မသိမှု ဖြစ်စဉ် သီအိုရီ (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ)ကို ပုံစံဖြည့်ခြင်း နှင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ သီအိုရီ (လူမှုရေးကိစ္စ) တွင် ပုံစံဖြည့်ခြင်း အဆက်ဖြစ်ပါသည်။ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကြောင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြတဲ့အခါမှာ မိမိလုပ်ငန်းအကြောင်းနှင့်ပတ်သက်ပြီး (အဝိဇ္ဇာ) သိသင့်သိထိုက်တာများကို သေသေချာချာ ဂဃနဏ မသိပါက (သင်္ခါရ) မှားယွင်း၊ လွန်ကဲစွာ ပြုမူလုပ်ဆောင်မိကြမှာဖြစ်ပါတယ်။ ထိုကဲ့သို့ မှားယွင်း၊ လွန်ကဲစွာ လုပ်ငန်းမကျွမ်းကျင်ပဲ ပြုမူလုပ်ဆောင်မိပါက နောက်ဆုံးမှာ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ“ဆိုသည့် ဆုံးရှုံးမှုတွေ၊ ဆင်းရဲမွဲတေမှုတွေပဲ ရရမှာ အမှန်ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြတဲ့အခါမှာ (ဝိဇ္ဇာ) သိသင့်သိထိုက်တာ တွေကို သေသေချာချာ ဂဃနဏ သိအောင်လုပ်မိဖို့လိုပါတယ်။ “ကံ၊ ဉာဏ်၊ ဝိရီယ” […]


(https://myanmargazette.net/98745/uncategorized-other/copypaste ရှိသော မသိမှု ဖြစ်စဉ် သီအိုရီ (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ)ပုံစံဖြည့်ခြင်း အဆက် ဖြစ်ပါသည်။) “အဝိဇ္ဇာ“လို့ဆိုရတဲ့ သိသင့်သိထိုက်တာကို မသိပါက ထိုသူသည် “သင်္ခါရ“လို့ ဆိုရတဲ့ မှားယွင်း၊ လွန်ကဲစွာ ပြုမူ၊ ပြောဆို၊ နေထိုင်တော့မှာဖြစ်ပါသည်။ ထိုကဲ့သို့ မှားယွင်း၊ လွန်ကဲစွာ ပြုမူ၊ ပြောဆို၊ နေထိုင်မိပါက နောက်ဆုံးမှာ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ“ဆိုသည့် ဆင်းရဲခြင်းတွေ၊ မငြိမ်းချမ်းတွေပဲ ရရမှာ အမှန်ပါပဲ။ ဒါ့ကြောင့် “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဆိုသည့် ဆင်းရဲခြင်းတွေ၊ မငြိမ်းချမ်းတွေကင်းပျောက်ကာ ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းကို ရောက်လိုပါက “ဝိဇ္ဇာ“လို့ ဆိုရတဲ့ သိသင့်သိထိုက်တာတွေကို သိအောင်လုပ်ဖို့လိုပါတယ်။ ဒီနေရာမှာ ဘယ်အကြောင်းအရာတွေဟာ သိသင့်တာလဲ၊ သိထိုက်တာလဲဆိုတာ ဝေဖန်မိဖို့လိုပါတယ်။ လူသားတွေဟာ […]


လူသားတွေ ငြိမ်းချမ်းစေရေးအတွက် ကမ္ဘာပေါ်ရှိ ပညာရှင်အသီးသီးတို့ ခေတ်အဆက်ဆက် နည်းလမ်းများရှာဖွေဖေါ်ထုတ်ခဲ့ကြသည့်အနက် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ငါးရာကျော်ခန့် က အိန္ဒိယနိုင်ငံမှာ ဂေါတမဗုဒ္ဓတည်းဟူသော ပညာရှင်တစ်ဦး ပေါ်ထွန်ခဲ့လေသည်။ ဂေါတမဗုဒ္ဓမြတ်စွာသည် လူသားတွေ မငြိမ်းချမ်းရသည့် သဘောတရား (သီအိုရီ)ဖြစ်သည့် ပဋိစ္စသမုပ္ပါဒ် (အကြောင်းအကျိုး သီအိုရီ) သဘောတရားကို သိမြင်ခဲ့ပြီး ထိုသီအိုရီသဘောကို အခြေခံ၍ လူသားတွေ ရိုးသားစွာ ငြိမ်းချမ်းစေမည့် သဘောတရား (အရိယသစ္စာလေးပါး)ကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ ဗုဒ္ဓသည် လူသားတွေ မငြိမ်းချမ်းရသည့်အကြောင်းအား ” အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနာ၊ သဠာယတန ပစ္စယာ ဖေဿာ၊ ဖဿ ပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ […]


             ဗိုလ်ချုပ်အောင်ဆန်းကို ဘုရားလို့ သုံးနှုံးလိုက်လို့ အမြင်တစ်မျိုးနဲ့ တစ်မျိုး မမြင်လိုက်ပါနဲ့ဦး။  ဒီနေရာမှာ ဘုရားဆိုတာ ဘယ်လိုမျိုးလဲလို့ အကျယ်ပြောကြည့်ရ မယ်ဆိုရင် ယနေ့သုံးနေကြတဲ့ ဘုရားဆိုတဲ့ ဝေါဟာရဟာ ” ပုရုရှ ” ဆိုတဲ့ စကားကနေ ” ပုရှား “၊ အဲဒီ ပုရှဆိုတာ ပုရိသနဲ့အနက်အတူူပါပဲ။ တနည်းအားဖြင့် ယောက်ျား ကောင်း၊ ယောက်ျားမြတ်လို့လည်း သဘောရသလို ခေါင်းဆောင်မွန်၊ ခေါင်းဆောင် ကောင်းလို့လည်း အဓိပ္ပါယ်ရောက်ပါတယ်။။ အဲဒီ ပုရှားဆိုတဲ့ စကားကနေ ခေတ်ကာလ ရွေ့လျားလာတော့ ယနေ့ အခါမှာ“ဘုရား”ဆိုပြီး သုံးနှုံးလာကြတာပါ။ ဆိုလိုတာက ဘုရားဆိုတာ ယောက်ျားကောင်း၊ ယောက်ျားမြတ်၊ ခေါင်း ဆောင်ကောင်း၊ ခေါင်းဆောင်မြတ်လို့ နားလည်ပေးဖို့လိုပါတယ်။ ဒါ့ကြောင့် […]


၅။ ယစ်မူးစေတဲ့အလုပ်တွေမှာ သတိမေ့လျော့စေတဲ့အထိ သုံးဆောင်မှီဝဲမှုကို မပြုအပ်ခြင်း။   (ပုံစံအားဖြင့် အရက်သေစာ မသောက်ရခြင်း) လူကိုယစ်မူးစေသည့် အရက်သေစာကို သတိမေ့လျော့စေတဲ့အထိ သောက် သုံးနေကြမယ်ဆိုရင် အလုပ်အကိုင်တွေပျက်၊ အပြုအမူ၊ အပြောအဆို၊ အနေအထိုင် တွေပါ မှားယွင်းလာပြီး နောက်ဆုံး ကျန်းမာရေးတွေကို ထိခိုက်ကာ မငြိမ်းချမ်းသော အခြေအနေကို ရောက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လူ့ငြိမ်းချမ်းမှုကို ထိခိုက်စေတဲ့ အရက်သေစာသောက်သုံးခြင်းကို ဆင်ခြင်သင့်ပေသည်။ ဥပမာပုံစံအားဖြင့် အရက်သေစာသောက်သုံးတာ တစ်ခုတည်းကို ပြောရ ပေမယ့် လူကိုယစ်မူးစေသည့် မူးယစ်ဆေးဝါးသုံးစွဲမှုတွေကအစ ပုံစံဖြည့် လိုက်နာကျင့် သုံးပေးဖို့ လိုပါတယ်။ ထပ်ပြီးပုံစံဖြည့် နားလည်ကြည့်ကြရမည်ဆိုလျင် ခေတ်မီကွန်ပျူတာ ဖျော်ဖြေ ရေး ကစားစရာတစ်ခုဖြစ်သည့် Gaims ဆော့ကစားမှုဟာလည်း လူကို ယစ်မူးစေပါ တယ်။ ထိုယစ်မူးသာယာစေတဲ့ Gaims ဆော့ကစားမှုကို […]


၄။ သူတစ်ပါးကို ထိခိုက်နစ်နာအောင် လှည့်ဖြားမှု (မုသာဝါဒ) ကို မပြုရခြင်း။ (ပုံစံအားဖြင့် မဟုတ်၊ မမှန်စကား မပြောရခြင်း)  လူတွေ တစ်ဦးပေါ်တစ်ဦး ထိခိုက်နစ်နာအောင် မဟုတ်၊ မမှန်စကားများ ပြောဆိုဆက်ဆံနေကြမည်ဆိုပါက လူအ ချင်းချင်း ယုံကြည်ခြင်းကင်းမဲ့ကာ မငြိမ်းချမ်းမှုများဖြစ်နေရပေမည်။ လူအချင်းချင်း တစ်ဦးကိုတစ်ဦး ယုံကြည်ပြီး ဆက်ဆံနေထိုင်ကြမှသာ ငြိမ်းချမ်းစွာနေထိုင်မှုလို့ ခေါ်ရမှာဖြစ်ပေသည်။ ဒါကြောင့် လူတွေတစ်ဦးကို တစ်ဦး ထိခိုက်နစ်နာလောက်သော မဟုတ်၊ မမှန်စကားများဖြင့် ပြောဆိုဆက်ဆံမှုများ မပြုသင့်ပေ။ ဒါပေမယ့် ဒီနေရာမှာ စကား (အပြော)တင်လားဆိုတော့ – – – – မပြည့်စုံသေးပါ။ လူသားတွေ အချင်းချင်း ဆက်သွယ်ကြတဲ့အခါမှာ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်(ပုံဟန်) ဒီသုံးမျိုးဖြင့် ဆက်ဆံကြရပါတယ်။          ဒီသုံးမျိုးကို ဆိုင်ရာကိစ္စတွေမှာ […]


၃။ ကာမအာရုံ (ကာမေသု)အား အလိုမတူ မပြုရခြင်းကို ပုံစံဖြည့်ကြည့်ခြင်း။         (ပုံစံအားဖြင့် သူတစ်ပါး သား၊ မယားအား အလိုမတူ ကာမ မလွန်ကျူးရခြင်း)            လူသားတွေသည် ကာမအာရုံများနှင့် ဆက်ဆံကြသည့်အခါမှာ ဒီအာရုံတရား တွေအပေါ်၌ အလိုမတူ (အလိုဆန္ဒနှင့် မတန်) ဖြည့်ကျင့်ခြင်း တနည်းအားဖြင့် ဖြည့်ကျင့် မှုလွဲမှားခြင်း တို့ကို ပြုလုပ်မိနေကြမည်ဆိုပါက လူနှင့်လူ အချင်းချင်း ငြိမ်းအေးမှုရရှိနိုင်မည် မဟုတ်ပါ။                 ပုံစံအားဖြင့် လင်ရှိတဲ့မယား အပေါ်၊ မယားရှိတဲ့ လင်တွေအပေါ် အလိုမတူ ကျူးလွန်မိနေမည်ဆိုပါက ထိုကျူးလွန်သူတို့သည် ခင်ပွန်းဖြစ်သူသည် ဇနီးဖြစ်သူရဲ့ ယောက်ျားကောင်း၊ ယောက်ျားမြတ်အဖြစ်မှ လျော့ကျသွားမှာ ဖြစ်သလို ဇနီးဖြစ်သူသည်လည်း ခင်ပွန်းသည်ရဲ့ မိန်းမကောင်း၊ မိန်းမမြတ်အဖြစ်မှ တန်ဘိုးလျော့ကျသွား မှာဖြစ်ပါတယ်။ ဒါဆိုရင် ထိုသူတို့ရဲ့ […]


(ပုံစံအားဖြင့် သူတစ်ပါးပစ္စည်းကို မခိုးရခြင်း)  သူတစ်ပါးပစ္စည်းကို ခိုးယူနေကြမည်ဆိုပါက ထိုခိုးသူကြောင့် ပတ်ဝန်းကျင်ဟာ ငြိမ်းအေးမှာမဟုတ်တော့ပါဘူး။ လူ့ငြိမ်းအေးမှုကို ထိခိုက်စေတာမို့ လူသားတိုင်း သူတစ်ပါးပစ္စည်းဥစ္စာကို မခိုးဖို့လိုက်နာ စောင့်ထိန်းသင့်ပေသည်။ ဒါဟာပုံစံအားဖြင့် ပေါ်အောင်ပြောရတာပါ။ ဒီပုံစံထဲမှာ ကိုယ့်ဘဝနဲ့ဆိုင်တာတွေကို ဖြည့်ကြည့်ကြမယ်ဆိုရင် သူတစ်ပါး ပစ္စည်းဥစ္စာ ဘာကြောင့် မခိုးသင့်လဲဆိုတာကို ထပ်မံစိစစ်ကြည့်မယ်ဆိုရင် ကိုယ်မရသင့် တာကို ရယူနေမယ်ဆိုရင် ဒီသူရဲ့ လူ့အရည်အချင်းလို့ဆိုရတဲ့ တန်ဘိုးဟာတဖြည်းဖြည်းချင်း ကျဆင်းသွားပါလိမ့်မယ်။ ဥပမာအားဖြင့် စာမေးပွဲမှာ စာခိုးချပြီးအောင်ခဲ့တဲ့ကျောင်းသားဟာ သူ့ဘဝမှာ အောင်မြင်ဖို့အတွက် ကိုယ့်အရည်အချင်းအမှန်ကိုု အားကိုးယုံကြည်မှု လျော့နည်းသွား ပါလိမ့်မယ်။ အချောင်သမားစိတ်ဓာတ်တွေဖြစ်သွားတာမို့ ကောင်းမွန်တဲ့ လူ့အရည်အချင်းများပျက်စီးသွားတာသည် ကိုယ်နဲ့ မထိုက်တန်သေးတဲ့ အခြေအနေရဖို့ စာမေးပွဲ ခန်းထဲမှာ စာခိုးချခဲ့တာက စခဲ့တာပါပဲ။ ကိုယ်နဲ့ မထိုက်တန်တာ မရသင့်တာကို ယူမိခဲ့တဲ့ (စာခိုးချခဲ့တဲ့) […]


                   သီလ (ကိုယ်ကျင့်တရား) ဆိုတာ လူသားတွေ ငြိမ်းအေးဖို့အတွက် လိုက်နာ ကျင့်သုံးရမယ့် သဘောတရားတွေပါ။ ဂေါတမဗုဒ္ဓမြတ်စွာနဲ့ ယေရှုခရစ်တော်တို့ မပေါ်ခင် ကာလကတည်းက လူသားတွေဟာ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအလိုက် ပတ်ဝန်းကျင် ငြိမ်းအေးစေဖို့ သီလ (စည်းကမ်း)တွေ သတ်မှတ်ကျင့်သုံးနေခဲ့ကြခြင်းဖြစ်ပါတယ်။ ဆိုလိုတာက သီလဆိုတာ ဘာသာရေးတွေနဲ့သာ သက်ဆိုင်တာမဟုတ်ဘူးလို့ ပြောချင် တာပါ။ လူသားတွေ လူအချင်းချင်း ဆက်ဆံကြတဲ့အခါမှာ ငြ်ိမ်းအေးစေဖို့ လိုက်နာနေကြ တဲ့ သီလ (စည်ကမ်း) တွေက ယေဘူယျအားဖြင့် (၅)ချက်ကို တွေ့ရပါတယ်။ အဲဒီ (၅) ချက်က လူ့ငြိမ်းအေးမှုကို ပျက်ပြားစေတဲ့ ၁။ အသက် (ပါဏ) လို့ဆိုရတဲ့ ရှင်သန်မှုတွေကို မဖျက်ဆီးရခြင်း။ (ပုံစံအားဖြင့် သတ္တဝါ(လူ) အသက်ကို မသတ်ရခြင်း) ၂။ […]