Sayar Gyi JitJuly 31, 20111min1859
နယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ်ဆန်းဝင်းအောင် နှင့် ရဲတပ်သားအပေါင်းအပါတစ်စု ၏ ဓါးမြ တိုုက်လုယက်မှု စစ်ဆေးပြီးဆုံးပြီ ဟု ကြားသိရပါသည်။ ရိုက်နှက် နှိပ်စက်ခံရသော ရေလုပ်သား များကိုဖိအားပေးခြိမ်းချောက် ၍ ဤကဲ့သို့အဖြစ်မျိုးမရှိပါကြောင်း သက်သေခံ ခိုင်းပြီး တရားခံအုပ်စု လွတ် ငြိမ်းချမ်းသာ ခွင့်ရရှိခဲ့ကြောင်း သိရှိရပါသည်။ ရီစရာအလွန်ကောင်းလှပါသည် ၊ ၎င်းတို့အားစစ်ဆေးခဲ့သူများမှာ သံတွဲမြို့မှ ရဲတပ်ဖွဲ့ဝင်များပင်ဖြစ်နေသောကြောင့်ဖြစ်ပါသည်၊ ကိုယ့်အရပ်နှင့် ကိုယ့်ဇတ် ဟာသ တစ်ခန်းရပ် ပြဇတ်အဖြစ် အသုံးတော်ခံ ခဲ့ ကြကြောင်း ခလေးဆန်ဆန် ရီစရာ အဖြစ်မျိုးပင်ဖြစ်ပါသည်။ ၎င်းအမှု ကိုစစ်ဆေးခိုင်း ခဲ့ပါသော အထက်မှ ပုဂ္ဂိုလ် တို့မှာ မည်သို့ ဥနှောက်မျိုးသုံး သနည်းဟူ၍ စဉ်းစားစရာ ဖြစ်ခဲ့ရပါသည်၊ အစအဆုံး သုံးသပ်တင်ပြရသော် စစ်ဆေးခိုင်းခဲ့သော အထက်မှ ပုဂ္ဂိုလ်မှာ […]


Sayar Gyi JitJuly 15, 20111min26821
လူကြီးမင်းတို့ရေ ၊  ကိုယ်ပိုင်အိမ်လေး တစ်အိမ်ဆောက်ချင်ပါသလား ၊ ကုန်ကျစရိတ်လေး တွက်ကြည့်ရအောင်၊ ရိုးရိုးအိမ်လေးတစ်ဆောင် အတွက်စဉ်းစား တွက်ချက်ကြည့်ရအောင်နော်၊ ပတ်သက်ရာပြင်ပ ကုန်ကျစရိတ်လေးတွေ မေးကြည့်တော့…အားလားလားးးးးးး မြို့နယ် အုပ်ချုပ်ရေးမှုး…………………………………………………….. ၁၀၀၀၀   ကျပ် ခရိုင် အုပ်ချုပ်ရေးမှုး     ………………………………………………… ၁၀၀၀၀   ကျပ် ရပ်ကွက်အုပ်ချုပ်ရေးမှုး …………………………………………………….    ၅၀၀၀   ကျပ် မီးသတ်တပ်ဖွဲ့   ……………………………………………………. ၄၀၀၀   ကျပ် ပြည်သူ့ဆေးရုံ                   ………………………………………  ၄၀၀၀   ကျပ် မြေစရင်း                   ………………………………………၇၀၀၀၀  ကျပ် စည်ပင်သာယာ         ……………………………………………….၅၀၀၀၀၀  ကျပ် ———– စုစုပေါင်း                 ……………………………………………………..    ၆၀၃၀၀၀  ကျပ် ဟိုက်……………..၆၀၃၀၀ဝ ( ခြောက်သိန်း သုံးထောင် ) အမလေးဗျာ  လူကြီးမင်းတို့ရေ ကျွန်တော်ကတော့  အိမ်မဆောက်တော့ပါဘူး […]


Sayar Gyi JitJuly 15, 20111min19824
နယ်ထိမ်းခေါင်းဆောင်ဆိုသည်မှာ သံတွဲမြို့မှဖြစ်ပြီး စခန်းမှုးဆိုသူမှာ ကင်းမော်ရွာမှ စခန်းမှုး ဖြစ်ပါသည်၊ လွန်ခဲ့သော ၁ဝ ရက်ခန့်က နယ်ထိမ်းခေါင်းဆောင်အပါဝင် ရဲဘော် နှစ်ယောက်နှင့် ကင်းမော်စခန်းမှုး တို့သည် ဆင်ခေါင်းကျေးရွာအနီးပင်လယ်ပြင်တွင် တံငါသည်လှေ တစ်စီး ပေါ်ရှိ တံငါသည်  ၃ ယောက်အား အနိုင်ကျင့် ရိုက်နှက်သော လုယက်မှု တစ်ခု ဖြစ်ပွားခဲ့ပါသည်၊ ဖြစ်ပုံမှာ ၎င်းနယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ် နှင့် စခန်းမှုး အုပ်စု တို့သည် ကင်းမော်ရွာ မှ စက်လှေ နှစ်စီးအား ချောဆွဲ၍ ပင်လယ်ပြင်သို့ သားကောင်ရှာရန်အလို့ငှာ ခရီးထွက်ခဲ့ကြကြောင်း သိရှိရပါသည်၊ ၎င်းနောက် ထပ်မံသိရှိရသည်မှာ ပင်လယ်အတွင်းရှိလှေတစ်စင်းအား တာဝန်ရှိဟန်ဖြင့် တက်ရောက်ကာ လှေ ပေါ်တွင် ရှိ ရေလုပ်သား ၃ ဦးအား မင်းမဲ့စရိုက်ဆန်စွာဖြင့် အနိုင်ကျင့်ရိုက်နှက် […]