ကာရံNovember 8, 20141min1075
သူငယ်​ချင်​းသိပါ​စေ အားမငယ်​ပါနဲ့ အများသူငါအလည်​မှာ မင်​းတစ်​​ယောက်​ထဲမဟုတ်​ဘူး​လေ မာန်​မ​ထောင်​ပါနဲ့ သူတို့တစ်​​တွေကဟန်​​ဆောင်​အပြုံး​တွေပါကွာ သူငယ်​ချင်​း ဆူးဆိုတာလူတိုင်​းမုန်​းတဲ့အကျင်​့​ပေါ့ အမြင်​့မ​ရောက်​​သေး​တော့လဲ ​လေတိုက်​စမြဲပါ မင်​းအ​ခြေခိုင်​​အောင်​ကြိုးစားပါ​နော်​ ဘဝခရီးလမ်​းမ​ဖြောင်​့ဖြူးလို့ ​ကျောက်​ဆူး​​တော့မချလိုက်​ပါနဲ့ဦး မိုး​ကောင်​းကင်​မပြိုသ​ရွှေ့​တော့ ငိုစရာအ​ကြောင်​းမရှိပါဘူး​လေ မချစ်​လို့ပြစ်​သွားတဲ့သူ မကြင်​နာလို့ရင်​မှာမရှိ​တော့တဲ့သူ အလွမ်​း​ပေးလို့ကျန်​ရစ်​သူ မင်​းခံစစ်​ထားတက်​ဖို့လိုပြီ​လေ ပန်​းတိုင်​တစ်​​ကွေ့မှာ အလှမ်​းကိုင်​မိ​စေဖို့ မင်​းနှလုံးသားကြံ့ကြံ့ခိုင်​နိုင်​ပါ​စေ သူငယ်​ချင်​း ကာရံ ၈ ့၁၁ ့၂၀၁၄


ကာရံNovember 4, 20141min1143
ဆုံမှတ်​ ဟိုးအ​ဝေးကမင်​း ကမ်​းတစ်​ဘက်​လှိုင်​းချက်​က နီးဖို့​စေသတဲ့လား အငြိုးနဲ့ ရွာတဲ့မိုး ကမ်​းပါးတို့ပြို ပျက်​​နေ​သေတယ်​ အသည်​းခွဲရက်​သူတဲ့ ​လေ​ပြေတစ်​ခဏမှာ ရနံ့​မွှေးတဲ့ပန်​းက​လေး တစ်​​ရွှေ့​ရွှေ့နဲ့ကူးခက်​​နေတယ်​ မုန်​တိုင်​းရယ်​မပြယ်​​သေး​တော့ လှမ်​းဖို့ခက်​ပြီ​ပေါ့ သစ္စာတို့အ​ခြေတည်​ကြတယ်​ ​မေ့​မေတ္တာအိမ်​ငယ်​​လေးမှာ ကိုယ်​​လေအကြင်​နာအင်​အားနဲ့တွန်​းဖယ်​ဖို့ကြိုးစားမယ်​​နော်​ ထာဝရရင်​မှာရှိရင်​​လေ အနမ်​း​လေးပွင်​့အံပါ​စေသား ကာရံ ၄ ့၁၁ ့၂၀၁၄


ကာရံOctober 24, 20141min752
အလွမ်းတစ်ခန်းရပ် ခေါက်ရိုးကျိုးနေတဲ့ဆန္ဒ အလွဲများနဲ့ ခါးသက်တဲ့နေ့ရက်တိုင်းမှာ အဖြစ်အပျက်များက မျက်လှည့်ပွဲအလား ကြည့်ရတာ အထီးကျန်လိုက်တာ ဆုတောင်းခဲ့ဖူးတယ် ပြောင်းလဲလိုက်တဲ့ကံကြမ္မာက ငါ့ကိုအဖန်တစ်ရာမက ရိုက်ခက်နေစဲပါ လှိုင်းလေထန်တဲ့ ကန်ခြေတစ်ဘက်မှာ အလွမ်းတွေရေတွက်ရင်း ဟားတိုက်မိသေးတယ် ဒါကိုမင်းနားမလည်ပါဘူးလေ အချိန်ကိုရေတွက်တိုင်း လေပြေတိုက်ခက်သွားတယ် နေဝင်ချိန်ကြည့်ငေးခိုက်မှာ တိမ်တိုက်တို့မိုက်မဲပြန်သေးတယ် ဒီလိုနဲ့တစ်ရက်ကုန်လွန်ပြီပေါ့ လမင်းသာခဲ့ပါပြီ ငါ့အလွမ်းတွေတစ်ခန်းရပ်မို့ ကြယ်မကြေ ွခင်လေးမှာ အနမ်းတွေမှေးမှိန်ရင်း အားပြယ်လုနီးပြီလေ ကာရံ ၂၄ ့၁ဝ ့၂၀၁၄


ကာရံOctober 23, 20141min983
အခါလွန်မိုး တမာဆိုတာ မချိုတာတော့သေချာတယ် မလိုသူတွေအပြုံးတုမှာ မင်လေးအမုန်းမပေးလိုက်ပါနဲ့ မကြင်နာလို့ ပစ်သွားပြီပဲ မင်းလေးရင်မှာ ချစ်စကားတွေမဆွံ့အသေးပါဘူးလေ အခါလွန်ရွာသည့်မိုး သည်းတာတော့သေချာတယ် အနာဂတ်အိမ်လေးမှာ မင်းလေးကို စောင့်နေသူရှိတယ် မလွမ်းပါနဲ့နော် အနာတရနဲ့ ဒဏ်ရာကိုကုစားဖို့ ခြေလှမ်းတွေဆက်တိုးဖို့လိုတယ် မေ ညလေညင်းသွဲ့သွဲ့မို့  လမင်းတစ်မှေးအိပ်နေတယ် ခပ်တိုးတိုးလေးပြောလိုက်ပါ မင်းလေးရင်မှာ အနွေးဓာတ်အေးမြနေဆဲပေါ့ ကာရံ ၂၃ ့၁ဝ ့၂၀၁၄


ကာရံOctober 19, 20141min1024
နွေတစ်မာခါးလေရော့သလား မှိုင်းပျပျမှုံကာခြယ် ရွာတစ်ဖက်ထန်းတောငယ်နဲ့ တို့ဖိုးထောင်နွားကျောင်းဟန်က လွမ်းမောဖွယ် ့ ့ ့ ဟိုးအဝေးကမီးခိုးတန်း ထက်ကောင်းကင်လွင့်ပျံလို့ ညနေချမ်း ပျို မေတို့ ရေခပ်လမ်းမှာ တေးသံသာတူစုံနွဲ လွမ်းမောဖွယ် အလှမ်းသာလာချင်ပေမယ့် ဝမ်းရေးမှာ ရှာခက်သူမို့ ရွာအဝေးမှာငါရပ်တည်ရင်း အနာဂတ်ခရီးကြမ်း လျှောက်လှမ်းနေသမျှ နွေတမာခါး ဘယ်တော့များချိုနေရော့မလဲလေ ကာရံ ၁၉ ့၁ဝ ့၂၀၁၄


ကာရံOctober 17, 20141min722
ဂုဏ်ယူပါတယ် လုံ့လကိုထုစစ် မာနဖယောင်းမှာ ပျော့ပြောင်းသူတို့ နှလုံးသား တစ်ပါးသူအပြုံးများ ပွင့်လန်းစေ ့ ့ ့ ့ ့ ဇွဲဆိုတဲ့တံခါးတစ်ချက် အားအင်နဲ့တွန်းဖယ်ရင်း ပန်းတိုင်ကို လှော်ခက်သူ တစ်ပါးသူတို့ ပျော်မဆုံးသေးပါဘူး ့ ့ ့ ့ ့ ့ အိပ်မက်ကိုအရောင်ခြယ် မှောင်မိုက်ကမ႓ာ စမ်းတစ်ဝါးည ကောင်းကင်ကကြယ်လေးများ အလင်းသာခဲ့ပြီ ခါးသီးရက်တွေမှာ တစ်ပါးသူတို့ ခေါင်းမော့တက်လာပြီ ့ ့ ့ ့ ရိုးရာလေးတစ်ခေတ်ဆန်းပြီမို့ နိုးထခဲ့ အိမ်မက်ညလေး ငါ့တို့အဝေးမှာ ကျန်ရစ်ပြီ သူတို့ သူတို့ သူတို့ရင်မှာ တစ်သက်မမေ့ U19 ရဲ့ အားပေးမှုကို ထာဝရ ဦးညွတ်ရင်း ့ ့ ့ ့ ့ […]


ကာရံOctober 13, 20141min773
လွမ်းည ကောင်းကင်ထက် လင်းတဲ့လမင်း ကြယ်စင်ထက် ဝင်းတဲ့မျက်နှာ အလွမ်းပိုလူမသိတာထက် အနားမှာသူမရှိတဲ့ နေ့ရက်တိုင်းမှာ ကိုလေရှင်လေးကိုလွမ်းနေလျှက်ပါကွယ် ကာရံ ၁၂ ့၁ဝ ့၂၀၁၄


ကာရံOctober 13, 20141min1075
ယနေ့မှစ ထာဝရ ၁၅၀ဝချစ်မေတ္တာသည် လွမ်း၍မဝ တမ်းတတမို့ မှန်းစမျှော်မှန်း ချစ်လမ်းခရီးမှာ ပန်းခင်းသည့်လမ်း မပျိုးတောင်မှ ကိုတို့သစ္စာမြဲစေပါမူ ဆူးခင်းသင့်လမ်း တူဖြတ်သန်းရင်း ကြည်နူးရင်ခွင် မှေးစပ်ရင်းဖြင့် ရှင်လေးနှလုံးသား အေးမြစေကြောင်း ကိုဆုတောင်းသည် ယနေ့မှစ ထာဝရသည်သို့ ကာရံ ၁၃ ့၁ဝ ့၂၀၁၄


ကာရံOctober 7, 20141min1183
အရိပ်အသွင် ငါ၏စိတ်အစဉ် အရိပ်အသွင်ဖြစ်ဖန်ဆင်း နွယ်လိုရစ်ပတ်ရင်း အမြစ်တွယ်ခဲ့သည် ထိန်းထားခဲ့ပါသည် ဖိတ်ကျသွားတဲ့ ချစ်ရေစဉ်လေးက အေးမြစေသလားတဲ့ နွေးထွေးတာပေါ့ မေတ္တာဆိုသော အရိပ်အောက်မှာ မင်းနဲ့ငါ ရပ်တည်နေလို့လေ မိုးစက်များခြွေကာကျလာတယ် ဒါပေမယ့် သူတို့မြေမခသေးခင်လေး ပန်းကလေးများ အလွမ်းပြေသောက်သုံးရင်း ရနံ့လေး မွေးဖွားကြပြန်သေးတယ် အဖူးအငုံ ပွင့်ဖတ်စုံပါလျှက်ကယ်နဲ့ လမ်းနံဘေးက ရပ်တည်သူမို့ ငြိုးငယ်နေသယောင် ဒါကိုကြင်သူမသိပါဘူးလေ တန်ဖိုးဆိုတာ သိသူထက် ထိုက်သူက စံရတာလား ထိုက်သူထက် သိသူက ပန်ရတာလား အဖန်တစ်ရာအတွေးများထဲမှာ မင်းနဲ့ငါ ရပ်တည်ချက်က နားလည်မှုလေးပါ ကာရံ ရ ့၁ဝ ့၂၀၁၄


ကာရံOctober 6, 20141min964
အိပ်မက်ထဲက သာတဲ့လ အကြင်နာညလေးမှာ သာနေတဲ့လမင်း သူ့အသွင် ဝင်းဝါဝါမို့ ကြယ်လေးများ အဆင်းလှသူရယ် ရနံ့ခြွေတဲ့ပန်းလေပြေလေး ကို့အနားတိုးလာကြတယ် ရှင်လေးသိလား ရင်ခုန်သံတစ်ရေးနိုးမို့ အနမ်းမိုးရွာခဲ့သလားလို့ပေါ့ လွမ်းလို့ပဲဝေဝေ တမ်းတလို့ပဲခြွေခြွေ ရနံ့လေးကလေ ရင်သို့တိုးဝှေ့စဲမို့ အနေဝေးပေမယ့်လဲ ကို့အတွေးမှာ ရှင်လေးကလေ တိမ်ဖျားထက်က လမင်းလေးမို့ အိပ်မက်ကမ႓ာထဲမှာ တစ်ခဏပျော်ရဦးမယ်ပေါ့ ကာရံ ၆ ့၁ဝ ့၂၀၁၄


ကာရံOctober 2, 20141min1024
မေသိပါစေ ရုပ်ဆိုးပေမယ့် ဘဝကိုရိုးရိုးလေးဖြတ်သန်းချင်တယ် မာနတွေအနားမလာပါနဲ့ သဘာဝမို့ ထာဝရချစ်မယ့်သူ မင်းသိနေမလား အချစ်သည်ခါးသည်တဲ့ မင်းလေးကြားနေမလား အချစ်သည် ရင်ထဲသို့တစ်အားနာသည်တဲ့ မည်သို့ပင်ဖြစ်စေ ငါ့အချစ်သည် ရိုးရိုးလေးပါမေ တစ်ဖဝါးခွာတိုင်း ေမ့အနားမှာအရိ်ပ်ကလေးလိုပေါ့ တိုးတိုးလေးပြောမယ်မေ နိုးမထခင်အချိန်လေးမို့ ရိုးမသွားမည့်သည်စကား မေ့အနားကခွဲမသွားပါဘူးလေ ကာရံ ၁ ့၁ဝ ့၂၀၁၄


ကာရံOctober 2, 20141min450
အချစ်ကြောင့်မွှေးသော ပန်း အတ္တနန်းတော်ကြီးမှာ ပန်းခရေမကြေ ွပါနဲ့လား အနမ်းတွေဆွံအကုန်မှာစိုးလို့ပါ နွမ်းသွားတဲ့ အပိုင်းအစကို တယုတယ ထွေးပိုက်ဖူးတယ် ကို့ရင်မှာ အလွမ်းတွေ ပျယ်လွင့်တဲ့ထိပါ မျက်ရည်တို့ ခိုဖူးတဲ့ကို့ပါးပြင်ထက်မှာ အကြင်နာအင်အားနဲ့ဖယ်ရှားပေးတဲ့ ရှင်လေးရဲ့လက်လေးတွေက ညမွှေးပန်းကိုအံတုလို့ အနိုင်ယူခဲ့ပြန်သေးတယ် အပေးအယူကင်းတဲ့ ချစ်ခြင်းမေတ္တာရိပ်မှာ ကိုလေခိုနားရင်း ထာဝရဆိုတဲ့ခရီးလမ်းမှာ တွဲလက်ကလေးမြဲမြံစွာ ဆုပ်ထားရအောင်နော် ကာရံ ၆ ့၁ဝ ့၂၀၁၄


ကာရံOctober 2, 20141min620
တိမ်အကွယ် ဝါဂွမ်းပမာ နူးညံ့သည့်သွင် စိတ်ထားကလေ ကလေးတစ်ယောက်ပမာ အဖြူ ရောင်ပါ လူတစ်ကာထက်သူကလေ ကို့အတွက်တော့ ဘုရားပေးတဲ့ဆုပေါ့ အမုန်းဆိုတာ အိပ်မက် လက်တွေ့ဘဝမှာ သူကသိပ်ချစ်တက်ဆုံးပါ အပြုံးရိပ်မှာ ခိုနားရင်း ကိုလေအမောပြေခဲ့သူပေါ့ မေတ္တာအတိမ်အနက်ကို သူမေ့ထားတယ် သိပ်ချစ်တာကိုတစ်ယောက်ထဲပါတဲ့ သူ့မျက်နှာလေး ရှက်ပြုံးသွယ်သူမို့ တစ်သက်မမေ့ဘူးလေ အကြင်နာညလေးမှာ ကို့ဘေးမှာခိုနားရင် သူပျော်နေသေးတယ် လမင်းလေးတိမ်အကွယ်မှာ အနမ်းလေးသူခြွေရင်း ကြယ်ကြေ ွတာ မသိလိုက်ဘူးပေါ့ ကာရံ ၂ ့၁ဝ ့ဝ၁၄