Taxi ငှားစီးတယ် ခရီးကလည်းနည်းနည်းဝေးတော့ ကားဆရာနဲ့ အလာပသလာပ စကားပြောတယ်ပေါ့နော်။ လှည်းတန်းမီးပွိုင့်မှာ ပိုက်ဆံတောင်းတဲ့ကလေးတစ်ယောက်က ပိုက်ဆံလာတောင်းတယ်။ ပိစိကွေးက ပိုက်ဆံပေးမယ်လုပ်တော့ ကားဆရာဦးလေးကြီးကပြောတယ် မပေးနဲ့သမီးတဲ့ ကလေးတွေ အကျင့်ပျက်တယ်တဲ့။ အဲ့ဒီကနေစပြီး ဒီကနေ့ခောတ်မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းအကြောင်းတွေ ပြောဖြစ်ကြတယ်ပေါ့နော်။ ပိစိကွေးမကြားဘူးတာတွေလည်းကြားခဲ့ရတယ် ပိစိကွေးလေ လုံးဝစိတ်မကောင်းဘူး။ မျက်ရည်တောင်ကျမိတယ်။ ကားဆရာဦးလေးကြီးပြောပြတာက ဟိုတလောက လှိုင်သာယာကို ခရီးသည်တစ်ယောက်လိုက်ပို့တာ လမ်းဘေးမှာ ရေသန့်ဘူးထဲမှာ အရည်ဖြူဖြူလေးတွေထည့်ရောင်းနေတာတွေ့တော့ ဦးလေးက ထန်းရည်ရောင်းတယ်ထင်ပြီးဆင်းဝယ်တာ ရောင်းနေတဲ့ ကလေးမလေးကပြောတယ် ဦးလေး ဒီဘက်ကိုရောက်ဘူးဘူး နဲ့တူတယ် ဒါက ထမင်းရည်ရောင်းတာတဲ့ အဲ့ဒီတော့ ဦးလေးတော်တော်ကိုအံဩသွားတယ်တဲ့ ဒါနဲ့ ဦးလေးကထပ်ပြီးမေးကြည့်တာပေါ့ တစ်ဘူးဘယ်လောက်လည်းဆိုတော့ 100 တဲ့ အဲ့ဒီ100 ကိုတောင် တစ်ဝက် […]


nyimalayFebruary 20, 20118min1067
နေ့လည် နေ့ခင်းဆို ပျင်းစရာ………………….. တဲ့ အားရင်အားသလိုစာဖတ်ဖြစ်ပါတယ်………………တဲ့ စာအုပ်နဲ့မျက်နှာနဲ့ ခွာတယ်ကိုမရှိဘူး………. တဲ့ ဒီမှာညီလေး……… ဒီမှာကွ(အမြဲတမ်း ဒီလိုပဲသွန်သင်ပေးပါတယ်)တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကလည်း ဒီလိုရှိပါတယ်တဲ့………… ရေလည်းနေ့တိုင်းချိုးပါတယ်တဲ့……… သူများအပေါ်စိတ်ကောင်းပဲထားပါတယ်တဲ့……………… သည်းခံခြင်းတရားကိုလက်ကိုင်ထားတာကိုတော့ ရွာသူရွာသားတို့သိကြတယ်ဟုတ်……….. အဲ့ဒီတော့ ဦးကြောင်ကြီးမှာရန်သူဆိုတာမရှိတော့ဘူးပေါ့…………….. ဓားသိုင်းဆိုလည်းရတယ်တဲ့ရွာသူရွာသားတို့ရေ…………… သိုင်းပညာဆိုလည်း ဂျက်ကီချန်းကဦးကြောင်ကြီးတပည့်ဆိုပဲ…………… လေးဖြူကိုဆိုရင်လည်းဦးကြောင်ကြီးကသနားတယ်တဲ့………… ချစ်စမ်းမောင်ကလည်းဦးကြောင်ကြီးလက်ထွက်ဆိုပဲ……………. ယောင်္ကျားလေးဆိုတော့လည်း တခါတလေတော့ရှိမှာပေါ့………… တခါတလေဆိုတာကလည်း လောကကြီးကိုစိတ်ကုန်မှပါတဲ့………… ချစ်သူအတွက်ဆိုရင်လည်း ဒီလိုရဲဝံ့ပါတယ်တဲ့  ……….. (အပျိုကြီးများသိစေရန်ကြော်ငြာပေးပါတယ်) 🙂


nyimalayFebruary 20, 20111min1226
ကျွန်တော့်အိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့ ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်တော်ကောင်းကောင်း အိပ်မရဘူး။ ဒါနဲ့ ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို ကျွန်တော် လေ့လာရတော့တယ်။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ အိမ်ခန်းထဲကို ပြတင်းပေါက်ကတစ်ဆင့် ဝင်လာတယ်ဆိုတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ပြတင်းပေါက်က ခြင်ဇကာကို ကိုက်ဖြတ်ပြီး မှောင်စပျိုးတာနဲ့ ကျွန်တော့်အခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့ သူပြန်ထွက်သွားတယ်။ မိတ်ဆွေတစ်ဦးကို ကျွန်တော့်အကြောင်းပြောပြတော့ သူကရယ်ပြီး “ဒါ လွယ်လွယ်လေးပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ ကပ်ထားလိုက်ရုံပဲ”လို့ အကြံပေးတယ်။ သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ ကျွန်တော့်ကိုကြည့်ပြီးသူက “တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ” လို့ပြောတယ်။ မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်တော်လုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ သိပ်ဘဝင်မကျခဲ့ဘူး။ မှောင်စပျိုးတာနဲ့ […]


nyimalayFebruary 20, 20111min1275
အများသုံး အိမ်သာတစ်ခုထဲ ဝင်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။ “ဟေ့လူ. နေကောင်းလား…” ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့. “ကောင်းပါတယ်. ကျေးဇူး” အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။ “ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.” ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ…. စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။ “ခင်ဗျားလိုပဲပေါ့ဗျာ.” ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။ “ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား” ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. […]


nyimalayFebruary 20, 20111min1176
လစာထုတ်ပြီးပြီဆိုတော့ စားချင်ရာစားမယ်ဟာ…………. 😛 ဇိမ်ကြလိုက်တာနော်……….ဒီလိုရက်တွေကြည့်ဆိုဘယ်လောက်ကောင်းမလဲနော် 🙂 သနားကြပါနော်…….. သနားကြပါ…….. 🙁 ရွာသူရွာသားတွေပထမအပါတ်မှာလိုပဲအမြဲပျော်ရွင်စွာနေနိုင်ကြပါစေ။


nyimalayFebruary 20, 20111min1155
လူကူးမျဉ်းကျားမှကူးပါ ရန်ကုန်တိုင်းမှာ အင်တိုက်အားတိုက်ကြော်ငြာထားတယ် ။ လူကူးမျဉ်းကျားအရေအတွက်ကတော့ လက်ချိုးရေလို့ရတယ်လေ ။ ကဲ …….မျဉ်းကျားမရှိတဲ့နေရာမှာ ယာဉ်ထိန်းရဲက ဒီတိုင်းကူးသွားတော့ လူတစ်ယောက်ကအော်ပြောတယ် ။ သူကလဲ နည်းနည်းဂေါက်တဲ့သူပါ။ ဟေးလူ လူကူးမျဉ်းကျားက ကူးလေ .ခင်ဗျားနိုင်ငံကြီးသားမပီသဘူး လား။ ကျုပ်တောင် မျဉ်းကျားရှာနေတာ ၃နာရီလောက်ရှိပြီ တဲ့လေ ………. ပီပြင်ပြီဆိုမှ ဥပဒေသတ်မှတ်တာကောင်းပါတယ်နော ။လမ်းတွေတော့ မပြင်ပဲ ယာဉ်တိုက်မှုကင်းမဲ့ဇုန်တို့ ၊ ညဘက် မီးမပေးနိုင်ပဲ မှုခင်းကင်းမဲ့ ဇုန်တို့ လုပ်ရက်တယ်ဗျာ ။ အမှန်ဆို ချိုင့်ခွက်ကင်းမဲ့ဇုန် ၊ မီးမပျက်ဇုန်တို့ အရင်လုပ်စေချင်ပါတယ်ဗျာ ။ အပြင်လူ မဝင်ရ စက်ရုံ ကြီးတွေ ၊ အစိုးရဌာနတွေ ၊ လုံခြုံရေးဆိုဒ်တွေ တံခါးမှာရေးထားတဲ့စာတန်းလေးပေါ့ ။ ရေးပါစေလေ ။ […]


nyimalayFebruary 20, 20113min15318
*အခုချိန်ကစပြီးသတိထားတော့နော်။ ဟုတ်ပြီနော်။ ပြောပြီနော်။ မပြောဘူးလို့မပြောနဲ့နော်။ ဟဲဟဲ။ * သူကြီးအပါအဝင်ရွာသူရွာသားများအားလုံးကျန်းမာချမ်းသာကြပါစေ။ Forward Mail မှပြန်လည်ဝေမျှသည်။


nyimalayFebruary 20, 20111min36723
မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အနီးက ကျောက်ဆောင်တွေကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ် ။ ဒီပုံဟာ ရှုထောင့်တစ်ခုကနေပြီး ကျောက်ဆောင်တွေပေါ်ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့ စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။ ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။ အခုပုံကို အတည့်အတိုင်း ထောင်ကြည့်လိုက်ပါ ။ အံ့ဩဖွယ်ကောင်းလောက်အောင်ပဲ ဘုရားရှိခိုးနေတဲ့ ပုံလေးထွက်ပေါ်လာပါတယ် ။သဘာဝတရားကြီးက အံဩဖွယ်ရာကောင်းပါတယ် ။ ဒါဟာ ဓါတ်ပုံပညာနဲ့ ဖန်တီးထားခြင်းမဟုတ်ပါဘူး ။ ထေရဝါဒ ဗုဒ္ဓဘာ သာနိုင်ငံမှာ သဘာဝကျောက်ဆောင်တွေမှာတောင် ဘုရား တရားရဲ့ […]


nyimalayFebruary 18, 20111min714
  မြန်မာ စာနယ်ဇင်း လောကမှာ ထင်ရှားတဲ့ မြန်မာတိုင်းမ် ဂျာနယ်ရဲ့ CEO နဲ့ အယ်ဒီတာချုပ် ဖြစ်တဲ့ မစ္စတာ ဒန်ကလေကို အင်းစိန်ထောင်မှာ ချုပ်ထားတယ် ဆိုတဲ့ သတင်းတွေ ရတော့ စိုးရိမ်မိပါတယ်။ ဒန်ကလေဟာ ထောက်လှမ်းရေးရဲ့ အဆက်အသွယ်နဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံတကာ စံချိန်မှီ သတင်းဂျာနယ် ဖြစ်တဲ့ မြန်မာတိုင်းမ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ၂၀၀ဝ ပြည့်နှစ်မှာ စတင် ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ ဒီကနေ့ ဂျာနယ် လောကရဲ့ အပြောင်းအလဲမှာ မြန်မာတိုင်းမ်ရဲ့ ဩဇာ သက်ရောက်မှု အများကြီး ပါတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာတိုင်းမ်ဟာ အနာဂတ်မှာ သတင်းစာ ထုတ်ဝေဖို့ အထိ ရည်မှန်းထားတဲ့ အကြောင်းလည်း သူတို့ […]


nyimalayFebruary 18, 20111min1114
စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည်ဆိုသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပ နိုင်ငံတို့က မတရား စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်နေသည့် အတွက် ၎င်းက အဆိုပါ နိုင်ငံများကို တန်ပြန်စီးပွားရေး ပိတ်ဆို့လိုက်ကြောင်း ပြောဆိုလိုက်သည်။ ထိုကဲ့သို့ စီးပွားရေး ပိတ်ဆိုမှုကို ၂၀၀ရ ကတည်းက စတင်ပြုလုပ်ခဲ့ကြောင်း ဦးတေဇက ပြောသည်။ “အနောက်နိုင်ငံများကို ကျွန်တော်က စီးပွားရေး ပိတ်ဆို့ပါတယ်။ ဒါကြောင့် အနောက်နိုင်ငံလုပ် Airbus များကို ကျွန်တော်တို့ အဲပုဂံ လေကြောင်းလိုင်းမှာ ပျံသန်းပြေးဆွဲခြင်း မပြုဘဲ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ အခုဆို လေယာဉ်တွေကို လုံးဝ လက်ဝယ် မထားတော့ပါဘူး။ ပြန်ရောင်းလိုက်ပါပြီ။ အနောက်နိုင်ငံတွေကို ပြန်မရောင်းပါဘူး။ ဒန်အိုးဒန်ခွက်လုပ်တဲ့ အာရှသားတွေဆီကိုပဲ ပြန်ရောင်းမှာပါ” ဟု ဦးတေဇက […]