(အေ)ကိုက်နာ……။။။ ဗီရို အဟောင်းလေးကိုဆွဲဖွင့်လိုက်တော့ ပတ္တာတဖက်ပြုတ်သွားလို့ ဗီရို တံခါးက တစ်ဖက်စောင်ပြီး တွဲလောင်းကြီးဖြစ်သွားတယ် “ဟာ..ဒီကောင်လေး သံပြန်ရိုက်ပေးထားပါဆိုတာ ခုချိန်ထိ မလုပ်သေးဘူး၊ဘယ်လောက်ကြာပြီလဲ ခိုင်းထားတာ တစ်ပတ်လောက် ဖြစ်တော့မယ် ၊ မနက်ကျရင်သာ လက်ဝါးဖြန့်ပိုက်ဆံတောင်းတတ်တာ”။။။ သိပ်အကောင်းစားကြီးတွေမရှိပေမယ့် ခပ်လတ်လတ် အဝတ် အစားတွေ လောက်သာ ထည့်ထားနိုင်တဲ့ ဗီရိုလေးထဲက လည်းပင်းနည်းနည်း ဟိုက်တဲ့ အင်္ကျီ တစ်ထည်ရွေးလိုက်တယ်.. ဘောင်းဘီ ကတော့ ဂျင်းအပြာရောင်ကိုယ်ကျပ် ချက်ပေါ် လေးပဲကောက်စွပ်လိုက်တယ် ။။။ မမကြီး ဖုန်းထပ်လာနေတယ်တဲ့ ။။။အောင်မလေး ကိုယ် တော်များကလဲ အခုဆို အခုချက်ခြင်း ။။။”အေး..ထွက်လာခဲ့မယ်လို့သွားပြောလိုက်. ခုံပေါ်မှာ ဖုန်းဖိုးယူသွားအုံး”။။။ဖုန်း ဖိုးကအကြွေးထားလို့ မရ ဖုန်းခေါ်ပေးတဲ့အိမ်က လက်ငင်းရှင်းမှ၊ တော်ကြာ ဖေါက်သည်တွေဖုန်းဆက်ရင် ခေါ်မပေးတော့မှ ဒုက္ခရောက်မှာ ၊ ဒီလုပ်ငန်းသာလုပ်နေတာ […]


ကိုယ်ကျင့်တရား ….တစ်ကယ်ရှိရဲလား။။။ ကျွန်တော်ကတော့ဗုဒ္ဓဘာသာ ဖြစ်ပါတယ် ဘုရားဟော တရားတော်တွေကို ကျမ်းကိုးကျမ်းကားတွေနဲ့ အော်ကျယ်ဟစ်ကျယ် မပြောတတ်ပေမယ့် မိရိုးဖလာ သက်ဝင်ယုံကြည်ခဲ့တဲ့ ဘာသာတရားကိုပဲ ဆက်လက်လိုက်နာ ကိုးကွယ်နေခဲ့တာပါ။။။။ ဒါပေမယ့်ကျွန်တော်တို့ ဘာသာဝင်တွေဟာ ဘုရားတရားတော်များနဲ့ လိုက်နာကျင့်ကြံ ရမယ် အကျင့် တရား များ  လိုက်နာကျင်ကြံရမယ် အရာများကိုလိုက်နာစောင့်ထိမ်းမှုအားနည်းတာကိုတွေ့ မြင်နေရဆဲပါ ငါပါးသီလ ဆယ်ပါးသီလ စသည်ဖြင့်ပေါ့။။။။။ အရက်ကိုလွယ်လွယ်ကူကူသောက်သုံးနေတာကို တွေနိုင်သလို.. မုသားကိုလွယ်လွယ်ပြောနေတာတွေလည်း ရှိပါတယ်….. ဒါပေမယ့်  သက်ဝင်ယုံကြည်မှုနဲ့ ကိုးကွယ်ကြတဲ့  နတ်/ဘိုးတော် များရဲ့ အဆိုအမိန့် တားမြစ်ချက်တွေကိုတော့ စွဲမြဲ စွာလိုက်နာစောင့်ထိမ်းတာကိုတော့ မျက်ဝါးထင်ထင်မြင်နိုင်ပါတယ် မိရိုးဖလာကိုးကွယ်ယုံကြည်မှုအရ  ဝက်သားမစားတာတို့/ အမဲသားမစားတာတို့/ လုံချည်အင်္ကျီ အနက်မဝတ်ရတာတို့/ နောက်ပိတ်ဖိနပ်မစီးရတာတို့  စသည်ဖြင့်ပေါ့။။။။ ကျွန်တော်ကတော့ တစ်နေ့တစ်ခါဆိုရင် များနေမယ် တစ်လနေလို့တစ်ခါတောင် ဘုရားမရှစ်ခိုးဖြစ်ပါဘူး ဒါပေမယ့် […]


ဝိညာဉ်တစ်ကောင်ရဲ့ …ပုံပြင်။။။(ဖြစ်ရပ်မှန်အားအခြေခံရေးဖွဲ့ပါသည်) ကျွန်တော့နာမည် ခင်မောင်သန်း…….. အသက်လား အရင်ကတော့ သုံးဆယ့်နှစ်နှစ် အခုတော့မသိတော့ဘူး…….. နေတာက ဝေါ မြို့နယ် အဗျားထမင်းဆိုင် ရွာစွန်နားက လယ်တဲလေးထဲမှာနေတာ……. အလုပ်ကတော့ရိုးရိုးတောသူတောင်သားလယ်သူရင်းငှားပဲလုပ်တယ်…… အရက်လား..သောက်တာပေါ့ဗျာ….ညနေတိုင်းသောက်တယ်…….. မိန်းမလည်းရှိတယ်လေ သားလေးကတစ်ယောက် ရှေ့နှစ်ဆိုကျောင်းတက်ရတော့မှာ……. အိမ်ကိုလား   အောင်မယ်လေး သတိယတာတော့မပြောပါနဲ့တော့……… မိသားစုဆီလား  ပြန်ချင်တာပေါ့ အခုတော့ဆရာတော်က ဒီမှာပဲနေတော့တဲ့ဗျ……. ကျွန်တော်ဒီသစ်ပင်ပေါ်ရောက်နေတာလား..အော် ..ဒါက ဒီလိုဗျ…….. ။။။။။။တစ်ညတော့ဗျာ။။။။။။။ —ဝေါ…..ဝေါ……ဂျိမ်း….ည ကိုးနာရီဆိုပေမယ့်မိုးမှောင်ကျနေလို့လားမသိ အမှောင်ထုနဲ့အတူ ညဉ်ကပိုနက်နေသလားထင်ရတယ်။။။။။။ ရွာစပ်က အရက်ဆိုင်ကုတ်ကုတ်လေးထဲမှာကတော့….ဘက်ထရီ မီးချောင်းလေရဲ့ အလင်းရောင်ဟာ မိုးမှောင်ကိုအံတုလင်း လက်နေပါတယ်။။။။။။။။ ။။။။။။ဆိုင်လေးအတွင်းမှာတော့****** ****ဟာမိုးကလည်းကောင်းပါ့ကွာ…ဒီတစ်လုံးကုန်ရင်တော့ပြန်မယ်ခင်အောင်ရာ**** အရက်ခွက်ကိုမျက်နှာကြီးရှုံ့မဲ့ပြီး သောက်လိုက်တဲ့ခင်အောင်ကိုကြည်ပြီး ပြောလိုက်တာပါ အရက်ဆိုင်ရဲ့အပြင်ဘက်မှာတော့မိုးကသည်းကြီးမဲကြီးရွာကောင်းနေပါတယ် တစ်ချက်တစ်လေအဝှေ့မှာ အရက်ဆိုင်တဲလေး အတွင်းကို မိုးရေးစက်တို့က ဝင်ရောက်ရိုက်ခတ်လျှက် ……. ****အေ့  ….အင်းပါအကိုရာ..မိုးလည်းရွာနေတာပဲ တိတ်မှပြန်ကြတာပေါ့**** […]


ဝိညာဉ်တစ်ကောင်ရဲ့…..ပုံပြင်။။။။။(ဇာတ်သိမ်း) မသန့်မပြန့်တဲ့ အတိုက် ဆိုတာဘာလဲတော့ကျွန်တော်မသိပါ ဆရာဆိုတာကရောဘာလုပ်တဲ့ဆရာလဲမသိပါ ဒါပေမယ့်ဒီကားပေါ်မှာ နေရတာတော့ ဟိုးအရင် သစ်ကိုင်းလေးမှာအိပ်ရတာထက် ကွင်းတွေထဲမှာစားစရာလိုက်ရှာရတာထက်စာရင် ဒီမှာကဇိမ်ပဲ ကားဆရာတွေမနက်မနက် ကားထိပ်အရှေ့မီးသီးနားမှာ အန္တရာယ်ကင်းအောင် တင်ထားတဲ့အမွေးတိုင်နဲ့ ကွမ်းယာထဲက ကွမ်းယာလေးစားလိုက် ကားဆရာတွေလမ်းမှာစားဘို့ ဝယ်ဝယ်လာတဲ့  အစားအသောက်ထုပ်ထဲက အကြွင်းအကျန်လေးစားလိုက်နဲ့ သိပ်ကိုဟန်ကျတာပေါ့ တစ်ခါတစ်လေ ကားဆရာတွေ လမ်းကကောင်မလေးတွေ ခေါ်ခေါ်တင်လာရင် ကျွန်တော်လည်းချောင်းရတာအမော တစ်ခါဆိုသူတို့ခေါ်လာတဲ့ကောင်မလေးနဲ့ ကားနောက်မှန်မှာမျက်နှာချင်းဆိုင်တိုးမိတာ ကောင်မလေးတစ်ခါတည်းဆင်ပြေးရောဗျ ဘာကြောင့်မှန်းသာမသိတာ ဒီကောင်မလေးတော်တော် ကြောာက်သွားပုံရတယ်..ဒီလိုနဲ့နေလာလိုက်တာ  ကျွန်တော်ပါတဲကားကြီးဟာ ခရီးသွားလေတိုင် ပျက်တခါ တိုက်တစ်လှည်နဲပြသနာမျိုးစုံကြုံခဲ့ ရတယ် အဲဒီအခါဆို ရောက်တဲ့နေရာကားရပ်ထားရလေတော့ ကျွန်တော်လဲ အောက်ဆင်းဟိုနားဒီနားသွားလို့ရတာပေါ့  ဒါပေမယ့် အနီးအနားက နယ်အလိုက် ပိုင်ရာဆိုင်ရာတွေကိုတော့ ခွင့်တောင်းရတယ်ဗျ သူတို့ကခွင့်ပြုမှ သွားလို့ရတာလေ။။။ တစ်နေ့တော့ ဗျာ ။။။။။ ကျွန်တော်တို့ ကားကြီး ရန်ကုန်အဝင်မှာပျက်ပါလေရောဗျို့ […]


R လိုက်ရမှာလားဆရာ။။ ကျွန်မလေ ဒီမနက်မှ ကို့ကိုယ်ကိုအလုပ်တော်တော်ရှုပ်တယ်လို့ထင်နေတယ် ညထဲက ဘုန်းကြီးကျောင်းကပေးလိုက်တဲ့ နှစ်လုံးဂဏန်းကိုစိတ်ကစွဲနေတုန်းပဲ နှစ်လုံးထိုးဘို့ စိတ်စောနေတာလဲပါမှာပေါ့လေ နှစ်လုံးရောင်းတဲ့ကောင်မလေးက ကျွန်မတို့ နေတဲ့ စက်ရုံဝင်းထဲကို မနက်ကိုးနာရီထိုးရင်ရောက်နေကျ ဒါကြောင့်မနက်စောစောထ အိမ်ဦးနတ်ကြီးကတော့ အလုပ်သွားနှင့်ပါပြီ သူကနောက်မှထမင်းချိုင်လိုက်ပို့လို့ရတယ်လေ ကျောင်သားသုံးယောက် အငယ်ကောင်ကတော့ဖျားနေလို့ ကျောင်းတက်နိုင်မှာမဟုတ်ဘူး အကြီးနှစ်ကောင်အတွက် ကျောင်းထမင်းချိုင့်ထည်ဘို့နောက်ကျနေမှာ ဈေးကိုစောစောပဲထွက်လာမိတယ် ဈေးနားရောက်ခါနီးမှ ဘုရားပန်းတွေညိုးနေတာသတိရတယ် ဘုရားပန်းပါဝယ်အုံးမှ အိမ်အတွက်တော့ ချဉ်ပေါင်ရွက်ကလေးပဲကြော်ထားလိုက်မယ် ခပ်သုတ်သုတ်သွားမှ.. ဟိုကောင်မလေးရောက်လာရင် မတွေ့လိုက်ပဲနေအုံးမယ် ဈေးဘက်ကိုခပ်သုတ်သုတ်ပဲထွက်ခဲ့မိတယ်။။။ ဈေး အပြန်။။။။ စက်ရုံးဝင်းထိပ်ရောက်တော့ လင်တော်မောင်ကလုံခြုံရေးဆိုတော့ သူ့ပဲမေးလိုက်တယ် နှစ်လုံးထီရောင်းတဲ့ကောင်မလေး လာပြီလား လင်တော်မောင်ကတော့မျက်ထောက်နီကြီးနဲ့ ဘယ်ချိန်ရှိသေးလို့လဲလို့ ခပ်မာမာ အသံနဲ့ပြန်ဖြေတာကိုဂရုမစိုက်အား လုံခြုံရေးဂိတ်တဲက တိုင်ကပ်နာရီကိုကြည့်လိုက်တော့ ခြောက်နာရီ ထိုးလုထိုခင် အိမ်မြန်မြန်ပြန်မှ အိမ်ရောက်တယ်ဆိုရင်ပဲ အကြီးနှစ်ကောင်ရေချိုး ကျောင်အဝတ်စားလဲထားဘို့ အော်ဟစ်ပြောဆိုရင်း မီးဖိုချောင်ထဲဝင် […]


သဝဏ်လွာသတင်းကောင်း အဆွေတော်ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာစွာရှိ၍ အဆွေတော်၏ တာဝန်များအားကျေပြွန်စွာထမ်းဆောင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည် အဆွေတော်၏ တာဝန်များဖြစ်သည့် ပြည်သူများစိတ်ချမ်းသာစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနှင့်ကမ္ဘာ ရင်ဘောင်တန်းနိုင်ကာ ထိုင်ရာကမထအမှုကိစ္စဟူသမျှ ဆောင်ရွက်နိုင်ရေး အဆွေတော် ဆက်သွယ်ပေးလျှက်ရှိသော ကွန်နက်ရှင်လုပ်ငန်းတာဝန်များလည်း အဆင်ပြေ လျှင်မြန်နိုင်ရေး တာဝန်အား ကျေပြွန်စွာထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။။ အဆွေတော် အားဤရက်ပိုင်းအတွင်း ဆောင်ရွက်ဖွယ်ကိစ္စ လျှင်မြန်မှုအထမမြောက်ခြင်းမရှိပါသဖြင့် အဆွေတော်အား ကျွန်ုပ် နှင့်ထပ်တူ အင်တာနက်သုံးစွဲသူ လူအပေါင်းက နှစ်ထောင်းအားရ ဝိုင်းဆဲကြကြောင်း ကြားသိရပါသဖြင့် အဆွေတော်နှင်ထပ်တူ စိတ်မကြည်ဖြူဖြစ်ရပါကြောင်းနှင့် အဆွေတော် အင်အားနှင့်မမျှ အလုပ်ဟူသမျှ ဆောင်ရွက်နေရသဖြင့် ကိုယ်ရည်ညိုးနွမ်းအလွန်ပင်ပန်းလှကြောင်း ကြားသိရသဖြင့် အဆွေတော်ကျမ်းမာစေကြောင်း အင်တာနက် ဆရာဝန်အပေါင်းအားလည်း ဝိုင်းဝန်းပြုစု အလေးဂရုပြုကြရန် အဆွေတော့ ကိုယ်စားတိုက်တွန်းပြောကြား အပ်ပါသည်။။ အဆွေတော်အား မသိနားမလည်သည်များ မေးမြန် ပြန်ကြားနိုင်ရန် စိတ်မဆိုးလျှင်အဟုတ် မေးခွန်ထုတ်လိုသည်မှာ […]


ဝိညာဉ်တစ်ကောင်ရဲ…ပုံပြင်။။။။(၃) ရုတ်တရက် အကန်ခံလိုက်ရလို့ လန်နိုး သွားပြီး အိပ်ချင်မူးတူ မျက်လုံဇြဲကြည့်လိုက်တော့ ပုံစံကဆိုးဆိုး လူပုံစံပါပဲ ဒါပေမယ့် ခန္တာကိုယ်ကအချိုးအဆစ်မကျ *****သွားလို့ပြောနေတယ်လေကွာ*** *****မင်းပိုင်တာက မင်းကိုကားတိုက်သွားတဲ့ ကားလမ်းအလယ်ကနေရာပဲ အဲဒီမှာပဲ သွားနေ ငါအပင်ရိပ်ကိုမလာနဲ့*****…။။။။ ****ဟုတ်ကဲ့ …ခင်ဗျားကဘယ်သူလဲဟင်….****။။ ***ငါက ဒီကြို့ပင်မှာနေတာ တော်သေးတာပေါ့ မင်းအပင်ပေါ်တက်မနေလို့ ညက စားစရာလိုက်ရှာရင်း ကွင်းထဲမှာမိုးမိနေလို့ အခုမနက်မှပြန်လာတာ နောက်ငါအပင်အောက်မှာလာမနေနဲ့ ကြားလား**** ****ဟုတ်ကဲပါခင်ဗျာ**** သူပြောလိုက်မှပဲ ဗိုက်ဆာလာသလို့ပဲ မိုးတောင်လင်းမှပဲ ပုံမကျပန်းမကျလူကြီးကတော့ မပြောမဆို ကြို့ပင်ပေါ် ဇောက်ထိုးကြီးတက် သွားလိုက်တာ အောင်မလေး အပေါ်ရောက်တော့ အပင်ခွကြားမှာ ကားကားကြီး ထိုင်နေ ပါတော့တယ်။။ *****ဟေ့ကောင် နေခင်းဘက်လျှောက်မသွားနဲ အန္တရာယ်များတယ် ဗိုက်ဆာရင် ညကျမှအစာလိုက်ရှာ အခုတော့အငတ်ခံနေလိုက်တော့ ငါလည်းအိပ်တော့မယ်****။။။ ဒီလူကြီးအိပ်သွားမှ ကိုအပိုင်းစားရတဲကားတိုက်ခံလိုက်ရတဲ့ သွေးအိုင်ကွက်ကလေးနေရာ […]


။။။။။။ဖြောင်း ။။။။။******အောင်မလေးဗျ****** တစ်စုံတစ်ယောက်ကမျက်နှာကိုဖြတ်ရိုက် လိုက်လို့ ကျွန်တော်ဟာ တဲနဲ့ နှစ်လံအကွာလောက် ကိုပက်လက်လန်လဲကျအသွား ပက်လက်အနေအထားကနေ ရိုက်တဲ့သူကိုမော့ကြည်မိတယ်ဆိုရင်ပဲ မှုန်ဝါးဝါးမိုးရေစက်များအောက်မှာတွေ့လိုက်ရတာကတော့။။။။။။။။ အသက်ကြီးကြီး ဆံပင်ကိုရောင်တစ်စောင်း ထုံးထားဟန်ရှိပါတယ် ….မိုးရေစက်တို့နဲ့သိပ်မသဲကွဲ …..ရွာမှာလည်းတစ်မှမတွေဘူး ကွင်းဖက်မှာနေတဲ့လူတွေထဲမှာလည်း ဒီလိုမျိုးမရှိ ဒီအဖိုးကြီး ဘယ်ကလဲ လူစိမ်းတစ်ဦးပဲ။။။။ ဟင်****ခင်ဗျားဘယ်သူလဲ…ကျုပ်တဲကိုဘာလာလုပ်တာလဲ…. ****အဲဒါမင်းကို ငါမေးရမှာကွ****မင်းဒီတဲကိုဝင်လို့မရတော့ဘူး**** ဒီတဲနဲ့ ဒီတဲကလူတွေကမင်းနဲ့ဘာမှမဆိုင်တော့ဘူး…… ****ဟားဟား ….. ရယ် စရာကောင်းလိုက်တာ ဒါကျုပ်တဲဗျ ..အထဲမှာကျွန်တော့ မိန်းမရှိတယ်….မိန်းမရေ …မိန်းမ ထွက်ခဲ့ပါအုံးဟ …ဒီလူဘယ်ကလဲ**** ****ဟေ့ကောင် အော်မနေနဲတော့….မင်းကို ခုနလေးတင် ကားတိုက်လို့ မင်းသေနေပြီ မယုံရင် ကားလမ်းပေါ်သွားကြည့် အေး….ဒီတဲထဲကိုတော့ မင်းကိုဝင်ခွင့်မပြုနိုင်တော့ဘူး ….မင်းကိုကားတိုက်ခဲ့တဲ့ ကြို့ပင်ကြီးနားက ကားလမ်းကိုပြန်သွား…ဒါပဲ*** ****ဟုတ်ရဲလားဗျာ ကားက ကျွန်တော့ခမောက်ကိုပဲကြိတ်မိတာပါ…ကျွန်တော်ဘာမှမဖြစ်ပါဘူး**** ****အော် ခက်တဲ့ကောင်ပဲ .. ကဲလာငါနဲ့လိုက်ခဲ့…..***** […]


ဝိညာဉ်တစ်ကောင်ရဲ့ …ပုံပြင်။။။(ဖြစ်ရပ်မှန်အားအခြေခံရေးဖွဲ့ပါသည်) ကျွန်တော့နာမည် ခင်မောင်သန်း…….. အသက်လား အရင်ကတော့ သုံးဆယ့်နှစ်နှစ် အခုတော့မသိတော့ဘူး…….. နေတာက ဝေါ မြို့နယ် အဗျားထမင်းဆိုင် ရွာစွန်နားက လယ်တဲလေးထဲမှာနေတာ……. အလုပ်ကတော့ရိုးရိုးတောသူတောင်သားလယ်သူရင်းငှားပဲလုပ်တယ်…… အရက်လား..သောက်တာပေါ့ဗျာ….ညနေတိုင်းသောက်တယ်…….. မိန်းမလည်းရှိတယ်လေ သားလေးကတစ်ယောက် ရှေ့နှစ်ဆိုကျောင်းတက်ရတော့မှာ……. အိမ်ကိုလား အောင်မယ်လေး သတိယတာတော့မပြောပါနဲ့တော့……… မိသားစုဆီလား ပြန်ချင်တာပေါ့ အခုတော့ဆရာတော်က ဒီမှာပဲနေတော့တဲ့ဗျ……. ကျွန်တော်ဒီသစ်ပင်ပေါ်ရောက်နေတာလား..အော် ..ဒါက ဒီလိုဗျ…….. ။။။။။။တစ်ညတော့ဗျာ။။။။။။။ —ဝေါ…..ဝေါ……ဂျိမ်း….ည ကိုးနာရီဆိုပေမယ့်မိုးမှောင်ကျနေလို့လားမသိ အမှောင်ထုနဲ့အတူ ညဉ်ကပိုနက်နေသလားထင်ရတယ်။။။။။။ ရွာစပ်က အရက်ဆိုင်ကုတ်ကုတ်လေးထဲမှာကတော့….ဘက်ထရီ မီးချောင်းလေရဲ့ အလင်းရောင်ဟာ မိုးမှောင်ကိုအံတုလင်းလက်နေပါတယ်။။။။။။။။ ။။။။။။ဆိုင်လေးအတွင်းမှာတော့****** ****ဟာမိုးကလည်းကောင်းပါ့ကွာ…ဒီတစ်လုံးကုန်ရင်တော့ပြန်မယ်ခင်အောင်ရာ**** အရက်ခွက်ကိုမျက်နှာကြီးရှုံ့မဲ့ပြီး သောက်လိုက်တဲ့ခင်အောင်ကိုကြည်ပြီး ပြောလိုက်တာပါ အရက်ဆိုင်ရဲ့အပြင်ဘက်မှာတော့မိုးကသည်းကြီးမဲကြီးရွာကောင်းနေပါတယ် တစ်ချက်တစ်လေအဝှေ့မှာ အရက်ဆိုင်တဲလေး အတွင်းကို မိုးရေးစက်တို့က ဝင်ရောက်ရိုက်ခတ်လျှက် ……. ****အေ့ ….အင်းပါအကိုရာ..မိုးလည်းရွာနေတာပဲ တိတ်မှပြန်ကြတာပေါ့**** ****ဟာ […]


ရေဆင်။။။။။။။။ ရေဆင်ရှိမရှိအငြင်းပွာဆဲဖြစ်ပါတယ်။။။ ဒါပေမယ့် ဆင်သမားတိုင်းကတော့ရေဆင်တစ်ကယ်ရှိကြောင်းယုံကြည်နေကြဆဲ့ပါ ရေဆင်သည်ငါးကဲသို့အသက်ရှုနိုင်၏၊ကုန်းပေါ်တွင်နာရီအနည်းငယ် အသက်ရှုနေထိုင်နိုင်ပါတယ် ၁၉၇ဝပြည်နှစ်ဩဂုတ်လ(၁၃)ရက် လုပ်သားပြည်သူ့နေစဉ်သတင်စာအဆိုအရ သံတွဲမြို့နေ တိရစာ္ဆန်ဆေးကုအင်စပက်တော် ဦးဘမြိုင် ကိုတိုင် ရေဆင်အမတစ်ကောင် အထီးတစ်ကောင်(အသေ)ကို တံငါများမှတစ်ဆင့်ရရှိခဲဖူးကြောင်း ပါရှိတယ်လို့ ဆရာမောင်ကြည်သန့် မှ မြန်မာဖြစ်ရပ်(၁၀၀)စာအုပ်မှာပဲရေးထားပါတယ်။ ရေဆင်အမကို ၁၉၃ဝ ပြည်နှစ်တွင် စစ်တွေခရိုင် ။ပေါက်တောမြို့၊သရွန်ဂါ ကျွန်းအုပ်စုအပါအဝင် ဆံတော်ရှင်ကျွန်း တောင်ဘက်ကမ်းမှရရှိခဲ့သည်။ ရေဆင်အထီးကို ၁၉၃၅ ခုနှစ်တွင်သံတွဲခရိုင်၊တောင်ကုတ်မြို့နယ်၊မဒင်ကျွန်းငဆောက်ကျေးရွာအနောက်ဘက်မှရရှိခဲ့ဘူးကြောင်း ရေးသားပါရှိ၏။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာ ကိုယ်တိုင် ပျဉ်းမနားတောင်တွင်းကြီးနယ် ပဲခူးရိုးမအနောက်ဖက် သစ်တောအတွင်း ကျောက်ရေ အိုင်တစ်ခုမှ ရေဆင်တစ်ကောင်အရှင်ဖမ်းမိခဲ့သည်ဟုရေးသားခဲ့သည်။ ရေဆင်အမ၏အရောင်သည် မွဲပြာ၏ ချောမွတ်သည်၊ ခြေနှင်လက်ပါရှိသည်၊ ခြေချောင်းငယ်လေးချောင်းစီပါသည်၊ အထက်အောက်အံသွားနှစ်ချောင်းစီတွေ့ရသည်၊ဆင်မတစ်ကောင်၏အစိတ်အပိုင်းပါသည်၊အသားစားသည့်လက္ခဏာမရှိ ရေမှော်များသာစားသည်။ ရေဆင်အထီးသည်မီးခိုးရောင်သန်းသော အဖြူရောင်ရှိသည်၊ ခြေချောင်လေးချောင်စီရှိသည်၊အဖြူရောင်အစွယ်ရှိသည် လုံးပတ်မှာမီးခြစ်ဆံချောင်းခန့်ရှိသည် အထက်အောက်အံသွားပါရှိသည် ၊မျိုးပွားအင်္ဂါ အပြည့်အစုံဖြစ်သည်၊ရေညှိရေမှော် များသာစားသည်။ကုန်းဆင်ကဲသို့အရွက်စားသတ္တဝါပင်ဖြစ်သည်။ […]


ကြောင် ..ဋီကာ..။။။။။။။။။။။ ဆန်းပြာသိုလအတွင်းမှာတော့ ….ဖော်သင်းကွဲနေကာ မတော်ညှင်းဆဲနေရှာတယ်….ဓမ္မတာမဟုတ်မှန်း တစ်ခါခါအဟုတ်ဆန်းရင်ဖြင့်….ဘရုပ် တန်းသွပ်ချာ ကရွတ်ဆန်းသဘွတ်မှာကွယ်….လည်ကာသာရှုပ်ထွေး။။။ ညောင် အော်လို့အမြီးတန်းရင်ဖြင့်….လူ့ရပ်ခန်းနေရာ မောင်းထုတ်ကြရှာ….ကြွက်သရမ်းယုတ်မာကို သဘောက်ကြောင်….. ငဲ့ကွက်လို့သာ….။။။။။ ကိုရွှေကြွက်လမ်းထွက်လာလျှင်….သူအစာမထင်ဘု ဘော်ဒီ အမိကြွက်မဒီတွေတောင်….ဝကစ်ကစ်ဆူဖြို; ဗိုက်အဆီတစ်ရစ်တိုးအောင်….ဆန်အိုးနဲ ဇလုံ ပန်းကန် ဆွဲမှောက်လှန်ပြန်….ဒါပေမယ့်ကိုကြောင်မှန်ရယ် ဘာဝနာခံရှုပွား။။။။ လူကများမနေသာ…..ရိုက်ထုတ်မှသာ ထိုချိန်မှကြောင်အဝှာမှာ….ပျင်းဆန့်ထလာ ဂျူတီပျက်ကြောင်ငနာကို….ကြက်မွှေးပါကြိမ်တစ်လုံးနဲ့ နင်းတုတ် မှသာ….ဒီချိန်မှကြောင်အဝှာကွယ် ဟန်ရးပြကာ။။။။။ တချက်ခုတ် အဟုတ်မညှာလျှင်…တစ်လုပ်စာကြွက်ယုတ် တစ်ချက်ခုန်အသက်ပြုတ်မယ်လို့….လက်သဲထုတ်အမြီးထောင် ကျားသို့ယောင်ယောင်…..အသွင် တော့ဤသို့ဆောင်တယ် ကြွက်က လှောင်….ကြောင်စုတ်။။။။ ညဉ့်နက်ထိအိမ်ဘက်မလာ…..မ.. လိုက်လို့သာ အထီးတွေရန်ရှာလို့…..သူတို့မှာအိပ်ပျက်ကြရှာ အဝေမတည့်သူတို့စွာလျှင်…ကုတ်ဖဲ့ကာကိုက်ခဲ။။။ နံနက်တော့သူ မပါသလိုကွယ်….လူ့ပေါင် မှာခေါင်းခွေ့လို့ အမျိုးမျိုးသရုပ်ဆောင်….ဆိုးတဲဒီ ကြောင်။။။။ လူချစ်အောင်မျက်နှာသေနဲ့….အမျိုးမျိုးဟန်ဆောင် ကြွက်ခုတ်မယောင်….ကြောင်အိမ်တွင်း ငါးကြော်ကောင်ကို…..မြင်ယောင်ကာလျှာသပ် လူ့နေရပ်အိမ်တစ်ဆောင်မှာ….ငပျင်းကြောင်တစ်ကောင်ရှိနေလို့ အစာဝ ကြွက်အမောင်ရယ်…..ဗလတောင်ဝဖီး။။။ တော်ပြီဟဲ့ဒီအကောင်…..မမွေးတော့ပေါင် ကြွက်ညှပ်နဲ့ ငါထောင်လျှင်….ဒီအကောင်မလိုဘူးကွဲ့လေး။။။။။။။ စာနာတတ်ဤလူ့ဘောင်မှာ….ကြောင် မပါကောင်းမယ်ကွဲ့လေး။။။။။။။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ကြာဖူးကြပါသလား ။။။  ငေါင်း ။။။သတ္တဝါ ကျွန်တောလည်းမြန်မာ ပြည် ချောင်ကလောင်နေရာတွေ အစုံမဟုတ်တောင် တဝက်နီးပါးလောက် ရောက်ဖူးပါတယ်။။။ ပဲခူးရိုးမတောနက်ကြီးထဲမှာ …အရွက်နှစ်ရွက်သာရှိပြီး ခန်းမှန်းတစ်လက်မ သာသာလောက် လောက်အရွက်လေးတွေရယ် အမြင့်က လူတစ်မိုက်လောက်သာရှိပါတယ်။။။ အဲဒီအပင်ပေါက်ပုံစံ မျိုး  အပင်လေးတွေစုပြီးပေါက်နေတာပါ  လူသံတိတ်ဆိတ်နေတဲ့အခါမျိုး မှာ ဘယ်ညာယိမ်းနွဲ့ကနေတတ်ပြီး လူသံ ခြေသံကြားတာနဲပုံမှန်သစ်ပင်လိုမျိုးငြိမ်သက်သွားတဲ့ အပင်မျိုးလေးတွေ တွေ့ဘူးပါတယ်  အတူပါသူတွေ အိမ်မှာပြန်စိုက်ဘို့ နှုတ်ယူလာပေမယ့် လမ်း မှာတင်အပင်လေးတွေသေကုန်ပါတယ် ။ထူးထူးဆန်းဆန်းတွေ့ဘူးတာပါ။။ ရခိုင် ရိုးမ မှာတုန်းကတော့ အရိုးဆက်ပင် ကိုတွေဘူးပါတယ် ဒီအပင်ရဲအရွက်နဲ့ တောကောင်ရရင်ခုတ်ထစ်ပြီး ထုပ်ယူလာရင်အိမ်ရောက်လို့ ဖြေကြည်ပါက အရိုးများအားလုံးပြန်ဆက်နေတတ်ပါတယ် ရခိုင်ဒေသမှာတော့လက်ကျိုးခြေးကျိုးရင် ဒါနဲ့ပဲကုကြတယ်လို့ပြောပါတယ်  အိမ်မှာစိုက်ရင်တော့အိမ်သားတွေ တစ်ယောက်ပြီးတစ်ယောက် ခြေကျိုး လက်ကျိုးဖြစ်တတ်ပါ တယ်တဲ့။။ဒါကကျွန်တော်တွေ့ဖူးတာပါ။။။။။ အခုဆရာ မောင်ကြည်သန့် ရေးတဲ့ မြန်မာ့ဖြစ်ရပ်(100)စာအုပ်မှာဖတ်လိုက်ရတဲ  ငေါင်း […]