ကုတင်အောက်က အခင်းကို တဒေါက်ဒေါက် ခေါက်သံကြားလိုက်တယ်ဆိုရင် ကျုုပ်မျက်လုံးအစုံဟာ ကျုပ် အမုန်းဆုံး နိုးထခြင်းကို ငြင်းဆန်ပြီး အတင်းဆွဲပိတ်ကြတယ် ဒီအသံဟာ အိပ်စက် အနားယူခြင်းကိုစွန့်လွတ် ဘို့ အတွက် အခန်းဖော်ရဲ့ အချက်ပေးကုလားတက်ခေါက်သံပါပဲ ။ဒါပေမယ် ကုလားတက်သံ လို တစ်ဒေါက်ဒေါက် ခေါက်သံကြီးကို တားမြစ်ဘို့ အတွက် ကျုပ်တို့မှာခွန်အား မရှိကြပါဘူး ဒီလိုပဲ နောက်တစ်နေ့မနက်တွေမှာလဲ မခေါက်ဘို့ ဒီအခန်းဖော်ကိုလည်း မကန့်သတ်ကြဘူးလေ ဘာကြေင့်လဲဆိုရင် ဒီအခန်းဖော်ဟာ ဒစ်ဂျစ်တယ် နာရီတစ်လုံးထက် တိကျမှုရှိတဲ့အပြင် ကျုပ်တို့ လုပ်ငန်းခွင်အရောက် နောက်မကျစေဘို့ ပထမဦးဆုံး မောင်းနှင်လိုက်တဲ့ ခွန်အားတစ်ခုပဲလေ။ နှစ်ထပ်ကုတင်ပေါ်က လျှောဆင်းလိုက်တယ်  မျက်နှာသစ်ရေချိုး စက်ရုပ်တစ်ရုပ်လို ဆက်တိုက်  လုပ်ကြရတော့တယ်  ဒါတွေပြီးသွားရင်တော့ ကျုပ်တို့အတွက်ထုတ်ပေးထားတဲ့  ဝတ်ဆင်ရာမှာ အတန်ငယ် မွန်းကြပ်ပြီးထူထဲထဲ နိုင်တဲ့အပြင်ချွေးနံ အတန်ငယ်နံပေမယ် […]


  ဘီလူးကြီးပြန်လာပါပြီး  ရွာသူရွာသား အသစ် အဟောင်း မဟောင်း မသစ် အားလုံး မိတ်ဆွေဖြစ်စေခြင်းငှာ မိတ်သဟာအပေါင်း စိတ်အစာမညောင်းရအောင် ဟင်းဟင်း…….တွေ့ကြသေးတာပ ကွယ်။။။ ခင်မင်လျှက် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။  


                ကျူပ်ဆိုတဲ့ကောင်ကလဲ တော်တော့ကိုယ်  ကံမကောင်းနိုင်တဲ့ကောင် ဘာတွေကံမကောင်းတာလဲလို့မမေးနဲ့ လူတစ်ကာ နှစ်လုံး ချဲ ကံစမ်းမဲ တွေပေါက်လိုက်ကြတာနှစ်လုံးလဲနှစ်လုံးမို့ ချဲလဲ ချဲမို့လို့ ကံစမ်းမဲဆိုလဲကံစမ်းမဲမို့လို့  ကျုပ်ဖြင့် တစ်သက်နဲ့ တစ်ကိုယ်တစ်ခါဘူးမှ မပေါက်ခဲ့ဘူး  အဲဒါပေမယ့် ဒုက နဲ့တွေ့မယ့်နေရာတို့ ပြသနာဖြစ်တဲ့နေရာတို့ ဆို့ရင်တော့ မဲနှိုက် ရွေးကြပြီဟေ့ဆို့ မပူနဲ့ ကျုပ်ထိပ်ဆုံးကပေါက် တော့တာပဲ ဒါကြောင့် ဘယ်နေရာရောက်ရောက် အကြောင်းတိုက်ဆိုင်လို့ မဲနှိုက်ပြီးရွေးကြပြီဟေ့ဆို ကျုပ်က ဒုက ရောက်မယ့်နေရာဆို ဘော်လံတီယာ ထွက်လိုက်တာပဲ ကျုပ်က ကိုယ့် ကံတရားကိုယ်သိနေတယ်လေ။ တစ်ခါများဆို လူတစ်ထောင်လောက် ပန်ကာတွေမီးပူတွေ  တီဗွီကြီးတွေ မဲဖောက်ကြသည် အမြင့်ဆုံးမဲက ၂၁လက်မ တီဗွီ  စက်ရုံကြီးတစ်ခုလုံးရှိ  […]


အမှားတစ်ထောင်နှင့် အရက် လူတွေအရက်သောက်ကြသည်  လူတွေ  ဆိုသည်ထက်ကျုပ်တို့ မြန်မာပြည်တွင် ယောကျားလေးများအများစု အရက်သောက်ကြသည် ထိုသို့သောက်ကြရာတွင်  လူငယ်ဘဝတွင်ကား အရက်ကို စမ်းသပ်သည့်သဘောဖြင့် သောက်ကြသည် စတင်သောက်စဉ်က မဝံရဲသော်လည်း ရှေ့ှမှအရင်သောက်နှင့်သူ သဘာရင့် အပေါင်းအသင်း၏  ရဲရဲသောက်အံမခန်း သောက်သုံးပြမှုကြောင့် မိမိကိုယ်ကိုယ် သရဲကောင်းသဖွယ် ထိုသူရှေတွင် ဝံကြွားနိုင်စေရန်လည်ကောင်း ထို အပေါင်းအသင်းတို့၏ အထင်သေးသော အကြည့်တို့ဖြင့်ကြည့်ခြင်းနှင့် လှောင်ပြောင်ခြင်းအဖြစ်မှ ကင်းလွတ်ရန်  ကြိတ်မှိတ်သောက်ပြတတ်ကြသည်။။။။။ ကျွန်နုပ်အရက်စတင်သောက်သုံးစဉ်က ထိုသို့မဟုတ်  မည်သူ့ရှေတွင်မှ ဝံကြွားရန်သော်လည်းကောင်း မြှောက်ပင့်ပေးသူ၏ အထင်ကြီးစေရန်လည်းကောင်း စမ်းသပ်သောက်သုံးရန်အတွက်လည်းကောင်း သောက်သုံး ခဲ့သည်ကားမဟုတ်ချေတကား ထိုအရက်အားသောက်ချင်လို့ကို် ကိုယ်တိုင်ကိုယ်ကျဝယ်ယူသောက်သုံးခဲံခြင်းဖြစ်လေသည်  ။။ထို့ကြောင့် ကျွန်နုပ်သည် မကောင်းမှုလုုပ်ရာတွင် မည်သူမျှမြောက်ပင့် ပေးရန်မလိုပဲ လုပ်ဆောင်တတ်ကြောင်းပေါ်လွင်လှပေသည်။ ထိုစဉ်ကအရက်မသောက်တတ်သေးသဖြင့် အရက်၏ အနံကိုကားမခံမနိုင်ဖြစ်၏ အရသာကား ခါးံတူး ချဉ်စုတ်လှပေသည် ထိုပြင်မျိုချလိုက်လျှင်ကားလည်ချောင်းတစ်လျှောက် […]


ဒီသတင်လေးက ရန်ကုန် မီးလောင်မှု့ကြောင့် နောက်ရောက်သွားရတဲ့သတင်းလေးပါ မီးလောင်မှုသတင်းတွေချည်ပဲတက်လာလို့ ဒီသတင်းလေးကိုမတွေ့လိုက်ကြသူများအတွက် ကော်ပီပတ် လုပ်လိုက်ပါတယ်။။ အာဏာရှင်ဟောင်း ဦးသန်းရွှေ သတိလစ်မေ့မျောနေ ယခု ထက်တိုင် နိုင်ငံ တော် အာဏာ ကို ချုပ် ကိုင် ထား ဆဲ လို ့ ယူဆရတဲ့ မြန်မာ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဟာ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ ့ညနေ က မြန်မာ ရုပ်ရှင် ဇာတ်ကားတစ်ခု ကို မြေးဖြစ်သူ နေရွှေသွေးအောင် အပါအဝင် မိသားစု နဲ ့ အတူ ကြည့်ရှုအပြီး မှာ သတိလစ် မေ့ မျော သွား ခဲ့ […]


သေခြင်း၏ နောက်တွင် လူတွေ သေပြီးရင်းဘာဖြစ်ကြသလဲ? လူတွေသေပြီးရင်ဘာဖြစ်ကြသလဲဆိုတာတော့  ကျွန်တော်လဲ အကြားအမြင်ပညာရှင်မဟုတ်လေတော့ သေချာစွာမသိပါ ဒါပေမယ့် လူတွေသေပြီးရင်တော့ ဘယ်လိုဖြစ်သလဲဆိုရင်  ….ဟုတ်ကဲ့ &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&& ““ရှင်တို့အမေ အသက်မရှိတော့ဘူး”” ကျုပ်တို့ မျှော်လင့်ပြီးသား အကြောင်းအရာတစ်ခုပါပဲ  ဒီလိုစကားမျိုးကိုကြားရဘို့အတွက် မဟာမြိုင်ဆေးရုံ ဒီလူနာဆောင် အခန်းထဲမှာ  ညနေ (၈းဝ၀)နာရီထဲက ရောက်ရှိနေခဲ့ကြတာပေါ့.. ရုတ်တရက် လူ့လောက က ထွက်ခွာဘို့ ဖြစ်ပေါ်လာခဲ့တာပဲလေ  ညိမ်သက်တဲ့  ဝင်သက်ထွက်သက် ရှုသွင်း ရှုထုတ်သံတစ်ခုနဲ့  အသံနေအသံထားမှန်မှန်  ရွတ်ဖတ်နေတဲ့ ဓမ္မစင်္ကြာ သုတ် ရွတ်ဆိုသံတို့ဟာ နောက်ဆုံး ခရီးကိုထွက်ခွာလုဆဲဆဲ  မိခင်ကြီးကို အထောက်အကူရလိုရငြား ဝေဝါး စွာ ပေါ်ထွက်နေပါတယ် နံနက်လင်အားကြီး (၄း၂၅)မိနစ်အချိန်မှာမှာတော့ မိခင်ကြီးဟာ ကျုပ်တို့မမြင်နိုင် မမှန်းဆနိုင်တဲ့ လမ်းကြီး ဒါမှမဟုတ် အမှီအတွယ် တစ်ခုခုရှိရာကို […]


  တင်ပြီးသားဖြစ်ရင်လဲဖြစ်နေမှာပါ တင်ပြီးသားဖြစ်ပါက ဤ ပို့စ်မှပဲတောင်းပန်အပ်ပါတယ် လွန်ခဲ့သော(၄၉)နှစ်က အဖြစ်အပျက်များအား မှတ်တမ်းတစ်ခုရှိခဲ့ဘူးကြောင်းတင်ပြလိုခြင်းသာ ဖြစ်ပါကြောင်း           ကြာတာတော့ကြာပါပြီး အမှတ်ရစရာတစ်ခုအတွက် မသိသူများရှိခဲ့မယ်ဆိုရင်လဲ ဒီလိုမှတ်တမ်းလေးတွေရှိသေးကြောင်း တင်ပြခြင်းဖြစ်ပါတယ်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။    


                      မနက်ဆို စောစောထရတယ်ဗျ  မနက် ခြောက်နာရီလောက်ထဲက ဝင်းထဲရောက်နေမှ ဒါမှ ကိုယ့်ထက်ဦးတဲ့သူတွေ ကိုအမှီလိုက်နိုင်မှာလေ အလုပ်အတွက်ကတော့ အများကြီးယူသွားစရာ မလိုပါဘူး ဆာလာအိတ်ကြီးကြီးတစ်လုံးဆိုရပြီ ငွေလဲ အရင်းအနှီးမလိုပါဘူး  အဓိက ကတော့ စောစောရောက်သွားဘို့ပါပဲ အလုပ်ခန့်တဲ့သူလဲမရှိဘူး  လစာပေးမဲသူလဲမရှိဘူး  အလုပ်ထုတ်မဲ့သူလဲမရှိဘူးလေ ကိုယ်ပိုင်စီးပွားရေးလို့ခေါ်ရမှာပေါ့….။။ ဒီဝင်းကြီးက ကျုပ်တိုအတွက် စားဝတ်နေရေး ထောက်ပံပေးနေတဲ့ ဝင်းကြီးပေါ့ ဒီဝင်းကြီးထဲမှာ  ရန်ကုန်မြို့ကနေ မြန်မာပြည်အထက်ပိုင်းခရီးသွားကြတဲ့ လူတွေရဲ့ ခရီစဉ်အစပြုရာနေရာကြီးလေ ကျုပ်အလုပ်က သိပ်ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး   ခင်ဗျားတို့လို ခရီးသွားတွေ ထားပစ်ခဲ့တဲ့ ရေသန့်ဗူးခွံတို့  ဘီယာသံဗူးခွံတို့ ကျွဲရိုင်းအချိုရည်ဗူးခွံတို့ လိုက်ကောက်တဲ့သူလေ ဒါတွေကို မနက်ရောက်တာနဲ့ အဝေးပြေးဝင်း  တစ်ပတ်ပြည်အောင် […]


ကျုပ်တို့မြန်မာတွေမှာစကားပုံတော်တော်များများရှိကြတယ်ဗျ စကားပုံတိုင်းကတော့ လူသားအကျိုပြုမဖြစ်နိုင်သလို တစ်ချို့စကားပုံတွေဟာ တစ်ခြားနိုင်ငံကလူတွေကို ပြောပြဘို့ဆို   တော်တော်ရှက်ဘို့ကောင်းတဲ့လူတွေ စိတ်ဓာတ်အောက်တန်းကျတဲ့သူတွေလို့ ယူဆသွားနိုင်တဲ့ စကားပုံတွေရှိနေကြလို့ပါပဲ အခုတစ်လောပြောပြောနေကြတဲ့  လူသားအသိုင်းအဝိုင်း နေထိုင်ပြုမူဆက်ဆံရေးတွေ စည်ကမ်းကျနဲ့တဲ့ လူပတ်ဝန်းကျင်ဖြစ်ရေးတွေကို  စင်္ကာပူလိုနိုင်ငံမျိုးတွေ  လန်ဒန်လိုမြို့ပြကြီးတွေမှာနေထိုင်ကြတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ နေထိုင်ကြတဲ့လူတွေရဲ့ စည်းကမ်းကျနမှုတွေနဲ့ နှိုင်းယှဉ်စံထိုးပြီးကြည့်လာကြတယ် ရေးလာကြတယ်  ပြောလာကြတယ်  အဲဒါတွေအတွက်…ကျုပ်တို့ မြန်မာပြည်သူတရပ်လုံးကို ဘယ်လို ချပြပြီး စည်းကမ်းကျနစေမှာလဲ  ဘယ်ကစကြမလဲ  ကိုကိုယ်တိုင်ကစမှဖြစ်မယ်ဗျ  သူများကိုလက်ညိုးထိုးနေမယ်အစား ထိုးမယ့်လက်တွေကိုရုပ်ပြီး ရှေ့ကလုပ်ပြသင့်ပြီးထင်တယ်လေ…..။။။ ““အမဲတွေ့တုန်း..ဓါး မတုံးစေနဲ့”” ““ငါးမရ ရေချိုးပြန်”” ““အကြွေးဆိုရင်..ဆင်သက်စေ့ဝယ်”” ကျုပ်တို့မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို ပြင်မယ်ဆိုရင်တော့ အောက်ခြေကစရမှာပဲ ဒီနေရာမှာလူတော်တော်များများ ရဲ့ အကျင့်တန်တဲ့ စိတ်ဓါတ်အချို့ကိုပြောချင်သေးတယ် အလှူကြီးအတန်းကြီးပေးတဲ့ သဒ္ဒါတရားရှိကြသူတွေရှိသလို အဲဒီသဒ္ဒါကို ပျက်အောင်ဖျက်ကြတဲ့လူတွေလဲရှိပြန်တာပဲ  ရပ်ကွက်ထဲကြည့်မိရင်ပဲသိသာလှတယ်ပါတယ် အလှူအိမ်သွားလို့ ဖိနပ်အသစ်ထုတ်မစီးရဲတဲ့ အဖြစ် စီးသွားမိရင်တောင် […]


ဤစာပိုဒ်ပါ အကြောင်းအရာများအား ဇာတ်မင်းသားဆိုငိုပြောသံဖြင့် ဖတ်ရှုပါရန် လေးစားစွာကြံစီရေသားအပ်ပါသည်။။ **ဘီလူးမင်းကြံစီခန်း(၁)** အပြင်အဆင်။။။။ နောက်ခံကားချပ်မှာကား ကျူးကျော်ရပ်ကွက်မြောင်းပုတ်အနီး တစ်ထီးတစ်နန်း ဘုံရိပ်နန်းနှင့် နတ်ပေါင်းခြံရံ ဘီလူး မြို့တော်အခန်းအားရေးဆွဲထားစေ။။။ (အဝတ်အစား) အချွန်အတက် ကိုယ်ရောင်ထွက်စေသော စီးကရက်ရွှေ ဘော်ကြယ်ပြိုးပျက် ချက်ကျောက်တွေနဲ့တဖျပ်ဖျပ်လက်အောင် လက်ကတော့ချွန် နတ်စလွယ်မွန်လျှက် လက်တစ်ဖက်ကဘော့ပင် တစ်ဖက်ကကျောက်သင်ပုန်း ကိုင်ဆောင်ကာ ဇကောနှစ်ချပ် ဒုတ်တပ်ဤ စီးကာ ဘီလူးမင်းထွက်ရမည်။။။။ (ကားလိပ်ဖွင့် ) ။။။ဘီလူးမင်းပြော။။။။ (နတ်စည်ညိမ်ညောင်းစွာတီးထားစေ) ယခုတစ်ပါတ်တွင်မတော့ ကျွန်နုပ် အမောင်ဘီလူးမင်း သည်ကား ဇကောနှစ်ချပ် ဖင်ကြားညှပ်လျှက် တရံမအား အလုပ်များလျှက်ရှိလေသော် မန်းတလေးလူမိုက် သူဌေးဂိုက်နှင့် ငပေ ငမိုက်ဘီယာကြိုက်သူမှ  တစ်ရံတစ်ခါကွန်ယက်ပျောက် ဆက်သွယ်မှုအပြင်ဘက်ရောက်ရောက်သွားတတ်လှစွာသော  ကျွန်နုပ်၏ စုတ်လှနုံစွာ ဖုန်းကွန်ခြာသို့ ကူးလာချိတ်ဆက်  မန်းတလေးတွင်အနေခက်သောကြောင့် နက်ဖန်သဘက် ရန်ကုန်တက်လာမည့်အကြောင်းနှင့် မဒံပေတဖက်လှည့်နဲ့  […]


အမျိုးသမီးအများစုအတွက် ခရီးသွားလာကြတဲ့အခါအမှာ အသုံးပြုတဲ့ယာဉ် ကား/ရထားများအပြင်လမ်းမကြီးငယ်များပေါ် မှာပါကာယိန္ဒြေပျက်ပြားအောင် ပြုလုပ်လျှက်ရှိကြတာကို အခုအခါ တော်တော်များများတွေ့မြင်လာရပါတယ် ညနေပိုင်းလို လိုင်းကားကြပ်ချိန်/မီးရထား ကြပ်ချိန်များမှာ မိန်းခလေးအများစုဟာ ဒီလိုအဖြစ်မျိုးတွေနဲ့ရင်ဆိုင် တွေ့နေရတတ်တာပါပဲ အများအားဖြင် အမူးသမားနဲ့ တဏှားရူးတွေဟာ ဒီလိုအကွက်ကောင်းကိုချောင်းပြီး မိန်းခလေးတွေအပေါ်  ကျူးလွန်း တတ်တာပဲလေ  ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်တစ်ခုကတော့ …../// ““ကိုကျော်မြင့်သန်း””  ဒီဘိုတော်နဲ့က ဘော်ဒါဘော်ကျွတ်တွေပဲလေ တစ်ခါတစ်ရံ ရုံးကနေ စောစောအပြင်ထွက်ဖြစ်တဲ့ ရက်တွေဆို ဒီဘိုးတော် လင်မယားနဲ့ဆုံနေကျ သူငယ်ချင်းဆိုပေမယ့်  သူကအသက်ကြီးပါတယ်လေ ကျုပ်ကတော့ သူ့ကို ““ကိုမြင့်သန်း””လို့ခေါ်လိုက်တာပဲ သူတို့လင်မယားသဘောကောင်းကြပါတယ် ကိုမြင့်သန်းကသာ နည်းနည်းလေး စိတ် ဆတ်ပေးမယ် သူ့မိန်းမကတော့ခပ်အေးအေးရယ် ကျုပ်တိုနှစ်ယောက်ဘီယာထိုင်သောက်လဲလိုက် အရက်ဆိုင်သွားလဲလိုက် လက်ဖက်ရည်ဆိုင်ထိုင်လဲ လိုက်ရှာတာပါပဲ အရက်ထိုင်သောက်လို့ ရေချိန်လွန်ပြီဆိုမှဖြင့် မိန်းမလုပ်သူခမျာ ကိုမြင့်သန်း ကို တွဲပြီးပြန်ရရှာလေတာပဲ ဒါပေသိ […]


                                                                     သူတို့ဘာတွေတိုးနေကြတာလဲ?( ဘဏ် ဆောင်ရွက်ခငွေသွင်းဘို့ပါ) မြန်မာနိုင်ငံမှာ ဘဏ်စနစ်ဟာ အတော်အတန်ထွန်းကားနေပြီဖြစ်ပါတယ် ယခုရက်ပိုင်းလေးမှာတင်  ပြည်သူတွေ အလွယ်တကူ အသုံပြုနိုင်ရေးအချို့ဘဏ်များဟာ မိမိတို့ရဲ့ ကာစတန်မာများ အတွက် ATM စံနစ်နဲ့  ချက်ခြင်းငွေထုတ်ယူနိုင်တဲ့စက်တွေတောင်တပ်ဆင်နေကြပါပြီ  ပုဂ္ဂိုလိက ဘဏ်များမှာတော့  ကာစတန်မာများအတွက် ဘဏ်ရှေကားရပ်လိုက်တာနဲ့တင် ကားတံခါးဖွင့်ပေးသူ ကားပါကင် အဆင်ပြေအောင်ဆောင်ရွက်ပေးသူ ပါလာတဲ့ပိုက်ဆံထုတ်ကြီးငယ် တွေကို စိတ်ချလက်ချ သယ်ပို့ပေးသူတွေအပြင်  ဘဏ်အတွင်းမှာလဲ  ကာစတန်မာများရေနွေကြမ်း အအေး လက်ဖက်ရည် စသည်များ အပြင်အေးချမ်းစွာ နားနေနိုင်တဲ့ နေရာ ကိစ္စကြီးငယ်ကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ပေးနေတဲ့  ဝန်ထမ်းတွေ  စောင့်ဆိုင်ရမယ်ကိစ္စမှာ စောင့်ဆိုင်းရမှာဖြစ်ကြောင်းရှင်းပြသူ လွယ်ကူတဲ့အရာဆို ချက်ချင်းပြီးအောင်ဆောင်ရွက်ပေးမယ့်အကြောင်းရှင်းပြသူ ငွေလွဲ/ငွေအပ်/ ငွေထုတ် အရာအားလုံအဆင်ပြေလွယ်ကူနေသော်လည်း။။ ရန်ကုန်မြို့ရဲ အထင်ကရ  MICB ကြီးကတော့ ဒီလိုမဟုတ် အခြားလုပ်ငန်းပိုင်ဆိုင်ရာတွေ ဝန်ဆောင်မှုတွေ အတွက်တော့ အစိုးရ […]


ခါးပိုက်နှိုက်ဖမ်းခြင်း..။။ ရုံးကထွက်လာကတဲ့ လူကပုံမကျ ပန်းမကျဖြစ်နေတာဗျ တစ်ဖက်ကအိတ်တစ်လုံး တစ်ဖက် အိတ်နဲ့မဆံလို့ ဖိုင်တွဲနဲ့ ထည့်ထားတာကတစ်ဖက် သူများကုမ္ပဏီ ကိုပေးရမယ့် ဒေါ်လာ သုံးထောင်ကျော်က အိတ်ထဲမှာ  ဒီကြားထဲ FEC နဲ့ရှင်းရမယ် invoice တွေကတစ်ထပ်ကြီး FEC ကနည်းတော့ င်္အကျီ အိတ်ကပ်ထဲပဲ ထည့်ထားလိုက်တယ် လူတစ်ကိုယ်လုံးကြည့်လိုက်ရင် လက်နှစ်ဖက်လုံးကမအား င်္အကျီ စင်ပယ် တွေကတစ်ထုပ် သိတ်စိတ်ရှုပ်ဖို့တော့ကောင်းသားဗျ..ကျုပ်ကလဲ ဒီအဖြစ်မျိုးဖြစ်မယ်လို့ကို ကြိုမတွေးထားတာ.. လမ်းထိပ်ရောက်တော့ ပိုက်ဆံသက်သာခြင်တာနဲ့ ကားမငှားတော့ပဲ ရွှေပေါက်ကံစက်မှုဇုံဘက်သွားတဲ့ (၁၀၂) လိုင်းကား ကလဲ ချောင်နေတာနဲ့ ခပ်သွက်သွက်ပဲ တက်လိုက်တယ်လေ …ဒီကောင်ကျုပ်ကိုဘယ်အချိန်ထဲက ကြည့်နေတယ်မသိဘူးဗျ ကားထွက်ခါနီးမှ ခုန်တက်လိုက်တာသတိထားမိတယ်လေ င်္အကျီက လက်ရှည် အစိမ်းရောင် နဲ့ လွယ်အိတ်တစ်လုံးလွယ်ထား သေးတယ် လူပုံကအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အသားက […]