တွေရကြုံရ တစ်ကယ့်ဟာသ..။။။ ကျုပ်တစ်ကယ်ကြုံခဲ့ရတာပဲဗျ  ဒီလူကြီးတွေ ဒီလောက်နောက်တတ်ပြောင်တတ်မှန်းမသိခဲ့ဘူးလေ ကြုံခဲ့ရတာတော့ အမျိုးမျိုးပါပဲ အဲဒီထဲက အမှတ်ရစရာတွေကတော့ ……။။။။။ ““မင်းယောက္ခမ က ဝဝကြီးကွ”” မနက် ထဲ့က ကိုယ်တာဝန်ရှိလို့သာ  သွားရတာ တစ်ကယ်တော့မလွယ် သာရဝေါ ဇီးဖြူကုန်းရွာမ ကညင်တို ပျဉ်းကတိုး ကုန်း ဆိုတဲ့ ရွာတွေဟာ ဧရာဝတီ မြစ်ကမ်းဘေးက ရေကြီးမှာစိုးလို့ ရေကာတာဘောင်အရှည်ကြီး ဖို့ပြီး ရေအန္တရာယ်ကာ ကွယ် ပြီးနေကြရတဲ့ ရွာကြီးတွေပေါ့ မိုးတွင်းဆိုလို့များကတော့ ရေကတာဘောင် ကိုတိုက်နေပြီ ကမ်းပြိုမှာကြောက်ရ တာဘောင်ပြိုမှာကြောက်ရနဲ့ ရင်တထိတ်ထိတ် နေရတဲ့ ဒေသပေါ့ အဲဒီဒေသကလူတွေအကုန်လုံးဒီတာဘောင်ကြီး အားကိုး နေရတယ် ဆိုရင်မမှားဘူးဗျ ဘယ်ရွာသွားသွား  ဒီတာဘောင်ပေါ်ကသွား ခြေကျင် ဆိုင်ကယ် စက်ဘီး အကုန်စီးလို့ရတယ် လေ အဲ.ဒါပေမယ့် မိုးတွင်းဆိုရင်တော့မစဉ်းစားနဲ့တော့ဗျို့ […]


အမှန်တော့ဒီလူကြီးမကောင်းတာဗျ… ကျုပ်ဟာကျုပ် ဆိုရှယ်ဆိုဒ်လေး မှာ စာလေးရေးလိုက် တက်လာတဲ့ ကောမက် လေးဖတ်လိုက် “ကောင်းလိုက်တာ”  …… “ထပ်ရေးပါအုံး” ….. “စောင့်ဖတ်နေတယ်နော်”…..“အားပေးပါတယ်” …ဒီဆယ်ကျော်သက်လေး တွေရဲ့ ဘဝင်ကြိုက် သိပ်မိုက်နေပြီထင်တာ ကောမက်လေးတွေကြည့် ဒူးလေး နှမ့်ပြီး  လူရွှင်တော်တွေပြောသလိုဆို ငါခူးပြုံးလေးနဲ့ပေါ့ ဒါပေမယ့် ဒီနေရာရောက်မှ ဒီလူကြီးလုပ်လို့ ကျုပ်မှာ အဲဒီဘက်တောင်ခြေဦး မလှည်ဖြစ်ဘူုး ကျုပ်ဆိုတဲ့ကောင်ကလဲ နည်းနည်းတော့ဆိုးသားဗျ ဘာပစ္စည်းဝယ်ဝယ် ဂရန်တီပါသလား ကံစမ်းမဲပါသလား ဒါကြည့်ဝယ် တဲ့ကောင် ဒီဆိုဒ်မှာဒီလူကြီးလုပ်လိုက်တာနဲ့  ကျုပ်မှာ ဘယ်ရောက်ရောက် အင်တာနက်ဆိုင်ပြေးရ ကိုယ့်ဝယ်ထားတဲ့ နက်ဘုဒ် ခေါ်လား နုတ်ဘုတ်ခေါ်လား  အဲဒါကြီးအလေးခံသယ်ပြီး အင်တာနက်ဖရီးဇုန် ရှိတဲဆိုင်  လေအောင့်ခံ ကော်ဖီသောက်ပြီး ဒါကြီးပဲဖွင့်ဖွင့် ကြည်နေရတာ အဲဒါကြီးလေးတယ်ထင်ရင်တော့ အိုင်ပက်လား  အိုင်မပက်တာလား ကျောက်သင်ပုန်း အသေးစားလေးနဲ့ […]


ကားကတော်တော် ဒုက္ခပေးနေပြီး ကုမ္ပဏီကဝယ်လိုက်တာပဲ ကားဝယ်တယ်ဆိုပေမယ့် အသစ်တော့ဘယ်ဟုတ်မလဲဗျ မြန်မာပြည်မှာ စက်ရုံထွက် ကားအသစ်စီးတဲ့ လူတန်းစားတွေကသပ်သပ်ရှိတာပဲ ကျုပ်တို့ လိုလူတွေကတော့ အပေါ်ဝိုင်း အောက်ဝိုင်း ဝိုင်းတကာဝိုင်း ကုန်အောင်သွားရှာ ဒါမှမဟုတ် ပွဲစားနဲ့ရှာ ဂျာနယ်ကြော်ငြာထားတာတွေလိုက်ကြည့် ဒီလောက်ပဲပေါ့  နောက်ဆုံး ပွဲစားအစပ်အဟပ်နဲ့ပဲကုမ္ပဏီအတွက်ဝယ်လိုက်ရတယ် ကားကတော့ အကြောကိုတင်းနေတာပဲ  ပွဲစားကလဲ မကောင်းရင် နှစ်ဆပြန်ပေးမယ်ဘာညာ အာမဘန္ဒေ ခံနေ မှတော့ ကျုပ် လည်းသူဌေးကိုယ်စား မျက်စိဇွတ်မှိတ်ပြီးကောင်းတယ်လုပ်လိုက်ရတယ်  ဟုတ်တယ်လေးကျုပ်မှအကုန်နားမလည်တာကို မောင်းကြည့်တော့လဲကောင်းနေတာပဲ နောက်မှတစ်ဖြေးဖြေးသိလာတာက……………. အရှေ့ကမီးကြီးသိပ်မလင်းတာရယ် ယာဉ်မောင်းဘက်ကတံခါးပိတ်ရင်အံမကျတာရယ် ရှေ့လေကာမှန်က မိုးယိုတာရယ် ဝိုင်ဘာက တစ်ချက်တစ်ချက် ထစ်ထစ်နေတာရယ် နောက်တံခါးက လိုင်နာအချို့ပြတ်ထွက်နေတာရယ် အဲယာကွန်းဖွင့်မောင်းရင် Heat တက်တာရယ် အင်ဂျင်အောက်ဖက်က ဆီတွေတစ်စက်တစ်စက် ယိုကျနေတာရယ် ဂီယာထိုးရတာ ကြပ်နေတာရယ် မောင်းနေရင်း စတီယာရင်က  ညာဘက်ကိုဆွဲနေတာလေးရယ်  […]


ကားကတော်တော် ဒုက္ခပေးနေပြီး ကုမ္ပဏီကဝယ်လိုက်တာပဲ ကားဝယ်တယ်ဆိုပေမယ့် အသစ်တော့ဘယ်ဟုတ်မလဲဗျ မြန်မာပြည်မှာ စက်ရုံထွက် ကားအသစ်စီးတဲ့ လူတန်းစားတွေကသပ်သပ်ရှိတာပဲ ကျုပ်တို့ လိုလူတွေကတော့ အပေါ်ဝိုင်း အောက်ဝိုင်း ဝိုင်းတကာဝိုင်း ကုန်အောင်သွားရှာ ဒါမှမဟုတ် ပွဲစားနဲ့ရှာ ဂျာနယ်ကြော်ငြာထားတာတွေလိုက်ကြည့် ဒီလောက်ပဲပေါ့  နောက်ဆုံး ပွဲစားအစပ်အဟပ်နဲ့ပဲကုမ္ပဏီအတွက်ဝယ်လိုက်ရတယ် ကားကတော့ အကြောကိုတင်းနေတာပဲ  ပွဲစားကလဲ မကောင်းရင် နှစ်ဆပြန်ပေးမယ်ဘာညာ အာမဘန္ဒေ ခံနေ မှတော့ ကျုပ် လည်းသူဌေးကိုယ်စား မျက်စိဇွတ်မှိတ်ပြီးကောင်းတယ်လုပ်လိုက်ရတယ်  ဟုတ်တယ်လေးကျုပ်မှအကုန်နားမလည်တာကို မောင်းကြည့်တော့လဲကောင်းနေတာပဲ နောက်မှတစ်ဖြေးဖြေးသိလာတာက……………. အရှေ့ကမီးကြီးသိပ်မလင်းတာရယ် ယာဉ်မောင်းဘက်ကတံခါးပိတ်ရင်အံမကျတာရယ် ရှေ့လေကာမှန်က မိုးယိုတာရယ် ဝိုင်ဘာက တစ်ချက်တစ်ချက် ထစ်ထစ်နေတာရယ် နောက်တံခါးက လိုင်နာအချို့ပြတ်ထွက်နေတာရယ် အဲယာကွန်းဖွင့်မောင်းရင် Heat တက်တာရယ် အင်ဂျင်အောက်ဖက်က ဆီတွေတစ်စက်တစ်စက် ယိုကျနေတာရယ် ဂီယာထိုးရတာ ကြပ်နေတာရယ် မောင်းနေရင်း စတီယာရင်က  ညာဘက်ကိုဆွဲနေတာလေးရယ်  […]


ကြုံရဆုံရ မန်နေဂျာဘဝ..။။ အရင်တုန်းထဲက မသင်္ကာတာပဲဗျ ဒါပေမယ့် အဲဒီနေရာမှာ လူကလည်းမရှိ အစားထိုးဖို့ ဝန်ထမ်းကလည်းခက်လေတော့ အလုပ်ခေါ်စာ ကြော်ငြာကပ်ပြီး ခေါ်လိုက်ရတာပဲလေ အဲဒီတော့ လာပြီးအလုပ်လျှောက်တဲ့ သူတွေထဲကမှ သတ်မှတ်ချက် နဲကိုက်ညီ ကျွမ်းကျင်မှုလည်းရှိဟန်တူပြီး ကျုပ်လိုခြင်တဲ့ သင်တန်းဆင်းလက်မှတ်တွေလည်းတင်ပြနိုင် လုပ်ငန်းအတွှေ အကြုံလည်း(၃)နှစ်လောက်ရှိတော့ သုံးစားလို့ရမယ်ထင်ပြီးခန့်ထားလိုက်တာပဲလေ  ဒါပေမယ့်……… ဒီကောင့်ပုံကြည့် ရတာ မူမမှန် သူ့နာမည်က“စိုးနိုင်”သူ့ကိုပေးထားတဲ့တာဝန်က လျှပ်စစ်ပိုင်းဆိုင်ရာဝန်ထမ်း သူလုပ်ရ မှာကစက်ရုံးထဲလှည်ပတ်နေပြီး အရေးပေါ် ပျက်တဲ့ လျှပ်စစ်နဲ့ ပါတ်သက်တဲ့ ကိစ္စမှန်သမျှ ပြင်သင့်တာပြင် မီးပျက်သွားရင် မီးစက်မောင်းမီးချိန်းပေး Load တွေ Ampier တွေတိုင်းတာမှတ်သား ဆင်သင့်တာဆင်ပြင်သင့်တာပြင် ဒီလိုနေရမှာဗျ အခုတော့ဒီကောင်ကဒီလိုမဟုတ်  တစ်နေကုန် တကုတ်ကုတ် အခန်းထဲကမထွက်  ဘာတွေလုပ်နေတယ်မသိ ကျုပ်ကလဲ တစ်နေ့တစ်နေ့ သွားလိုက်ရတဲ့ အပြင် ဒီ […]


(၁၅၀၀၀)ကျပ်တန်…မိတ်ဆွေ။။။ အခုခေတ်အင်တာနက်သုံးတဲ့သူတွေ  Gtalk အပေါ်ဘယ်လိုမြင်တယ်မသိဘူးဗျ အခု များသောအားဖြင့် အင်တာနက် Online သုံးစွဲသူငယ်အများစုဟာ ဒီ Gtalk ကြီးကိုအသုံးချပြီး ကြူနေကြတာ မထိ ခလုတ်ထိခလုတ် ပြောကြတာတွေ တည့်တည့်ကြီးဖွန်ကြောင်တာတွေ မသိမသာ ဖွန်ကြောင်ကြတာတွေ သူ့ငါမသိ ငါ့သူမသိ ရည်းစားစကားပြောတာတွေ (၁၈)နှစ်အောက် မကြည်ရတဲ့ဆိုဒ်တွေမှာ တွေ့ ရတတ်တဲ့ မိန်းခလေးတစ်ချို့ရဲ့ အဖော်အချွတ် ခန်းလေးတွေထိလုပ်ပြလာအောင် VZO ချက်တင်မှာ စည်းရုံးပြောဆိုတတ်တာတွေ အခုမှ စပြီး အင်ဗိုက်လုပ်တဲ့သူက ချက်တင်ထိုင်ရာနေရာပြောပြလို့ ဆိုင်ထဲအထိလာပြီး စည်းရုံးခေါ်ချသွားပြီးမှ နောက်တော့မှ ပြသနာတွေတက် အရှက်တွေကွဲကြတာတွေ  ချက်တင်မှာ ဖုန်းလေးပြောရင်း အသံသေးသေးလေး ချွဲချွဲ ပျစ်ပျစ်ချစ်စရာ အသံလေးဆိုပြီး နတ်သမီးလေး ခေါ်တဲ့သူကခေါ် အပြင်မှာတွေ့ဘို့ချိန်းကာမှ ဧရာမ ဖက်တီးပုတ် မကြီး ဖြစ်နေလို့ ပြန်ပြေးခဲ့ရတဲ့သူတွေ […]


တစ်နေ့တာအမောများ။။။။။ မနက်ထဲက အခြေအနေကမကောင်း…အိတ်စပိုစ် အတင်သင်္ဘော ကထွက်သွားပြီ..။။။ Buyer အတည်ပြု တဲ့ ကုန်ပစ္စည်းတွေရဲ့ Label တွေက သင်္ဘော ထွက်ပြီးကာမှ အကြောင်းကြားလာတယ်လေ မှားနေပါတယ်တဲ့ …ကောင်းကြရော သူဌေး နဲ့ ခေါင်းခြင်းဆိုင်ကြရပြီလေး ဘာလုပ်ကြမလဲ ပစ္စည်းဂျပန်ကိုရောက်ဘို့က အနည်းဆုံးရက်နှစ်ဆယ်ပစ္စည်းပေါင်းက (၈၀၀၀) တစ်ခုခြင်းဖွင့် ဖောက်ထုတ်ပြင်  ပြန်ပိတ်လုပ်ရမှာ ဂျပန်မှာပြင်ရင်ရော အလုပ်သမားခနဲ့မွဲရောပေါ့  သူတို့ဆီမှာက အချိန်ပိုင်းလုပ်သားခတွေက ဈေးကကြီးပါဘိ ဒါဆို ကွန်တိန်နာပြန်ပို့ …..။။ ဒါလဲမဖြစ်သေးဘူးဗျ return cargo  ပါမစ်ပြန်လျှောက်တာနဲ့ ပြင်ပြီးပြန်ပို့တာနဲ့ စရိတ်ကကာမိမှာမဟုတ်တဲ့အပြင် ပြန်လည်တင်သွင်းလာတဲ့စရိတ် ပြန်လည်တင်ပို့တဲ့စရိတ် တွေအပြင် လွယ်လွယ်ကူကူ ဆိုပြသနာမရှိ အချိန်ကြာနေမှ ဒုက္ခ ပဲလေ… ဘောစီက ဘာစဉ်းစားတယ်တော့မသိ ဂျပန်ကိုဒီကလူတွေသွားမယ် …..ဆုံဖြတ်ချက်ထွက်လာပြီ.။။။ အဲဒီနေ့ထဲက ရှုပ်လိုက်တဲ့အလုပ်ဗျာ ဟိုရုံးပြေး […]


ဘာအကောင်းဆုံးလဲ..။။။ အကောင်းကိုမကြိုက်တဲ့သူဘယ်သူရှိသလဲဗျာ သူသူ ငါငါ အကောင်းဆုံးတွေကိုပဲကြိုက်ကြတယ် အဲဒီအကောင်းကြိုက်တဲ့ စိတ်လေးတွေ ကြောင့်ဘဲ “ လောဘတွေအတော မသတ်နိုင်အောင်ဖြစ်ကြရတယ်” အကောင်းကြိုက်တဲ့ စိတ်တွေကြောင် လူတွေဟာ … “ဘတ်စ်ကားတွေကို နေရာရဘ်ို့ အတွက် တိုးဝှေ့တက်ကြရတယ် အကောင်းကြိုက်တဲ့စိတ်ကြောင်ပဲ နှစ်ရာတန်ဘောပင်တစ်ချောင်းအတွက် “စာရွက် လွတ်တွေပေါ်မှာအကြိမ်ကြိမ် ရေးခြစ် စမ်းသပ်ကြရရတယ် အကောင်းကြိုက်တဲ့ စိတ်ကြောင်ပဲ  အထူးကားတွေပေါ်လာရတယ် အကောင်းကြိုက်တဲစိတ်ကြောင်ပဲ စပါယ်ရှယ်ကလပ်စ် ဆိုတာတွေ ဖြစ်လာရတယ် ကားတွေ /ရထားတွေ /ရုပ်ရှင်ရုံတွေ/စားသောက်ဆိုင်တွေ/ဟော်တယ်တွေ/ မှာလဲ အကောင်းစား အကောင်းကြိုက်သူတွေ  အတွက်နဲ့  နေရာတွေကိုခွဲခြားသတ်မှတ်ကြရတယ် လူနေထိုင်မှု ပါတ်ဝန်းကျင်မှာ အကောင်းကြိုက်သူတွေအတွက် နဲ့ အကောင်းနောက်ကိုမလိုက်နိုင်သူတွေအတွက် အတန်းအစားတစ်ခုအနေနဲ့ ကွားခြားချက်တွေ ဖြစ်ပေါ်လာရတယ်လေ ဘာကြောင့် လူတွေအကောင်းကြိုက်တာပါလဲ သင်ရောအကောင်းကြိုက်သူဖြစ်ပါရဲ့လား…။။။ ဘာဘဲဖြစ်ဖြစ် လူရယ်လို့ဖြစ်ပြီးဆိုမှ တော့ လူပီသစွာ […]


စပ်မိစပ်ရာ…ပြောချင်တာ။။။ ဟိုတုန်းကတော့ ကျုပ်တို့တတွေ သိပ်ပူတဲ့နွေအခါမှာ ယပ်တောင်လေးခပ်နေလိုက်တာပဲဗျ သူကလက်ညောင်းတာလေး တစ်ခုပဲရှိတာလေ ကျမ္မာရေးနဲ့လဲညီညွတ်  လက်မောင်းလည်းကြီးပေါ့ နှောက်ပိုင်းတော့ မျက်နှာကြပ် မှာတပ်တဲ့ပန်ကာ တွေ တွင်တွင်ကျယ်ကျယ် သုံးလာကြတာပဲ  အဲဒီတုံးက လူကြီးတွေပြောတာမှတ်မိသေးတယ် ကျုပ်တို့က ကျောင်းသား ပေါက်စလေးတွေလေ  ဘာတဲ့ မင်းတို့စာကြိုးစားကြတဲ့ မင်းတို့ပန်ကာအောက်မှာထိုင်ပြီး အေးအေးသက်သာ အလုပ်လုပ် နိုင်အောင် ကြိုးစားခိုင်းနေတာဆိုပဲ ကျုပ်ကတော့ အဲဒီကတည်း ရယ်ချင်လိုက်တာ ပညာတွေ တတ်မှပဲ ပန်ကာအောက် နေနိုင်မှာကျနေတာပဲ ပန်ကာအောက်နေချင်ရင် ကိုဘာသာဝယ်တပ်လိုက်လဲရတာပဲဗျ ဒါပေမယ် အဲဒီခေတ်အခါက ရပ်ကွက်ထဲပိုက်ဆံ အတန်ငယ်ရှိတဲ့လူတွေတောင် အိမ်တွေမှာဝယ်တပ်ကြတာ  နည်းတယ်ဗျ ခေတ်အမြင်လည်း နည်းပါး ကျတာကိုး ကိုယ်နည်းကိုယ်ဟန်နဲ့  အသုဘနှီးယပ်တောင်လေးတွေ  စုဆောင်းထားတတ်ကြတာ ပဲလေ ဒီယပ်တောင် လေးတွေကလဲ စက္ကူနဲ့လုပ်ထားတာများလေတော့  နွေအခါကြာကြာခပ်ရင်း လက်ကိုင်းအရင်းက ပြဲသွားတတ်တာကလား […]


စူပါမားကက်က..အဖြစ်ကလေး..။။ အခုတစ်ပါတ်တော့ထူးဆန်းတာလေးတွေကြားနေရတယ် မိဘအုပ်ခြင်းမကင်းတဲ့ ကလေးတစ်ယောက်က (ကလေးဆိုတာ “၁၀”နှစ်ကနေ“၁၈”နှစ်အတွင်းလောက်တော့ရှိမယ်ဗျ ရန်ကုန်ဆင်ခြေဖုံး မြို့နယ်လေးတွေမှာ လိုက်လံဖွင့်ထားတဲ့ စူပါမားကက် ခေါ်မလား မီနီမားကက် ခေါ်မလား အတန်ငယ် နာမည်ရနေတဲ့  စူပါမားကက် ကလေး တစ်ခုမှာ ကလေးမ တစ်ယောက်က ဈေးဝယ်ရင်း ချောကလက် နှစ်ချောင်း ခိုးပါတယ်တာဝန်ရှိသူတွေက ဖမ်းဆီးရမိလို့ ခိုးယူမှုပေါ်ပေါက်ခဲ့တယ်ဗျ ချောကလက်ရဲ့တန်ကြေးကတော့ ကျွန်တော် အထင် ချောကလက်အချောင်လေးများဟာ ၈၀ဝ တန်ကနေ ၁၈၀ဝ တန်လောက်အထိရှိပါတယ် အဲလောက်တန်ကြေးရှိတဲ့ ချောကလက်ဖမ်းဆီးရမိတာကြောင့် စူပါမားကက် တာဝန်ရှိသူတွေက ပေးလျှော်ဖို့  ဆုံးဖြတ်ဟန်တူပါတယ် အချို့သော စူပါမားကက်များဟာ ဖမ်းဆီးရမိတဲ့ပစ္စည်းတန်ကြေးရဲ့ အဆ နှစ်ဆယ် တန်းဖိုးပေးလျှော်ရတယ်လို့ သိရပါတယ် အဲဒီ ခိုးယူတဲ့ကလေးမလေးဟာသာမာန် ဆင်းရဲသားဖြစ်တဲ့အတွက် သူတို့ဆုံးဖြတ်တဲ့ တန်းဘိုးကိုပေးလျှော်နိုင်ခြင်းမရှိတဲ့ အတွက် သူမှာပါလာတဲ့ မိဘကဆင်ပေးထားတဲ့ […]


အလိုလိုနေရင်းအားနာမိပါတယ်..။။ ကားစီးတာတောင် အလိုလိုနေရင်းအားနာနေရတဲ့ အဖြစ်မျိုး ကြုံဖူးကြရဲ့လား မနေ့ကတော့ ကျွန်တော်ဆိုတဲ့ ကောင်လည်း ကြုံခဲ့ရတယ်ဗျို ့ ဒီ  အားနာတာကြီးက တစ်မျိုးကြီးဗျ ထိုင်ရှစ်ခိုးချင်လောက်အောင်ကို အားနာတာလေ ဟုတ်ပါတယ် ထိုင်ရှစ်ခိုးခြင်လောက်အောင် အားနာခဲ့ ရတယ် လို့ပြောမှ ပိုပြီးပြည့် စုံလိမ့်မယ်..။။ လိုင်ကားစီးရင် တွေရမယ် သံဃာတော်များသာဆိုတဲ့ ကားခေါင်းဖက်က ခုံတန်းလေးကိုလူတိုင်းသိကြမှာပါ အဲဒီခုံကြီးကြောင့်ဘဲ ကျွန်တော့အတွက် ထိုင်ရှစ်ခိုးခြင်လောက်အောင် အားနာခဲ့ရတာပဲဗျို့…..။။။။ အဲဒီလိုအားမနာရစေဘို့ အတွက် ကျွန်တော်လေ လိုင်းကားစီးရင် အမြဲတမ်း ကားအနောက်ဖက်ကိုပဲ ဝင်ပြေးတာများတယ်  အနောက်ဖက်မှာ လူသိပ်များနေရင် အရှေဖက်ကခုံမှာထိုင်ရပေမယ့်  အဲဒီ သံဃာတော် များသာ ဆိုတဲ့ ခုံကိုဝေးဝေးကရှောင်တယ် လူသိပ်ကြပ်နေပါစေ အဒီ ခုံနဲ့ကပ်လျှက် နောက်ဖက်ကခုံမှာတောင် မစီးဘူး ဘာပဲပြောပြောပေါ့ဗျာ လိုင်းကားဆိုမှတော့ ကိုယ်ပိုင်ကားမှမဟုတ်တာပဲ ထိုင်ခြင်တဲ့နေရာတော့ […]


ဂျာနယ်ကပြောတဲ့..ဗေဒင်..။။။ အင်း…..ပြောရရင်းမကောင်းရှိတော့မယ် ဂျာနယ်လေးတစ်စောင်ဝယ်လာရင် ကောင်းကောင်းကိုမဖတ်ရတာ ကိုဖတ်နေတုန်းဆို ရုံးကမမများက  လာသာမတောင်းရဲတာ မုဆိုးချောင်း  ချောင်းနေကြတာလေ နည်းနည်းရင်းရင်းနှီးနှီး ပေါင်းသင်းပြောဆိုမိတဲ့ မမများကတော့ မယောင်းမလည်နဲ့… ဘာထူးလဲ အလယ်ရွက်လေးပေးပါအုံးလုပ်တတ်သေးတာလေ အလယ်ရွက်မှာမတွေ့ရင် နောက်ဆုံးအရွက်လေး ပြီးရင်ပေးပါ လုပ်ချင်သေးတာ မမ တွေဆိုလို့ တစ်ကယ်မထင်နဲ့နော် သက်သက်ရွဲ့ပြောတာဗျ ကျွန်တော့်စာရေး မ ဆပ်စလူးစိန်တွေပေါ့ …။။ ဘာမှမဟုတ်ဘူးဗျို့  ရည်းစားမရှိ ဘာမရှိ ဂျာနယ်က ဗေဒင် တွေကြည့်ပြီး   ဘာတွေလုပ်ကျတယ်ကို မသိတာ ကျုပ် ဂျာနယ်ဝယ်လာလို့ များကတော့ ဗေဒင် ပါတဲ့အရွက် က အရင်ပျောက်တာပဲ ဘယ်လိုက်ရှာရမှန်ကိုမသိဘူး နောက်ပြီးသူတို့ဘာတွေလုပ်ကျတယ်ဆိုတာလဲ မသိဘူးဗျ ပြီးရင်တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး ပြောသေးတယ်“မှန်တယ် ဟဲ့ ဒီနေ့အဆူခံရတယ်”  ဆိုတာကပါသေးတယ်  ဘာမှန်းကိုမသိတာ  တစ်ခါတစ်ခါ သူတို့ပြောတာတော့စိတ်ဝင်စားမိသားဗျ […]


စာလေးတစ်ပုဒ် စာလေးတစ်ပုဒ်ခင်ဗျားတို့ဖတ်ရဘို့ ကျုပ်တို့စာရေးတဲ့သူတွေမှာ ဘယ်လောက် ခေါင်းခြောက်တယ် ထင်သလဲ စာရေးတယ်ဆိုတာ ဟောတစ်ပုဒ်ဟောတစ်ပုဒ် စက်နဲ့လှည့်ထုတ်သလို ရတာမဟုတ်ဘူးဗျ  ကုန်ကြမ်းဆိုတာကရော စာရေးဘို့ကုန်ကြမ်းအကြောင်းအရာ တစ်ခုဖြစ်လာဘို့  အဲဒီအကြောင်းအရာပေါ်မှာ ရေးသားသူရဲ့ အမြင်နဲ့လဲဆိုင်သေးတယ်လေ  စာရေးမယ့်သူက အကြောင်းတိုက်ဆိုင်လာတဲ့ ကုန်ကြမ်းကို  ဘယ်လိုမှမခံစားရဘူးဆိုရင်လဲ စာတစ်ပုဒ် ဖြစ်လာမှာမဟုတ်ဘူးလေ ပြောရမယ်ဆိုရင်တော့ ရင်ဘတ်နဲ့ ရင်းပြီးရေးရတာ ပေါ့ ။ ဒါမှလဲ ဖတ်တဲ့သူ ဟတ်ထိ မှာပေါ့ ။ စာဖတ်သူရဲ့ ရင်ထဲမှာ နဲနဲလောက် ကျန်ခဲ့တယ်ဆိုရင်တောင် ရေးရသူ ဆံပင်ကျွတ်ရကြိုး နပ်တယ်ပြောရမှာပေါ့ဗျာ ။ ရေးတဲ့သူနဲ့ ဖတ်တဲ့သူကလဲ ရေးသားတဲ့စာတိုင်းမှာအံဝင်ဂွင်ကျ ဖြစ်ချင်မှ ဖြစ်မှာလေ ။ တယောက်နဲ့ တယောက် ဝါသနာချင်းက တူကြတာမှ မဟုတ်တာဘဲ ။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို […]