(၁) စိတ်ကူးယဉ် (၂) သတင်းထူး (၃) ချစ်တဲ့အကြောင်းပဲပြောပါ (၄) မဆဲနဲ့ (၅) မှတ်ကရော (၆) ဖေဖေ့သားငယ် (၇) ချောင်းဆိုးရောဂါ (၈) ဖုန်းမှားလို့ (၉) သူလျှို (၁၀) ကိုယ်အလုပ်နဲ့ကိုယ် ************************************************************************************ (၁)စိတ်ကူးယဉ် စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ဝင်လာပြီး အရောင်းဝန်ထမ်းအမျိုးသမီးအား မေးသည်။ လူငယ် ။ စာအုပ်လိုချင်လို့ဗျာ ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင် လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက ” ယောကျင်္ားတွေဟာ မိန်းမ တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့အကြောင်းပါ ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် […]


တစ်ပါတ်စာ..အမောပြေဟာသ။။။။ မေးလ်ထဲကစုထားသမျှ လေးပါ (၁) အမျိုးရင်း (၂) ခံနေလို့ဖြစ်မလား (၃) အထင်နဲ့အမြင် (၄) နှစ်စီးပေး (၅) ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ် (၆) သူ့လက်ရာ (၇) လက်ဝင်လို့ (၈) ငြင်းပါ (၉) ပိန်နည်း (၁၀) အလှည်ကျ **************************************************************************** (၁)အမျိုးရင်း လင်းမယားနှစ်ယောက် ရန်ဖြစ်နေကြသည် မိန်းမဖြစ်သူမှ….. မိန်းမ ။။။  ကျမကိုယ်ကမှားတာ ရှင်ကိုယူမယ့်အတူတူလေ ..သရဲ တစ်ကောင်ကို ကောက်ယူလိုက်ရမှာ..သိလား။။။ ယောက်ျား။။ ဟာ ..အမျိုးအချင်းချင်းတော့ ယူလို့မရပါဘူးကွာ။။။ *********************************************************************** (၂)ခံနေလို့ဖြစ်မလား ရုပ်ရှင်ရုံအဝင်ဝမှာအမျိုးသမီးကြီးတစ်ဦးက လက်မှတ်စစ်ကိုရိုက်လိုုက်လို့ ဘာဖြစ်လို့ရိုက်ရတာလဲ မိုက်ရိုင်းလို့ပါ..ကျွန်မဝယ်လာတဲ့ လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်လေ..။ ။ ************************************************************************* (၃)အထင်နဲ့အမြင် ဒေါက်တာကျွန်တော့်ဒဏ်ရာကိုမချုပ်သေးဘဲနဲ့ ဘာဖြစ်လို့အချွန်နဲ့ ထိုးကလိနေရတာလဲ.. နည်းနည်းတော့သည်းခံရမှာပေါ့..အထဲရောက်နေတဲ့ကျည်ဆံ ထိပ်ဖူးကိုထုတ်ပစ်မှဖြစ်မှာမို့ပါ […]


နတ်ဆိုတာ..။။ ကနားစီးမောင်မောင်သိုက်………. နာမည်ကိုဒဲကြီးပဲ ထည့်လိုက်တယ်ဗျာ  ဒီလူကြီးရှိနေသေးတယ် မသေးသေးဘူးဆိုရင်ခွင့်လွတ်ပါ။ ဒီလူက ကျွန်တော့် အဖေနဲခင်ပါတယ် သူအလုပ်ကနတ်ကတော် အလုပ် အသားညိုညို မျက်နှာသွယ်သွယ် လူပုံချောဗျ  နတ်ကတော်သာပြောတာ အခြောက်မဟုတ်ဘူးနော် သူအောက်မှာ လိုက်ပြီး သူနဲ့အတူ အလုပ်လုပ်နေကြတဲ့သူတွေကသာ အခြောက်တွေ သူမှာဆို ဆွဲကြိုးကြီးက သုံးကျပ်းသားလောက်ကြီးဆွဲလက်စွပ်ကြီးကလည်းပြူးနေတာပဲ ပိုက်ဆံတော့တော်တော်ရှိတယ်ဗျ အဲဒီခေတ်အချိန်ခါတုန်းက ရန်ကုန်မြို့အပါအဝင် နယ်မြို့တွေမှာ နတ်ပွဲ ကနားပွဲ ပေးတာတော်တော်ခေတ်စားတာကလား ကျွန်တော်တို့ဆို နတ်ကနားပွဲတွေ ရပ်ကွက်ထဲ များလွန်းလို့ ဟိုဘက်ပွဲဒီဘက်ပွဲ ကူးချည်သန်းချည် ပြောင်းကြည်ရတယ် ဟိုဘက်က နတ်ဆိုင်းသံ ခပ်ကြမ်းကြမ်းကြားရင် ကိုကြီးကျော် ဝင်တယ်ဆိုပြီး ခလေးပီပီ ဟိုဘက်ပြေးကြည့် ဒီဘက်က နတ်ဆိုင်းသံ ခပ်ကြမ်းကြမ်းကြားရင် အမေဂျမ်း ဝင်နေတယ်ဆိုပြီး ဒီဘက်ပြန်ပြေးနဲ့ပေါ့ အဲဒီအချိန်တုန်းက နတ်ကိုးကွယ်မှု တော်တော်လေး ခေတ်စားတာလား […]


အမှတ်တရ…ဇူလိုင်(19)။။။ မနက်ခင်း…. လမ်းမကြီးထက်မှာ……. လူတွေကလည်း ကိုသွားလိုရာနေရာအသီးသီးကို သွားနေကြတယ် ကားတွေကလည်း ဦးတည်ရာအသီးသီးအတိုင်းမောင်းနှင်လို့ မိုးဖွဲလေးတွေ တစ်ဖြောက်ဖြောက် ကျဆင်းနေတယ် ……. ကချင် လွယ်အိတ်ထဲက ကျောင်းစာအုပ် တနင့်တစ်ပိုးကြီးလွယ်လို့ အရောင်ပျယ်နေတဲ့ ကျောင်းဝတ်စုံလေးဝတ်ထားတဲ့ ကလေးငယ် လက်တစ်ဖက်က ကြက်ဆင်တံဆိပ် ဖဲထီးလေးကို ဆောင်းပြီး ကျောင်းရောက်အောင် ခပ်သုတ်သုတ် သွားနေတဲ့အချိန်………………………………. ဝေါ …….ဝေါ………စက်ရံကြီးရဲ ဥဩဆွဲသံ ပွမ်း…….ပွမ်း………………………….တီ….တီ………ကားတွေရဲဟွန်းသံ လမ်းမကြီးတစ်ဖက်က ချည်မျှင်နဲ့အထည် စက်ရုံကြီးက ဥဩ သံဟာ  နီးစပ်ရာပါတ်ဝန်းကျင်ကို စတင် ဖြိုခွင်းလိုက်…ဥဩသံ နဲ့အတူ  လမ်းမထက်ကကားတွေရပ့်တန့်သွားတယ်…. သူတို့ရဲ ဟွန်းတွေကို အဆက်မပြတ် တီးကြတယ်… ရေဒီယိုထဲမှာလဲ ဥဩ သံတွေ ထုတ်လွှင့်နေတယ်။။။။။။။ ဟို ခပ်လှမ်းလှမ်းက စက်ရုံကြီးတွေကလည်း ..အပြိုင် ဥဩ တွေ ဆွဲလို့ပေါ့။။။။။။။။ […]


တစ်ပါတ်စာ…အမောပြေဟာသ။။။ မေးလ် ထဲမှာစုထားသမျှလေးတွေပါ။။။ (၁) ပွဲစား (၂) အနှောက်အယှက် (၃) ခင်ဗျားတို့ကိုး (၄) ရှေ့နေ (၅) အလုပ်ပြောင်းလာတာ (၆) ဘာကြောင့်လဲဟင် မေမေ (၇) မှတ်ပြီလား Made in Japan (၈) ထုတ်လုပ်ပုံ (၉) Password (၁၀) ရောဂါဟောင်း ************************************************************************************ ပွဲစား မြင်းပိန်မကြီး ရောင်းရန် သွားသောလယ်သမားကြီးပြန်လာရာ မြင်းပိန်မကြီးပြန်ပါလာသည်ကိုတွေ့သဖြင့်……….. ဇနီး။။။မြင်းရောင်းဖို့သွားတာမြင်းပိန်ကြီးမို့လို့ မရောင်းခဲ့ရဘူးလား။။။ လယ်သမား။။။။ရောင်းဖို့သွားတာပဲ  ဈေးရောက်တော့ ဒေါ်လာ(၆၀)နဲ့ရောင်းဖို့ ပွဲစားလက်အပ်လိုက်တာ ပွဲစားက ငါမသိသေးတဲ့မြင်းပိန်မရဲ့ ကောင်းကွက်နဲ့ အရည်အခြင်းတွေ ထုတ်ဖော်ပြီး ဝယ်သူကိုခေါ်တော့တာပဲဟေ့… ငါလည်းပွဲစားပြောတာတွေနားထောင်ပြီး မြင်းပိန်မကိုရောင်းဖို့ နှမျော လာတာနဲ့ မရောင်းတော့ဘဲပြန်ယူလာခဲ့တာပဲကွာဟု။။။ပြောလိုက်လေသည်။။ *********************************************************************************** အနှောက်အယှက် စာတိုက်မှုးထံဖုန်းဆက်တိုင်ကြားသည်။။။ အိမ်ရှင်။။။  အရင်စာပို့သမားက […]


နံပါတ်တွေ …။။ နံပါတ်တွေ လူတွေဟာ နံပါတ်တွေနဲကျင်လည်ရင်း..နံပါတ်တွေကြားထဲမှာပျော်မွေနေခဲ့ကြတာ ထောင်စုနှစ်တစ်ခုမကတော့ဘူးလို့ထင်တာပဲ… ဒီလောက်နှစ်တွေအများကြီး ..နံပါတ်တွေကို ယုံစားလာကြတယ်…. နံပါတ်တွေရဲ့လွမ်းမိုးမှုကိုခံစားခဲကြရတယ်..နံပါတ်တွေကပဲ လူ့လောကကိုသိမ်းပိုက်ထားကြတယ် လူတွေဟာနံပါတ်တွေနောက်ကိုကောက်ကောက်ပါအောင်လိုက်ကြတယ်… နံပါတ်တွေကပဲလူ့ဘဝကိုမြင့်မားစေသလို…နံပါတ်တွေကပဲလူ့ဘဝကိုစုတ်ပြတ်သတ်သွားစေတယ် ငယ်စဉ်ကထဲက အရာဝတ္ထု တစ်ခုကို ““ တစ်”” လို့ရေတွက်တတ်ဘို့ စတင်သင်ကြားခဲကြရတယ် အတန်းထဲမှာအဆင့်““တစ်”” ရဘို့ အကြိမ်နားချခြင်းခံခဲ့ကြရတယ်။။။။။။။ နည်းနည်းကြီးပြင်းလာတော့ တစ်ပေမှာ 12” လက်မ ရှိတာတို့ တစ်မိုင်မှာ 5280 ပေ ရှိတာတို့ နံပါတ် “7” မှာကံကောင်းစေတာတို့ 13 ဂဏန်းဟာကံမကောင်းတတ်တာတို့ပေါ့။။။။။ ။။။။။။။။။။။။။။။သင်အနီးနားပါတ်ဝန်းကျင်ကိုကြည့်လိုက်ပါအုံး။။။။။။။။။။။။။။။။ ယာဉ်တွေကားတွေ အားလုံနံပါတ်တွေနဲ့ ပြက္ခဒိန်တွေ ရက်စွဲတွေ သူတိုလည်းနံပါတ်တွေနဲ့ အိမ်တွေ အဆောက်အဦးတွေ သူတို့လည်းနံပါတ်တွေနဲပဲလေ စက်တွေ ကရိယာတွေ သူတို့မှာလဲနံပါတ်တွေနဲ့ ဗေဒင်တွေ နက္ခတ်တာယာတွေ သူတို့မှာလဲနံပါတ်တွေနဲ့ ဥပဒေတွေပုဒ်မတွေ သူတိုလည်းနံပါတ်တွေနဲ့ အကျဉ်းသားတွေ […]


တင်ပြီးသားရှိပါက ခွင်လွတ်ကြပါ။။။။   စာကျက်ချိန် စာမေးပွဲကျတဲ့ သူငယ်ချင်း တစ်ယောက်က သူစာမေးပွဲကျရတာ စာကျက်ချိန်မရလို့ပါတဲ့။ တစ်နှစ်မှာ ၃၆၅ ရက်ပဲရှိတော့ ဘယ်လိုလုပ်ပြီး စာကျက်ချိန်ရတော့မလဲလို့ပြောပြီး သူကသေသေချာချာ တွက်ပြပါတယ်။ “”တစ်နှစ်မှာ တနင်္ဂနွေနေ့ပေါင်း ၅၂ နေ့ရှိတယ်လေ။ တနင်္ဂနွေဆိုတာက နားရက်လေ၊ ဘယ်လိုလုပ်ပြီး စာကျက်မလဲ၊ ကဲ- တစ်နှစ်မှာ ၃၆၅ ရက်ရှိတော့ ၅၂ ရက်ကို နုတ်၊ ၃၁၃ ရက် ကျန်သေးတယ်ထား”” “”လူတစ်ယောက်ဟာ တစ်နေ့မှာ ၈ နာရီတော့ အိပ်ပေးဖို့ လိုတယ်လေ၊ အဲဒီ့တော့ တစ်နှစ်မှာ ရက်ပေါင်း ၁၇၂ က အိပ်တာနဲ့ပဲ ပြီးသွားရော၊ ဒီတော့ ၁၄၁ ရက်ပဲ ကျန်တော့တယ်”” “”ကျန်းမာရေးအတွက် ကစားခုန်စားလုပ်ဖို့ကလဲ လိုအပ်တော့ တစ်နေ့မှာ […]


မေးလ်ထဲမှာ..စုထားသမျှဟာသလေးတွေထဲက ကောင်းနိုးရာရာလေးများစုစည်းတင်ပြခြင်းပါ တင်ပြီးသူများရှိပါကလည်း ခွင်လွတ်တော်မူကြပါ တစ်ခဏ ဘဝအမောပြေစေခြင်းငှာ Copy/Paste လိုက်ပါတယ်။။။။။။။       မှားတဲ့အခါလည်း မှားပေမပေါ့ ဆရာဝန်တစ်ဦးနဲ့ ရှေ့နေတစ်ဦးဟာ အရေးကြီးတဲ့အမှုတစ်ခုအတွက်သက်သေခံဖို့ရောက်ရှိလာကြပါတယ် ။ ရုံးမှာ အတူဆုံကြရင်း စကားလက်ဆုံကျကြပါတယ်။ ရှေ့နေ   –  “ ဆရာဝန်တွေလည်း တစ်ခါတစ်ရံမှားတတ်ကြပါတယ် ။ ဟုတ်တယ် မဟုတ်လား ။ ” ဆရာဝန် –  “ ရှေ့နေတွေလည်း မှားတတ်ကြတာပါပဲ ဗျာ ….။ ” ရှေ့နေ   –  “ ဒါပေမဲ့ ဆရာဝန်တစ်ယောက်မှားသွားရင် အဲဒီအမှားဟာ မြေကြီးအောက် ခြောက်ပေလောက်ထိရောက်သွားနိုင်တယ်နော ။ ” ဆရာဝန် –  “ ဟုတ်ပါတယ် …။ဒါပေမဲ့ ရှေ့နေတစ်ယောက် မှားသွားခဲ့ရင် […]


အဘ……ကယ်လို့။။။။ အဘ……အဘဆိုတာဘယ်လိုလူများလဲ……. အဘတွေ ….မြန်မာပြည်မှာတော်တော်ပေါတယ်ဗျ…..အကိုကြီးတွေလည်းအများသားလား ကျုပ်တို့နောက်မှာ….အဘနဲ့ အစ်ကိုကြီး တွေသာရှိရင်…တော်ရုံကိစ္စ သိပ်ကြောက်ဘို့မလို့ဘူးဗျ ဘယ်ဌာနသွားသွား..ဘယ်ရုံးကိစ္စလုပ်လုပ် ..”’အဘလွှတ်လိုက်တာပါ”’…….”’အစ်ကိုကြီးက ကြိုပြောမထားဘူးလား”” ဟင်းဟင်း…ဒီလိုလေးမေးလိုက်ရုံနဲ့ ပြူးပြူးပျာပျာ ဖြစ်သွားစေရမယ်။။။နောက်ဆက်တွဲလေးကတော့….အဆင်ပြေအောင် လုပ်ပေးလိုက်ပါမယ်ခင်ဗျာ..ပေါ့ဗျာ။။။။။။။။။။။။။။။။။။။။။ အလုပ်ကိစ္စတော်တော်များများနဲ့ အလုပ်ကြီးအကိုင်ကြီးသမားတွေကတော့ အဘ နဲ့ကင်းတဲ့သူသိပ်မရှိကြဘူး တစ်ချို့ဌာနတွေဆို ဒီလူတွေမျက်နှာမြင်တာနဲ့ အဘ လူဆိုတာတန်းသိနေပြီ အားလုံး အဆင်ကိုပြေလို့ ဒီအဘ ဆိုတဲ့လူတွေကလည်း နေရာတစ်ကာနီးပါးရှိတယ်ဗျ အဲဒီအဘ ဆိုတဲ့လူတွေကစိတ်ကောင်းတော့ တော်တော်ရှိကြတာပဲ သိပ်ခက်ခဲနေတဲ့ကိစ္စများရှိလို့ကတော့ သူတို့ကိုသာ အပူကပ်လိုက်၊ ကူညီလိုက်တာမှလွန်ရော နာမည်လေးသာပြောလိုက် လုပ်မပေးနိုင်ဘူဆို့တဲ့ ဝန်ထမ်းမရှိစေရဘူး….အဘဘိုးဘိုးအောင် ထက်တောင်စွမ်းသေးတယ်ဗျို့။။။ ။။။။။။။အဲဒီအဘတွေကတော့ ဘယ်လိုလူတွေလည်းတော့မသိဘူး ဗျို့ ကျနော့ အဘကတော့ ကွမ်းယာကိုမနားတမ်းဝါးပြီ အမြင်မတော်တဲ့ကိစ္စတွေ့လို့ကတော့ တဗျစ်တောက်တောက်ပြောနေတတ်တဲ့ အဖေဘက်က ကျွန်တော့ အဖိုးပဲဗျ တောမှာကလည်းနေ ကရင်လူမျိုးကလည်းဖြစ်ပြန်ဆိုတော့ ပြောစရာရှိရင် ဒုတ်ထိုးအိုးပေါက် ဒဲ့ကြီးပဲတွယ်တော့တာပဲဗျို့ […]


အဖအမည်…။။။။ ဒီစည်းကမ်းကြီးကိုဘယ်သူ သတ်မှတ်လိုက်တာလဲတော့မသိဘူးဗျ သိတဲ့လူများပြောကြပါအုံး ကျွန်တော်တို့ တစ်ခြားတိုင်းပြည်တွေတော့မသိဘူးဗျာ ကျွန်တော်တို့မြန်မာပြည်မှာတော့ …………….. လူတစ်ယောက်ဟာ ကိုယ်ရဲ့ ကိုယ်ပိုင်အမည်နာမတစ်ခုထဲနဲ့တော့ လုံးဝ မရပ်တည်နိုင်ဘူးဗျ ကိုဘာသာ ဘယ်လောက် ချမ်းသာချမ်းသာ အာဏာဘယ်လောက်ရှိရှိ အဲဒီ ကိုယ်ပိုင်နာမည် တစ်ခုထဲနဲ့တော့ ဘာမှလုပ်လို့မရနိုင်ဘူး….လေ.. ပြီးတော့ ယောက်ျား/မိန်းမ အတူတူပဲဗျ။။။ အခုတော့ဗျာ ။။။။။ဟိုး….မွေးလာပြီဆိုကတည်းကနေ သေပြီး မီးသင်္ဂြ ိုလ် ခံရမယ့်အချိန်ထိ အမေးအဖြေလုပ်နေရတုန်း ဒီဟာကြီးကို လိုက်ပြီးဖြည်စွက်နေရတုန်းဗျ လူ့လောကကြီးကို့ လူတစ်ယောက်ရောက်လာတာနဲ့ အဲဒီလူကိုခေါ်ဝေါ် ရမယ် ပညတ် နာမ နဲ့အတူ ဒီဟာကြီးပါ တစ်တွဲထဲထည့်ပြောနေရတယ် ဥပမာ.။။မောင်ဖြူ ….မောင်ဖြူဆိုတာနဲ့ မပြည်စုံဘူး ဗျ အဲဒီ အဖအမည် ဆိုတာကြီးကနောက်ကကပ်ပါလာရောဗျို့။။။ အူဝဲဆိုပြီးမွေးဖွားလာတာနဲ့ …..အဖေနာမည်ပြောပါ မွေးစာရင်းလုပ်ရအောင်က…..စလာပြီ ကိုယ့်နာမည်တောင်ဘာမှန်းမသိသေးပေမယ့် ကျွန်တော်တို့ကို အဖအမည် […]


(အေ)ကိုက်နာ(ဇာတ်သိမ်း)……။။။ ဘုရားရိပ်ကအေးချမ်းပေမယ့် ……… ရင်ထဲမှာ တော့ပူလောင်နေတယ် တစ်ခါတစ်ခါထထပြီးဆုတွေပေးနေတဲ့ တန်းဆောင်းထဲက အလှူခံလူကြီးရဲ့ လော်စပီကာထဲက အသံက ကျွန်မကိုလှောင်ပြောင်နေသလိုပဲ…….။။။။။။။။ ဇောတိက အနာထပိဏ် တို့လိုပြည့်စုံကြွယ်ဝပြီးလျှင် အနာမဲ့သူရှင်ဗာကူကဲ့သို့ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြလျှက် ဒီလင် ဒီမယားဒီသားသမီးနဲ့ အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ကြကာ ဆတက်တပိုးတိုးလို့လှူဒါန်းနိုင်ကြပါစေဗျာ။။။။။။။…….. ကျွန်မ ဇောတိက သူဌေးကြီးကိုမမြင်ဘူးပါ ၊ ရှင်ဗာကူ ကိုလည်း မဖူးခဲ့ရပါ ၊ ဒီလင်ဒီမယားကိုရော …..သားလေးကိုရော မိသားစုကိုရော…. တံဆောင်းတိုင်ကိုမှီပြီး အချိန်အတန်ကြာ..ငိုနေမိခဲ့တယ်။။။။မိသားစုကို ဒီရောဂါအကြောင်းပြောပြဘို့ ကျွန်မသတ္တိမရှိပါဘူး… သူတို့ကရော ကြားဝံပါ့မလား။။။။။။ ပတ်ဝန်းကျင်ကရောဘာပြောမလဲ ။။။။ မိသားစုအရေးကိုဆင်ခြေပေး ဆင်းရဲခြင်းကိုခုတုံးလုပ်ပြီး မကောင်းမှုနဲ့စီးပွားရှာတာကို အပြစ်လို့မသတ်မှတ်ကြရင်တောင် ဒီရောဂါဆိုးကြီးအတွက် ဘယ်လိုဝေဖန်ကြမလဲ…။။။။။။။။။။။ ဒီရောဂါရတဲ့ ..အမေကို..သားကရောဘယ်လိုမျက်နှာနဲ့ကြည့်နေရှာမလဲ…….ဒါပေမယ့် အရာအားလုံးဟာနောက်ကျခဲ့ပြီဆိုတာကို……ကျမသိတယ်။။။။ လုံးချေဆုတ်ကိုင်ထားတဲ့စာရွက်လေးကိုဖြန့်ကြည့်မိတယ်….ခပ်သော့သော့ရေးထားတဲ့ဆရာဝန်လက်ရေးတွေနဲ့ ဆေးစစ်ချက်ကလေးဟာ…ကျွန်မဘဝရဲ့ သေမိန့် စာရွက်ကလေးမှန်း ကျွန်မအခုသိခဲ့ရပြီ။။။။။။။ မိုက်မဲတယ်လို့ပဲပြောပြော လူသားမဆန်ဘူးပဲပြောပြော။။။။။ကျွန်မအမိုက်မဲဆုံး […]


(အေ)ကိုက်နာ(၂)……။။။ အင်း…ဒီလိုနဲ့ဒီလောကထဲရောက်လာခဲ့ရတာပါပဲ….. ယောက်ျားကတော့ ထားခဲ့ပြီပေါ့…..ယောက်ျားရှိရက်နဲ့ မိန်းမဖြစ်သူဒီဘဝရောက်ရတာ အဲဒီယောက်ျား လည်းအပြစ်မကင်းဘူလို့ ကျွန်မတော့ထင်တာပဲ။။။။။။။ အခုဆိုရပ်ကွက်ထဲမှာ..ဒီအလုပ်လုပ်နေတဲ့အတွက် နေသားကျနေပါပြီ ချီးမွမ်းခုနှစ်ရက်ကဲ့ရဲ့ ခုနှစ်ရက်ပါပဲ. …အခုဆိုလမ်းထိမ်အိမ်ကဖုန်းဆိုင်မှာနေ့စဉ်လိုလို ကျွန်မနာမည်နဲ့ဖုန်းခေါ်သံဟာနေ့စဉ်လို့ပါပဲ…လူတွေကလည်းလူတွေပဲရှင့် အရင်တုန်းက ကျွန်စုတ်တဲ့သရက်စိလောက်တောင် မတောက်ပြောင်တဲ့ ကျွန်မကိုခေါ်ပြောမယ့်သူတောင်မရှိဘူး အခုတော့လတ်လတ်ဝတ် လတ်လတ်စားနဲ့ အပြင်အဆင်ကလည်း ကျော့ကော့နေတော့ မကောင်းတာလုပ်စားနေပေမယ့်ခေါ်ချင်ပြောချင်ကြတယ်လေ ဒီအလုပ်ကြီးလုပ်နေတာတောင်သတိမရချင်တော့ဘူးပေါ့။။။။။။ ဒီအလုပ်ဆိုတာကလည်း နေ့စဉ်ဝင်ငွေရှိတာတော့မဟုတ်ဘူးရှင့် ဖောက်သည်ကရချင်မှရတာ။။။။ တစ်ခါတစ်လေလည်း ကိုယ့်ကိုကိုယ် အသန့်လေးပါဆိုပြီးအတွေ့ကြုံမရှိသူလေးလိုနေလိုနေရ တစ်ခါတစ်လေ ဆရာကြီးအထာနဲ့ ဂိုက်ဖမ်းရင်ဖမ်းနေရတာ တစ်ခါတစ်လေတော့ ကောင်းကောင်းမွန်မွန်လူနဲ့နေရသလို တစ်ခါတစ်လေ အပေအတေတွေနဲ့လည်းတွေ့ရင်တွေ့နေရတာ.. တစ်ခါတစ်လေ လည်းတောင်းပန်ပြီးပြန်ပြေးရသလို့ တစ်ခါတစ်လေလည်း မျိုးမျိုးမြက်မြက်ရတတ်တယ်လေ။။ အခုတော့ ပါတနာတစ်ဆင့်ခံတွေနဲ့မလုပ်တော့ပါဘူး နောက်မို့ဆို ကိုကလူစိုက်ပြီး သူတို့ကပါးစပ်လေးနဲ့ တစ်ဝက်လောက်ယူခြင်ကြတာ တစ်ခါတစ်လေနှစ်ဦး သုံးဦးဆုံနေတတ်သလို တစ်ခါတစ်လေး ဖုန်းဆက်ခေါ်မယ်သူမရှိလို့မျှော်ရတဲ့ရက်တွေရှိတယ်လေ။။။။။။ လူကတော့အမျိုးမျိုးပေါ့ ရှင်။။။။။။ တစ်ချို့အသန့်ကြိုက်သူတွေ အတွက် […]