panpanAugust 8, 20113min22920
ပုံတွေက အရမ်းကြောက်ဖို့ကောင်းလို့ နှလုံးရောဂါရှိသူတွေ မကြည့်ကြပါနဲ့လို့ပြောချင်ပါတယ် သူတို့တွေ ဘာရည်ရွယ်ချက်နဲ့ ဘာအဓိပ္ပါယ်နဲ့လုပ်ကြတာလဲတော့ မသိပါဘူး ပုံတွေအရမ်းများလို့ ကြည့်မယ့်သူတွေပိုစ့်ဖွင့်လိုက်ရင် Page Loading အရမ်းကြာမှာစိုးလို့ Pageလေးသွားမှာစိုးလို့ နှစ်ပိုင်းခွဲပြီး တင်လိုက်ပါတယ် ခု၂၅ပုံတင်လိုက်ပါတယ် နောက်တစ်ပိုင်းကို ၂၄ပုံတင်လိုက်ပါမယ် ၄၉ပုံတောင်ဆိုတော့ အရမ်းလေးနေမှာစိုးလို့ပါ ကဲ!ကြည့်ရဲမှကြည့်ကြနော်…..။


panpanAugust 5, 20112min13711
စိတ်အားငယ်နေသူများ မိမိဘဝက ထိုလူ့လောက် ဆိုးနေပြီလား မိမိမှာ ကိုယ်လက်အင်္ဂါအပြည့်အစုံရှိနေရင် လဲကျနေလား ပြန်ထလိုက်ပါ အပျင်းကြီးနေသူများ မိမိလို ထိုလူအပျင်းကြီးရဲ့လား မိမိမှာ ကိုယ်လက်အင်္ဂါအပြည့်အစုံရှိရက်နဲ့ အလုပ်လုပ်ဖို့ ပျင်းမနေပါနဲ့တော့ သန်သန်စွမ်းစွမ်းနဲ့ ရေသာခိုချင်သူများ အတုယူပါ ဆုံးရှုံးမှုတွေကြောင့် စိတ်ဓါတ်ကျနေသူများ အားတင်းပါ မတ်တပ်မရပ်နိုင်သူတောင်မှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တာကို အားကျလိုက်ပါ ထိုထိုသောအကြောင်းများအတွက် ပုံတွေကို ကူးယူတင်လိုက်ပါကြောင်း…ရွာသူရွာသားအပေါင်းတို့ရှင့်။


panpanAugust 4, 20111min31429
ပြောရင်လည်း အတင်းဖြစ်ဦးမယ် အဲဒါကြောင့် ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာ ၁ဝရက်လောက်ရှိပြီ ခုမှ ပြောဖြစ်သွားတယ်ဆိုပါတော့ ဒါကလည်း မပြောရင် တခြားလူတွေ သတိမထားမိဘဲ ဒုက္ခရောက်မှာစိုးလို့ပါ အကြောင်းကတော့ ဒိတ်ကုန်ပစ္စည်းတွေ စူပါမားကတ်မှာ ရောင်းချတာတွေလို့ပါပဲ ကျွန်မ ရွှေဂုံတိုင်မှာရှိတဲ့ စူပါမားကတ်တစ်ခု(အမည်တော့ ဖော်မပြတော့ပါ)မှာ ဈေးသွားဝယ်တာ ရက်လွန်ပစ္စည်းတွေ ရောင်းထားတာတွေ့ရပါတယ် အသုံးအဆောင်ပစ္စည်းဆို ထားတော့၊ ခုဟာက စားသောက်ကုန်တွေပါ အဲ…..အဲဒီမှာ အသုံးအဆောင်ပစ္စည်းတွေလည်း ရက်လွန်တာတွေ ရောင်းတယ်နော် ဥပမာ-ခေါင်းလျှော်ရည်လိုဟာမျိုးပေ့ါ အရင်တခေါက်သွားတုန်းက ကိတ်မုန့်ဝယ်တာ ကိတ်မုန့်ဗူးတစ်ဗူးကမုန့်က မှိုတက်နေတာတွေ့ရတယ် ရက်စွဲကိုကြည့်တော့လည်း ရက်လွန်နေပြီ ဒါနဲ့ ဝန်ထမ်းတစ်ယောက်ကိုခေါ်ပြီး ဒီကိတ်မုန့်က ရက်လွန်နေပြီ မှိုတောင်တက်နေပြီလို့ ပြောပြီးသိမ်းခိုင်းလိုက်တယ် အဲဒီကိတ်မုန့်တစ်ခုတည်းမဟုတ်တာ နောက်တော့သိလိုက်ရပါပြီ နောက်တစ်ခေါက် ထပ်ရောက်ပြီး ဈေးဝယ်ဖြစ်တယ် (ပစ္စည်းတွေအဆင်မပြေပေမယ့် အဲဒီမှာပဲဝယ်ဖြစ်တာက သွားရတာနီးနေလို့ 😀 ) […]


panpanAugust 3, 20112min27320
အသက်ကသာကြီးတာနော် ပုံတွေက မိုက်မှမိုက်   ပေ့ါပေ့ါပါးပါးစတိုင်လေးပေ့ါ ခုခေတ်မော်ဒယ်တွေတပ်တဲ့ မျက်မှန်လောက်တော့ သနားတယ် DJလည်း ပွတ်မှာပဲ အရမ်းလန်းတဲ့ ကလေးဖက်ရှင်လေ ဟိုး….တုန်းက တို့နှစ်ယောက် ဒီပန်းခြံထဲမှာ ဒီလိုပဲ ဆော့ခဲ့ကြတာ ငယ်ငယ်တုန်းက လမ်းသရဲမလေးတွေပေ့ါ တားတားလေး လှတယ်ဟုတ် လူလစ်တုန်းလေး…ကဲ! ဘိုးဘိုးကြီးက ဘွားဘွားကြီးမသိအောင်… နတ်မိမယ်လေးပါ တော်တော်ဆော့တယ်နော် သူကပိုဆော့တာ ဘွားဘွားတို့ကတော့ အေးဆေး၊ ခပ်မိုက်မိုက်ပဲနေတယ် ဘယ်သူနိုင်နိုင် ခုထိ ကနိုင်တုန်း၊ သွက်လက်တုန်း လွန်ခဲ့တဲ့နှစ်၅ဝလောက်ကဆို ဒီလိုလျှောက်ရင် မြင်သူငေးရတာပေ့ါကွယ်


panpanAugust 2, 20111min1769
  ဆရာတော်ဥူးသုမင်္ဂလလောတဲ့ တရားထဲကဟာကို ဆင့်ပွားလိုက်ဦးမယ် ဆရာတော်ဟောတာ နာရတဲ့ထဲမှာ ဘီလုံးငှက်လေးနွယ်ငြိတဲ့ဥပမာလေးပေးသွားတယ် အင်အားကြီးတဲ့ ဆင်ပြောင်ကြီးဟာ သူ့ခြေမှာချည်ထားတဲ့ သံကြိုးကို အလွယ်တကူရုန်းနိုင်ပေမယ့် ဘီလုံးငှက်ကလေးတစ်ကောင်ဟာ မြက်နွယ်ပင်လေးမှာ ငြိနေတာ မရုန်းနိုင်ဘဲ သေပွဲဝင်ရပါတယ်တဲ့ ဆင်းရဲသားတစ်ယောက်ဟာ တဲစုတ်နဲ့ အကျည်းတန်မယားကို မစွန့်နိုင်ဘူး စည်းစိမ်ချမ်းသာတွေနဲ့ နေနေရတဲ့ ဘုရင်ဟာ မင်းစည်းစိမ်ကိုစွန့်နိုင်မယ် ဒါဟာ မိမိရဲ့ ဖြည့်ဆည်းလာတဲ့ ပါရမီ၊ ကုသိုလ်တွေကြောင့်ပါ အဲဒီအင်အားကြီးတာနဲ့အမျှ ကိလေသာကို ရုန်းနိုင်ပါလိမ့်မယ် ဘုရားရှင်က အနည်းငယ်မျှလောက် အပြစ်ဖြစ်သည်ဟု ဆိုတဲ့အရာကို မိမိတို့အနေဖြင့် လုံးဝရှောင်ကြဉ်သင့်တယ် မြတ်စွာဘုရာသော်မှ အပြစ်ရှိသည်ဟု ဆိုသောကိစ္စကို သာမန်လူတို့အဖို့ အနည်းငယ်မျှသာဟု တွေး၍မကျူးလွန်အပ်ပါဘူး မြတ်စွာဘုရားသည် သာမန်လူသားတို့နှင့်ယှဉ်လျှင် လွန်စွာပါရမီ၊ ကုသိုလ်အင်အားကြီးသူဖြစ်၍ ဆင်ပြောင်ကြီးနှင့် ဘီလုံးငှက် နှိုင်းယှဉ်သလိုဖြစ်မယ်ထင်ပါတယ် ဆင်ပြောင်ကြီးသည် သံကြိုးကို လွယ်ကူစွာရုန်းနိုင်သော်လည်း […]


panpanAugust 1, 20111min24625
ဇူလိုင်လကုန်ကစပြီး အစိုးရဝန်ထမ်းတွေကို လစာထုတ်ပေးတာ အကြွေတွေထည့်ပေးနေပါတယ် ပြောထားခဲ့တဲ့အတိုင်း ၃၅၀၀ဝကျပ်ဖိုးပါ ၂၀ဝတန်အရွက်တစ်ရာ၊ ၁၀ဝတန်အရွက်တစ်ရာ၊ ၅ဝတန်အရွက်တစ်ရာ၊ စုစုပေါင်း ၃၅၀၀ဝဖိုးပါ ပိုက်ဆံတွေက အသစ်စက်စက်တွေ၊ ဘဏ်အုပ်၊ နံပါတ်စဉ်တိုင်းရတာပါ ဒါပေမယ့် ဝန်ထမ်းတိုင်းတော့ ငွေအကြွေရတာမဟုတ်ဘူး ဘဏ်မှာ ချက်လက်မှတ်နဲ့ထုတ်မယ့်ဝန်ထမ်းတွေမရဘူးတဲ့ ဒီကိစ္စဘဏ်နဲ့မဆိုင်ဘူးလို့ပြောတယ် အဲဒါငွေသားတိုက်ရိုက်လစာထုတ်ရတဲ့ဝန်ထမ်းတွေကို ၃၅၀၀ဝဖိုးထည့်ပေး(လဲပေး)တာပါ အရင်က လုပ်ငန်းရှင်သူဌေးတွေကပဲ ဘဏ်မှာငွေအကြွေတွေလဲကြပါတယ် ပြီးတော့ အကျိုးမဲ့ထုတ်မသုံးကြပါဘူး (သိမ်းထားကြပါတယ်) ဒီတော့ ပြည်သူတွေလက်ထဲကို ငွေအကြွေတွေက မရောက်တော့ဘဲ အစုတ်အပြဲတောင် အနိုင်နိုင်ဖြစ်ခဲ့ရတာပါ ဒါ့ကြောင့် ဝန်ထမ်းတွေကို လစာပေးတဲ့အခါ ငွေအကြွေထည့်ပေးတာပါ ဝန်းထမ်းတွေအနေနဲ့ ဒီငွေကို မသုံးမဖြစ် သုံးကြမှာဖြစ်လို့  ပြည်သူလူထုကြားထဲကို သေချာပေါက်ပြန့်နှံ့သွားမှာဖြစ်ပါတယ် ဘဏ်မှာ ချက်လက်မှတ်နဲ့ လစာငွေထုတ်မယ့် ဝန်ထမ်းတွေအတွက် မရပေမယ့် (အကောင်းဘက်ကကြည့်မြင်ပြီး) ခုလောက်လုပ်ပေးတာတော့ မဆိုးဘူးပြောရမယ် ဒီတစ်လပြီး နောက်လတွေလည်း […]


panpanJuly 29, 20114min48123
ကြည့်ပြီး စားချင်လွန်းလို့ သွားရည်ကျသွားရင် တာဝန်မယူဘူးနော်… 😀 ဒီလူရဲ့ ခြေထောက်နားကိုကြည့်လိုက်ပါ အပြေးသန်တယ်၊ နှစ်ခုလုံး…. အလို…..ဖိနပ်ထဲဝင်နေပါလား ဪ…သူတို့က တွင်းအောင်းတွေကိုး ပုတ်သင်ညိုလိုလို…ဘာလိုလို ဒီကောင်က အခန်းထောင့်မှာ..ကြည့်ရတာ ချောင်ကြိုက်တဲ့ကောင်တွေပဲ၊ အောင်းမယ် ခိုမယ် အမလေးလေး…..ဆာလာအိတ်ထဲမှာ အများကြီးပဲ၊ ဖမ်းထားတာ ဖြတ်ကုန်ပြီ၊ ခုတ်ကုန်ပြီ အတက်အလက်မှန်သမျှ အကုန်ဖြတ် အမြီးပါဖြတ်တယ် ဟောသလို…ဟောသလို…အရေစုတ်တယ် အမြီးတွေချည်း ပန်ကန်ပြားထဲမှာ၊ ဘာလုပ်မလို့ပါလိမ့် အလိုလေး….ရဲရဲနီ၊ အရေစုတ်ထာပြီးသား အကောင်တွေ ခုတော့လည်း တစစီ ရုပ်ပျက်သွားကြပြီ…ဘယ်အမြီးက ဘယ်ကောင့်ဟာလဲကွယ် အနီးကပ်ကြီးပြတော့ အသည်းယားစရာကြီး.. အမငှီး….ကြောက်ကြောက် ဆေးကြောသုတ်သင်နေတာများလားမသိ အမြီးနဲ့ ဗိုက်ထဲက ဘာတွေလဲမသိ၊ အဲဒါတွေပဲချက်မယ်ထင်တယ် ဟော..ဟင်းအိုးထဲထည့်ပါပြီ အစုံပဲနော်..သေချာချက်တာ၊ ဟိုစိမ်းစိမ်းလေးက ငြုတ်သီးတောင့်ထင်ပ့ါ အဲ…ထမင်းတွေနဲ့ထင်တယ်၊ အသားကိုကျတော့ သပ်သပ်ချက်တယ်နော်၊ ဒီဘက်ပန်းကန်ထဲမှာ အကောင်လိုက်အသားတွေ ဒန်ပေါက်နဲ့ […]


panpanJuly 27, 20112min34225
တိဗက်မှာ လူသေတွေကို မြေမြှပ်မသဂြိုဟ်ဘူးတဲ့ သူတို့နည်းကြီးက ကြောက်ဖို့ကောင်းတယ် ကောင်းတဲ့ဘက်ကကြည့်ရင်တော့ သင်္ချိုင်းမြေမလိုတော့ဘူးပေ့ါ မီးနဲ့လည်း မသဂြိုဟ်ရတော့ အကုန်လည်းသက်သာတယ် ငွေကုန်လူပန်း သက်သာတာပေ့ါ ကုသိုလ်လည်းရတယ်၊ သတ္တဝါတွေအစာကျွေးရလို့လေ ဒါပေမယ့် ဘယ်လိုပဲဖြည့်တွေးတွေး ကြက်သီးထစရာကြီး..။ အဲဒီမှာ လူသေအလောင်း၊ သူတို့ဘယ်လိုလုပ်မလဲ ကြည့်ရအောင်.. ဓါးတွေနဲ့ မွှမ်းနေပြီ ဟော..ငှက်တွေလာစားနေပြီ၊ ဓါးနဲ့မွှမ်းတာက ငှက်တွေအလွယ်တကူစားလို့ရအောင်လုပ်တာပဲ ထိုင်ကြည့်နေတဲ့လူလည်း သေရင် အဲလိုသဂြိုဟ်ခံရမှာပဲ၊ အဲ…သေတဲ့လူကလည်း အရင်က အဲလိုပဲ ထိုင်ကြည့်ခဲ့ဖူးမှာ.. စားလိုက်တာ ပြောင်လို့၊ အရိုးပဲကျန်တယ်၊ တော်တော်အစားပုပ်တဲ့ကောင်တွေ ငှက်တွေစားလို့ပြီးတော့ အရိုးလိုက်ကောက်ရတာပေ့ါ ခုတ်ထစ်ပြီး ဘာလုပ်မယ်မသိပါဘူး၊ မြေမြှပ်မယ်ဆိုလည်း ဝန်ပေ့ါသွားပြီပေ့ါ….။ ———————————————————————- အင်း….ကြောက်စရာကောင်းတယ်ပဲပြောရမလား ဒီတိုင်းမြေမြှပ်တာနဲ့စာရင် သန့်သွားတယ်၊ ဝန်ပေ့ါတယ်ပဲပြောရမလား ဘာမှန်းကိုမသိတော့ဘူး 🙁


panpanJuly 26, 20111min58618
ပေါက်တတ်ကရနော် ယင်ကောင်တွေနဲ့ ဖန်တီးထားတာ ရောဂါရတော့မှာပဲ ယင်ကောင်ဘယ်လိုဖမ်းလဲမသိဘူး ယင်ကောင်တွေကို လူတွေရဲ့ အပြုအမူလိုမျိုး ဖန်တီးထားတာ ဘာပဲပြောပြော လုပ်လည်းလုပ်တတ်ကြလွန်းပါတယ် အတွေးအခေါ်လေးတွေလည်း ကောင်းလို့ ရွာသူရွာသားများ ကြည့်ရအောင် ပုံတွေတင်ပေးလိုက်ပါတယ်။ ကြည့်ကြပါကုန်………………..။   မြင်းစီးနေတဲ့ ယင်ကောင်၊ အဝေးကကြည့်ရင် စစ်တိုက်ထွက်မယ့် စစ်သားကျနေတာပဲ၊ ရှေးတုန်းက ရောမခေတ်စစ်သားလိုပေ့ါ၊ ဝတ်ရုံကြီးနဲ့ အိမ်သာပေါက်ဝမှာ စောင့်နေတဲ့ ယင်ကောင်တွေပေ့ါ ခြေတံရှည်ကောင်ကို အောက်ကကောင်က မကျေနပ်တဲ့ဒီဇိုင်းနဲ့ ခါးထောက်နေတာ ရေးကူးမယ်၊ ဒိုင်ဗင်ထိုးမယ်၊ တန်းစီ ခုမှပဲ အညောင်းပြေသွားတော့တယ်၊ ခြေဆန့်လက်ဆန့် မမှီသေးဘူး၊ ထပ်မြှင့်ဦးကွ ပြေးထားကွ၊ ပြေးထား ယင်ထီးနှစ်ကောင်ပါလား တော်တော်ဆော့တဲ့ကောင်တွေ၊ ဆပ်ကပ်ပြစားရမယ် ———————————————————————————————— ဝါသနာပါတဲ့လူတွေ အိမ်မှာယင်ကောင်ဖမ်းပြီး လုပ်ကြည့်ကြပေ့ါ ယင်နိုင်နင်းရေးလည်းဖြစ်သွားရော၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ  😛  😀  😛


panpanJuly 25, 20111min33236
ကြောက်တတ်ရင် မကြည့်နဲ့နော် အိပ်ဆေးအလွန်အကျွံသောက်လိုက်လို့ ဖြစ်သွားတာတဲ့ မသိဘဲသောက်လိုက်တာလား၊ သတ်သေတာလားတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ် ပြန့်ကျဲနေတဲ့ အိပ်ဆေးလုံးတွေ…       အမငှီး………..ကြောက်စရာကြီးနော် ရွာသူရွာသားအပေါင်းတို့လည်း ကိုယ့်ကိုကိုယ် သတ်သေမယ်ဆိုရင် အဲလိုကြီးတော့ မကြံလိုက်ကြပါနဲ့လို့ ရုပ်ပျက်ဆင်းပျက်ကြီး ကြည့်ရတာလည်း ပုပ်နေပြီထင်ပါတယ် နောက်မှ သက်ဆိုင်ရာကလည်း ရှာတွေ့တာထင်တယ် ဘာပဲဖြစ်ဖြစ် ကြောက်စရာကြီး…. :-O


panpanJuly 22, 20111min34418
စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာတစ်ဦး(အမည်မမှတ်မိပါ)ပြောသွားတာလေး သတိရလို့ ပြောချင်တာတွေ အမှန်အတိုင်းပြောပါတော့မယ် (မရိုက်ကြပါနဲ့နော် 😀 ) ဂျပန်ကလေးတစ်ယောက်က အင်္ဂလိပ်တစ်ယောက်ကို ပါးရိုက်လိုက်လို့ တရားရုံးမှာဖြေရှင်းရပါသတဲ့ တရားရုံးမှာ အကြောင်းအရင်းမေးတော့ ကလေးကဘာပြန်ပြောလဲ….“ကျွန်တော့ကိုကြည့်ပြီး ဟောဒီအင်္ဂလိပ်ကြီးက မင်းရုပ်က ငါတို့အင်္ဂလိပ်လူမျိုးနဲ့ တူတယ်ကွ လို့ပြောပါတယ်၊ ဒါနဲ့ ကျွန်တော်လည်း ဒါကျွန်တော့်မိဘတွေကို စော်ကားတာပဲဆိုပြီး ပါးရိုက်ခဲ့တာပါတဲ့”။ အဲလို နားထောင်လိုက်ရပါတယ်…။ စာရေးဆရာကလည်းထပ်ပြောပါတယ်..။ ကျွန်တော်တို့မှာရော…အဲလိုမဟုတ်ဘူးတဲ့။ အဲဒီမှာ ကျွန်မထပ်တွေးမိပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံကလူတွေဟာ(လူတိုင်းနီးပါးဖြစ်ကုန်ကြပြီ) တော်တော်ကို မျိုးချစ်စိတ်နည်းပါးကြတာပဲ ဟိုနိုင်ငံကြည့်ဟိုနိုင်ငံကိုအားကျ အတုခိုး၊ ဒီနိုင်ငံကိုကြည့်ဒီနိုင်ငံကိုသဘောကျ။ ကောင်းတာတွေအတုခိုးပါလား၊ စည်းကမ်းရှိတာတွေ အားကျပါလား ခုတော့ ဘယ့်နှယ်…လောလောဆယ် ခေတ်အထဆုံးဖြစ်နေတဲ့ ကိုရီးယားအားကျတယ်။ ဇာတ်ကားတွေကြည့်ပြီးတော့။ မင်းသားလေးကချောလိုက်တာဟဲ့။ မင်းသမီးလေးဆံပင်ပုံကလှလိုက်တာ၊ ဒီတိုင်းငါလည်း လိုက်ညှပ်ဦးမယ်။ ဇာတ်ကားတစ်ကားပြီးသွားရင် မင်းသားမင်းသမီး ဖက်ရှင်တွေကျန်နေခဲ့တယ်။ ဆိုင်တွေမှာလည်း အဲဒီဖက်ရှင်ပစ္စည်းတွေ ရောက်ကုန်တယ်၊ […]


panpanJuly 21, 20111min29218
တချို့   နည်းတွေက ရိုးနေလို့ ပုံမတင်တော့တာ လူတော်တော်များများက အသုံးပြုတဲ့နည်းတွေမို့ မတင်လိုက်တော့ဘူး ခုခိုးကူးနည်းတွေက ထူးဆန်းလို့ ကိုယ်တိုင်တော့ အဲလိုမလုပ်ခဲ့ပါဘူး ရင်တုန်ရလွန်းလို့ သူခိုးလမ်းပြလုပ်တာမဟုတ်ဘူးနော် ကျောင်းသားများ စာမေးပွဲမှာ အဲလိုလိုက်မလုပ်ကြပါနဲ့လို့….  😀     ဘောပင်လေးမှာရေးထားတယ်နော် သိပ်မထူးဆန်းပေမယ့် အသေးစိတ်ကျလို့ သဘောကျတယ် အသုံးပြုရလည်းလွယ်သလို လူလည်း သိပ်မမိနိုင်ဘူး ဒီနည်းကတော့ မြန်မာနိုင်ငံမှာ လုံချည်တွေနဲ့ဆိုတော့ လုပ်ဖို့မလွယ်ဘူး ဒါပေမယ့် လုပ်နေကြတာပါပဲ ကျားရော မရော ဘယ်လိုကဘယ်လို လုံချည်ကြီးလှန်မလဲတော့ မသိပါ ဒီနည်း နည်းနည်းလုံခြုံမှုပိုရှိသလားလို့ ခိုးချမှန်းမသိသာဘူး ဟိုလိုလို ဒီလိုလို   ဒီဟာတော့ တော်တော်အသေးစိတ်ရမယ် လက်သည်းကြီးတဲ့လူဖြစ်ရင် ပိုအဆင်ပြေတယ် မှင်စိုနဲ့ရေးမှ ပိုအဆင်ပြေမှာ မှင်မပျက်အောင်လည်း ဂရုစိုက်ရမယ် ကိုယ်တိုင်ရေးတာထက် တခြားလူကရေးပေးရင် ပိုအဆင်ပြေမယ် (ဒီနည်းအသုံးတည့်ရင် […]


panpanJuly 19, 20111min27615
ဒီကနေ့ ရာသီဥတုလေး မဆိုးပါဘူး မနက်ခင်းအိပ်ရာနိုးပြီးတော့ အာဇာနည်နေ့မို့ ဗိုလ်ချုပ်ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်သီချင်းလေး ဖွင့်နားထောင်ဖြစ်ပါတယ် ဲပြီးတော့ ခဏနေ ဈေးသွားပါတယ် ဈေးမှာ ထီရောင်းတဲ့တွန်းလှည်းလေးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုသီချင်းလေး ဖွင့်ထားတာ ကြားရပါတယ် ဒါနဲ့ ထီ၅စောင်ထိုးခဲ့ရောဆိုပါတော့ (ထီပေါက်ခဲ့ရင် တစ်ရွာလုံး မီးခိုးတိတ် အလှူ….သိန်း၁၀၀ဝပေါက်မှ 😛 ) ပြောချင်တာက အဲဒါတွေမဟုတ်ဘူး ဒီကနေ့ရဲ့ အာဇာနည်ကုန်းမြင်ကွင်းကို ပါးစပ်နဲ့ပြောချင်တာ အာဇာနည်ကုန်းကို ပြည်သူလူထုတက်ရောက်ခွင့်ရပြီ လင့်လမ်းမှတ်တိုင်ကနေ ရွှေဂုံတိုင်ဘက်ခြမ်းကို လမ်းဖွင့်ပေးထားပေမယ့် လင့်လမ်းဟိုဘက် မြောက်ဘက်မုခ်တက်မယ့်ဘက်ကတော့ လုံးဝလမ်းပိတ်ထားပါတယ် လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ်ချထားပါတယ် လုံခြုံရေးအရ ကြည်ဖြူစွာ အစစ်ဆေးခံဖို့လည်း ပြောနေပါတယ် ်အဲဒီမှာ မော်တော်ပီကယ်တွေရော ရဲတွေရော အများကြီးပါပဲ ရေဗူးတို့၊ အိတ်တို့၊ ဖုန်း၊ ကင်မရာ စတာတွေ ယူဆောင်ခွင့်မပြုပါဘူး ယောက်ျားလေးသပ်သပ် […]