ဂျပန်နိုင်ငံထုတ်မော်တော်ယာဉ်များတွင် ပါဝင်သော မီခိုးထုတ်ပိုက်မှ ကာဗွန်စစ်ထုတ်ပေးသော  ကျောက်စစ်ဆန်ခါ များအား ယခုအခါ မြန်မာနိုင်ငံဈေးကွက်အတွင်း တစ်ပိဿာလျှင် ကျပ် ၁၀၀၀ဝ ဝန်းကျင်ပေး၍ ဝယ်ယူလာကြသည်ဟု သိရပါတယ် ၊ ထိုကျောက်စစ်ဆန်ခါများမှာ မော်တော်ယာဉ်၏ အင်ဂျင် အပူနှင့်  အသံအားထိမ်းချုပ်လုပ်ဆောင်ပေးသော အရာများဖြစ်ပြီး ယခင်က အသစ်တစ်ခုလျှင် အကြီးအသေးအလိုက် ကျပ်၁၃၀၀ဝ မှ ကျပ် ၃၀၀၀ဝ ထိ ရောင်းချလျှက်ရှိပြီး  ယခုအခါ အသုံးပြုပြီးသော ကျောက်ဆန်ကာများအား စွန့်ပစ်ရန်မလိုတော့ကြောင်းသိရ သည်။ အဆိုပါကျောက်စစ်ဆန်ကာအဟောင်းများအား  ယခုနှစ်ဖေဖေါ်ဝါရီလခန်မှစတင်ကာ တစ်ပိဿာလျှင် ၃၀၀ဝ ကျပ်မှစတင်ဝယ်ယူလာရာ လက်ရှိ အချိန်တွင် ကျပ်တစ်သောင်းခန့်အထိ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည် စွန်ပစ်ဆန်ကာများမှာ အရွယ်အစားအလိုက် (၅၀)ကျပ်သားမှ (၇)ပိဿာခန်အထိ ရှိနိုင်သည်ဟုသိရသည်၊၊ ယင်းကျောက်စစ်ဆန်ကာများအား ရှမ်းပြည်နယ်ဘက်မှ လာရောက်ဝယ်ယူကြခြင်းဖြစ်ပြီး သင်္ဘောဆေးထုတ်လုပ်ရာတွင် အမှုန့် ကြိတ်ကာ […]


““ဟေ့လူ…ထထ ရွာရောက်ပြီဗျ”” အောင်မယ်…ဒီစပါယ်ယာကြောင်တောင်တောင် နဲ့ လူကိုများရွာရောက်ပြီလာပြောနေသေးတယ်စီးလာတာနေပြည်တော်ကားကိုများ ““ဘာရွာရောက်တာလဲ နေပြည်တော်သွားမှာဗျ  မင်းရှုးနေလား”” ““အာ…ဘာနေပြည်တော်လဲဗျ ဒါရွာကား…. ဂိတ်ဆုံးပြီး ရွာထိပ်မှာနောက်ဆုံးဂိတ်ပဲ ပြီရင် ဒေါ်ဆူးမအိမ်နောက်မှာသွားရပ်မှာ”” ပြဿနာတက်ခြေပြီ ကျုပ်ကားမှားစီးမိလေသလား စဉ်းစား၏ မဖြစ်နိုင် ဘေးမှ အမူးသမားအားကြည့်သော် အရက်မူးရင်း မင်္ဂလ သုတ်ရွတ်နေလေ၏ ထိုသူ၏အသားက အတန်ငယ်မဲ၏ အနက်ဘက်သိုလု၏ အသေချာကြည့်သော် အနက်နုရောင် ပေါက်၏ ကျုပ်လဲ မူးမူးနှင့်စောဒက တက်၏ ..။။။ ““ဒီအသားအနက်နုရောင်နဲ့လူကျဘာလို့မဆင်းခိုင်းတာလဲ”” ““ဟာသူက ဒေါ်ဆူးမအိမ်နောက်က တဲမှာနေတဲ့ ဘုရားကိုးဆူ ဆရာ ဗျ သူက လမ်းသင့်လို့ဆက်လိုက်မှာ”” နည်းနည်းတော့မကျေနပ် ဒီကောင်တွေမောင်းချင်ရာမောင်းလာတာနေမည် ဆင်းရမည်ဆိုတော့လဲ နေလို့မဖြစ်ဆင်းမှရတော့ လေသည် ကားပေါ်မှဆင်းလေသော် ခန်ညားထယ်ဝါသော ရွာအဝင်ဆိုင်းဘုတ်အားတွေလေသော် ဖတ်ကြည့်၏ ဖတ်ရန် ခက်လေစွ ဘိုလိုရေးထားခြင်းဖြစ်၏ တတ်သမျှ […]


    ရန်ကုန်ဖက်ကမ်းကမ်းကနေ ဒီလိုတိုးကြိတ်စီးလာရတာ ပန်းတွေကများနေတယ် ပန်းတွေပြိုကျကုန်လို့ အနားမှာထိုင်နေတဲ့ကောင်လေး ထပြီးပြန်ထိုးပေးရတယ် ရှေးဟောင်းဘုရားလေးတွေ ရှင်ဥပ္ပဂုတ်တ ကိုယ်တော် စံကျောင်း ဘိုးတော်သကြားရုပ်ထု တန်းဆောင်းထဲက ရုပ်ပွားတော် ပြန်ပြီဗျာ ရန်ကုန်ဘက် နောက်ဆုံးပုံ ကျောက်တန်းမြို့က  ““ကျိုက်မှော်ဝန်း ””ရေလယ်ကျောက်တန်းစေတီတော် လပြည့်နေ့ ရဲ ဘုရားအသွား မှတ်တမ်းရိုက်မိသမျှလေး ပြန်ရှဲပေးလိုက်ပါတယ်။။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ကျုပ်တော့ ဘာ ကားစီးစီး ဘုရားကြီးဆူးရပါစေရဲ့ ခုံခြင်းကပ်လျှက် သံဃာတော်နဲ့မကျပါစေနဲ့ သီလရှင်ဆရာကြီးတွေနဲ့ကပ်လျှက်မကျပါစေကြောင်းဆုတောင်းရတာအမောပါပဲ နေပြည်တော်သွားလဲ ဒီတိုင်းပဲ “အိတ်စားပျက်” (“အိတ်စ်ပါတ် ဟုဖတ်ပါရန်)ကားတွေလက်မှတ်ဖြတ်လေတိုင်း သံဃာတော်နဲ့ ခုံခြင်းကပ် မပေးဖို့ အတန်တန် ကားဂိတ်ကိုသတိပေးရတာကလားဗျ  …ဒါကလဲ ကိုယ်အကြောင်းနဲကိုယ်လေသံဃာတော် များနှင့်အတူစီးရသော် အဂါရဝ မဖြစ်ရန် အထူးဂရုပြုနေထိုင်သောကြောင့်ဖြစ်လေသည်  ဒါပေမယ့် …………. ကောင်းမလေးချောချောများ ခုံခြင်းကပ်ရလို့ကတော့ မျက်စိလေးမှေး ပြီး တစ်စိမ့်စိမ့် အလှအပတွေအရသာခံကြည့်သွားတာများ နေပြည်တော်ရောက်လို့ဆင်းရမယ်ဂိတ်ကျရင်တောင် စပယ်ယာက ဂုတ်ဆွဲချရမတတ်ပါပဲ..။။။။။ ဒီနေ့လဲ နေပြည်တော် သွားရမယ် မနက်တည်းကကားလက်မှတ်ဖြတ်ပြီးသား ရုံးက ည(ရးဝ၀)နာရီထဲက ကားစောစောထွက်မှာ အကြောင်းပြပြီးလစ်လာလိုက် အိမ်ရောက်အောင်သုတ်ချေတင်ရတာပေါ့ မသွားခင်လေးတော့ အိမ်မှာနည်းနည်းလောက်အရှိန် လေးဘာလေးတင်သွားရမှာဗျ အရှိန်တင်တယ်ဆိုလို့ တစ်မျိုးမထင်နဲ့ဗျ  အရက်သောက်ဘို့ပြောတာလေ….။။။ အရက်ဆိုလို့ ကျုပ်တို့လူမျိုးတွေကလဲ အရက်သောက်ရင်သောက်တယ်ပေါ့ဗျာ ဟိုဟာဒီဟာနဲ့ အရက်သောက်တာကို နာမည် […]


(CMP)အထည်ချုပ်အသင်းမှ One Stop Service ဖျက်သိမ်းစေလို..။။။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဟာ အထည်ချုပ် လုပ်ငန်းရှင်များရဲ့ အကျိုးကို ရှေ့ရှုပြီး နေပြည်တော် မြို့တော်ကြီးစတင် ပေါ်ပေါက်လာတဲ့ အခါမှာတော့ နိုင်ငံရဲ့ ရုံးစိုက်ရာမြို့ အဖြစ်သတ်မှတ်ပြီး ရန်ကုန်မှ ရုံးဌာနအတော်များများကို နေပြည်တော်သိုပြောင်းရွှေ့ခဲ့စဉ်က အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးမြင့်စိုးနှင့်အဖွဲဝင်များအသင်းသားများဟာ နေပြည်တော်ကို (CMP) လိုင်စင်များလျှောက်ထားရာမှာ ခရီးဝေးကွာခြင်း ထိုစဉ်က ဟန်းဖုန်းနှင့် ဖက်စ်ဖုန်းများမရှိသေးခြင်း အင်တာနက်အသုံးမပြုနိုင်သေးခြင်း နေပြည်တော်ကုန်သွယ်ရေးဦးစီး ဌာနသို့ သွားရောက်လျှောက်ထားသော ဝန်ထမ်းများ၏ အားနည်းချက်ကြောင့် ၎င်း ကုမ္ပဏီ၏အားနည်းချက်ကြောင့် ၎င်း စာရွက်စာတမ်းလိုအပ်ချက်များပေါ်ပေါက်လာပါ နေပြည်တော်ရန်ကုန် အသွားအပြန် စာရွက်စာတမ်းကိစ္စနှင့် အချိန်ကုန်သက် သာစေရန်တို့အား အသင်းသားများအား အစည်းဝေးခေါ်ကာ ရန်ကုန်တွင်ပင် စာရွက်စာတမ်းစုံ/မစုံ စစ်ဆေးပေးမည့် အဖွဲလေး တစ်ခုဖွဲ့ကာ  ထိုအဖွဲအစည်း၏ […]


အရက်။။။။။။။။။။။။။ အရက်ဆိုတာ မူးတတ်၏ မူးသော် လူမှန်းသူမှန်မသိဖြစ်၏ ပုဆိုးမနိုင်ဖြစ်၏၊ ပြောခြင်ရာပြောတတ်၏။ မကျေနပ်ချက်များရင်ဖွင့်တတ်၏ ။ ရန်စရှိသူများကိုရန်စချင်၏ အကြောင်းမဲ့ပြဿနာရှာ၏။ ယခင်က ကြောက်ခဲ့ရသူများကိုစိန်ခေါ်တတ်၏  ။ အရက်သောက်သက်မရင့်သူများက ငိုကြီးချက်မ ငိုကြွေးတတ်၏။ ငိုကြွေးသော်လည်း ဘာကြောင့်ငိုမှန်းမေးလျှင်ကားမဖြေတတ်ဖြစ်၏။ အထက်လူကြီးအား  ပြန်မပြောဝံသော်လည်းမူးနေစဉ် စောင်ပေပေ ဘုရှိုးရှိုးတတ်၏ ။ မိန်းကလေးများမြင်က စောင်းငန်းစောင်းငန်းဖြင့် သရေကျကာ ခြေလှမ်းမမှန်ဖြစ်တတ်၏ ။ မူးနေစဉ်ဘာမှမသိဟု အမူးပြေစဉ်ပြောတတ်၏ ။ မမူးခင်ပြသနာမရှိသော်လည်း မူးလာသောအခါ ဘီလ် ထဲမှတ်ထား နောက်မှပေးမယ်ဟု ဂျစ်ကန်ကန်လုပ်တတ်၏။ နှစ်ယောက်သောက်သော် အပြန်တွင်မတွဲလေနှင့်မူးတယ်ထင်၍ တွဲမိပါက ပိုမူးပြတတ်၏။ ဒီအတိုင်းလွှတ်ထားလိုက်ပါက လေးဘက်ထောက်သွားစေရကာမူ အိမ်ရောက်အောင်ပြန်တတ်၏၊။။ မည်မျှမူးသည်ဖြစ်စေ အိမ်ပေါက်ဝနှင့်နီးလာလေ ခြေလှမ်းမှန်လာလေဖြစ်၏။ လေးဘက်ထောက်ပြန်လာ သူက ယိုင်ထိုးယိုင်ထိုးနှင့် နိုင်သမျှကျိုးစားလျှောက်၏၊ ယိုင်ထိုးယိုင်ထိုးပြန်လာသူက တည့်တည့်မတ်မတ်လျှောက်ရန်ကျိုးစား၏၊ ခပ်ထွေထွေမူးသူကား […]


တစ်သံသရာမှာ….တစ်ခါပဲရမယ်။။ ကျုပ်တို့လူသားတွေ လူ့လောကကြီးထဲကိုလူရယ် လို့ အမိဝမ်းခေါင်းကို ခြေစုံကန်ထွက်လာကထဲက လူလောက လူဘဝ မှာ လူလူသူသူလျှောက်လှမ်းနိုင်ဘို့ ကောင်းမွန်မှန်ကန်တဲ့  “အဆုံအမ” တော့လိုအပ်မှာအမှန်ပါပဲ …ဆရာက တပည့်ကိုဆုံးမ တာ ဝါဒရှိသူက ဝါဒမဲ့သူကိုဆုံးတာ  ပညာရှိသူကပညာမဲ့သူကိုဆုံးမတာ မိဘက သားသမီးကိုဆုံးမတာ အဆုံအမတွေ အမျိုး မျိုး ရှိကြပါတယ်။။ အဆုံအမ မရှိတဲ့ လူ အဆုံးအမ မခံယူဘူးတဲ့သူ အနည်းဆုံး အယူဝါဒတစ်ခုခု ကိုမျှ သက်ဝင်ယုံကြည်မှုမရှိ တဲ့သူရဲ့ စိတ်သဏ္ဌာန်ဟာ အဝိဇ္ဇာ ဖုံးလွှမ်းပြီး အယူအဆ အတွေးအကြံများဟာ ကောင်းတာလဲရှိနေတတ်သလို မကောင်း တာများလဲ တွေကြံနိုင်ပါတယ် အဆုံးအမ မရှိခြင်းကြောင့် အကြောင်းအကျိုး အမှားအမှန်ကို မသိပဲ တွေးကြံ ပြောဆို လုပ်ကိုင် ကာ နေတတ်ပါတယ် ။။..ဘယ်လိုပုဂ္ဂိုလ် […]


ကိုယ်တိုင်ဗျူးသည်။။ ရှစ်မိုင်းလမ်းဆုံ ဓါတ်ပုံဆိုင်ကြီးရှိတဲ့ အိမ်ယာတိုက်ခန်းတွေ တွေနောက်ကကားပါကင်မှာထိုးရပ်ပြီး ကိုဝယ်စရာရှိတာလိုက်ဝယ် ခဏနေကားထဲပစ္စည်းပြန်လာထားတော့ အတူပါတဲ့ ရုံစတပ်က လူက ဂျန်းရှင်အိတ် ထဲမှာဘယ်လောက်သဝေထိုးနေတယ်မသိ့ဘူး ပြန်မရောက်သေးတာနဲ့ ထိုင်စောင့်နေလိုက်တယ် ထိုင်စောင်ရင်းပျင်းပျင်း ရှိတာနဲ့ ကားထဲက ကက်ဆက်ကိုဖွင့်ပြီး  ဆိုင်းစိုင်မော့ သီချင်းလေးနဲ့နှပ်နေတာပေါ့ ……. ““ဒေါက်ဒေါက်….ဒေါက်ဒေါက်”” ကားတံခါးကိုခေါက်တဲ့အသံ ဗျ ဒါနဲ့ ဘာလဲဟဆိုပြီး မှိန်းနေရာက ထကြည့် တော့  ချာတိပ်သေးသေးလေး တစ်ယောက် လက်ဝါးလေးတစ်ဖက်ဖြန့်လို့… ““ဘာလဲကွ..”” ““ထမင်းစားခြင်လို့ (၅၀)လောက်ပေးပါ”” လူကောင်ကြည့်တော့  သေးသေးလေး  ရှစ်မိုင်လိုနေရာမျိုးမှာက လူစုံသည် အဖေအမေကကွမ်းယာရောင်းနေတုန်း သားသမီးကိုမကြည့်နိုင် အဖေအမေအလစ် ကလေးတွေကပိုက်ဆံလိုက်တောင်းရင ်တောင်းနေတတ်တာ တစ်ကယ်တောင်းတဲ့သူတွေလဲရှိသည် …… ““မရှိဘူးကွ ငါလဲထမင်းမစားရသေးဘူး မင်းမှာပါရင်ငါကိုပြန်ပေးခဲ့ပါလား”” ““သားမှာမရှိလို့တောင်းတာပေါ့ဗျ ဦးကကားစီးပြီး ပိုက်ဆံမရှိဘူးတဲ့ လိမ်ပြောတယ်”” “““ဟ..ရှိတိုင်းပေးရမှာလားကွ ပိုက်ဆံဆိုတာအလကားမရဘူး […]


မျက်မှန်လေးနဲ့…ကိုယ်တော်.။။။ မိုးကလဲ အကျင့်မကောင်း တလမ်းလုံးကားမောင်းလာတာမရွာ ကမ္ဘားအေးဂမုန်းပွင့် ရှေ့ ကားရပ်ခါမှ ဝုန်းဒိုင်ကျဲ ဆော်ပလော်တီးတော့တာပဲ ဒါနဲ့ အသိတစ်ယောက် ရှိတဲ့ မျက်မှန်ဆိုင်လေးထဲ ပြေးဝင်လိုက်ရတယ် ။။ ““အကို ဘယ်ကမျက်စိလည်လာတာလဲ”” ““ဒီနားခဏလာတာပါဟာ မိုးရွာလို့ကွမ်းယာလဲစားချင်းတာနဲ့ ကွမ်းဝယ်ဖို့လာရင်းနင့်ဆိုင်မိုးဝင်ခိုဖို့ရောက်လာတာပဲ”” ““အော်..တော်တော် ရည်ရွယ်ကြီးမားစွာနဲ့ လာလည်တာပဲနော်”” ““လာလည်တာပဲ ကံကောင်းတယ်မှတ် ဒီတစ်လလုံး ယားလို့တောင်မကုပ်အားတာ နှစ်ပါတ်လောက်ရှိနေပြီဟ”” ဒီလိုနဲ့ပဲ အလာပ သလာပပြောရင်း ကျုပ်လဲ မိုးတိတ်အောင်စောင့်မယ်ပေါ့  ဟိုအကြောင်းဒီအကြောင်းပြောရင်းက မိုးရွာနေတဲ့ကြားက ချာတိတ်တစ်ယောက် ဆိုင်ထဲဝင်လာတာ တွေ့လို့ အသာကြည့်နေမိတယ်..။။။ ကောင်လေးက တက္ကသိုလ် ကျောင်းသားလေးပါပဲ သူဝတ်ထားတဲ့ အောက်ကပုဆိုးအပြာ အင်္ကျီအဖြူလေးကိုကြည့်ရင် သိသာပါတယ် သူမျက်နှာမှာ အတန်ငယ် ရှက်နေဟန်ပေါ်ပြီး မျက်မှန် တွေထည့်ထားတဲ့ မှန်ရှိုးကေ့စ် တွေကိုလိုက်ကြည့် နေပါတယ် ဆိုင်ရှင်အသိက…… […]


“ဒီနေ့တော့ ဒုက္ခရောက်တာပဲဗျာ” “ဘာလိုလဲဗျ” ……………………. “ဟာ….အကိုကလဲ ဒီနေ့ မနက်ထဲက  မိုးကလဲရွာ တာမွေ ဝေဇယန္တာ ဘက်မှာရေတွေကြီးလိုက်တာလဲမပြောပါနဲ့ …အော်ဒါလေး ရလို့လိုက်သွားပါတယ် ရတာက သုံးထောင်ရယ် (၃)နာရီလောက်ကြာသွားတယ် ကားရေမြုပ်ပြီး စက်ထိုးရပ်သွားတာ တော်တော် နဲ့ ပြန်နှိုးလို့မရ စိတ်ပျက်ဘို့ကောင်းတာပဲဗျာ” ““ ရေးကြီးတာက မိုးရွာတဲ့အချိန်လေးပါပဲဗျာ …လမ်းပျက်တာကတော့ တစ်မြို့လုံး နေရာအနှံပဲလေ..တစ်နေရာမှအကောင်းမရှိ တောဘူး”” “ဟုတ်ပါ့ အကိုရယ်….ဒီလောက်ချိုင့်တွေကျင်းတွေသာများတာဗျာ ပျက်နေတာကိုမပြင်ပဲ ပလက်ဖောင်းတုံးတွေချည်ပဲ ပြင်လိုက် ဆေးသုတ်လိုက် လိုက်လုပ်နေတာများ နေရာအနှံပဲ သူတို့ပလက်ဖောင်းများ လူမပြောနဲ့ ခွေးတောင်တက်မလျှောက်ဘူး” “ဒါလဲ ဟုတ်တာပဲ ဗျ သူတို့ဟာကတစ်ကယ်ပျက်တဲ့ဟာမပြင်ပဲ ခဏထားလို့ ရတဲ့ဟာတွေလိုက်ပြင်ပြီး ဆေးသုတ်နေတာတော့ ဖင်သနပ်ခါးလူးသလို  ဖြစ်နေပြီလေ”..။။။။။ ……………………… “ဒါကြောင့် ပြောတာပေါ့ စကားမစပ် တစ်နေ့ ကျွန်တော့်ကားငှားစီးတဲ့ […]


ကျုပ်တို့တစ်တွေ မင်းသားကြီးဖြစ်ချင်ပါသလား ပတ်မကြီးထိုးဖေါက်ပစ်မည် ခြိမ်းခြောက်တိုင်း မင်းသားဖြစ် မည်လော မင်းသားဖြစ်ရန် သင့်တွင်မင်းသားဖြစ်နိူင်လောက်သည့် အရည်အချင်း အချို့ရှိမှ မင်းသားဖြစ်နိုင်ပါသည် မင်းသားဖြစ်ရန်အတွက် သင့်တွင် ရုပ်ရည်အတန်အသင့်လည်းရှိ  အဆိုအငိုအပြော လေ့လာထားမှုအားကောင်း ဇဝနညာဏ် လည်းရွှင်  မရှက်မကြောက်ရှိပြီး  စကားကြွယ်တတ်ရမည် အမှုအရာကောင်းရမည်  စာပေ ဗဟု သုတ လည်းအတန်အသင့်ရှိပေမှ  မင်းသားဖြစ်မည် အဓိက ကတော့ အနုပညာ ဝါသနာဗီဇ ပိုး ရှိ ရမည် ဘယ်လောက်ပင် ဝါသနာရှိ ပါစေ အထက်ပါအချက်တွေ အပြင် ရှေး အစဉ် အဆက် မင်းသားကြီး၏နည်းနာကိုလည်းမှတ်သား နာယူနိုင်မှသာ မင်းသားဖြစ်နိုင်သည် ။။။ ကျွန်နုပ်တိုလူတွင်လည်းဘယ်လောက်ပင် အောင်မြင်ချင်သည်ဖြစ်စေ အောင်မြင်လိုစိတ် ရှိမှသာအောင်မြင်နိုင်ပေမည် အောင်မြင်ချင်စိတ်အား ထပ်မံအားကူ တွန်းထိုးပေးနိုင်သည် အောင်မြင်အောင်လုပ် မည်ဟူသော“ ပိုး” […]


တွေရကြုံရ ..တစ်ကယ့်ဟာသ။။။ ““သတင်းခေါင်းစဉ်”” အဲဒီ ရွာကြီးမှာပဲပေါ့ဗျာ အဲဒီရွာကြီးဆိုလို့မေ့သွားအုံးမယ် သာရဝေါရွာကြီးပေါ့ ဒီရွာက ဧရာဝတီမြစ်ကမ်နံဘေး  ရှိတဲ့ရွာလေဗျာ  မြစ်ကမ်းဘေးရှိဆိုမှတော့ တံငါ သမားတွေလဲရှိပေါ့ဗျာ.. တံငါဆိုလို့ တံငါသမား ထဲမှာ““ ကိုအောင်ရွေ””” ကိုတော့ဘယ်သူမှမမှီ ဒါက ကျွန်တော့ ကိုယ်တွေ့ လေဗျာ သူက ဧရာဝတီမြစ်ကမ်းစပ်တင် တဲထိုးနေတာကလား  အချိန်တန်ပိုက်ချ ရတဲ့ငါးလေး ရွာပေါ်တက်ရောင်း ဒီလိုလုပ်ကိုင်စား သောက်နေတာကလား တံငါဆိုလို့ အထင်မသေးနဲ့ မောင်ရေ ကမ္ဘာကြီးနဲတော့ မျက်ချေမပြတ်ဘူးဗျ ဘယ်သွားသွား ဘယ်လာလာ သူ့သား ရန်ကုန်မှာအလုပ်လုပ်တယ်ဆိုလား သူပြောတာပါပဲ သူ့သားဝယ်ပေးထားတဲ့ ရေဒီယိုလေးက အမြဲသူနဲ့မကွာပါလေရဲ့ ကိုယ့်နဘေးနား ရေဒီယိုသံသဲ့သဲ့ကြားလို့ကတော့ လှည့်မကြည့်နဲ့ ကိုအောင်ရွှေကြီး ရောက်နေတယ် အတတ်သိရတာကလား ဗျ စားရင်လဲ ရေဒီယို သွားရင်လဲရေဒီယို အိပ်ချိန်တောင် ရေဒီယိုကြီး […]