မိတ္တကဏ္ဏ (၁၂)ချိုရှိကောင်မယ်တောင်ငါးဆယ်၊မြင်းဝယ်တောင်တစ်ရာ စွယ်ရှိဆင်ပြောင်တောင်တစ်ထောင်၊ရပ်ဘောင်လူယုတ်မာ မကပ်သင်ငြားစွန်ခွာသွား၊ရှောင်ရှာကြဉ်လေပါ။ အဓိပ္ပာယ်။။။ဦးချိုရှိသောသတ္တဝါကိုအတောင်ငါးဆယ်ရှိသောအရပ်မှရှောင်ကြဉ်ရာ၏ ။ မြင်းကိုကားအတောင်တစ်ရာရှိသောအရပ်မှရှောင်ကြဉ်ရာ၏။ အစွယ်ရှိသောဆင်ကိုမူအတောင်တစ်ထောင်အရပ်မှရှောင်ကြဉ်ရာ၏။သူယုတ်မာကိုမူကားမိမိအရပ်ကိုစွန့်၍ရှောင်ရှားရာ၏။ (၁၃)မကောင်းလေကြရပ်ဒေသ၊မိတ္တမျိုးနွယ် ဇာတ် မျိုးဆွေမယားကျွန်ခစား၊ဝေးပါးကြဉ်ရှောင်အပ် အဓိပ္ပ္ပ္ပာယ်။။။။။မကောင်းသောအရပ် ၊ မကောင်းသောမိတ်ဆွေ ခင်ပွန်း ၊ မကောင်းသောအမျိုး ၊မကောင်းသောမယား ၊မကောင်းသောကျွန်သူခတို့ကို အဝေးမှကြဉ်ရှောင်ရာ၏။ (၁၄)ရောဂါဖြစ်ချိန်ခေါင်းပါးတိမ်၊စည်းစိမ်ပျက်စီးကာ ရန်သူဖမ်းထားလုပ်တိုင်နား၊တံခါးမင်းအိမ်မှာ အကြင်မိတ်ဆွေတည်တုံပေ၊ထိုဆွေမိတ်ကောင်းသာ။ လုပ်တိုင်း=သင်္ချိုင်း အဓိပ္ပာယ်။။။။။အကြင်မိတ်ဆွေသည်အနာနှိပ်စက်သောအခါ၊ငတ်မွတ်ခေါင်းပါးသောအခါ၊စည်းစိမ်ပျက်သောအခါ၊ရန်သူဖမ်းမိသောအခါ သခ်ျိုင်းတစပြင်၊မင်းအိမ်တံခါးအမှုတို့၌တည်မူ(အကူညီရသူ)ထိုမိတ်ဆွေသည်မိတ်ဆွေကောင်းမည်၏။ (၁၅)နှုတ်ချိုသူအားသျှိုတစ်ပါး၊မိတ်များအဆွေပေါ ကြမ်းကြုတ်ခက်ထန်ထိုသူမှန်၊နည်းပြန်မိတ်သဘော လနေပမာဤွှအရာနှိုင်းစာသိစေသော။ အဓိပ္ပာယ်။။။။။နှုတ်ခွန်းချိုသောစကားရှိသူသည်များသောအဆွေခင်ပွန်းရှိ၏၊ကြမ်းကြုတ်သောသူသည်နည်းသောအဆွေခင်ပွန်းရှိ၏ နေမင်းလမင်းတို့၏ဥပမာကိုယူ၍ ဤအရာကိုသိစေ၏။   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။အဆွေခင်ပွန်းကိုဆိုရာအခန်းပြီး၏။။။။။။။။။။။။။။။။။။။။။။။။။။။။    


မိတ္တကဏ္ဏ ္ဏ(ဂ)မိမိကြံရေးမရောက်သေး၊ချိန်လေးဤအတွင်း ရန်သူကိုပင်ပခုံးတွင်၊ထမ်းစင်သို့ဆောင်နှင်း အကြံအောင်မှုယင်းရန်သူခွဲယူဖျက်ကြမင်း ကျောက်၌ဆောင်ရွက်အိုးတူမြွက်၊ခွဲဖျက်ပမာချဉ်း။ အဓိပ္ပာယ်။။။။။အကြင်မျှလောက်သောမိမိအကြံကာလသည်မရောက်သေး၊ထိုရွေ့လောက်ရန်သူကိုပင်ပခုံးဖြင့်ဆောင်ရွက်ရာ၏ မိမိအကြံသည်ပီးပြည်စုံခြင်းသို့ရောက်ပြီးသော်ထိုရန်သူကိုပင်ကျောက်ဖြင့်အိုးကိုခွဲသကဲသို့ဖျက်စီးရာ၏။   (၉)မြီကြွင်းမီးကြွင်းရောဂါကြွင်း၊ပွားပြင်းတတ်ဖန်ဖန် ထို့ကြောင့်အပိုအကြွင်းကို၊ထားသိုမပြုရန်။ အဓိပ္ပာယ်။။။မြီကြွင်း မီးကြွင်း ရောဂါကြွင်းတို့သည်အဖန်ဖန်တလဲလဲပွားတတ်ကုန်၏ထို့ကြောင့်အကြွင်းကိုမပြုရာ။   (၁၀)ဤသူ့မျက်နှာပဒုမ္မာ၊ရွှေကြာကဲသို့လန်း စကားဆိုဦးစန္ဒကူး၊ကြည်နှုးလွန်အေးချမ်း နှလုံး၌ဝယ်သေစေလွယ်၊မဖွယ်အဆိပ်မြန်း ဤသည်လူသားဝေးစွာထား၊ရှောင်ရှားမမှီငြမ်း။ အဓိပ္ပာယ်။။။။အကြင်သူ၏မျက်နှာသည်ပဒုမ္မာကြာကဲ့သို့ရွှင်လန်း၏။ဆိုသောစကားသည်စန္ဒကူးကဲ့သို့ချမ်းအေး၏နှလုံး၌ကားလျှင်စွာသေစေတတ်သော အဆိပ်ကဲသို့ရှိ၏ ၊ ထိုသို့သဘောရှိသူကိုမပေါင်းဖော်မမှီဝဲရာ။ (၁၁)ကြမ်းကြုပ်အရှင်ဝန်တိုရှင်၊သခင်မချီးမြှောက် နှိပ်စက်ကလူအရှင်ဟူ၊မှတ်ယူဤလေးယောက် ဆင့်ထက်တစ်ဆင့်ဘေးကြီးသင့်၊ရှောင်လင့်မမှီးရောက်။ အဓိပ္ပာယ်။။။။။ကြမ်းကြုပ်သောအရှင်ကိုမမှီဝဲရာ၊ထို့ထက်ဝန်တိုသောအရှင်ကိုမမှီဝဲရာ၊ ထို့ထက်မချီးမြောက်သောအရှင်ကိုမမှီဝဲရာ၊ထို့ထက် နှိပ်စက်သောအရှင်ကိုမမှီဝဲရာ။ ဆက်လက်ဖော်ပြပါမည်။။။။။။။။။။။။။။။။။


မိတ္တကဏ္ဏ (၄)ကောင်းမကောင်းပကျွန်သူခ၊ခိုင်းမှသိမည်တည်း ဆွေမျိုးသိရာဘေးရောက်ခါ၊မိတ်မှာဥစ္စာနည်း မယားကိုတုံစည်းစိမ်ကုန်၊သိပုံနှစ်မျိုးနည်း။ အဓိပ္ပာယ်။။။ကျွန်အားခိုင်းမှသာလျှင်ကောင်းမကောင်းသိရာ၏ ၊ ဆွေမျိုးကိုလည်းဘေးရောက်သောအခါမှကောင်းမေကောင်းသိရာ၏ အဆွေခင်ပွန်းကိုလည်းဥစ္စာနည်းသောအခါတို့၌ကောင်းမကောင်းသိရာ၏ ၊ မယားကိုလည်းစည်းစိမ်ကုန်မှကောင်းမကောင်းသိရာ၏ ။ (၅)စီးပွားယှဉ်တတ်ဆွေမျိုးမှတ်၊ကျွေးလတ်မိဘခေါ် ချစ်ကျွမ်းဝင်မူယင်းထိုသူ၊မှတ်ယအဆွေတော် နှလုံးငြိမ်းစေယင်းသူပေ၊ခေါ်လေမယားနော်။ အဓိပ္ပာယ်။။။အစီးအပွားကို၌ယှဉ်စေတတ်သောသူသည်ဆွေမျိုးမည်၏ ၊ ကျွေးမွေးသောသူသည်မိဘမည်၏ ၊ ချစ်ကျွမ်းဝင်သူသည် မိတ်ဆွေမည်၏ ၊ နှလုံးငြိမ်းစေတတ်သောသူသည်မယားမည်၏။ (၆)ရန်သူမိတ်ဆွေဤနှစ်ထွေ၊ကျွမ်းခြေမဝင်ရာ တခါတရံမိတ်ဆွေမှန်၊ဖောက်ပြန်မျက်ထွက်ခါ ခပ်သိမ်းအမှားအပြစ်များ၊ထင်ရှားပြတတ်လာ။ အဓိပ္ပာယ်။။။ရန်သူနှင်လည်းအကျွမ်းမဝင်ရာ ၊မိတ်ဆွေနှင်လည်းအကျွမ်းမဝင်ရာ ၊တရံတခါမိတ်ဆွေသည်အမျက်ထွက်လတ်သော် ခပ်သိမ်းသောအပြစ်ကိုထင်ရှားပြတတ်သည်။ (၇)မိတ်ဆွေနှင့်ပတစ်ကြိမ်မျှ၊ဒေါသထွက်ဖူးသူ ယင်သူအမှန်စေ့စပ်ရန်၊ဧကန်လိုရှိမူ အသတိုရ်လှဖွားမြင်းမ၊သေရပမာတူ။ အဓိပ္ပာယ်။။။အကြင်သူသည်အဆွေခင်ပွန်းနှင့်တစ်ကြိမ်မျှအမျက်ထွက်ဖူး၏ ၊ထိုသူသည်အဖန်ဖန်စေစပ်ခြင်းငှာအလိုရှိမှုကိုယ်ဝန်သည် အသတိုရ်မြင်းမကဲ့သို့သေမင်းနိုင်ငံသို့ဆောင်၏။   ဆက်လက်ဖေါ်ပြပါမည်။။။။။။။။။။။။။။။။။။။။။


မိတ္တကဏ္ဏ (၁)စီးပွားဆောင်ငြားသူတစ်ပါး၊နီးနားဆွေမျိုးမည် ယင်းကိုမဆောင်ဆွေမျိုးတောင်၊တစ်မောင်တစ်ပါးမည် ကိုယ်၌ဖြစ်လျှက်အနာပျက်၊ကောင်းချက်မဆောင်ပြီ တောဝယ်ဖြစ်ပဩဓသ၊ဟိတဆောင်ပေပြီ။ အဓိပ္ပာယ်။။။စီးပွားကိုဆောင်သည်ရှိသော်သူတစ်ပါးသည်လဲဆွေမျိုးမည်၏စီးပွားကိုမဆောင်မှုဆွေမျိုးလည်းသူတစ်ပါးမည်၏။ အနာသည်ကိုယ်၌ဖြစ်လျှက်စီးပွားမဆောင်၊ဆေးကားတော၌ဖြစ်လျှက်စီးပွားကိုဆောင်၏။ (၂)မျက်ကွယ်သို့ရောက်ကျေးဇူးဖျောက်၊မျက်မောက်ချစ်ဖွယ်ဆို ဤမိတ်ဆွေမျိုးကြဉ်စရိုး၊ဆိပ်အိုးပျာရည်သို။ အဓိပ္ပာယ်။။။မျက်ကွယ်၌ကျေးဇူးကိုချေပတတ်သောမျက်မှောက်၌ချစ်စဖွယ်သောစကားကိုဆိုတတ်သော ထိုသို့သောသဘော ရှိသောအဆွေခင်ပွန်းကိုအဆိပ်အိုးမှပျားရည်ကိုကြဉ်သကဲသို့  ကြဉ်ရာ၏။ (၃)ဥစ္စာပျက်မှုမိတ်ဆွေဟူ၊နည်းတူသားမယား ညီသားအကိုများထိုထို၊ရှောင်လိုစွန့်တတ်ညား ဓနရှင်မှမှီခိုကြ၊ညွတ်ခမဆန်းပြား ထို့ကြောင်ဥစ္စာလောကမှာ၊မဟာမိတ်ဆွေထား။ အဓိပ္ပာယ်။။။ဥစ္စာတည်းဆုတ်ယုတ်မှုအဆွေခင်ပွန်းသားမယားညီသားအစ်ကိုတို့သည်စွန်ပစ်တတ်ကုန်၏  ဥစ္စာရှိသူကိုသာမှီဝဲကြ ကုန်၏၊ထို့ကြောင့်ဥစ္စာသည်လောက၌အဆွေခင်ပွန်းကြီးမည်၏။ ဆက်လက်ဖော်ပြပါမည်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။  


              ဝေးကွာနေသော ချစ်သူစုံတွဲများ အင်တာနက်ပေါ်မှ တစ်ဆင့် နှုတ်ခမ်းခြင်း ထိကပ်နမ်းနိုင်သော ကိရိယာတစ်ခုကို သိပ္ပံဘွဲ့ရ ဂျပန်ကျောင်းသား တစ်ဦးက တီထွင်လိုက်ကြောင်း Daily Mail သတင်း အရ သိရသည်။ အဆိုပါကိရိယာလေးသည် အသက်ရှူထုတ်ခိုင်း၍ အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးရန် ယာဉ်ထိန်းရဲများ အသုံးပြုကြသော breathalyser ကိရိယာနှင့် ဆင်တူသလို ခလုတ်ခုံလေးတစ်ခုနှင့် ပါးစပ်အတွင်း ငုံရသော ကော်ချောင်းတစ်ချောင်း ပါရှိသောကြောင့် ကလေးရေဘူးတစ်ခုနှင့်လည်း ဆင်တူသည်ဟု ဆိုနိုင်သည်။ အသုံးပြုမည့် သူနှစ်ဦးစလုံး၌ အဆိုပါ ကိရိယာမျိုး ရှိနေရန် လိုအပ်ပြီး အင်တာနက်မှ တစ်ဆင့် သက်ဆိုင်ရာ ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်ရမည် ဖြစ်သည်ဟု သိရသည်။ […]


(၂၀)အဆိပ်ကိုပေဤလောကေ၊ဝိသေဆိပ်မဆို သံဃာပစ္စည်းသို့ပင်နည်း၊ဆိပ်ကြီးမည်ဟူလို အဆိပ်စစ်မှာတစ်ကြိမ်သာ၊သတ်ရာအစဉ်တို သံဃိကမှန်သတ်တတ်ပြန်၊ဖန်ဖန်အကြိမ်ပို။ (၂၁)ကျေးဇူးမြင်းမြတ်မှန်သိအပ်၊ဖြတ်လတ်လျှင်မြန်ခြင်း နွားလားဂုဏ်ကျေးသိရန်ရေး၊ဝန်လေးရွက်ဆောင်နှင်း နို့ထွက်နွားမနို့ညှစ်ရ၊ဂုဏသိကြမင်း လျှို့ဝှက်ရာတွင်အပြောကျင့်၊ဉာဏ်ရှင်ကျေးဇူးချဉ်း။ (၂၂)သူတော်မြတ်များဥစ္စာကား၊နည်းပါးဖြစ်သော်ပင် တွင်းရေပမာမှီခိုရာ၊ရလာများလူရှင် မသူတော်စိုးဥစ္စာမျိုး၊ပွားတိုများသော်ပင် သမုဒ်မြစ်ရေပမာပေ၊ထက်ကြေသုံးမဝင်။ (၂၃)ရေကိုမြစ်ကမသောက်ပ၊ရုက္ခသီးမစား အချို့ဒေသေရပ်ဌာနေ၊မိုးစွေမရွာပါး သူ့အကျိုးငှာဖြစ်ရန်သာ၊ဥစ္စာသူတော်များ။ (၂၄)မတောင်းတအပ်အရာမှတ်၊ဆတ်ဆတ်မတောင်းနှင့် မကြံအပ်ပြန်မကြံရန်၊ရွှေဉာဏ်စိတ်နှိုင်းချင့် တရားနှင့်သာစပ်ယှဉ်ရာ၊မကွာစိတ်ကြံသင့် အချီးနှီးလှထိုကာလ၊ဟုတ်ပမလိုလင့်။ (၂၅)မကြံစည်ဘဲဖြစ်တတ်မြဲ၊ကြံလဲပျက်တတ်ခဲ့ မိန်းမယောက်ျားလူအများ၊စီးပွားကြံပေမယ့် ကြံတိုင်းမပြီးအချည်းနှီး၊ပျက်စီးတတ်သတဲ့။ (၂၆)မသူတော်ကိုအချစ်ပို၊ပစ်လိုသူတော်မှန် မသူတော်များယူတရား၊ဖောက်ပြားနှစ်သက်ပြန် ဤလူမသင့်မူအကျင့်၊ဆင့်ဆင့်ပျက်စီးရန်။   သူတော်ကောင်းတို့ကိုဆိုရာအခန်းပြီး၏၊    


(၈)ဘာဏုရာဇာနောက်မျက်နှာ၊တက်ရာမြဲဧကန် မြင်းမိုရ်တောင်ကြီးပဲတင်ဟီး၊ညွတ်ပြီးပြိုမည်မှန် ငရဲမီးငွေ့နည်းတူပေ့၊ချမ်းမြေ့သီတလံ တောင်ထိပ်အမြင့်ကြာမျိုးတင့်၊ဖူးပွင့်ပေါက်သော်မှန် သူတော်စကားတစ်ဆစ်ဖျား၊တိမ်းပါမဖေါက်ပြန်။ (၉)သစ်ပင်ရိပ်တွင်လောကတွင်၊မှန်ပင်လွန်ချမ်းသာ ထို့ထက်မိဘမျိုးဆွေစ၊ရိပ်ကလွန်ပိုမှာ ဆရာသမားအရိပ်ကားဆပွားထို့ထက်သာ ဗုဒ္ဓရိပ်ခေါ်တရားတော်၊များကျော်ချမ်းသုခါ၊ (၁၀)ပျားပိတုန်းမျိုးပန်းဝတ်လျှိုး၊မြတ်နိုးအလိုရှိ သူတော်စင်ဦးဂုဏ်ကျေးဇူး၊အထူးအလိုရှိ ယင်မမဲရိုင်းအပုပ်လိုင်း၊မြဲတိုင်းအလိုရှိ သူယုတ်ဗာလမျက်ဒေါသ၊နိစ္စအလိုရှိ။ (၁၁)အမိယုတ်သူစကားဟူ၊ဆိုမူမကောင်းတတ် အဖယုတ်လင့်မူအကျင့်၊မသင်နည်းတူမှတ် မိဘနှစ်ပါးယုတ်တုံငြား၊စကားအကျင်စပ်။ (၁၂)အမိမြတ်သားဆိုစကား၊ရေးခြားကောင်းစရိုး အဖမြတ်လျှင်မူကျင့်တွင်၊ကောင်းအင်သူပိုင်စိုး နှစ်ပါးမိဘမြတ်ပြန်က၊နှစ်ဝကောာင်းသူမျိုး။ (၁၃)  စစ်မြေတွင်မူရဲရင့်သူ၊ဗိုလ်လူလိုစမြဲ ခိုက်ရန်ဖြစ်ခါစကားရာ၊လိမ္မာသူကိုခဲ ထမင်းအဖျော်စားကောင်းသော်၊တမျှော်ချစ်သူပဲ သဒ္ဒါအနက်မှန်ခဲခက်၊လိုချက်ကဝိဘဲ။ (၁၄)ခွေးအချင်းချင်းမြင်တုံလျဉ်း၊ခံပြင်ချုပ်ချယ်လျှက် ညှဉ်းဆဲစိမ့်ငှာသွားဖြီးကာ၊ပြလာပမာမြွက် သူယုတ်အပေါင်းသူတော်ကောင်း၊အကြောင်းမြင်သော်ခက် ချုပ်ချယ်ဖန်ဖန်ညှဉ်းဆဲရန်၊မြဲမှန်အလိုထက်။ (၁၅)ပြုဖွယ်ကိစ္စဟူသမျှ၊မှန်ပဆောတလျှင် သူကိုမစေကိုယ်လည်ဖြေ၊ရှောင်လေပြုဘို့ပင် ပညာနည်းပါးပြုမိမှား၊နောက်များပူပန်မြင်။ (၁၆)အမျက်ဒေါသဖျောက်နိုင်က၊သောကကင်းမြဲမူ သူ့ကျေးဇူးနော်ဆိုတတ်သော်၊သူတော်ချီးမွမ်းပြု သူ့စကားကြမ်းခန္တီလွမ်း၊မှတ်တမ်းအမြတ်ဟု ဘုရားစပေါင်းသူတော်ကောင်း၊နှစ်ထောင်းမြွက်ဆိုပြု။ (၁ရ)မစင်ပြည့်ကာကျဉ်းမြောင်းရာ၊နေတာဆင်းရဲဖြစ် ထို့ထက်တမူမချစ်သူ၊ရန်သူနေရာစစ် သူ့ကျေးဇူးမှန်ချေသူထံ၊နေပြန်ထို့ထက်နစ်။ (၁ဂ)ဆုံမသင့်ရာဆုံးမခါ၊မကွာကန်မြစ်လေ လွန်ယုတ်မာလှအကျင့်မှ၊မြင်ကမြစ်ထိုက်ပေ ဆုံးမပေတတ်ထိုသူမြတ်၊ချစ်အပ်သူတော်တွေ သူတော်မဟုတ်ကယ်သူယုတ်၊စက်ဆုပ်မချစ်ပေ။ (၁၉)ကိုယ်ထက်မြတ်ပိုထိုသူကို၊အောင်လိုကိုယ့်ကိုနှိမ့် ရဲရင့်သူမှန်သင်းခွဲပြန်၊အောင်ရန်မဝေးချိမ့် ကိုယ့်အောက်နိမ့်သူတံစိုးဟူ၊ပေးမူအောင်မြင်လိမ့် ကိုယ်နှင့်တူကအားလုံ့လ၊ပြုုကအောင်လိုစိမ့်  ။ ဆက်လက်ဖေါ်ပြပါမည်။။


            ၂၀၁၁ ခုနှစ် မေလ ၁ ရက် တနင်္ဂနွေနေ ့ မနက် ၁း၃၀  နာရီ ပါကစ်စတန်နိုင်ငံ Abbotabad မြို ့   ညသည်မှောင်မိုက်လျက်။ ကမ္ဘာကျော် နာမည်ကြီး အကြမ်းဖက်ခေါင်းဆောင် အိုစမာ ဘင်လာဒါအား ချေမှုန်းပစ်ရန်အတွက် အမေရိကန် ရဟတ်ယာဉ်များသည် ပါကစ်စတန်နိုင်ငံအတွင်းရှိ နံရံအမြင့်များ ဖြင့် ဝိုင်းရံထားသော စံအိမ်တခုဆီသို ့ဦးတည်ပျံသန်းလျက်။ အာဖဂန် နစ်စတန် နိုင်ငံ၏ တောတောင်လျှိုမြောင်များအကြားတွင်ပုန်းခိုနေသည်ဟု အများက ယူဆလျက်ရှိသော ဘင်လာဒင်သည်ကား ပါကစ်စတန်နိုင်ငံ မြို ့တော် အစ်စလန်မာဘတ်၏မြောက်ဘက် ၆၂ မိုင်ခန် ့အကွာရှိ Abbotabad မြိ ု ့အတွင်းရှိ ဒေါ်လာ […]


သုဇနကဏ္ဏ (၁)သူတော်မြတ်မှပေါင်းဖက်ကြ၊မိတ္တပြုကြရာ သူတော်တရားသိသူများ၊မြတ်ထားမယုတ်မာ။ (၂)သူယုတ်မာလျဉ်းပေါင်းဖက်ခြင်း၊ဝေးကင်းရှောင်ကြဉ်လော့ ပေါင်းဖက်အပ်မှန်သူမြတ်ထံ၊နာခံဆည်းကပ်လော့၊ နေ့ညဉ့်ပတ်လုံးကုသိုလ်ထုံး၊နှလုံးမူပြုလော့ သင်္ခါရပေါင်းမမြဲကြောင်း၊မစောင်းအောင့်မေ့လော့။ (၃)ရေသဖန်းမှည့်အပကြည့်၊ဆင်းပြည့်လွန်နီမြန်း အတွင်း၌မူပိုးလောက်ထူ၊မြင်သူကြောက်ခမန်း သူယုတ်နှလုံးဤတူနှုန်း၊ဖြစ်ထုံးနည်းမှီငြမ်း။ (၄)ပိန္နဲမှည်ရော်ပြင်ပနော်၊ဆူးသော်ထင်စေမူ အတွင်းဝယ်မှာချိုမြိန်စွာ၊ရသာပြည့်စုံဟူ သူတော်နှလုံးဤတူနှုန်း၊နည်းထုံးမခြားဟူ။ (၅)စန္ဒကူသစ်ခြောက်သွေ့လစ်၊ရင်းဖြစ်နံမစွန့် စစ်မြေရောက်ဆင်လူ့မှောက်တွင်၊နှိပ်အင်မှန်မစွန့် စက်ယန္တရားရောက်သော်ငြား၊ချိုအားကြံမစွန့် သူတော်ကဝိဆင်းရဲဘိ၊မိမိကျင့်မစွန့်။ (၆)ခြင်္သေ့ဟူပေမွတ်သိပ်စေ၊ပဏ္ဏေမြက်မစား ကြုံလှီကာမူမစားဟူ၊နည်းတူဆင်အသား မျိုးနွယ်စောင့်တတ်အမျိုးဇာတ်၊မြင့်မြတ်သူမှာကား မိမိဆင်းရဲရောက်သော်လည်း၊ကြဉ်မြဲမှုယုတ်များ။ (၇)လောကတွင်ဦးစန္ဒကူး၊အထူးဧကြည်မြ ထို့ထက်တဖုံငွေလယုန်၊အပုံချမ်းမြေ့လှ သူတော်နှုတ်မြွက်စကားထွက်၊ထို့ထက်သီတလ။ ဆက်လက်ဖေါ်ပြပါမည်။


  လူအများစုက အချု ိကြိုက်တတ် ကြတယ်။ ကိတ်မုန့်တွေ၊ ဘီစကွတ်မုန့် တွေကို တမြုံ့မြုံ့ ဝါးပြီး အရသာခံ ကြတယ်။ ဒီ အမေရိကန်မ ကတော့ ဆိုဖာကူရှင် တွေကို စုတ်ဖြဲလို့ ဝါး ဝါးပြီး အရသာခံ နေလေ ရဲ့။ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်က ကလေးငါးယောက် အမေ အဒယ်လီအက်ဒဝပ် ဟာ ဆိုဖာတွေ အပြင် သရေကွင်း တွေ နဲ့ တခြားရော်ဘာ ပစ္စည်းတွေ ကို ဝါးစားရတာ သဘောကျတယ်။ အခုချိန်ထိ သူဟာ ဆက်တီရှစ်စုံ၊ ကုလားထိုင် ငါးလုံးလောက် ကို စားခဲ့ပြီးပြီ ဆိုတော့ သူဟာ ဆိုဖာ ကူရှင် အလေးချိန် ၂၂၄ ပေါင် […]


လူကြီးများရန်ဖြစ်နေကြသည်…ခလေများမပါကြေး စပ်စုတတ်လျှင်ချောင်းကြည့်နိုင်ပါသည်….တက်နင်းမိလို့အိုုပုတ်ကွဲမည်သတိထားပါ တုတ်ဆွဲဒါးဆွဲဖြစ်လျှင်ဝေးဝေးနေပါ…..ပစ်ကြခတ်ကြဖြစ်လျှင်မျက်လုံးမှန်နိုင်သည် နဖူးကွဲမြည်သတိထားပါ…..။။။။     သူကြီးရောက်လာပြီ….နှစ်လုံးပြူးလည်းပါသည် ကျည်ဆန်ကတော့အိမ်မှာမေ့ကျန်နေခဲ့သည်….သူကြီးမဒံလိုက်လာပေးမှာသေချာသည် ရဲဆေးတင်တာအော်ငေါက်ထုတ်ရသည်…..အရေးမလုပ်သူထိတ်တုံးခတ်မည် ရပ်ကြည်သူများသက်သေပါနိုင်သည်……။။။။။     သူကြီးအိမ်မှာအကုန်စုကြပြီ…..ခြံစည်းတန်းကစောင့်လို့ကြည့်ကြသည် တိုင်တဲ့သူလည်းပါသည်ဖွတဲ့သူလည်းပါသည်….သက်သေများကိုသေချာစစ်မေးသည် သူကြီးခေါင်းကုတ်နေတာပဲတွေ့ရသည်….အလွန်ကြီးတဲ့ပြသနာပဲဖြစ်ရမည် ခလေးများမို့သိပ်မတွေးတတ်ပါ…. ရွာပြင်ထွက်လို့ငှက်ပစ်နေတာပဲကောင်းပါ၏…


ကိုယ့်ရပိုင်ခွင့်ကို ကျေနပ်ပါ။ ကိုယ့်ရပိုင်ခွင့်နှင့် ကျေနပ်သူသည် စိတ်ချမ်းသာ၏။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်သူများသည် သူများရထားသည်များကို လိုချင်ကြကုန်၏။ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာအောင် နေတတ်အောင် ကြိုးစားပါ။ မိမိရထားတဲ့ အခွင့်အရေးကို အထင်မသေးပါနှင့်။ ကိုယ် ရထားတာကို အထင်သေးသူသည် စိတ်မချမ်းသာနိုင်၊ စိတ်မချမ်းသာလျှင် သမာဓိမရနိုင်။ ကိုယ်ရထားသော လက်တလောတည်ရှိမှုကို မရောင့်ရဲခြင်းသည် စိတ်မချမ်းသာနိုင်။ ရထားတာနဲ့ ကျေနပ်ပါ.. ရှေးဘဝက ကုသိုလ်ကံအကျိုးပေါ်တွင် မူတည်၍ ဒီဘဝ၌ မတူညီသော ရပိုင်ခွင့်များ ရရှိကြပေသည်။ တစ်ဦးနှင့် တစ်ဦး ရပိုင်ခွင့်ခြင်းမတူနိုင်။ သူများရပိုင်ခွင့်ကို လိုချင်ခြင်းသည်လည်း စိတ်ချမ်းသာလိမ့်မည်မဟုတ်။ စိတ်ချမ်းသာလိုလျှင် မိမိရပိုင်ခွင့်နှင့် ကျေနပ်ပါ။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ပါက သူများရပိုင်ခွင့်ကို လိုချင်ကြ၏။ ကိုယ့်ရပိုင်ခွင့်ကို အထင်မသေးပါနှင့်၊ သူများရပိုင်ခွင့်ကိုလည်း အားမကျပါနှင့်။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းသည် အကုသိုလ်များသာ […]


“အား ရိုးးးးးးးးးး…အေးလိုက်တာ…” ကားတခါး ခဏဖွင့်တဲ့ အချိန်လေးအတွင်းမှာ စိမ့်ဝင်လာတဲ့ အအေးငွေ့ များက အနွေးထည်အထပ်ထပ် ဝတ်ထားသော ခန္ဓာကိုယ်ကို ဖောက်ပြီး အရိူးထဲထိ စိမ့်ဝင်သွားပါသည်..။ ဒီနေ့မော်စကိုမြို့ရဲ့ အအေးချိန် က (အနှုတ် ၂၅ )လေ..။အပူချိန် ၃၅ လောက်မှာ နေထိုင်ကြီးပြင်းလာတဲ့ အညာသားကျနော့် အတွက်တော့ တကယ့်ကို အဆင်မပြေလှပါ..။ပညာရေး နဲ့ တာဝန်ကြောင့်သာမဟုတ်ရင် ချက်ချင်း မြန်မာပြည်ကို ပြန်ပြေးချင်မိပါတယ်..။ ကားဂိတ်မှာ အအေးဒါဏ်ကို ခုခံရင်း ကားစောင့်နေတဲ့ ရုရှား အများအပြားပါ…။အပြင်မှာ အေးလွန်းလို့ ကားထဲကို မြန်မြန် ရောက်နိုင်အောင် တိုးဝှေ့ လုတတ်နေကြပါသည်…။ထိုအထဲက အဖွားအိုတစ်ယောက်က များပြားလှတဲ့ လူအုပ်ကြီးထဲကနေ ရှိသမျှခွန်အားလေးနှင့် ကားပေါ်ကို ရောက်အောင် ကြိုးပမ်းနေရှာပါတယ်..။ဒါပေမယ့် နောက်ဆုံးတော့ သူလက်လျော့လိုက်ပုံပါပဲ…ရှေ့တံခါးကနေမဝင်တော့ပဲ နောက်တခါး ကနေတက်လာပါတော့သည်..။ […]