တကယ်က အပြစ်တင်စရာရှာရရင်  ဒီစက်ကလေးကို  ဂက်စ်မီးခြစ်နဲ့တော်တော်တူအောင်  တီထွင်ထားတဲ့သူကိုပဲ  အပြစ်တင်ရတော့မယ်။ ဂိုဒေါင်လောက်အရွယ်ရှိတဲ့ ကွန်ပျူတာကို လက်နှစ်လုံးလောက်ပဲကျန်အောင်  ခြုံ့နိုင်ကြမှတော့  ကျုပ်လက်ထဲက  ကာလခရီးသွားစက်ကလေးလဲ  ဒုတိယကမ္ဘာစစ်ကရှားမင်းတင့်ကားအရွယ်ကနေ  ဂက်စ်မီးခြစ်အရွယ်ဖြစ်လာတာ  ဆန်းတော့သိပ်မဆန်း…။ ခက်တာက အိပ်ကပ်ထဲထည့်ထားမိရင်  မီးခြစ်နဲ့ ခဏခဏမှားတော့တာပဲ..။ အခုလဲကြည့်… နေပူပူမှာ  လှည်းတန်းဘက်ရောက်နေတော့  လုပ်စရာကိစ္စတွေအပြီးမှာ  ဘတ်စ်ကား တက်မစီးချင်သေးလို့  အိုင်တီကဖေးကိုဝင်ပြီး  ချိုပေါ့ကျလေးတခွက်မှာလိုက်မိတယ်။ ပြီးတော့စိတ်အေးလက်အေးနဲ့  ရူဘီလေးတလိပ်ဆွဲပြီး  အိပ်ကပ်ထဲကမီးခြစ်ထုတ်အခြစ်…. သေချာမကြည့်လိုက်မိတော့  ခရီးသွားစက်ကလေးကို  မှား ထုတ်ပြီး  ခလုပ်နှိပ်လိုက်မိတာ….. ဗြုန်း…. ဆို  ပတ်ဝန်းကျင်မြင်ကွင်းတခုလုံးပျောက်သွား..  အနီအပြာ အလင်းတန်းတွေ တဖြတ်ဖြတ်နဲ့ ပေါ်လိုက်ပျောက်လိုက်ဖြစ်… သိလိုက်ပြီ..  ဒါကာလခရီးသွားနေတာ… ခက်တာက  ဘယ်နေရာ  ဘယ်အချိန်ကိုသွားမယ်လို့  ဆက်တင်မလုပ်လိုက်ရဘူး…. ကိုင်း…  ရှိစေတော့…  ကံသာအမိ  ကံသာအဖ […]


        ကဲ..  ကဲ..  ထားပါတော့… ဒီရုပ်ကြီးနဲ့ ရောက်လာမှတော့  အကျိုးအကြောင်းလေး  ချော့မော့မေးမှ  ဖြစ်မယ်…….. “ အမ်း……။  မင်းဘာဖြစ်လာတာလဲ…? ” “ ဒါမျိုးတွေ  များနေပြီ…ကွ! ” “ အော်……… ” “ ဘာ..အော်….  လဲ.. ” “ မဟုတ်ပါဘူး။ မင်းကိုစကားထောက်တာပါ။ ငါ့ကိုရန်မလုပ်နဲ့။ ပြောစရာရှိတာ ဆက်ပြော…. ” “ လူတွေကို ဒီလိုပဲ ကြုံးသွင်းပြီး ရိုက်စရာလား…ကွ ” “ ………. ” “ အခုတော့ သူတို့ဆင်သမျှလိုက်လုပ်ရင်း ကွဲပြဲကုန်ပြီ… ” “ ………. ” “ ဘာမှမစဉ်းမစားပဲ လုပ်ထည့်လိုက်ရင်  တစ်ဆုံးတစ်ဆ၊ […]


      လေပြေညင်းရယ်  …… ငြိမ်သက်ဆဲညမှာ …… အသာအယာတိုးလို့တိုက်ခတ်နေ ….. သင်းပျံ့မွှေးတဲ့ပန်းယနံ့တွေ ….. ဆောင်ယူ….  သယ်လာ….  လေညှင်းရေ…….   ခင်မောင်တိုးသီချင်းသံလေးကြားလိုက်ရတော့  အစက မျက်စေ့လေးမှေး၊ နားလေးစွင့်ပြီး  အရသာခံနေသေးတယ်။ ပြီးတော့မှ သတိရပြီး ခေါင်းက မတ်ကနဲ ထောင်သွားမိတယ်…။ အဲဒါ  အဲဒါ  ကျုပ်ဖုံးရဲ့  ringtune  ။ ဖုံး…   ဖုံး….   ဘယ်မလဲဖုံး…… ကမန်းကတမ်း  ကွန်ပျူတာရှေ့ကထ၊  စာရေးစားပွဲဆီသွားပြီး  အမှိုက်ပုံကြီးတခုနဲ့  တော်တော်တူနေတဲ့  စားပွဲပေါ်ကဟာတွေကို  တခုပြီးတခု  ဆွဲဖယ်လှန်လှောရှာတယ်။ လက်ဆွဲအိတ်ကိုအောက်ချ၊ ပလပ်စတစ်ဖိုင်တွေကို ဆွဲဖယ်၊ ဖတ်လက်စ ဈေးကွက်ဂျာနယ်နဲ့ ဝိကလီးအလဲဗင်းကိုတွန်းထုတ်၊ ရေနွေးကြမ်းပန်းကန်ကိုရွှေ့၊  စာရွက်ပုံကြီးကိုကောက်ပွေ့ပြီးဖယ်လိုက်တော့မှ  ရွှေကိုယ်တော်ဟန်းဖုံးက  ထွက်ပေါ်တော်မူလာတယ်။ တဖက်ကဆက်တဲ့နာမည်ကိုကြည့်လိုက်တော့ …  ရဲဘော်ဟောင်း…။ ဟဲလို  […]


    ဒီနေ့ကတော့  ပြည်တွင်းကရွာသားတွေ  အလှူသွားကြတဲ့နေ့မို့  အွန်လိုင်းလဲ  လူခပ်ရှင်းရှင်းရှိမယ်ထင်ရဲ့..။ ဝိုင်းဆဲခံရမှာစိုးလို့  မေ့ချင်ယောင်ဆောင်ထားတဲ့  ပေါက်တတ်ကရ  အတွေးစုလေးကို လူရှင်းမယ့်အချိန်ကိုအခွင့်ကောင်းယူပြီး  ချရေးရရင်ဖြင့်  သိပ်မဆိုးလှပေဘူးပေါ့နော…။ ဒီလိုပါ… ကျုပ်က လွန်ခဲ့တဲ့နှစ်နှစ်  အသက်လေးဆယ့်ငါးပြည့်ကတည်းက  ငါတော့ စ အိုပြီ  ဆိုပြီး  လူအိုတွေရဲ့  ဘဝဖြတ်သန်းမှု့ကို  အမှတ်ထင်ထင်သတိထားမိလာတယ်။ အဲဒီထဲကမှ  ဘိုးဘွားရိပ်သာလို့ခေါ်တဲ့  လူအိုရုံ သို့မဟုတ် သက်ကြီးရွယ်အိုတို့ရဲ့ ရိပ်မြုံလေးတွေကိုလဲ ဂရုပြုလေ့လာကြည့်မိတယ်။ အဲဗျာ…. အဲဒီမှာတင်  အိုရမှာ  တော်တော်ကြောက်သွားတော့တာပဲ..။ သာမန်အမြင်အားဖြင့်တော့  သက်ကြီးရွယ်အိုတွေကို  ဘာအလုပ်မှလုပ်စရာမလိုပဲ  ဘာမှ ရှေ့ရေးနောက်ရေးပူပန်စရာမလိုပဲ နေရာထိုင်ခင်းသန့်သန့်ပြန့်ပြန့်ပေးထား  တနေ့ သုံးနပ်ကျွေးပြီး  ကျန်းမာရေးစောင့်ရှောက်ပေးထား ကြတာဆိုတော့ ဘာလိုသေးလဲဖွားဖွားရယ်…… ပေါ့…..။ ဒါပေမယ့်… ဘိုးဘိုးဘွားဘွားတွေက  တနေ့သုံးနပ်စားပြီး  မသေမချင်း  ထိုင်လိုက်  ထလိုက်နဲ့ အကျယ်ချုပ်ကျထားသလို […]


    ဒီတပိုင်းမှာတော့ ကြားဖူးမှတ်ဘူးတာလေးတချို့ကို  ဗဟုသုတအဖြစ် ပုံပြောသလို  ပြောပြမှာပါ။ အပျင်းပြေပုံပြင်လို့ သဘောထားပြီး  ဖတ်ကြည့်ပါ။ ပြီးတော့ မေ့ပစ်ပါလို့  တိုက်တွန်းပါတယ်။   ဂန္ဓာရီလောကမှာ အကြမ်းအားဖြင့် ဝိဇ္ဇာပညာ လေးမျိုး ခွဲခြားနိုင်ပါတယ်။ ဒီမှာသတိထားရမှာက လူတယောက်ထဲပင်လျှင် ဝိဇ္ဇာပညာတမျိုးမက နှစ်မျိုး၊ သုံးမျိုး၊ လေးမျိုးလုံး  တတ်ကျွမ်းနိုင်ပါတယ်။ ပညာကိုသာခွဲတာပါ။ လူကို ခွဲတာမဟုတ်ပါဘူး။ ဝိဇ္ဇာတပါးဟာဖြင့် ဘာဝိဇ္ဇာလို့ လဲ သတ်မှတ်ခွဲခြားဘို့ မလွယ်ပါဘူး။ အဲဒီလေးမျိုးအနက် အမြင့်ဆုံးက ပြဒါး ဝိဇ္ဇာလို့ ဆိုပါတယ်။ သံသေ ပြဒါးသေအောင် ဓါတ်သတ္ထုတွေကို အမျိုးမျိုးရောလိုက် ပေါင်းလိုက် နှုတ်လိုက် နဲ့ မီးဖြင့်ပြုပြင် Heat treat လုပ်ရင်း တဆင့်ထက်တဆင့် အစွမ်းရှိလာတာပါ။ အဲသလိုရှုပ်အောင်မပြောပဲ လွယ်အောင်ပြောရင်တော့ ဖိုထိုးတာပါ။ […]


    ဒီအပိုင်းမှာတော့  ကျုပ်ကြုံဘူးတဲ့  “မထူးဆန်းသောထူးဆန်းမှု့တွေ”  ထဲက တခုနှစ်ခုလောက် ပြောပြမှာပါ။ လူတွေဟာများသောအားဖြင့်- ထူးဆန်းတာတခုကိုကြုံတွေ့ရရင်  အံ့ဩသွားတတ်တယ်။ ထူးဆန်းတာ လေးငါးခုလောက်ကြုံတွေ့ရရင်တော့ စိတ်ဝင်စားသွားတတ်တယ်။ ထူးဆန်းတာ ဆယ့်လေးငါးခုမက ကြုံတွေ့ရရင်တော့ တခါတည်း “ပါ” သွားတတ်ကြပါတယ်။ ကျုပ်အဖို့ “ပါ” မသွားဖြစ်တာက ရတနာသုံးပါးနဲ့ ဆရာသမားများကျေးဇူးကြောင့်ပါပဲ…။   ကျုပ်အတွေ့အကြုံတွေထဲက တခုကတော့ အချိန်မတိုင်မီပြန်ရောက်တာပါ။ တစ်ခါက လူကြီးတယောက်ဟာ အဲဒီခေတ်အနေနဲ့ အနဲဆုံး ရှစ်နာရီကြာမယ့် (တကယ်တော့ဒါ့ထက်အများကြီးပိုကြာနိုင်တဲ့) အသွားအပြန်ခရီးတခုကို လေးနာရီလောက်နဲ့ သွားပြီးပြန်လာပါတယ်။ ခရီးဆုံးကိုရောက်ခဲ့တယ်ဆိုတဲ့ အထောက်အထားနဲ့တကွပေါ့။ ဒီမှာပြောချင်တာက အဲဒီခရီးကို တမင်သွားပြတာမဟုတ်ပါဘူး။ သူသွားစရာရှိတာသွားပြီး ပြန်လာတာပါ။ ကျုပ်ကတော့ ဘေးကကြည့်ပြီး သတိပြုမိတာပါ။ အဲဒါမျိုး သုံးလေးကြိမ်မက ကြုံဘူးပါတယ်။ အဲဒီတုန်းကတော့ အံ့ဩစရာတခုအဖြစ် မေ့မေ့ ပျောက်ပျောက်ပါပဲ။ […]


    အဓိဌာန်နဲ့ ကျုပ် စ ပတ်သက်ခဲ့တာက အသက်ခုနှစ်နှစ် အရွယ်လောက်ကတည်းက  ဆိုရင် ယုံကြပါ့မလားမသိ။ အဲဒီအရွယ်မှာ  ဝိဇ္ဖာဂိုဏ်းတခုရဲ့ အရေးပါသူတဦးက  ပင့်ဆောင်လာတဲ့  စမ ဘုရားဆိုတာကို စပြီး မြင်ဘူးပါတယ်။ အဲဒီဘုရားရှေ့မှာ ကန်တော့ပြီး အဓိဌာန်ပြုပြီး အာရုံပြုရတယ်လို့ ဆိုပါတယ်။ ကျုပ်ကိုလဲ ကန်တော့ခိုင်းပြီး အာရုံပြုခိုင်းပါတယ်။ အာရုံပြုတယ်ဆိုတာ ဘာလဲ ဘယ်လိုလုပ်ရတာလဲလို့ ကျုပ်ကပြန်မေးတော့ – အာရုံပြုတယ်ဆိုတာ  တရားမှတ်တာမျိုးလို့ တယောက်ယောက်က ဝင်ဖြေပါတယ်။ အဲဒါဆိုရင်တော့ ရပါပြီ။ ကျုပ်ဟာ အဲဒီအရွယ်ကတည်းက တရားမှတ်တယ်ဆိုတာ မျက်စေ့မှိတ်ပြီး နှာသီးဖျားကို စောင့်ကြည့် တာလို့ နားလည်ပါတယ်။ အဓိဌာန်ကို ဘယ်လိုပြုရမလဲလို့မေးတော့ ဖြစ်ချင်တာကို စိတ်ထဲဆုတောင်းလိုက်လို့ တယောက်ယောက်ကပြောပါတယ်။ အဲဒါနဲ့ပဲ နှစ်တန်းကျောင်းသားဖြစ်တဲ့ကျုပ်ဟာ အဓိဌာန်မဟုတ်တဲ့ (မြင်စရာရှိတာမြင်ရပါစေလို့စိတ်ထဲထားတဲ့)နည်းနဲ့ အဓိဌာန်ပြုပြီး  […]


      ကျုပ်ရဲ့ ပေါ့ဆမေ့လျှော့တတ်တဲ့ အကျင့်ဆိုးကြောင့် ဘာမှ မမှတ်မိ/မမှတ်ထားမိ/ မှတ်ထားမိရင်လဲ ပြန်ရှာမတွေ့တော့တာနဲ့  ဘာကိုမှ ရည်ညွှန်းချက်(reference)ပေးလို့ မရတော့ပါဘူး။ အရှင်အာနန္ဒာ ကိုယ်တော်ကြီးစကားပဲ ယူသုံးရရင် ဧဝံမေသုတံ…. ဧကံသမယံ….  ပေါ့…။ အခါတပါးမှာ- မန်းဂေဖက်က မင်ဘာတယောက်ယောက်တင်တဲ့ ပိုစ့်တခုခုမှာ- အကြောင်းအရာတခုခုကို အကြောင်းပြုပြီး ကျုပ်က တခုခု ပြောလိုက်တယ်..။ (ဒီလောက်သေချာတာ  ခင်ဗျားတို့တသက် မတွေ့ဖူးဘူးမဟုတ်လား 😀 😀  ) အဲဒါကို ကိုကြောင်ကြီးက ဂမ္ဘီရ နဲ့ အဓိဌာန်အကြောင်း သေသေချာချာ ချိန်ချိန်ဆဆနဲ့ ပြန်လည်ရှင်းလင်းဆွေးနွေးပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ရင် ကျုပ်ပြောနေကျပုံစံက တဖက်စွန်းကိုဆွဲပြီး မျက်စိမှိတ် ဆန့်ကျင်နေကျဆိုတော့ ကိုကြောင်ကြီးရဲ့ ဆွေးနွေးမှု့ကဲ့သို့ တုန့်ပြန်မှု့မျိုးကို  မျှော်လင့်မထားပါဘူး။ သူ့ရဲ့ မှန်မှန်ကန်ကန် လေးလေးနက်နက် မျှမျှတတ […]


ဒီပိုစ့်လေးမှာတော့ 7.4.2012 နေ့ကဖတ်ရတဲ့ Snow White ရဲ့  “ယောက်ျားလေးတို့၏မာယာ” ဆိုတဲ့ပိုစ့်မှာ ကို Foreign Resident ရေးထားတဲ့ ကွန်မင့်လေးကို ပြန်လည်ဆွေးနွေးဘို့ ရည်ရွယ်ပါတယ်။ ကိုဖေါရင်းရဲ့ ကွန်မင့်ကို ထောက်ခံဆွေးနွေးတာလဲမဟုတ်၊ ကန့်ကွက်ဆွေးနွေးတာလဲမဟုတ်ပဲ အကြောင်းအရာလေးလှလို့ ဖြည့်စွက်ဆွေးနွေးတဲ့သဘောပဲ ဖြစ်ပါတယ်ဗျာ..။ မူရင်းပိုစ့်မှာ မရေးတာကတော့ လမ်းကြောင်းမတူတော့လို့ပါ..။   ဆိုတော့…. ကိုဖေါရင်းရဲ့ အမှတ်စဉ်ထိုးဆွေးနွေးချက်ကလေးတွေကိုပဲ “တည်” ပြီး ပြန်ဆွေးနွေးခွင့်ပြုပါလို့ ဒီနေရာကပဲ ကိုဖေါရင်းကို ခွင့်တောင်းလိုက်ပါရစေ…။   ( ၁ ။ မိန်းကလေး တွေက ယောက်ျားလေး တွေကို အားကိုးဖို့ မယူပါနှင့် ၊ အဖေါ်သဟဲ အဖြစ်နှင့်ပဲ ယူပါ ။ မိန်းကလေး တွေဟာ ကိုယ့်ဝင်ငွေ နှင့်ကိုယ် မတ်မတ် […]


      အရင်ပြောခဲ့တာကတော့ ကျုပ်အနီးက လူတချို့ရဲ့ သင်္ကြန်ဘတ်ဂျက်ပေါ့လေ.. ဒါဖြင့်  ကျုပ်ကရော ….   ကျုပ်ဆိုတဲ့ ဦးပါလေရာဆိုသူဟာ   အလုပ်သမားလဲဟုတ် အလုပ်ရှင်လဲဟုတ်၊ တကယ်တော့ အဲဒီနှစ်မျိုးလုံးလဲ သိပ်တော့မဟုတ်တဲ့  စကောစကဘဝမျိုး။ ကိုယ်တစိတ်တပိုင်းထည့်ဝင်ထားတဲ့ လုပ်ငန်းစုလေးထဲက  ပေါက်စနလုပ်ငန်းလေးတခုကို  လစာယူပြီးစီမံနေရတာ..။ အဲဒီပေါက်စနလုပ်ငန်းပိစိလေးကလဲ  ဖုတ်လှိုက်ဖုတ်လှိုက်နဲ့  ချောင်းဆိုးသွေးပါနေတာ  လေးငါးနှစ်ရှိပြီ။  ကျုပ်အစီအမံကောင်းလို့ပဲလား  အသုံးစားရိတ်တွေ  အစွမ်းကုန်ချွေတာနိုင်လွန်းလို့ပဲလားတော့မသိ – ပြုတ်တော့လဲမပြုတ်သေး..။ လုံးပါးပါးလိုက်လာတာကတော့ ရေသည်ပြဇတ်ထဲက ဦးပုညစကားငှားပြောရရင်  “ဖြုတ်မျက်လုံးလောက်… သေးလို့ပင်ပျောက်..” ဆိုတဲ့အရွယ်ရောက်နေပြီ။ ကိုင်း… ကိုင်း … ထားပါတော့  ။ ကြွားရတာ အရသာမရှိလိုက်တာ..။ လိုရင်းပြောရရင်  ပိုက်ဆံ အမြတ်အစွန်း အပိုအလျှံ လုံးဝနီးပါး မထွက်တဲ့လုပ်ငန်း  ဆိုပါတော့…။ ဒီတော့  ဒီလုပ်ငန်းကလေးအသက်အလျှင်မီအောင်ဆိုရင်  လဆန်းကတည်းက  […]


    တနေ့က ကွန်မင့်ရေးရင်း သူများကို “စိတ်ကူးယဉ်ပြီးရေးတယ်.. ဘာ..ညာ..”  ..ဆိုပြီးပြောဆိုထားမိတော့ ဒီပိုစ့်မှာတော့ (သတင်းမဟုတ်ပေမယ့်) စိတ်ကူးယဉ်တာမပါပဲ အချက်အလက်မှန်တွေကိုပဲ ရေးပါ့မယ်။   သင်္ကြန်နားနီးပြီဆိုမှဖြင့်  ဘယ်သွားကြမယ်….  ဘာလုပ်ကြမယ်… စသည်စသည် ကြံစည်စိတ်ကူးပြင်ဆင်မှု့တွေရဲ့နောက်မှာ ထည့်တွက်စရာ၊ လျာထားစရာ၊ ပြင်ဆင်ထားစရာတခု ရှိပါတယ်။ အဲဒါကတော့ သင်္ကြန်မှာသုံးမယ့် အသုံးစားရိတ်ပေါ့…။ ချမ်းသာသူတွေ၊ တတ်နိုင်သူတွေ၊ ပိုလျှံသူတွေ အတွက်တော့ အဲဒါကအရေးကြီးဘူး..။ ခေါင်းထဲထည့်စရာမလိုဘူးလို့ ပြောချင်ရင်တော့ပြောပေါ့လေ။ ကျုပ်ကတော့ ကိုယ်တိုင်လဲ ရရစားစား ရိုးရိုးပုံမှန်တန်းကမို့ – ကျုပ်လိုလူတန်းစားဝန်းကျင်ကလူတွေကိုပဲ အကြောင်းပြုပြီး ရေးမှာပါ။ ဒီပိုစ့်က ရည်ညွှန်းတာက ရရစားစား ရိုးရိုးပုံမှန်တန်းက လူတွေအတွက်သာ ဖြစ်ပါတယ်လို့ စကားဦးသန်းထားပါရစေ..။   သင်္ကြန်မှာအများဆုံးစိတ်ကူးမိကြတာက  ဒီပိတ်ရက်ရှည်ကြီးမှာ  ခရီးထွက်မလား.. ပေါ့…။ စိတ်ကူးသူတွေရဲ့ ရှစ်ဆယ်ရာနှုံးလောက်က […]


      ပြောရရင် ကောင်းကောင်းမအိပ်ရတာ ဘယ်လောက်ကြာပြီမသိ… မတ်လကုန်တဲ့နေ့မှာ  လကုန်ရက်မို့  အချေးအငှားထွက်ရတာနှင့် နေ့ခင်းဘက်ခဏတဖြုတ်မှေးနေကျဟာကို တမှေးမှမမှေးလိုက်ရ။ ညဘက်ရောက်ပြန်တော့ မနက်ဖန်ရွေးကောက်ပွဲမို့  ဘယ်လိုဘယ်ပုံဖြစ်ကြမည်ကို စိတ်ထဲပုံဖေါ်မှန်းဆရင်း တော်ရုံနဲ့အိပ်မပျော်။ မနက်လင်းအားကြီး တရေးနိုးတော့ ဒီအချိန် မဲရုံတွေ ပြင်ဆင်နေမှာပဲလို့ အတွေးတချက်ဝင်သည်နှင့် ပြန်အိပ်မရတော့။ ဒီလိုနဲ့ မနေ့က တနေကုန် ရွေးကောက်ပွဲသတင်းနားစွင့်လိုက် ဟိုဟိုသည်သည်ဖုံးဆက် မေးပြောလုပ်လိုက်နှင့် ဂဏှာမငြိမ်။ ပါလေရာတယောက် တနေ့အတွင်း လဘက်ရည်ဆိုင် လေးခါထွက်ထိုင်ကာ မဲမီးလှုံလေသည်။ ဒီလိုနှင့် ညဖက်ရောက်လေပြီ။ ရွေးကောက်ပွဲမင်္ဂလာသတင်းတို့လည်း တဖွဲဖွဲရောက်လာလေကုန်ပြီ။ ပျော်စရာကောင်းလိုက်တာနော်။ မင်္ဂလာရှိလိုက်တာနော်။ ဂုဏ်ယူစရာကောင်းလိုက်တာနော်…။ ဒီတသက် မကြုံရတော့ပါဘူးဟု စိတ်ဒုံးဒုံးချထားမိသော လူ့အခွင့်အရေးပြည့်ဝသည့် ဒီမိုကရေစီရောင်နီကား သန်းလို့လာချေပြီ။ ပါလေရာတယောက်ကား အပျော်ကြီးပျော်ကာ တယောက်တည်းအူမြူးလျှက် မြောက်အုန်းသီးရသကဲ့သို့ ဆောင့်ကြွားကြွားဖြစ်နေသည်မှာ ညဉ့်နက်လို့နက်မှန်းမသိ..။ မျက်ဝါးထင်ထင်မြင်ရတော့မည့် […]


    တပ်မတော်နေ့အမှတ်တရအနေနဲ့ အဆဲခံရမယ့်စာလေး ရေးလိုက်ဦးမယ်။   ကမ္ဘာမှာ အခုခေတ်စားနေတာက အပြောင်းအလဲ… အပြောင်းအလဲ… မြန်မာနိုင်ငံမှာလဲ စံနစ်ပြောင်းဘို့ ခေါင်းဆောင်မှု့ပြောင်းဘို့ ဥပဒေတွေ မူဝါဒတွေ ပြောင်းဘို့… ပြင်ဘို့…။ တပွဲတိုးရလာဒ်တွေအတွက်မဟုတ်ပဲ တိုင်းပြည်နဲ့လူမျိုး ရေရှည်အကျိုးအတွက်ဆိုရင်တော့ ခိုင်မာတဲ့ ပြောင်းလဲမှု့မျိုးလိုချင်ရင်တော့ တပ်မတော်ကို တပါတည်းပြောင်းရပါလိမ့်မယ်။ မပြောင်းရင်- တပ်မတော်ဟာ လူထုရဲ့အပေါ်မှာ သီးသန့်အလွှာအဖြစ်ရပ်တည်ချင်တဲ့- ငါတို့က လက်နက်ကိုင်အဖွဲ့ ဆိုပြီး သီးခြားအခွင့်အရေးလိုချင်တဲ့- ငါတို့ထဲကိုတော့ လာမထိနဲ့ ဆိုပြီး သီးခြားအကာအကွယ်ယူချင်တဲ့- ဘာကိုမဆို ငါတို့လုပ်တတ်တယ်၊ ငါတို့လုပ်လို့ဖြစ်တယ် ငါတို့အရာရာဦးဆောင်နိုင်အောင်လေ့ကျင့်ထားတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတဲ့- (အဆိုးဆုံးနဲ့အမှားဆုံးကတော့) ဒီနိုင်ငံမှာငါတို့ရဲ့ဦးဆောင်မှု့ မရှိရင်မဖြစ်ဘူးလို့ ယူဆထားတဲ့ စစ်ခေါင်းဆောင် အဆက်ဆက်ကိုမွေးထုတ်ရင်း ခေတ်အဆက်ဆက်မှာ ပြည်သူနဲ့ကင်းကွာနေဦးမှာပဲဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ ပြည်သူရဲ့အမုန်းတရားကို ခါးသီးစွာခံရနေဦးမှာပဲဖြစ်တယ်။ တကယ်တော့မှားနေတာ ပြင်ဘို့လိုတာတွေက အများကြီး၊ […]