padonmarMarch 10, 20141min46124
ပြီးခဲ့တဲ့လက စာအုပ်ဈေးပွဲတော်မှာ မွှေနှောက်ရင်း စာအုပ်ကောင်းလေး တအုပ်ရခဲ့ပါတယ်။ အားလုံးသိတဲ့ မန္တလေးက ဒေါ်ဒေါ်(လူထုဒေါ်အမာ) ငယ်နုစဉ် အသက် ၂ဝ ပတ်ဝန်းကျင်က မြမဉ္ဇူူ ကလောင်နဲ့ ရေးခဲ့တဲ့ ဝတ္ထုတိုလေးတွေပါ။ အရေးအသားရော အကြောင်းအရာရွေးချယ်မှုပါ တော်တော့်ကို ကောင်းတဲ့ ဝတ္ထုတိုတွေပါပဲ။ဒီလို ငယ်စဉ်ကတည်းက စာဖတ်နာ စာရေးကောင်းတာကြောင့်လည်း ကြီးလာတော့ လူထု ဒေါ်အမာလို့ နာမည်ကျော်အောင် ဖြစ်လာခဲ့တာပေါ့နော်။ ဒီစာအုပ်ထဲမှာ ဝတ္ထုတိုလေး ၂၂ ပုဒ်ပါတဲ့အထဲ ၃ပုဒ်က နို်င်ငံခြားဝတ္ထု ကျောရိုးကို မှီငြမ်းပြုထားတာပါ။ အမေက ဒီစာအုပ်ထုတ်ဝေခြင်းအမှာစာမှာ ပထမ ရေးစဉ်က ဒီလို မှီငြမ်းပြုပါတယ်လို့ မရေးခဲ့ရတာကို တွေးပြီး ရှက်မိပါတယ်တဲ့။ (လေးစားစရာ စိတ်ဓာတ်ပါပဲ၊ထပ်ပြောချင်ပါတယ်။ဒါကြောင့်လည်း လူထု ဒေါ်အမာလို့ နာမည်ကျော်အောင် ဖြစ်လာခဲ့တာပေါ့နော်။) အဲဒီထဲကမှ ၁၉၃၈ ခုနှစ် […]


padonmarFebruary 18, 20141min36520
မန္တလေး ကျနော်တို့ ရွှေမန္တလေး ချမ်းအေးပူအိုက် က ကျမတို့ရဲ့ ချစ်လှစွာသော နောင်တော်ကြီး မြန်းဂဇက်ရဲ့ သက်တော်ရှည် လောက်လောက်ပေး အမြဲတမ်း လမ်းသလားတတ် လက်ဆော့တတ်တဲ့ မြန်မာပြည်က အလှတရားလေးတွေ လက်ဆောင်ပေးတတ်တဲ့ ကိုကြီးပေါက် တယောက် ရန်ကုန်မှာ သာသနာ့ဘောင်ဝင် ရှင်ရဟန်းပြု တယ်လို့ သတင်းကြားလိုက်ရပါတယ်။ ရှေးရှေးကတော့ ဘုန်းကြီး ရဟန်းကို `ခင်ကြီး´ လို့ ခေါ်တတ်ကြပါတယ်။ ဘယ်အရာကိုမှ မသိတာမရှိလို့ မတလုံးကျေတဲ့ ခင်ကြီးဖျော်ဆိုတာလည်း လူကြီးတွေတော့ ကြားဖူးကြမှာပါ။ ကကြီးမိုက်က ဘုန်းကြီးလုပ်ရင် ခင်ကြီးမိုက် ကဆာမိက ဘုန်းကြီးလုပ်ရင် ခင်ကြီးဆာ ဦးပါလေရာက ဘုန်းကြီးလုပ်ရင် ခင်ကြီးပါ ပေါ့။ ကိုကြီးပေါက်က ဘုန်းကြီးလုပ်တော့ ခင်ကြီးပေါက် နာမည်တွင်ပေရော့။ လူ့ဘောင်ငြီးလို့ သာသနာ့ဘောင်များ အပြီးဝင်လေရော့မလား။ ဘုန်းကြီးဘဝနဲ့ ဘာဆုတွေများတောင်းခဲ့လေမလဲ။ […]


padonmarFebruary 18, 20142min33924
14.1.2014 ဓမ္မဗျူဟာတွင် ကျင်းပသော Dr.ခင်နွယ်ဝင်း (USA) ၏ ဒုတိယအကြိမ် ကျန်းမာရေးပညာပေးဟောပြောပွဲကောက်နှုတ်ချက် (သက်ရှည်ကျန်းမာချင်လျှင်၊မြန်မာ့လူနေမှုဘဝကိုပြင်) အရေးတကြီးသိမှတ်ရန် ကင်ဆာ+ဆီးချို+သွေးတိုး နာတာရှည်ရောဂါများ ကာကွယ်နိုင်ရန်အတွက် (၁) ခန္ဓာကိုယ်တွင်း ဓာတ်တိုးခြင်း(=သံချေးတက်ခြင်း=Oxidation) မဖြစ်အောင်နေရမည်။ကင်ဆာဆဲလ်များသည် အက်ဆစ်ဓာတ်နှင့် အချိုဓာတ်တွင် ပိုပွားနိုင်သဖြင့် ခန္ဓာကိုယ်ကို အက်ဆစ်ဓာတ် မဖြစ်အောင် နေရမည်။အချိုရှောင်ရမည်။ (၂) ခုခံအားကောင်းအောင် အစားအသောက် ၊ အနေအထိုင် ပြုပြင်ရမည်။ (၃) အကျိုးဝေဒနာကို ကုဖို့ထက်အကြောင်းရင်းကို ရှာကုရမည်။ (၄) အဆိပ်အတောက်များ၏ ပေါင်းခြင်း (အဆိပ် ၁+၁+၁+၁) သည် အဆိပ် ၄ မကပဲ အဆိပ် ၄ဝ ဖြစ်သွားနိုင်သည်။ (၅) မည်သည့်အချိန်မဆို ပြုပြင်လျှင် နောက်မကျသေးပါ။ အချိန်မီပါသေးသည်။ (၆) အသက်ရှည်ခြင်း၏ သော့ချက်သည် အစားနည်းခြင်း၊ချင့်ချိန်စားခြင်း […]


padonmarFebruary 1, 20142min20312
သူများတွေ Myanmar Event Park က စာအုပ်ပြပွဲသွားတာတွေတွေ့ရပြီး ဝေးလွန်းလို့ မရောက်နိုင်တော့ စာအုပ်သစ်လိုချင်စိတ်တွေ တဖွားဖွားဖြစ်၊ဒါကြောင့် တော်ဝင်စင်တာရှေ့စာအုပ်ပြပွဲမှာ စက်ရုံစာကြည့်တိုက်တွက် အကြောင်းပြပြီး ကိုယ့်တွက်ပါ ဝယ်လိုက်တယ်။ဝါသနာတူရင် ကြွားပါမယ်။ ကျော်ညိုသွေးရဲ့ ချောကလက်အက်ဆေးတွေ့ခဲ့တယ်။သူက မျှစ်ကြော်လို ရွာမှာ အခြေမချချင်၊သွေးကြီးတော့ အားမပေးခဲ့ဘူး။အားပေးစေချင် ရွာကို မကြာခဏလာမှ။   တောင်တွင်းကြီး အရှင် ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်လည်းတွေ့ခဲ့တယ်။ မှော်စက်ရောင်ဝတ္ထုဟောင်းတွေလည်း တွေ့ခဲ့တယ်။စိတ်ဝင်စားရင် သွားကြည့်ကြ။ဖေဖော်ဝါရီ ၂ရက်ထိတဲ့။


padonmarJanuary 29, 20141min19914
  `ဗုဒ္ဓသာသနာတော်ကြီး မြန်မာ့မြေမှ မထွက်ခွာဖို့ ကိုယ်ပိုင်ကာကွယ်ရေး စွမ်းရည် တိုးမြှင့်ကာကြိုးစားကြပါစို့´ ပဏ္ဍိတာရာမ ဆရာတော်ကြီး ဗုဒ္ဓသာသနာ ရှင်သန်ထွားကျိုင်းဖို့ ရှင်ရဟန်းတွေ ဝိနည်းသိရှိလိုက်နာကြရပါမယ်။ သူတပါးဘာသာကို တိုက်ခိုက်ဖို့ထက် ကိုယ့်စည်းကိုယ့်တပ်ကို လုံအောင်ပြင်ဆင်ဖို့ ပိုအရေးကြီးပါတယ်။ ဒီလို ဆောင်ရွက်နေတဲ့ သံဃာစစ်သံဃာမှန်တွေ ရှိနေကြောင်း သိစေချင်လို့ ဒီသတင်းလေး တင်ပေးတာပါ။ `သံဃံ သရဏံ ဂစာ္ဆမိ ´ပါဘုရား။    


padonmarJanuary 12, 20144min26515
အစတုံးက ဂေါက်ကလပ်မှာ ကိုယ်တယောက်တည်းရယ်။မိတ်ဆွေတွေက ဟားကြတော့ ရွာထဲမှာ ဂေါက်(၁)ကို ရင်ဖွင့်မိတာပေါ့။ကိုယ့်ကို အားပေးသူတွေလည်းရှိ၊ကိုယ့်လို ဂေါက်သူတွေလည်းရှိတော့ နည်းနည်း အားတက်ပြီး အသံလေးကျယ်လာတယ်။ ဂေါက်(၂)ကျတော့ ဂေါက်ဖော်ဂေါက်ဖက် ဦးမိုက်နဲ့ ဦးပါအပြင် ဆောရိုးလေးရဲ့ အဖေနဲ့ အမေပါ ကလပ်ဝင်ဖြစ်လာပြီ။ ဂေါက်(၃) လည်းရောက်ရော ဂေါက်ဒူဝါနဲ့ ဂေါက်စိုင်းလူပါ စည်းရုံးလို့ရသွားရော။ ဒီလောက်နဲ့တော့ ကိုယ့်ကို ဂေါက်တယ်လို့ ပြောတဲ့သူတွေကို မချေဖျက်နိုင်သေးဘူး။ ဟော အခုတော့ ဂေါက်တဲ့ဖက်မှာ နိုင်ငံကျော် အော်ပီကျယ်ရှိတယ်လို့ ခပ်ကြွားကြွားလေး ရင်ကော့ပြီးပြောလို့ရပြီ။ ဆရာအော်ပီကျယ်ရဲ့ သဘာဝပတ်ဝန်းကျင် ကာတွန်းပြက္ခဒိန်လေး ဆရာမဆီက လက်ဆောင်ရပြီးကတည်းက သဘောကျလွန်းလို့ မိတ်ဆွေတွေ တပည့်တွေ လှည့်ပတ်ပြလိုက်သေးတယ်။ အခု ရွာထဲကလူတွေ ကြွားခံရမယ့် အလှည့်ပါ။ သည်းခံခွင့်လွှတ်ကြည့်ကြပါ။         […]


padonmarJanuary 11, 20141min31220
ဂေါက်တယ်လို့ မှတ်မှာလား-၁ ( တစ်ခါသုံး/ Disposible) Posted by padonmar on Mar 18, 2013 https://myanmargazette.net/170276 ဂေါက်တယ်လို့မှတ်မှာလား(၂)-လမ်းပေါ်ကအမှိုက် ကိုယ်နဲ့ဆိုင်မဆိုင်? – Posted by padonmar on Jan 10, 2014     ဂေါက်မိသူပါရှင် မိုးရာသီ အစ တရက်မှာပေါ့။ ကျမနဲ့ ကျမယောင်းမနှစ်ယောက်သား ဓမ္မဗျူဟာမှာ ရက်တိုသင်တန်းသွားတက်ပါတယ်။ သင်တန်းရှိတဲ့ ကြားတောရလမ်းမကြီးပေါ်မှာ ဆိုင်တွေလည်းရှုပ်၊ တခါတလေလည်းရဲကဖမ်းတတ်တော ့ယောင်းမက ကားကိုကြားတောရလမ်း ထိပ်မှာရှိတဲ့ သာသနာ့လင်္ကာရကျောင်းတိုက်ဝင်းထဲမှာ သွားရပ်ရပါတယ်။ ညနေ ၄ နာရီသင်တန်းဆင်းချိန်မှာ ကားဆီပြန်ရောက်တော့ ကားစက်နှိုးလို့မရတော့ပါဘူး။ ကားကိုမောင်းရုံသာတတ်ပြီး ရောဂါမရှာတတ်တဲ့ မိန်းမသားနှစ်ယောက်ဆိုတော့ မောင်လေးဆီ ဖုန်းဆက် ၊ ကားရပ်ရာလမ်းညွှန်ပြီး စောင့်နေကြရပါတယ်။ […]


padonmarJanuary 10, 20141min26821
   ဂေါက်တယ်လို့ မှတ်မှာလား-၁ ( တစ်ခါသုံး/ Disposible) Posted by padonmar on Mar 18, 2013 https://myanmargazette.net/170276 နောက်က ဆက်ရန်တွေ ပွားချင်လို့ ဂေါက်တယ်လို့ မှတ်မှာလား-(၁) ဆိုပြီး အမှတ်စဉ်တပ်လိုက်မိပြီးမှ တော်တော်နဲ့ ဒီအကြောင်းရေးဖို့ ကီသွင်းမရဖြစ်နေမိပါတယ်။၁ဝလ ကြာမှ ဆက်ဖြစ်တဲ့ အခန်းဆက်မို့ ဂေါက်ကလပ်အသင်းဝင်တွေ အားပေးဝေဖန်ကြပါအုံး။      နာဂစ်အလွန်ရက်တွေတုံးက ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံလေး တစ်ခုပြောပြချင်ပါတယ်။ ကျမနေတဲ့ စမ်းချောင်းမြို့နယ် ဟာ ပြည့်သူ့လွှတ်တော၊်ပြည်သူ့ရင်ပြင်နဲ့ နီးပါတယ်။ မနက်စောစောဆိုရင် ကျမတို့အိမ်သားတွေ ပြည်သူ့ရင်ပြင်ကို လမ်းလျှောက် အားကစား လေ့ကျင့်လေ့ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဝင်းကြီးကို ပတ်ဝိုင်းထားတဲ့ ရေမြောင်းနဲ့ လူသွားလမ်းပလက်ဖောင်းတွေကို တွေ့ဖူးကြမှာပါ။ မိုးရွာတဲ့အခါ ရွှေတိဂုံကုန်းတော်နဲ့ ဆက်စပ်နေတဲ့အတွက် ပြည်သူ့ရင်ပြင်ဖက်အမြင့်ကနေ လမ်းကို […]


padonmarJanuary 2, 201424min1318
၂၀၁၃ တဲ့ လွန်ခဲ့ပြီ။ ငါ ဘာတွေများ လုပ်ခဲ့ဖြစ်ခဲ့ပါလိမ့်လို့ လွန်လေပြီးသော အတိတ်ကာလ စက်ဝိုင်းတစိတ်ကို လည်ပြန်ငဲ့ကြည့်မိတယ်။ ဒီတနှစ်ထဲမှာ အများတွက် တန်ဖိုးမရှိပေမယ့် ကိုယ့်တွက် တန်ဖိုးရှိတဲ့ စာမေးပွဲ တခုမှာ ဘာသာရပ် ၂ခုကို ကြိုးစား အောင်မြင်ခဲ့တယ်။(အများကတော့ ရယ်ချင်မှာ) 😀 ဘယ်နားသုံးရမှန်းမသိတဲ့ တံဆိပ်တုံးဝိုင်းကြီး ၁ခု ရခဲ့တယ်။(ဖွက်ထားတယ်) :hint: ကိုယ်အင်မတန် စိတ်ဝင်စားတဲ့ ဘာသာရပ်ကို သင်ပေးခွင့်ရခဲ့တယ်။(ကံဆိုးရှာသော တပည့်များပါပဲ) :boss:  အဖွဲ့ ၁ခုရဲ့ နာမည်ခံ ဥက္ကဋ္ဌအဖြစ် အိပဲ့ပဲ့ ပျော့ညံ့ညံ့နဲ့လုပ်ခဲ့တယ်။(တော်ပါသေးတယ်၊နောက်က  ကယ်မယ့်သူပေါ်လာပေလို့၊နို့မို့ ကိုယ့်ကြောင့် ဒီအဖွဲ့ ပျက်တော့မလို့။) :byee: ရပ်ဆွေ ရပ်မျိုးမောင်နှမတွေ တယောက်လက်တယောက်ဆွဲလို့ အဖွဲ့အစည်း ၁ခုထဲ အများအကျိုးဆောင်ကြမယ်ဆိုပြီး ပါခဲ့ကြတယ်။(ဒီအဖွဲ့တော့ ဗျတ်ဝိဗျတ္တရောက်သွားတဲ့ ဘုန်းကြီးကျောင်း ဖြစ်မလားပဲ) […]


padonmarJanuary 1, 20143min51035
29-12-2013 နေ့ ဓမ္မဗျူဟာ USA မှ O.G Dr.ခင်နွယ်ဝင်း၏ ကျန်းမာရေးပညာပေး ဟောပြောပွဲ ကောက်နှုတ်ချက် `အသက်ရှည်ကျန်းမာချင်လျှင်၊စားသောက်နေမှုဘဝကိုပြင်´ Dr.ဒေါ်ခင်နွယ်ဝင်းဟာ ၁၉၇၁ ခုနှစ်က မြန်မာပြည်မှ M.B.,B.S ဘွဲ့ရခဲ့ပြီး ၁၉၇၄ မှာ အမေရိကားသို့ ထွက်ခွာ အခြေချခဲ့တဲ့ မီးယပ်သားဖွားပါရဂူ ဖြစ်ပါတယ်။၂၀၀ဝ ခုနှစ် အလုပ်က အနားယူပြီးချိန် ကစပြီး ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ပါတယ်။ အသက်နှင့် မလိုက်အောင် ကျန်းမာနုပျိုနေသူလည်း ဖြစ်ပါတယ်။ alternative medicine ခေါ်တဲ့ နွယ်မြက်သစ်ပင်တွေကနေ လူတွေအတွက် အကျိုးရှိ ကျန်းမာစေမယ့် နည်းပညာတွေကို အင်တာနက်က ရှာဖွေ ဖတ်ရှုလေ့လာ သုတေသနပြု ပြီး မိတ်ဆွေများကို မျှဝေပေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ လူတွေဟာ သွေးတိုး၊ ဆီးချို ၊လေငန်း၊ကင်ဆာ၊ဘီပိုးစီပိုး […]


padonmarDecember 9, 20131min30923
မှီရဲ့ မိဘဝတ်(သို့)ဝဋ် ထဲမှာ သကြားလုံးကြော်က ဒီလိုမန့်ထားပါတယ်။ သကြားလုုံးကြော် says: ဖတ်လိုု့ကောင်းလိုုက်တာ။ ကလေးဘဝက အစောဆုုံး ကိုုယ်တိုုင် မှတ်မိတာပြောပါလိုု့ မေးရင် မူကြိုမသွားချင်တဲ့ နေ့တနေ့ကိုုပဲသတိရတယ်။ အဖိုုးက မူကြိုကိုုစက်ဘီးစီးပြီးလိုုက်ပိုု့တယ်။ မသွားချင်တာကိုုသိလိုု့ထင်တယ် အဖိုုးက လမ်းမှာရောင်းနေတဲ့ သကြားရည်နဲ့ပုုံဖော်ထားတဲ့ မျောက်ရုုပ် တုုတ်ထိုုးသကြားချောင်းလေးဝယ်ပေးပြီး မူကြိုပိုု့လိုုက်တယ်။ မူကြိုဆရာမက နေ့လည်မှ/ကျောင်းဆင်းမှ စားရမယ်ဆိုုပြီး နံရံမှာ ထိုုးထားတယ်။ နေ့လည် ကလေးတွေအကုုန်အိပ်ချိန်မှာ အဖိုုးဝယ်ပေးသွားတဲ့ နံရံပေါ်က မျောက်ရုုပ်ကလေးကိုုပဲကြည့်ပြီး ငါ့အဖိုုးဝယ်ပေးသွားတာဆိုုပြီး အဖိုုးကိုုပဲသတိရနေတာ မှတ်မှတ်ရရပဲ။ ကျမအဖိုုးမရှိတော့ပါဘူး။ ဒါပေမဲ့ ငယ်ငယ်က ကျမကိုု မူကြိုလိုုက်ပိုု့ပေးပြီး နှစ်သိမ့် မျောက်ရုုပ်ကလေးဝယ်ပေးတာကိုု စဉ်းစားမိတိုုင်း အဖိုုးကိုုချစ်လိုု့မဆုုံးဘူး။ အန်တီမှီ့သားလေးကိုု ကျောင်းပိုု့ရင် သူ့အနားမှာယူသွားစရာ အမေ့ကိုုယ်စားဆိုုပြီး အရုုပ်သေးသေးတခုုခုု ထည့်ပေးလိုုက်ပါလား။ something to hold […]


padonmarDecember 8, 20131min50436
– ဟင်းသီးဟင်းရွက်တွေကို အစိမ်းမစားပါနဲ့။ – အသီးအနှံများကို အခွံထူထူခွာပစ်ပြီးမှစားပါ။ – အချဉ်ဖောက်ထားသောအစာ ၊ လက်လုပ်ချဉ်များ မစားပါနဲ့။ – ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ အစာတွေပဲစားပါ။ – ကီမိုဆေးအားလုံးသွင်းပြီးသွားချိန်အထိ သက်သက်လွတ်မစားပါနဲ့။ – လူထူထပ်ရာ မသွားပါနဲ့။………………… ကင်ဆာဆေး ကီမိုသွင်းပြီးတဲ့အမ မရွှေပုအတွက် ဆောင်ရန်ရှောင်ရန်တွေကို သူ့ပတ်ဝန်းကျင်က သူတွေပါ သိရအောင် ရည်ရွယ်ပြီး ကျမသိသလောက် ကွန်ပျူတာနဲ့စာစီပေးလိုက်ပါတယ်။ ဒီစာလေးရေးပေးနေရင်း ဝမ်းချုပ် တတ်လို့ အသီးအရွက်တွေကို ကြိတ်ပြီး Smoothies လုပ်သောက်နေကျဖြစ်တဲ့ အမရဲ့ညည်းသံကြားယောင်မိပါတယ်။ လူမမာစာလို့ခေါ်တဲ့ ကြက်သားစွပ်ပြုတ် ၊ ဆန်ပြုတ်နဲ့ အသားတွေချည်းစားရတဲ့အခါ ရှောက်သီးသုပ် ၊ မြင်းခွာရွက်သုပ် လိုမျိုးလေးတွေ သံပုရာရည်လတ်လတ်ဆတ်ဆတ်ညှပ်ပြီး စားချင်လိုက်တာလို့ တောင့်တနေရှာပါတယ်။ အစားအစာ ၁ခုဟာ စားနေရချိန်မှာ မသိသာလှပေမယ့် ဒီအစာကို […]


padonmarDecember 6, 20132min30926
ဒို့မြန်မာပြည်ဖွားတွေ မညံ့ပါဘူး။ (၁)ဒီသတင်းလေးကတော့ လွန်ခဲ့တဲ့ ၁လကျော်ကြာက အလဲဗင်းထဲပါထားတဲ့ အင်တာဗျူးလေးပါ။ Facebook မှာလွယ်လွယ်ကူကူ Share ထားလို့ ဖတ်ဖူးပြီးသားသူတွေလည်း များနေမှာဖြစ်ပေမယ့် မဖတ်ရသေးသူတွေလည်း သတိပြုမိအောင်ပြန်တင်ရင်း မြန်မာပြည်ဖွား ဒေါက်တာမြင့်စွမ်းကို ဂုဏ်ပြုပေးချင်ပါတယ်။ အမေရိကန်နိုင်ငံ နယူးဂျာစီမြို့က နှစ်စဉ်ရွေးချယ်သည့် အကောင်းဆုံး ဆရာဝန်များ စာရင်းတွင် ရွေးချယ်ဂုဏ်ပြုခံရသူ ဒေါက်တာအလက်ဇန်းဒါးမြင့်စွမ်း (MBBS, MD, FACP) နှင့် တွေ့ဆုံခြင်း Created on Friday, 08 November 2013 00:01 Written by Mg Toee အမေရိကန်နိုင်ငံ နယူးဂျာစီမြို့က နှစ်စဉ်ရွေးချယ်သည့် အကောင်းဆုံး ဆရာဝန်များစာရင်း ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအလက်ဇန်းဒါးမြင့်စွမ်း ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ဂုဏ်ပြုခံခဲ့ရသည်။ ဒေါက်တာ […]