ဒီကောင်ကြီးကိုချောင်းနေတာကြာပြီ ဒီကောင်ကြီး လာသမျှလူ ပြသနာရှာနေတာ တွေ့လို့ကတော့ လေးခွနဲ့ကိုမျက်လုံးတည့်တည့်ဆော်ထည့်လိုက်မှာ နပမ်း ဖက်လုံးရင်လုံးရပေ့စေ တွေ့ချင်နေတာ။။။။ ဒီကောင်ကြီးက ကျွန်တော်နေတဲ့သနပ်ပင် မြို့လေးရဲ့ မြို့ရှောင်လမ်းဘေး ဒဏ္ခိဏသာခါ ဘုရားကြီးနားကညောင်ပင်ကြီးမှာနေတယ်ဗျ ဘုရားကြီးဝင်းထဲကိုဝင်ဘို့ ငါကန် ချင်းဆက်ထားတဲ ကွန်ကရစ်တံတားလေးကိုကျော်လိုက်ရင် ဒီကောင်ကြီးနေတဲ့နေရာကိုမြင်ရပြီ ဒါပေမယ့် ဒီကောင်ကြီး ရှိ/မရှိက နေ့ခင်းပိုင်းဆို သိပ်မသေချာဘူး။။ အဲ….ညဖက်ဆိုရင်တော့ဒီကောင်ကြီးရှိတတ်တယ် ဒါတောင် ဆယ်နာရီနောက်ပိုင်းမှသေချာတာ လမ်းကလည်းမှောင်မဲနေတာ အဲဒီအချိန်သူနေတဲ့နေရာရှေ့က ဖြတ်သွားတဲ့သူတစ်ဦးမဟုတ် တစ်ဦးကတော့ဒီကောင်ကြီး ပြသနာရှာလွှတ်လိုက်တာပဲ သူပြသနာရှာလို့ ရွာရောက်အောင်ပြေးတဲ့သူပြေးရ နောက်ကြောင်းပြန်ပြေးတဲ့သူ ပြေးရနဲပေါ့။။။ သူနေတဲ့ ဘုရားဝင်းလမ်းကြားကနေဖြတ်သွားပြီး ဘုန်ကြီးကျောင်းလေးကိုလွန်ရင် ညဆို မီးရောင်လေးလက်လက် နဲ့ အိမ်ခြေ အစိတ်လောက် ရှိတဲ့ ရွာမကျ ရပ်ကွက်မကျ အိမ်စုစုလေးဆီကိုရောက်ဘို့ လယ်ကွက် နှစ်ဆယ်လောက်အကွာ။။။ အဲဒီမှာနေတဲ့ သူတွေကတော့ဒီကောင်ကြီး အကြောင်းသိလို့ ညအချိန်မတော်ပြန်ရင်ဒီကောင်ကြီးနေတဲ့နေရာနဲ့မလှမ်းမကမ်း […]


ကျွန်တော့ရဲ…ပို့စ်သုံးခုတောင်ပျောက်သွားပါသည်။။ ဘယ်အမှိုက်ပုံကိုလွင်ပစ်လိုက်ကြလဲမသိပါ။။ တစ်ရက်တစ်ပုဒ်တောင်မနည်းရေးထားရတာ။။ ရွာထဲကိုဝင်လာထဲက စာရေးမယ် လူမှုဘဝခံစားရတာတွေ ကိုယ်အတွေကြုံလေးတွေ စာအဖြစ် ချရေးမယ်ဆိုပြီဝင်လာတာပါ ရွာထဲကိုရောက်ရောက်ချင်းပဲ ကိုကြောင်ကြီးနဲဖိုက်တင်ချရတော့တာပဲ သူကလဲတော်တော်စွာတာဗျ ကို့အကြောင်းနဲ့ကို စာရေးပေမယ် သူကလိုက်ရန်စောင်နေတာနဲ့ သူနဲရန်ဆက်ဖြစ်တာပွဲကတော်တော်ကြမ်းတယ်။။။ ကျွန်တော်လည်းတတ်သမျှမှတ်သမျှ ပညာနဲ ဖနှောင့် ပေါက် အံကြိတ် ဆယ်နှစ်ကြိုးကုန်အောင်သုံးပြီး ဖိုက်လိုက်ရတာ သူကောမက်တွေထဲမှာတော့ ကျွန်တော်ကစစ်ဗိုလ်ကြီးဖြစ်လိုက် ရုရှားပြန်ကြီးဖြစ်လိုက် ကြံဖွတ်ဖြစ်လိုက် ထောက်လှမ်းရေး ဖြစ်လိုက်နဲ့ ရာထူးလည်းတော်တော်စုံစုံရခဲ့ပါတယ် ဒါပေမယ့် သူက ရာထူး သာပေးတာဗျ လစာကျတော့ဘယ်မှာထုတ်ရမှန်းမသိဘူး ကျွန်တော့ဆီမှာတော့ စစ်ဆိုလို့ရေစစ်တောင်ကောင်းကောင်းမရှိဘူး ဘယ်နိုင်ငံမှလဲမရောက်ဖူးဘူး ကြံဖွတ်လည်းမယုံဘူး ဒေါ်စုလဲမထောက်ခံပေါင် ကိုယ့်ဘာသာနားအေးပါးအေးနေတယ် မန်ဂေးဇက်ကိုမန်ဘာဝင်ရင်ဒေါ်စုကိုထောက်ခံရမယ်လို့ စည်းကမ်းမထုတ်ထားတော့ တစ်ချို့ မြင်တာလေးရေးရင်ပဲ ဖွတ်လိုလို ထောက်လိုလို ဗိုလ်လိုလို ။။။လိုလိုလိုလို တွေအထင် ခံရသေးတယ်။။ အမြင်ကိုရေးလို့အမှားပါရင်ရင် နားလည်သူများက မသင့်တော်ရင်ပြင်ပေးအကြံပြုဆွေးနွေး ဒီလိုထင်ထားတာ […]


လူတစ်ချို့ စနောက်ရင်ပြောနေ ကျတဲ့ စကားအချို့ပါ။။ ကြားဘူးတာတွေ ပြန်ရေးပြတာပါ။။။။ (၁) စားခြင်တာစား ဦးနှောက်တော့လာမစားနဲ့ (၂)` ဘာလဲမလုပ် နဲ့ အာဖြဲပြီး သေးပေါက်ထည့်လိုက်မယ် (၃) ဘုန်ကြီးကျောင်းသား စာတော့မတတ်ဘူး လက်ရေးတော့လှတယ် (၄) လူတစ်ယောက်လုံးရှိနေမှ မှတ်ပုံတင်ပြဘို့လိုသေးလား (၅) လုပ်ခြင်သလိုလုပ် လုပ်ပြီးပစ်မထားနဲ့ (၆) ရှည်တာတိုတာအဓိကမဟုတ်ဘူး ပစ်တတ်ခတ်တတ်ဘို့ကအရေးကြီးတယ် (ရ) မဟုတ်တာတော့မပြောနဲ မဟုတ်တာပြောရင်သမုဒ်တရာမျှောမယ် (၈) ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး ဘယ်ရယ်ညာရယ်ပေါင်းရင်တော့ တစ်ရ ံ ရတယ် (၉) အမ်မလုပ်နဲ့ အံပြုတ်ပြီးဆန်ပြုတ်ပါမသောက်နိုင်ဖြစ်သွားမယ် (၁၀) အကောင်းမပြောခြင်နေ အပြောကောင်းဘို့လိုတယ် (၁၁) အလကားကောင်တော့မဟုတ်ဘူး အလယ်ဂေါင်ကားသွားမယ် (၁၂) ကျောချင်ခွချင် ဆိုက်ကားနင်း (၁၃) နောက်ချင်ပြောင်ချင်ဇာတ်ထဲသွား (၁၄) ရှေ့ကထမင်းထုတ်ပဲမမြင်နဲ့ နောက်ကဝါးရင်းဒုတ်လဲသတိထား (၁၅) ပျင်းရင် […]


သရဲအကြောင်းရေးကြလွန်းလို့ သရဲအကြောင်းမရေးရင်ခေတ်မမှီမှာစိုးလို့ ဒီအကြောင်းလေးကိုရေးလိုက်တာပါ..ရွာသူ/ရွာသားတို့၏မည်သည်ရေးသားချက်ကိုမျှမှီငြမ်းခြင်းမပြုပါကြောင်းထပ်လောင်းတင်ပြအပ်ပါသည်။ လှမြင့်..သေခြင်း။။။။။ မနက်ပိုင်းဝင်လာတဲ့  သတင်း….အဆန်လော်ကယ်  ရထားကြိတ်သွားပြီ  အကြိတ်ခံရတဲလူသေတယ်  အခုကြိတ်တဲ့ရထားနဲပဲ အလောင်းကိုပြန်တင်လာတယ်။။ အလုပ်တော့ရှုပ်ပြီ ။။။။။။။ ကိုယ်ဂျူတီတော့မဟုတ်  ဒါပေမယ့်မနေနိုင်  ကျွန်တော်နေတဲ့နေရာနဲခြောက်မိုင်လောက်ဝေးတဲ ေ့ရှကဘူတာမှာဖြစ်သွားတာပါ ဘူတာမှာရထားစထွက်ထွက်ခြင်း တွဲကြားမှာစီးတဲ့လူက ရထားအထွက်တွဲဆက် စပရိန်တွေဆောင့်ဆွဲရုန်းကန်တဲ့အခါ အရက်မူးနေတော့ ပြုတ်ကျပြီး တက်ကြိတ်တာပါပဲလူတွေဝိုင်းအော်ကြလို့ ရထားရပ်ပြီး ဆွဲထုတ်တော့အသက်မရှိတော့ပါ။ ကျွန်တော်တို့ဆီကိုရောက်ဘို့ ရထားဟာ မိနစ်နှစ်ဆယ်ခန့်မောင်းရမှာပါ ကျွန်တော်အောက်က စီနီယာများကို။။ ဟေ့ကောင်တွေစာရွက်စာတမ်းတွေအသင်လုပ်ထား အလောင်းသယ်လာတဲရထားလာတာနဲ့ တစ်ခါတည်းတက်လိုက်သွား ဒီက ဘူတာရုံပိုင်ကြီးကိုလည်းတစ်ခါတည်းဆေးရုံပို့လိုက်ပြီပြောလိုက် တစ်ယောက်ကစက်ခေါင်းမောင်းနဲ ဂါတ်ဗိုလ်ကိုသွားပြော  ငါတို့ထွက်ခိုင်းမှရထားထွက်လို့ သေတဲလူ ဘယ်သူဆိုတာသိအောင်အရင်စုံစမ်းသူ့ပစ္စည်းတွေကိုစစ်။။ကြားလား ရထားထွက်ရင် ငါနဲ့လူသုံးယောက် ရှေ့ဘူတာ ရထားကြိတ်တဲနေရာကိုသွားမယ် အသင့်ပြင်ထားကြ။ ရထားဝင်လာပါပြီ ဘယ်တွဲမှာလဲအလောင်းက ကြုံရာလူကိုမေးလိုက်တော့  ….ဟိုအလယ်တွဲမှာ…..အလောင်းကိုကြည်လိုက်တော့။။။။။။။။။ ဘယ်လက်မောင်းဂွကိုကြိတ်မိတော့ပြတ်လုပြတ်ခင်အနေအထား ခြေထောက်နှစ်ချောင်းလုံးကကြေမွနေပြီ သေရတဲ့အကြောင်းကတော့လယ်လက်မောင်းရင်းကို တက်ကြိတ်တဲအတွက်  ရင်ဘတ်ပိုင်းအတွင်းကလိစာတစ်ချိုပျက်စီးမှုကြောင့် ချက်ခြင်းသေရတာပါ။။အိတ်တွေရှာစမ်း  […]


ဘုရားသုံးဆူကို အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်တိုက် သန်းထိုက်ဦး Tuesday, 14 June 2011 19:24 ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အိမ်နှင့်တွဲ၍ ဖွင့်ထားသော ကုန်စုံဆိုင် တဆိုင်ကို အမည်မသိ လက်နက်ကိုင် တစုက ယနေ့ ဝင်ရောက်ပစ်ခတ်၍ မီးရှို့ဖျက်ဆီး လိုက်ကြောင်း ဒေသခံများက ပြောသည်။ ယင်း လက်နက်ကိုင်များက ဆိုင်ပိုင်ရှင် ဦးတင်ဝင်း၏ နေအိမ်ကို ကားနှင့် ရောက်ရှိလာပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ ဆိုင်အနီးအနားရှိ အိမ်၂ လုံး အနည်းအငယ် ပျက်စီးသွားကြောင်း၊ ဆိုင်ပိုင်ရှင် ဦးတင်ဝင်းသည် မြန်မာ အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။ ထိုလက်နက်ကိုင်များကို ဒေသ အခြေစိုက် ခြေလျင်တပ်ရင်း အမှတ်၂၄၈ မှ […]


ကာမေသု။။။။ အမျိုးသား/ ယောက်ျားများ အတွက် ကာမေသုနဲ့ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။အဲဒီ ၂ဝက—— (၁) အမိ ေစောင့်ရှောက်တဲ့ မိန်းမ၊ (၂) အဘ စောင့်ရှောက်တဲ့ မိန်းမ၊ (၃) အမိ အဘ စောင့်ရှောက်တဲ့ မိန်းမ၊ (၄) မောင်ကြီး မောင်ငယ် စောင့်ရှောက်တဲ့ မိန်းမ၊ (၅) အစ်မ ညီမ စောင့်ရှောက်တဲ့ မိန်းမ၊ (၆) ဆွေမျိုး ေစောင့်ရှောက်တဲ့ မိန်းမ၊ (၇) အနွယ်တူ စောင့် ရှောက်တဲ့ မိန်းမ၊ (၈) တရား ကျင့်သုံးဖက် စောင့်ရှောက်တဲ့ မိန်းမ။ ဒီ မိန်းမ ရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစင် မိန်းမများ […]


ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု အရှိန်အဟုန်မြင့်လာ ၊ ဥရောပသား လူဆိုးများ၏ သားကောင် ၊ မလေးရှား မြေပြိုမှု လူ ( ၁၂ ) ဦး သေဆုံး ၊ အိုစမာဘင်လာဒင် နောက်ဆုံးပြောဆိုခဲ့သည့်အသံသွင်းမှတ်တမ်း ထွက်ပေါ်လာ  ၊ ရုရှားသမ္မတမက်ဗီဒက်ဗ်က အိုစမာဘင်လာဒင်သေဆုံးသွားခဲ့မှုအပေါ် သံသယရှိဟန်တူ ၊ အမေရိကန်မရိန်းတပ်ဖွဲ့တွင် Gay စစ်သားများအား လေ့ကျင့်ပေးမှုစတင် ၊ ပြန်ပေးဆွဲခံ သင်္ဘောသားများ အန္တရာယ်မရှိ ၊ ကိုယ့် အရေပြားကို စားနေ ရှာတဲ့ လှောင်ချိုင့် ထဲက မိန်းကလေး ၊ ၂ နှစ်အရွယ်ကလေးငယ်ကို eBay မှတဆင့်လေလံတင်ရောင်းချ  ၊ အားနိုးလ်နှင့်ကွာရှင်းပြတ်စဲရန် ဇနီးဖြစ်သူက ရှေ့နေရှာဖွေ  ၊ အမေရိကန်လူသတ်မုဒိမ်းသမား၏ DNA မှတ်တမ်းများပျောက်ဆုံး  […]


(00း15)မိနစ်စာ..တက္ကစီယာဉ်မောင်းအမြင် တစ်နေ့တော့ဗျာ။။။။။။။။။ မြို့ထဲကိုအလုပ်နဲ့အသွား  အရေးတကြီးအလုပ်တူလုပ်သူရဲ့ဖုန်းဆက်လာမှုကြောင့် ။။။။။။။။။ လောကဓံရဲ့ သဘော   မတည်မြဲမှု  အနိစ္စတရားရဲ့ ပြယုဂ် ဟိုတုန်းက ဘယ်လိုသစ်သစ် ကြာလာရင်အဟောင်းဖြစ်ခဲ့ရတဲ့ သိရီမင်္ဂလာဈေးဟောင်းကြီးနားက ဆိပ်ကမ်းဝင်းကြီးထဲကို သွားရောက်ခဲ့တဲ့တနေ့ကပါ။။။ အိတ်တစ်ဖက်လွယ်လျှက် ကျွန်တော့ အရှေ့မှဖြတ်ကျော်လုကျော်ခင် အငှားယာဉ်တစ်စီးကိုလှမ်းတားလိုက်ပြီး ။။သီရိမင်္ဂလာဈေး နားကိုသွားမယ် ဘယ်လောက်လဲ ? ။။အဟောင်းလားအသစ်လား ? ။။ဈေးဟောင်း ။။၁၅၀ဝ ပဲပေးပါညီလေးရာ အနည်းငယ် ဖွင့်ရခက်ပြီး အားစိုက်ပြီးပြန်ပိတ်ရတဲ့ ကားတံခါး ကိုဆွဲဖွင့်ကာ  ကားပေါ်တက်ထိုင်လိုက်ပါတယ် ကားခမေးစရာမလိုအောင် နိုင်ငံတကာ တက္ကစီ ကားများလို တက်ထိုင်၊ လိုရာမောင်းခိုင်း ၊သွားလိုရာရောက်မှ မီတာထဲကထွက်လာတဲ့ဖြတ်ပိုင်းပါ ကျသင့်ငွေကို ရှင်းပေးချင်ပေမယ့်  ဒစ်ဂျစ်တယ်မီးလင်းလာလိုက် ကားချိုင့် ဆောင့်တိုင်းမှိတ်သွားလိုက်နဲ့ ဒီလိုမှမဟုတ်ရင် ယာဉ်စစ် အဖွဲ့တွေ တွေ့မှ မီတာစက်ကိုဖွင့်တတ်ကြတဲ့ တက္ကစီ ယာဉ်မောင်းတွေရဲ့ […]


အဲဒီတုန်းကပေါ့။။။။။။။။။။။ ကျွန်တော်ငယ်စဉ်ကအကြောင်းတွေပါ မိတ်ဆွေများ အခုပြောတဲ့အကြောင်းအရာများကိုအရင်ဆုံး  ယုံကြည်မယ်လို့တော့ထင်ပါတယ် ၁၉၇၄ခုနှစ်လောက်ကပေါ့ ဆင်းရဲတဲ့ရပ်ကွက်လေးတစ်ခုမှာပေါ့။။။။။။။။။ကျွန်တော့အဖေရဲ့အလုပ်ဟာ အစိုးရဝန်ထမ်းအလုပ်ပါ ။။အဲဒီတုန်းကပေါ့ သူရတဲဝင်ငွေလေးနဲ့ခြောက်ယောက်သောမိသားစုတွေကိုလောက်ငှ စွာလုပ်ကိုင်ရှာဖွေ ကျွေးမွေးနေသူတစ်ဦးပါ။ ။။အဲဒီတုန်းကပေါ့ မိသားစုများပေမယ် အဖေရဲ့  ပိုက်ဆံမရှိတဲ့အကြောင်း ငြည်းညူသံကို မကြားဘူးသလောက်ရှိခဲ့ဘူးတာ။ ။။အဲဒီတုန်းကပေါ့အဖေ့လစာက ၈ဝ ကျပ်ကျော်ကျော်ရတယ်ဆိုတာကိုမှတ်မိစ အရွယ် ယခင်အိမ်ငှားနေထိုင် ရာကနေပေ(၄၀x၆၀)မြေကွက်ကြီးကို လေးလလောက်ငွေစုပြီးအဲဒီတုန်းက ၇၅ ကျပ်နဲဝယ်လို့ရခဲ့ပါတယ်။ ။။အဲဒီတုန်းကပေါ့ ကျွန်တော်တို့မောင်နှမခြောက်ယောက်ကိုလည်းပညာဆုံးခန်းတိုင်အောင် ကျောင်းထားပေးနိုင်ခဲ့တယ်။ ။။အဲဒီတုန်းကပေါ့လစာထုတ်တဲ့နေ့များဆိုကျွန်တော့်အဖေဟာ  သတင်းစာစက္ကူနဲ့ထုပ် ရောင်းတဲ့ တရုတ်ဆိုင်ကခေါက်ဆွဲကြော်ကို တစ်ထုပ် ၁ကျပ်ပြား၅ဝ နဲ့အနည်းဆုံး သုံးထုပ်လောက်ဝယ်လာပြီး မိသားစုတွေကိုခွဲဝေကျွေးခဲ့ဘူးတယ်။။ ။။အဲဒီတုန်းကပေါ့ သမဆိုင်ကနေပေးတဲ့ ကျောင်းစိမ်းလုံချည်ပိတ်စတွေကမကောင်း၊ တိုက်ဆွေးတွေကများလို့ အပြင်ဆိုင်ကဝယ်ပေးရှာတာ အဲဒီတုန်းက တစ်ထည်ကိုမှ ၅၅ ကျပ်ထဲပေးခဲ့ရတယ်။ ။။အဲဒီတုန်းကပေါ့ မြန်မာပြည်မှာ ကားတွေမီးစက်တွေ အများကြီးမရှိလို့ ဖောဖောသီသီ သုံးစွဲနိုင်တဲ့ လျှပ်စစ်မီးမရှိ […]


ခြစားခြင်း ခြစားသည်ဆိုရာတွင် (၁)အတွင်းလှိုက်စားခြင်း (၂)အုံဖွဲ့၍ထုထည်ပုံသဏ္ဍာန်စုဖွဲ့ခြစားခြင်း (၃)အကာအကွယ်ယူ၍စုဖွဲ့ခြစားခြင်းဟူ၍ သုံးမျိုးရှိလေသည်။ (၁)အတွင်းလှိုက်စားခြင်း အတွင်းလှိုက်စားသောခြအုံတို့သည် ရုတ်တရက်ဂရုမပြုမိက မသိနှိုင် သစ်လုံး/တိုင် တို့တွင်းဝင်ရောက်ကိုက်ဖြတ်စားသောက် ကြသောခြတို့သည် ပြင်ပမှ လူ သဘာဝဘေးဒဏ်တို့အားကာကွယ်ရန် အလိုငှာအတွင်းပိုင်းမှ စားသောက်ကိုက်ဖြတ်နိုင်ရာ မှန်သမျှကိုမည်မျှပင်ကိုက်ဖြတ်စားသောက်ကြသည်ဖြစ်စေ ယင်းတို့ဝင်းရောက်နေထိုင်သော သစ်လုံး/တိုင် တို့၏ပြင်ပအကာ အား ပုံမပျက် ကျန်ရှိစေကာ ပုန်းရှိုးအကာကွယ် ရယူနေထိုင်အသက်ရှင်ကြလေသည်။ ယင်သို့အတွ


ဣတ္ထိ ကဏ္ဍ (၇)နှစ်ခါသုံးခါ ၊ လင်ပြောင်းလာ ၊တဖြာ ထိုဣတ္ထိ ကျောင်းပြောင်းရဟန်း ၊ ကြော့ကွင်းဆန်း ၊ လွတ်သန်းငှက်ပါသိ ဗဟုမာယာ ၊ ကလိမ်ညာ ၊ များစွာပြုတတ်ဘိ။။ အဓိပ္ပာယ်။။။။နှစ်လင် သုံးလင် ကွာပြီးသောမိန်းမ ၊ နှစ်ကျောင်း သုံးကျောင်း ပြောင်းပြီးသောရဟန်း ၊ ကြော့ကွင်းမှနှစ်ကြိမ် သုံးကြိမ် လွတ်ပြီးသောငှက် တို့သည်မာယာများစွာပြုတတ်ကုန်၏။။ (၈)သူယုတ်မှန်ရေး ၊ ပုတ်ခတ်ပေး ၊ ယဉ်ကျေးစေရာမင်း မကောင်းမိတ်ဆွေ ၊ မဆိုချေ ၊ ခွန်းချွေ စကားရင်း မိန်းမ  မကောင်း၊ စည်းစိမ်ပေါင်း ၊ ထပ်လောင်းမအပ်နှင်း အစားမက်သူ ၊ အစာဟူ ၊ ယုတ်မူ ယဉ်ဖွယ်ချဉ်း။။ အဓိပ္ပာယ်။။။။။သူယုတ်ကိုပုတ်ခတ်သဖြင်ယဉ်ကျေးစေရာ၏ ၊ မကောင်းသော အဆွေခင်ပွန်းကို […]


လက်မှတ်ထိုး တောင်းဆိုရေး ဒေါ်အောင်ဆန်းစုကြည် နှိုးဆော် 2011-05-06 RFA လက်ရှိ ဒီမိုကရေစီ ကွန်ရက်ထဲက အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေ လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တောင်းဆိုရေး လှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီရေးကို လိုလားသူအားလုံး တက်တက်ကြွကြွ ပါဝင်ကြဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်လိုက်ပါတယ်။ “နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား အပစ်ခတ် ရပ်စဲရေး ပြည်ပကို ရှောင်ခွာသွားရတဲ့ ဒုက္ခသည်တွေနဲ့ အခြား နိုင်ငံသူ နိုင်ငံသားတွေ မြန်မာနိုင်ငံကို လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ရေး စသည်တို့ကို တောင်းဆိုထားတဲ့ လက်မှတ်ထိုး လှုပ်ရှားမှု အောင်မြင်ရေးအတွက် ဝိုင်းပြီး ကူညီပေးစေချင်ပါတယ်။” RFA က အပတ်စဉ် တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ […]


ဣတိ္တ  ကဏ္ဍ (၁)ဥဩအဆင်း၊ အသံချဉ်း ၊ မ ဆင်း လင်မြတ်နိုး ရုပ်မလှသူ ၊ အဆင်းဟူ ၊ သင်ယူအတတ်မျိုး တပသီများ ၊ အဆင်းကား ၊ သူ့အားသည်းခံကျိုး ။။ အဓိပ္ပာယ်။။။။ ဥဩ၏အဆင်းကား  အသံတည်း ၊ မိန်းမတို့၏ အဆင်းကား လင်ကိုမြတ်နိုးခြင်းတည်း ၊ ရုပ်သဏ္ဍာန်မကောင်းသူတို့အဆင်းကား အတတ်ပညာတည်း ၊ရသေ့ရဟန်းတို့အဆင်းကားသည်းခံခြင်းတည်း ။ (၂)မိန်းမဥစ္စာ ၊ ဆင်းရူပါ ၊ ဝိဇ္ဇာ ယောက်ျားဘို့ ရဟန်းဥစ္စာ ။ သီလသာ ၊ မင်းမှာရဲမက်တို့။။ အဓိပ္ပာယ်။။။ မိန်းမတို့၏ဥစ္စာကားအဆင်းတည်း ။ ယောက်ျားတို့၏ဥစ္စာကား အတတ်ပညာတည်း ။ ရဟန်းတို၏ ဥစ္စာကားသီလတည်း ။ မင်းတို့၏ ဥစ္စာကား  ရဲမက်ဗိုလ်ပါတည်း။။ (၃)ရသေ့ရဟန်း […]