ဒီနေ့ကြားခဲ့ရတဲ့ “စကား’’   စက်ရုံအသစ်ပြောင်းသည် ဝန်ထမ်းတွေအကုန်အလုပ်ရှုပ်ကြတာပေါ့ ကျုပ်လည်းမနေရပါ ဟိုကြည့်ဒီကြည့် ဟိုအော် ဒီအော်နဲ့ စက်တွေ လူတွေ ကားတွေ တစ်စီးပြီးတစ်စီး ဒီကပစ္စည်း ဟိုမှာအထိုင်ချ ဖို့ လူတွေအထိုင်ချဖို့ ခေါင်းစားရသည် ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေရွေ့ပြောင်း နိုင်ဖိုသာ အရေကြီးသည် ဟိုဘက်စက်ရုံရောက်တော့ သန့်ရှင်းရေးကပြောင်စင်အောင်မလုပ်နိုင်သေး ဆောက်လုပ်ရေးကတစ်ချို့တစ်ဝက်မပြီးသေး ဘာပဲဖြစ်ဖြစ်လတ်တလော စက်တွေအထိုင်ချမည့်နေရာ တစ်ခုသာကွက်ပြီးရှင်းမှရမည် သန့်ရှင်ရေးတွေခေါ် ကျုပ်ဖြစ်စေခြင်တဲ့ အပိုင်းလေးလုပ်ပေးဖို့ လူကြီး လေသံနဲ့ ပြောရသည်။ ဟုတ်ကဲဆိုပြီး တက်ညီလက်ညီလုပ်ပေးရှာကြသည် — ဒါပေသိ့…..ကျုပ် TOILET ထဲကရောက်နေတုန်း သန့်ရှင်းရေး အမျိုးသမီး တစ်ဦးပြောသံကြောင့် အိမ်သာထဲပဲဆက်ထိုင်နေရမလိုလို ထပဲထွက်ရမလိုလို……ကဲသူပြောတဲ့စကားနားထောင်ကြည့်ဗျာ “ အောင်မလေး ဟယ် မန်နေဂျာ ကြောက်ရ သူဌေးကြောက်ရနဲ့ ဘယ်ဖရား တန်ခိုးကြီးမှန်တောင် မသိတော့ဘူး ‘” […]


ခေါင်းစဉ် မပါ ပါဘူး  ဖတ်ကြည်လို့ အရသာမပျက်နိုင်တဲ့ ကဗျာလေးပါပဲ ရေးသားသူ မသိပါဘူး ခရဒစ်ပေးစရာဆိုရင်တော့ mrsorcerer:7704 ကိုခရဒစ်ပေးပါတယ် —–၀——-၀——–၀——-၀——-၀——-၀——၀ ဘယ်နယ်ကလဲတဲ့ ….. အလယ်ကလူ စကားမဝဲပါ ငါဟာ ….. ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။ ဘေးနားက အနိုင်ကျင့်ချင်တဲ့ ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့ မျက်နှာငယ် ရွှေမင်းသမီးလေးပါ။   တိုင်းပြည်ကမငယ်ပေမယ့် မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။   ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။ ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊ အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့ ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။   ရေမလာ၊ မီးမလာလည်း ဘာဂရုစိုက်ရမလဲ ငွေသာရှိလို့ကတော့ အဝီစိထိ လှိုဏ်ခေါင်းတူးပြီး အဲကွန်းဖွင့်နေလို့ရတယ်။   ဆေးလိပ်အရက် […]


ရန်ကုန် ဖျားနေတဲ့ မုတ်သုန်မြို့ ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘဝ အစုံပါတဲ့ မြို့တစ်မြို့ကို ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့ ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့။ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာဒေါ်လာ ၁၅ဝတန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ ခပ်ဝါးဝါးသာဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက ကြွပ်ကြွပ်အိတ်နဲ့ KTV လို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့ ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ […]


လေယာဉ်ပေါ်ကဆင်းကတည်းကဆေးလိပ်သောက်ခြင်လှသည် မြန်မာပြည်မှာတည်းကဝယ်ခဲ့သော စီးကရက် ဗူးက အိတ်ထဲမှာအရံသင့်  ေလေယာဉ်ပေါ်ကဆင်း  ေလျှောက်လိုက်ရသည့် လမ်းက မဆုံးနိုင် အတူဆင်းကြသူ လူအုပ်နောက် ရောယှက်လိုက်ပါရင် ဘယ်နေရာရောက်မှ ပစည်းရွေးရမည်မသိ ဆေးလိပ်သောက်ခြင်တာက အဓိက ကြသည် အိတ်ထဲက ပါတ်စ်ပို့စာအုပ်လေး ပြန်စမ်းကြည့်ရင်းဘယ်ဂိတ်ပေါက်မှာ ပြရမည်မသိနိုင် လူအုပ်ကြီးက အဆောက်အဦး၏ အောက်ထပ်သို့ စက်လှေကားအတိုင်းဆင်းသွားကြသည် ကျုပ်လဲ ခေသူမဟုတ် ဘယ်ရမလဲရောယောင်လိုက်သည် ခရီးတူ အသိတစ်ယောက်က ဘယ်ရောက်နေသည်မသိ စက်လှေကားအောက်ရောက်မှ သဘောပေါက်သည် ဒီနေရာမှာ ပါတ်စ်ပို့ ပြရမှာကိုဗျ လူအုပ်နောက် တန်းစီဝင်ရပ် ရင်း အတူပါ အသိကိုရှာတော့ ဘသားချောက ရှေ့မှာရောက်နေတာကိုယ်ဗျ  ကျုပ်လှမ်းခေါ်ခြင်ပေမယ်  ဒီလူအုပ်ကြီးထဲမှာမြန်မာ အသံ ပြဲပြဲ ကြီး ကြားသဖြင့် လူတွေဝိုင်းကြည့်ကြမှာစိုးမိလေသည် အသံမထွက် ဝံ့ ဟုတ်တယ်လေဗျာ လူတွေ အားလုံး […]