nyimalayFebruary 17, 20111min23622
ရွာထဲက ပိစိကွေးရဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ မောင် ညီမတို့ရော အမြင်ကြည်ကြရဲ့လား။ ကြည့်နေရင်းနဲ့ ဝါးချင်လာတာတွေများ ရှိနေပြီလား။ အကယ်၍ ရှိနေရင် အားမငယ်ကြပါနဲ့ စိတ်မပျက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အခုပိစိကွေးမှာ မျက်စိအားကောင်းစေမယ့် နည်းလမ်းကောင်းတွေ ရှိနေလို့ပါ။ မျက်မှန်တပ်ရတဲ့ သူတွေတောင် မျက်မှန်မတပ်ရတော့တဲ့ အထိ ပုံမှန်အတိုင်း ပြန်ကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ သက်တော်(၇၀)ကျော်မှ မျက်မှန် မတပ်ရတော့တဲ့ မန္တလေးမြို့က ကျမ်းပြု စာချအကျော် ဆရာတော် ဦးဝိဒါဘိဝံသ ရဲ့ကျင့်စဉ်နဲ့ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ပျောက်ကျင့်စဉ်ကို ပေါင်းစပ်ထားတဲ့ လေ့ကျင့်ခန်းလေး တစ်ခုပါ ။ ဒီနည်းလေးကို နေ့စဉ်ကျင့်သုံးမယ် ဆိုရင် ဇာတ်ကြောတတ်ခြင်း မျက်ရည်ပူများကျခြင်း၊ မျက်မှန်တပ်ရခြင်းတွေ မရှိတော့ပါဘူး။ […]


nyimalayFebruary 11, 20111min1236
ရန်ကုန်မြို့လယ်ရှိ ဆူးလေ စေတီ၌ ရွှေသင်္ကန်း ကပ်လှူလျက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက် နံနက် ၄ နာရီခန့်က ယင်း ရွှေသင်္ကန်း ရွှေပြားများထဲမှ အလေးချိန် ၉ ကျပ်သား ခန့်ရှိ ရွှေပြား ၁၈ ချပ် ပျောက်ဆုံးသွားကြောင်း သိရသည်။               တချပ်လျှင် အရွယ် ၉ လက်မ ပတ်လည်ရှိ ပျောက်ဆုံး ရွှေပြားများ၏ ကာလတန်ဖိုးမှာ ကျပ် ၅၄ သိန်းခန့် ရှိကြောင်း၊ ရွှေပြား ပျောက်ဆုံးမှုကို ကျောက်တံတား မြို့နယ် ရဲစခန်းမှ တဆင့် သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်အား အမှုဖွင့် တိုင်ကြားထား ကြောင်း ဆူးလေ စေတီ ဂေါပက အဖွဲ့ဝင် တဦးက […]


nyimalayFebruary 10, 20111min792
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက် အပိုင်း ၄ ရှိ သီတာရေစင်လမ်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါမီးလောင်မှုမှာ မီးဖိုအသုံးပြုရာမှတစ်ဆင့် စတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး မီးလောင်မှု အိမ်ခြေ ၁ဝ လုံးကျော် မီးလောင်ခဲ့ရကြောင်း သိရှိရသည်။ “နေ့လည် ၂ နာရီလောက်မှာ ညှော်နံ့တွေထွက်လာလို့ အိမ်အပြင် ထွက်ကြည့်လိုက်တော့ မီးခိုးထွက် နေတာတွေ့လိုက်ရတယ်။ နောက် ၁ဝ မိနစ်လောက်ကြာတော့ မီးညွန့်တွေ ထွက်လာတာတွေ့ရတယ်။ စဖြစ်တဲ့ အိမ်ကနေ တောက်လျှောက် လောင်လာတာ အိမ်ခြေ ၁ဝ လုံးကျော် လောက်ပါသွားပြီး သက်ဆိုင်ရာက မီးငြှိမ်းနိုင်ခဲ့တယ်”ဟု မီးလောင်မှုအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦး က ပြောပြခဲ့သည်။ “ကျွန်မတို့က […]


nyimalayFebruary 9, 20111min844
အသိစိတ်လေးရှိစေချင် ပါလို့ ရေးလိုက်တာပါ။ ပြီးတော့ post လဲ မတင်တတ် လို့ပါ။ ကြုံခဲ့ရတာက စိတ်ကကောင်းစရာမို့ ရင်ဖွင့်တာပါ။ post တင်ပေးနိုင်ရင်လဲ တင်ပေးပါ။ point လိုချင်လို့ မဟုတ်ဘူးနော်။ ၆-၂-၁၁ က ကျမအဖေရဲ့မွေးနေ့မို့ ရွှေတိဂုံဘုရားမှာ ပိုက်ဆံသွားလှူပါတယ်။ ရှေးပင်စင်စားမို့ ၅၀၀၀ဝ လှူတာ ဘယ်နဲမလဲနော်။ ဒါတောင် သားသမီးတွေ ကန်တော့တာ ကို ဖယ်ထားပြီး လှူရတာ။ စိတ်ကတော့ အဓိကပေါ့လေ။ ရွှေတိဂုံတောင်ဖက်မုဒ်က ဂေါပကလူကြီးဆိုတဲ့ အရွယ်သိပ်မကြီးသူ ၂ ယောက်ပါ။ ကျမတို့ ငွေမလှူခင် ရောက်နေတဲ့ ကလေး၂ယောက်က ရွှေပြား၁ချပ်စာ ၅၂၀၀၀ဝ လှူနေပါတယ်။ ကျမတို့က ၅၀၀၀ဝ ထဲနဲ့ သားသမီးတွေရော မြေးတွေရောဆိုတော့ အများကြီးပေါ့။ သူတို့က သိန်းချီပြီး လှူမှ […]


nyimalayFebruary 9, 20111min1147
အစာလဲဆေး  ဆေးလဲ အစာဆိုတဲ့ ဆိုရိုးနဲ့အညီ ပိစကွေးတို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတွေထဲမှာ ဆေးဘက်ဝင်တဲ့ အသီးတစ်ချို့အကြောင်း ဖော်ပြချင်ပါတယ်.. အဲ့ဒီ့အသီးတွေကို ပုံမှန် စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် ဘယ်လိုအသီးတွေက ဘယ်လို အကျိုးရှိစေတယ် ဆိုတာလေး တွေကိုဖောာ်ပြပေးလိုက်ပါတယ်။ ပန်းသီး ပန်းသီးဟာ သက်စောင့်တဲ့ အသီးလို့ ပြောရ လောက်အောင် လူရဲ့ ခန္ဓာကိုယ်ကို အကျိုး ဖြစ်စေနိုင်ပါတယ်.. ဗီတာမင် စီ ပါဝင်မှု နည်းပါးသော်လည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ flavonoids ပါဝင်မှုတို့က ဗီတာမင်စီရဲ့ လုပ်ဆောင်ချက်ကို ပိုမို အစွမ်းထက်စေပြီး အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးချို၊ ပန်းနာ ရင်ကြပ်ရောဂါ၊ နလုံးလေရိုက်ခြင်းနင့်၊ လေသင်တုန်း ဖြတ်ခြင်း တို့ကို ဖြစ်နိုင်ခြေ နည်းပါးစေပါတယ်. […]


nyimalayFebruary 8, 20111min1639
တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ သူတို့နေတဲ့လာရှိုးမြိုကလေးကနေ မန်းတလေးဘက်ကို ကားလေးမောင်းပြီး အေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့………ဒီလိုနဲ့မှောင်လဲသွားရော……မေမြို့မှာတင် ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့……တည်းခိုး ခန်းသွားအိပ်တော့………တည်းခိုခကို တစ်ည ၃၀၀၀ဝ ကျပ်နဲ့ သဘောတူလိုက်ကြသတဲ့…..မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့ စောစော အိပ်ယာဝင်လိုက်ကြသတဲ့……မိုးလင်းလို့ မန်းတလေးဘက်ကို ခရီးဆက်မယ်ဆိုပြီး ကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀ဝ တောင်းသတဲ့…. ……မောင်ဘတို့ကလည်းမပေးနိင်ဘူးဆိုတော့ မန်နေဂျာကို ခေါ်ရှင်းကြသတဲ့……… မန်နေဂျာက လည်းဟုတ်တယ် …..၁၂၀၀၀ဝဆိုတော့…ခက်တော့တာပေါ့……… မန်နေဂျာက ဒီလိုရှင်းပြသတဲ့…….. ငါ့တို့တည်းခိုးခန်းမှာ……..nightclub တွေ ကာရာအိုကေတွေ……..ဘားတွေ……..ရှိတယ်…. အဲ့ဒီအတွက်က ၃၀၀၀ဝယူတယ် …..ဆိုတော့.. မောင်ဘကလည်း…….. ” ဆရာရယ် ကျွန်တော့တို့> အိပ်ယာတန်းဝင်ကြတာပါ…..nightclub ကိုမသွားပါဘူး” ပေါ့………. မန်နေဂျာက …….သွားတာမသွားတာမင်းတို့တာဝန်ကွာ………ငါ့တို့က အဲ့ဒီဟာတွေအတွက်ရင်းနှီးထားရတာမနည်းဘူးကွ……လို့ပြောလိုက်သတဲ့….. နောက်ထပ် ၃၀၀၀ဝ ကျပ်ကကွာ……….ရေကူးတဲ့အတွက်ပေါ့……….လို့ပြောလိုက်တော့…မောင်ဘကလည်း ကျွန်တော်တို့ရေကူးဘို့နေသာသာ ရေကူးကန်ဘယ်မှာရှိမှန်းတောင်မသိရပါဘူဗျာတဲ့……….. မင်းတို့ရေကူးတာမကူးတာ….ငါ့တာဝန်မဟုတ်ဘူး……..မင်းတို့တာဝန်ပါ..ရေကူးကန်အတွက်  အကုန်အကျတွေများတဲ့အတွက်……. အဲ့ဒီအတွက် ပါယူတယ်ကွာ….လို့မန်နေဂျာကပြောလိုက်သတဲ့….. […]


nyimalayFebruary 8, 20111min1416
ယနေ့ နေ့လည် 2 နာရီ 20 မိနစ်ခန့်အချိန်တွင် သဃန်းကျွန်းမြို့နယ်တွင်မီးလောင်မှုဖြစ်ပွားနေပါသည်။ ယခုအချိန်ထိမီးမှာ ဆက်လက်လောင်ကျွမ်းလျှက်ရှိပါသည်။ ကမာ္ဘအေးဘုရားလမ်းပေါ်မမြင်ရသောှ မီးခိုးလုံးများကြောင့်အနည်းငယ်ကြီးသည်ဟု ထင်ရပါသည်။


nyimalayFebruary 8, 20111min20718
ရန်ကုန်မှာ ကားတစီးက လူစည်ကားတဲ့ ဆိုင်ကြီးတခုကို ဝင်တိုက်ချိန်မှာ အကယ်ဒမီဆု ရထားတာ ပူပူနွေးနွေးပဲ ရှိသေးတဲ့ မင်းသား နေတိုးက ကယ်တင်တဲ့အတွက် လူတွေ အသက်ချမ်းသာရာ ရသွားတယ်လို့ ဇန်နဝါရီ ၃၁ နေ့စွဲနဲ့ ထုတ်ဝေပြီး၊ မနေ့က ဖြန့်ချီတဲ့ နောက်ဆုံးထုတ် The Voice ဂျာနယ်မှာ ရေးသား ဖော်ပြထားပါတယ်။ အကယ်ဒမီဆု လို ့ ခေါ်ကြတဲ့ နတ်သမီးကြယ်ကိုင်ဆုဟာ “တန်ခိုးကြီးတယ်” “အရမ်းအစွမ်းထက်တယ်”လို ့ အများသူငါက ယုံကြည်နေကြပါတယ်။ နေတိုးက ဘယ်လို ကယ်တင်လိုက်သလဲ ဆိုတာကိုတော့ အမျိုးမျိုးပြောနေကြပါတယ်။ “စူပါမင်းလို ကယ်သွားတယ်။ နေတိုးက ဝတ်ရုံ အကြီးကြီးနဲ ့ မိုးပေါ်က ဆင်းလာတယ်” လို ့ မျက်မမြင်တဦးက ပြောပြတယ်။ “စူပါမင်း […]


nyimalayFebruary 7, 20111min943
နောင်လာမည့် တစ်နှစ်တာ ကာလ အတော အတွင်း ဝယ် ကောင်းကင်ယံတွင် နေနှစ်စင်း ထွန်းလင်း သည်ကို ရက်သတ္တ နှစ်ပတ်ခန့် ကြာသည် အထိ ကမ္ဘာသူ ကမ္ဘာသားများ မြင်တွေ့ ကြရဖွယ် ရှိသည်။ ကျွန်ုပ်တို့၏ နေမငီးထက် အဆ ၂ဝ မျှ ကြီးမားသော ‘ဘီ တယ်လ်ဂျူဆီ’ အမည် ရှိ ကြယ်ကြီး တစ်လုံး၏ ပေါက်ကွဲ ခြင်းကြောင့် ထိုသို့ ဖြစ်လာ လိမ့်မည်ဟု တချို့က ဆိုနေ ကြသလို ယင်းသည်ပင် ကမ္ဘာကြီး၏ နောက်ဆုံးနေ့ ဖြစ်သည် ဟုလည်း ဆိုနေ ကြသည်။ ယင်းကြယ် ကြီးသည် သက်တမ်း ကုန်ဆုံး နေပြီ ဖြစ်ပြီး သာမန် ကြယ်အဖြစ် ဆက်လက် […]


nyimalayFebruary 3, 20111min25030
ပိစိကွေးလေးက ပွိုင့်ကိုလုံးဝမမျှော်ပါဘူးဆိုတာအားလုံးကိုသိစေချင်ပါတယ်……………. အခုတလော ပိစိကွေးလေး တင်တဲ့ post တွေတော်တော်လည်းစိပ်သွားပါတယ်……….. နောက်ပြီ သူများတွေပေးထားတာတွေလည်းပါပါတယ်………….. ပိုစ့်ကိုဒီလိုလည်းတစ်ခါမှ အများကြီးမတင်ဘူးပါဘူး…………. ပွိုင့်ကိုသာမျှော်ပြီးတင်နေမယ်ဆိုရင် post တိုင်းကို comment တွေပဲလိုက်ရေးနေမှာပေါ့……….. ပိစိကွေးလေး point ကို မမျှော်လို့ Login မဝင်တဲ့နေ့တွေတောင်ရှိပါတယ်………. post တွေအများကြီးတင်တယ်ဆိုတာလည်း connection ကလည်းကောင်း….. မတင်စဖူးစတင်တော့ တင်ကောင်ကောင်းနဲ့ ဆက်တိုက်တင်ဖြစ်သွားတာပါ………….. ဒါက Admin ကို ပြောပြထားတာပါ………….. အခု ပိစိကွေးတင်ထားတဲ့အထဲက ဦးခိုင်အနေနဲ့ မကြိုက်တဲ့ Post မတင်သင့်တဲ့ Post လို့ယူဆတာရှိရင် လည်း ဖြုတ်ပြစ်လိုက်လို့ရပါတယ်…… ပွိုင့် တိုးပေးပါ….. ပွိုင့်နှုတ်ပေးပါ ဆိုပြီး ပိစိကွေးဆီကနေ ဘယ်လို Complain မှလာမှာမဟုတ်ပါဘူး……….. ဒီဆိုဒ်မှာ စဝင်လာကတည်းက ကိုယ့်ဘာသာကိုယ်ရေးချင်တာရှိရင် ရေးပါတယ် […]


nyimalayFebruary 2, 20111min24916
  ယူရေနီယံ အကခန်းမမှာ Dancer လေ့ကျင့်နေတဲ့ ဝိုင်းစုဆီကို အရောက်သွားရင်း ပွင့်ပွင့်လင်းလင်း အင်တာဗျူးတစ်ခု လုပ်ခဲ့ပါတယ်။ အချစ်နဲ့ပတ်သက်ပြီး ပြောရရင် ဝိုင်းစုသိသလောက်က အချစ်က တစ်ခါတလေ ချိုမြိန်မှုတွေပေးပြီး တစ်ခါတလေ ခါးသီးမှုတွေ ပေးပါတယ်။ ရသမျိုးစုံပါပဲ။ ဘဝမှာ ဝိုင်းစုမုန်းတဲ့ ယောက်ျား တစ်ယောက်ရဲ့ အကျင့်စရိုက်မျိုးကို ပြောပါဆိုရင် အဓိကက ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ရပ်တည်မှုမရှိဘဲ သူများပြောတာ နားထောင်တတ်တဲ့ ယောက်ျားမျိုး၊ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး ကိုယ်ချင်းစာနာစိတ် မရှိတဲ့ ယောက်ျားမျိုးကို မုန်းတယ်။ ဝိုင်းစုကြုံခဲ့ရတဲ့ ဘဝပြဿနာတွေကို ဘယ်လိုဖြေရှင်းလဲဆိုရင် ဝိုင်းစုက နည်းနည်း ခေါင်းမာတယ်။ ဒါပေမဲ့ စိတ်ပျော့လွယ်တယ်။ ဝိုင်းစုမလုပ်ချင်တာကို ဘယ်သူမှ ခိုင်းလို့မရဘူး။ အဲဒါတစ်ခုကို ဖြစ်ဖြစ်ချင်း ဝုန်းဒိုင်းကြဲ ဖြေရှင်းတတ်ပေမယ့် စိတ်ငြိမ်သွားတဲ့အခါ သေချာအေးအေးဆေးဆေး […]


nyimalayFebruary 2, 20111min1125
ငါးတွေဟာ သွေးအေးတယ်၊ နှုတ်ဆိတ်တယ်။ တိုးတိတ်လွန်းတော့လည်း အဲဒီ ရင်ခုန်သံကို မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။ ကြယ်တွေကို ခူးခူးပြီး မင်းကို ပန်ပေးချင်ခဲ့တာပါ … ဒါပေမယ့် … အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက် နွေဦးရက်တွေ ရောက်တဲ့အထိတောင် မက်ခွင့်မရလိုက်ပါဘူး။ ဆူးတွေများလွန်းတဲ့ ဥယျာဉ်က ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။ တစ်နေ့ခင်းလုံး ကိုယ့်လက်ဖဝါးပေါ် မေးထောက်ပြီး သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ် … ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ ??? တစ်ဘဝစာ … ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ။ (သည့်ပြင် ဘာမှမပိုခဲ့ဘူး) ကောင်မလေးရေ … ငါဆိုတဲ့ကောင်က သွေးအေး ယဉ်ယဉ်ကျေးကျေးလေးပဲ … … လွမ်းတယ်။


nyimalayFebruary 2, 20111min560
အလင်းမျှော်စင် ကျွန်တော်နှင့်သူမ ဝေးခဲ့ကြပြီ။ စကြာဝဠာနှင့်ချီကာ ဝေးကွာသော တစ်နေရာဆီမှ ကြယ်တို့၏ အလင်းသည်ပင် ကမ္ဘာမြေကို ရောက်လာနိုင်သေးလျှင် သူမထံမှ အလင်းတို့ကကော ကျွန်တော့်ဆီ ဘာကြောင့် ရောက်မလာနိုင်ရမှာလဲဟု တွေးမိ၏။ ဝေးသည်ဖြစ်ဖြစ်၊ နီးသည်ဖြစ်ဖြစ် သူမသည် ကျွန်တော်၏ အလင်းမျှော်စင်သာဖြစ်သည်။ ရောဂါ (၁) ရှင်ကွဲ ကွဲခဲ့ပုံကတော့ သူလိုငါလိုပါပဲ …။ (၂) ကြယ်တွေကလဲ တိတ်တိတ်ကလေးပဲ လင်းတယ်။ (၃) သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား … ရာသီဥတုဆိုး ဟောဒီ နွေရာသီတစ်ခုလုံး ပုပ်သိုး ချစ်သူတွေ အိပ်စက်နေကြတာ မနှိုးပါနဲ့ … သူတို့တွေ … “ကံဆိုးပြီ” ဆိုတဲ့အကြောင်း နည်းနည်းဖြစ်ဖြစ် နောက်ကျပြီးမှ သိရတာ ကောင်းတယ်။ နှစ်ယောက်သား အတူလျှောက်ခဲ့တ… တစ်ကိုုယ်တော် […]