nyimalayFebruary 1, 20111min981
ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့နှင့်  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပါဝင်သော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့တို့က အစုအဖွဲ့လိုက် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေး အတွက် အစုအဖွဲ့အစည်းအဝေး များကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပရန် ဇန်နဝါရီလ ၃၁ ရက် နေ့က သတ်မှတ်ကြေညာခဲ့ကြောင်း သိရပါသည်။ ယင်းအရ ဦးသိန်းစိန်အား ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ ဒေါက်တာ စိုင်းမောက်ခမ်းအား ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးအား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပါဝင်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ […]


nyimalayFebruary 1, 20111min680
ဆောက်လုပ်ရေးအလုပ်သမား သူ၏ ဦးခေါင်းထဲသို့ သံရိုက်သွင်းမိသော်လည်း အသက်မသေ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင်နေထိုင်သည့်ဆောက်လုပ်ရေးအလုပ်သမား ဗစ်တာဘန်နာဗီဒက်ဇ်(၂၈နှစ်)သည် သံရိုက်သည့်သေနတ်ဖြင့် သူ၏ဦးခေါင်းအတွင်းသို့ သံတစ်ချောင်းကို မတော်တဆ ရိုက်သွင်းမိခဲ့သည်။သူသည် ခေါင်မိုးပေါ်သို့  တက်နေစဉ် နောက်သို့ လှန်ကျသွားသဖြင့် ခလုတ်ကို ယောင်နှိပ် မိသောကြောင့် သံသည် ပါးစပ်မှနေ၍ သူ၏ဦးခေါင်းထဲသို့ဝင်သွားခြင်းဖြစ်သည်။ သို့သော် ကံအားလျော်စွာပင် ၃ ဒသမ၂ လက်မရှိသော သံသည် သူ၏ဦးနှောက်နှင့်ထိရန် ၁ မီလီမီတာခန့်အကွာ၌ ရပ်တန့်သွားခဲ့သည်ဟု ဆိုသည်။ သေချင်လို့ ကိုးထပ်က ခုန်ချကာမှ အမှိုက်အိတ်တွေပေါ်ပြုတ်ကျပြီး အသက်မသေ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဘန်ဂျယ်လစ်အင်ကာပေတိုး(၂၆ နှစ်)သည် အနောက် ၄၅ လမ်းရှိသူ၏နေအိမ်ဖြစ်သောပေ ၁၀ဝ မြင့်သည့် ကိုးထပ်တိုက်ပေါ်မှအောက်သို့ခုန်ချကာ သေကြောင်းကြံခဲ့သော်လည်း အောက်တွင် စုပုံထားသည့် မသိမ်းရသေးသော အမှိုက်အိတ်များပေါ်သို့ ပြုတ်ကျကာ […]


nyimalayFebruary 1, 20111min870
အိနိ္ဒယနိုင်င ံမြောက်ပိုင်း ဟာယာနာမြို့တွင် နေထိုင်သော ရာဂျစ်ရက်ဟက်ဗ (၉၄နှစ်)သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ကသူ၏ ပထမဆုံးကလေး မွေးဖွားမှုအတွက် အောင်ပွဲခံအခမ်းအနား ကျင်းပခဲ့သည်။သူ၏ဇနီး ရှာကန်တလာဒေဝီ(၅ဝနှစ်)ကသူ့အတွက် သားဦးလေးကာ ရာဂျစ်ကိုမွေးဖွားပေးခဲ့ရာ သူသည် ကမ္ဘာ့အသက် အကြီးဆုံး ကလေးအဖေဖြစ်လာကြောင်းသိရသည်။ သို့သော် သူသည် ကလေးတစ်ဦးနှင့် မကျေနပ်သေးဘဲ လာမည့်နှစ်တွင် နောက်ထပ်ကလေးတစ်ဦး ရယူဦးမည်ဟု ဆိုသည်။ ရာဂျစ်ရက်ဟက်ဗ်သည်ငယ်စဉ်က နပန်းသမားတစ်ဦး ဖြစ်ခဲ့ပြီး လွန်စွာကျန်းမာသန်စွမ်းသူဖြစ်သည်ဟုဆိုသည်။ ယခင် ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေမှာ အိနိ္ဒယနိုင်ငံမှပင်ဖြစ်ပြီး အိနိ္ဒယလယ်သမား နာနုရမ်ဂျော်ဂီသည်၂၀၀ရ ခုနှစ်က အသက် ၉ဝ အရွယ်တွင် သူ၏ ၂၁ ယောက်မြောက်ကလေး ကို ရရှိခဲ့ရာ ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေအဖြစ် စံချိန်တင်ထားခဲ့သည်။ *** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။


nyimalayFebruary 1, 20111min592
အဲဒီလိုခေါင်းစဉ်ကို ဖတ်လိုက်မိတဲ့အခါ ပြက်လုံးထုတ်တယ်လို့ ထင်မှာပဲ။ တန်ဇန်းနီးယားနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဖော်ပြပါဓာတ်ပုံတွေကိုကြည့်လိုက်ပါ။ ဒါဟာ တကယ်ဖြစ်ခဲ့တယ်။ မိကျောင်းတစ်ကောင်ဟာ အဲဒီလိုမျိုးအပျင်းထူတဲ့အလုပ်ကို လုပ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ သူကလည်းအပျင်းထူတာမဟုတ်ပါဘူး။ ရေမြင်းတွေ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နေတဲ့အကြားမှာ သူ့ခမျာ ညပ်သွားရှာရတာပါ။ ဒါပေမဲ့ သူက ““လူပါး”” (အဲလေ၊ မိကျောင်းပါး)ပဲ။ ဘယ်ရမလဲ သူက ခွန်အားအကြီးဆုံးပါး”ရေမြင်းရဲ့ ကျောပေါ်ခုန်တက်ပြီး မြစ်တစ်ဖက်ကမ်းကို လိုက်ပါသွားတော့တာပေါ့ ။ အဲဒီ ကြံကြံဖန်ဖန်ဓာတ်ပုံတွေကို ဗြိတိသျှလူမျိုး တောလမ်းညွှန်မက်ဂျွန်ဆင်ဆိုသူက လူကုလာဒေသအနီး လူဝီဂိုမြစ်အတွင်းမှာ ရိုက်ကူးထားတာပါ။ *** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။


nyimalayFebruary 1, 20111min804
ဆွာဇီလန်နိုင်ငံတွင် မိုးကြိုးပစ်ခံရသောကြောင့် မိခင်တစ်ဦးသေဆုံးသွားသော်လည်း မိခင်၏ကျောပေါ်တွင်လိုက်ပါလာသောကလေးငယ်တစ်ဦးမှာ အသက်မသေကြောင်း သတင်းဌာနက နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ဖော်ပြခဲ့သည်။ နွားကျောင်းသူများသည် ကိုးလသားအရွယ် ဖီဝိုခွာခီ၏ ငိုသံကိုကြားပြီးနောက် သွားရောက်ရှာဖွေကြည့်ရာ သေဆုံးနေသော သူ၏မိခင် ဂျာဘူလယ်ဟလိုဖီကို တွေ့ရှိရခြင်းဖြစ်သည်။ မိခင်ဖြစ်သူ၏ခန္ဓာကိုယ်မှာ မီးကျွမ်းခံထားရသော်လည်း ကလေးငယ် အသက်မသေသည်မှာ လွန်စွာအံ့ဩ ဖွယ်ကောင်းသည်ဟု ဆိုသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မိုးကြိုးထိမှန်လျှင်မှန်ချင်း ကလေးငယ်သည် မိခင်၏ကျောပေါ်မှပြုတ်ကျသွားသော ကြောင့်ဖြစ်မည်ဟု ဆိုသည်။ *** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။


nyimalayFebruary 1, 20111min69
တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ် ယီဇီမြို့မှ ကျန်ယုဖန်(၇၅ နှစ်)  မွေးထားသော ကြက်မကြီးတစ်ကောင်သည် ဘိုးလင်းတိုင်နှင့်တူသော ထူးဆန်းသည့်ဥကြီးတစ်လုံးကို ဥခဲ့ကြောင်း Metro သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့က ဖော်ပြသည်။ အလားတူပုံသဏ္ဌာန်ရှိသည့် ကြက်ဥမျိုးကို ဗြိတိန်နိုင်ငံ နော်သမ်တန်ရှိုင်းယားမှ နာတာလီဝှစ်ရှိုင်းယား(၄၃နှစ်)၏ ကြက်မကြီးက လွန်ခဲ့သည့်နှစ်မတ်လက ဥခဲ့ဖူးကြောင်း သိရသည်။ ကျွမ်းကျင်သူများက ထူးဆန်းသော ကြက်ဥပုံသဏ္ဌာန်ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါင်းများစွာရှိရာ ယင်းတို့အနက် မျိုးဥတည်ခြင်းပြဿနာ၊ ဟော်မုန်းမညီမျှမှု နှင့် မှားယွင်းသောအစားအစာများကို စားခဲ့မှုတို့ပါဝင်သည်ဟု ဆိုသည်။ *** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။


nyimalayFebruary 1, 20111min794
ဘရာဇီးနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ဆေးရုံသို့ရောက်ရှိလာချိန်၌ သေဆုံးသွားပြီဟု သတ်မှတ်ခံရသည်။ ဆရာဝန်များက မာရီယာဒါဒိုးကွန်ဆေးကော်(၈၈နှစ်)ကို သေဆုံးပြီဖြစ်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့သည်။ သေဆုံးရသည့်အကြောင်းရင်း၌ သွေးပေါင်တက်ကာ သွေးကြောပိတ်ခြင်းဖြစ်ကြောင်း ရေးသားကာ သချုႋင်းရှိအဆောင်သို့ပို့ခဲ့သည်။ အခေါင်းထဲသို့ထည့်ကာ အလောင်းအားပြင်ဆင်နေစဉ် သချုႋင်းမှ အလုပ်သမားတစ်ဦးက အမျိုးသမီး၏ လှုပ်ရှားမှုနှင့် အသက်ရှူမှုကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဆရာဝန်များရောက်လာကာ သူ့အား အခေါင်းထဲ၌ပင် အရေးပေါ်ကုသချက်များပေးပြီးနောက် အထူးကြပ်မတ်ကုသဆောင်သို့ ပို့ခဲ့ရသည်။ ထို့ကြောင့် သူသည် ဒေသစံတော်ချိန် ညနေ၅ နာရီတွင် အရှင်လတ်လတ် မြေမြှုပ်ခံရမည့်ဘေးမှ လွတ်ခဲ့သည်။ *** စွယ်စုံမီဒီယာ မှ ကူးယူဖေါ်ပြပါသည် ။


nyimalayFebruary 1, 20111min560
  ဗြိတိန်နိုင်ငံ လန်ကတ်ရှိုင်းယားရှိ အွမ်းစကက်ဆေးရုံတွင်ဖေယီအမ်းစထ ရောင်းအမည်ရှိ ကလေးတစ်ဦးမွေးဖွားလာရာမွေးကတည်းက ရှေ့သွားနှစ်ချောင်း ပါဝင်လာကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ရ ရက်နေ့တွင် ဖော်ပြသည်။ အဆိုပါကလေးငယ်သည် လွန်ခဲ့သည့်သီတင်းသုံးပတ်က မွေးလာခဲ့ခြင်းဖြစ်ပြီး သူ၏ မိခင် မစ်ကောလ်ဖီးလ်ဒ်(၂၅ နှစ်)က သူသည် နောက်တစ်နေ့ နံနက်တွင် ကလေးအား နို့တိုက်ရာ၌ စူးရှသော နာကျင်မှုကို ရရှိသောကြောင့် ကလေးအား ကြည့်လိုက်ရာတွင် သွားနှစ်ချောင်း ပေါက်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ ကလေးငယ်များသည် မမွေးဖွားခင်ကတည်းက သွားများစတင်ဖွံ့ဖြိုးမှု ဖြစ်ပေါ်သော်လည်း ခြောက်လသားမှ တစ်နှစ်အတွင်းသို့ရောက်မှသာ သွားများပေါက်လာခြင်းဖြစ်သည်။  သို့သော် ကလေး ၂,၀၀ဝ တွင် တစ်ဦးနှုန်းသည် ဖေယီကဲ့သို့ သွားတစ်ချောင်း သို့မဟုတ် နှစ်ချောင်း မွေးကတည်းက ပေါက်လာတတ်ကြသည်ဟု ဆိုသည်။ Share […]


nyimalayJanuary 31, 20113min1417
(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် > ကောင်းနေပါစေ။ သင့်ကို သူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ… ဒီချွတ်ယွင်းချက်ကို > သင်လုံးဝပြောင်းလဲလို့ မရနိုင်ဘူး။ > > > > (၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ > ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို > ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။ > > > > (၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။ > > သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။ > > > > (၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ […]


nyimalayJanuary 31, 20111min740
လင်မယား အိမ်ထောင်တခုမှာ ပထမဆုံးနှစ်မှာ ယောက်ျားပြောတာ မိန်းမနားထောင်ရတယ်။ ဒုတိယနှစ်ကျတော့ မိန်းမပြောတာ ယောက်ျားနားထောင်ရတယ်။ တတိယနှစ် သူတို့ပြောတာကို အိမ်နီးချင်းတွေက နားထောင်ရတယ်။ စတုတ္ထနှစ်ကျတော့ သူတို့နှစ်ယောက်ပြောတာကို တရားသူကြီးက နားထောင်ရတယ်။ ဪ မိန်းမ လက်ထပ်ပွဲအပြီးတွင် ငိုနေသောသတို့သမီးအား မိတ်ဆွေဖြစ်သူများက မေးလိုက်သည်။ “သူငယ်ချင်းရယ် ဘာဖြစ်လို့ ငိုနေတာလည်းကွယ် ” “သူ့မှာ အိမ်ထောင်ရှိတယ်ဆိုတာရယ်၊ ကလေးငါးယောက်ရှိတယ်ဆိုတာရယ်၊ အခုမင်္ဂလာပွဲကျမှ သိရတယ် “.ဟု သတို့သမီးက ပြန်ဖြေလိုက်သည်။ “ဪ…အဲ့ဒါကြောင့် စိတ်ထိခိုက်နေတာကိုး” သတို့သမီးပြန်ပြောလိုက်သည်မှာ- “စိတ်ထိခို်က်တာမဟုတ်ဘူး။ ကိုယ့်ကလေး (၄) ယောက်ပေါင်းလိုက်ရင် ကိုးယောက်ဖြစ်နေလို့ပါ။” တကယ့်မိန်းမ “ကိုယ်တို့လက်ထပ်ရင် ကိုယ့်ဝင်ငွေနဲ့ နေနိုင်ပါ့မလား” “ဟင်း…. ကောင်းတာပဲ၊ ကျွန်မကတော့ နေနိုင်ပါတယ်။ မောင်က ဘာနဲ့နေမလဲဟင်” အဖြေခက်လို့ အ်ိပ်ရာပေါ်တွင် နေမကောင်းဖြစ်နေသော […]