တကယ်က  ဒီလဆယ့်ခြောက်ရက်နေ့ သောကြာနေ့မှာ  ကျုပ်တို့သူငယ်ချင်းသုံးဖေါ်တွေ့ကြတော့  ဟိုအကြောင်း ဒီအကြောင်းလေးတွေပြောရင်း သင်္ကြန်အကြောင်းလေးတွေလဲ ပြောဖြစ်လို့ အဲဒါလေး မနေနိုင်မထိုင်နိုင် ပွားမလို့ ရည်ရွယ်တာပါ။ ဒါပေမယ့်  ရေးရင်းနဲ့ စိတ်တိုင်းမကျတာနဲ့  ဒီတပတ်သောကြာနေ့စကားဝိုင်းမှာ  ဗေဒင်ဆရာပြောတဲ့ပုံပြင်လေးပဲ အရင်ရေးလိုက်ပါရစေ။ သူ့ကိုပုံမပြောတတ်ဘူးလို့ရေးမိလို့  နှာတင်းပြီး  အစွမ်းပြတယ်ထင်ရဲ့..။ အားနာနာနဲ့သာနားထောင်ရတယ်  ဘယ်လိုမအီမလည်ပုံပြင်ကြီးမှန်းလဲမသိဘူး..။ ကျုပ်ပြောတော့လဲ ကျုပ်အဆိုးဖြစ်ဦးမယ်။  သူပြောတဲ့ပုံပြင်  အမြီးအမောက်တည့်မတည့်  ခင်ဗျားတို့သာနားထောင်ကြည့်ကြပါတော့..။ = = = = = = = = = =   တစ်ခါတုန်းကပေါ့ကွာ…. မြင်းနဲ့ပတ်သက်တာတွေ  မြင်းအကြောင်းတွေကို  သင်ကြားပို့ချပေးတဲ့  တက္ကသိုလ်ကြီးရှိသတဲ့…။ အဲဒီတက္ကသိုလ်ကြီးမှာဆိုရင်ဖြင့်  မြင်းနဲ့ပတ်သက်သမျှ အကြောင်းအရာ ဗဟုသုတတွေ စုံနေအောင် သင်ပေးတယ်ဆိုပဲ..။ မြင်းမျိုးစိတ်တွေဘယ်နှစ်မျိုးရှိကြောင်း…. ဘယ်ဒေသတွေမှာဘယ်လိုမြင်းမျိုးတွေ […]


      ဒီသောကြာတော့ နဲနဲအားသလိုရှိလို့  ခံတွင်းချဉ်လာတာလေးဖြေဖျောက်ဘို့  ဗေဒင်ဆရာကို ဖုန်းနဲ့ အဖေါ်စပ်ပါတယ်။ သူကတော့ အမြဲလိုလိုအားနေတာပဲများလို့ တချက်တောင်မငြင်းပဲ  စာရင်းစစ်ရုံးအလွန်က  လရိပ်မှာတွေ့ဘို့  ပြန်ချိန်းတယ်။ ကျုပ်ရောက်သွားတော့  သူလှမ်းခေါ်ထားတာနဲ့  ဟံသာဝတီပွဲစားတန်းထဲသွားသွားပြီး မစားရအညှော်ခံနေကျ ရဲဘော်ဟောင်းပါ ရောက်နှင့်တာတွေ့ရတယ်။ ဆိုင်ထဲဝင်ပြီးတာနဲ့ တယောက်နဲ့တယောက် ခေါင်းဆတ်လက်ပြ နှုတ်ဆက်ဖြစ်တာကလွဲရင် ဘာစကားမှမဆိုဖြစ်ဘူး။ မှာထားတဲ့ ကျဆိမ့်သုံးခွက်ကို တယောက်စီဆွဲရင်း ဆေးလိပ်မီးညှိပြီး နှုတ်ဆိတ်ထိုင်နေဖြစ်ကြတယ်။ ခဏနေတော့မှ  ရဲဘော်ဟောင်းက  ကျုပ်ဘက်ကိုလှည့်  ကျုပ်မျက်နှာကြီးစေ့စေ့ကြည့်ပြီး  စကားတခွန်းမေးတယ်…. “ ပါလေရာ…  မင်း ငယ်ငယ်တုန်းကလို  ရည်းစားစာရေးတတ်သေးလား ?” အမ်….  ဒီကောင်ဘာဖြစ်သွားပါလိမ့်… ငယ်ငယ်တုန်းက ပေါက်ပေါက်ရှာရှာတွေးကြည့်ဘူးတဲ့  ကွန်မြူနစ်တွေ သူငယ်ပြန်ရင် ဘယ်လိုနေမှာပါလိမ့်….ဆိုတဲ့  အတွေးလေးကို ပြန်သတိရပြီး  ပြုံးမိတယ်။ တကယ်တော့ ကွန်မြူနစ်သူငယ်ပြန်ရင်လဲ  သူများတွေသူငယ်ပြန်သလို  […]


      thuyazaw21451 ရဲ  “့မြန်မာမလေးများနှင့် အဝတ်အစား အနေအထိုင် အသွားအလာ” ကိုဖတ်မိပြီး pazflor က  “ပြောမဆုံးမဲ့ ဇာတ်လမ်းတစ်ပုဒ်-၁”  ကို ရေးပါတယ်။ “pazflor”  ရဲ့  “ ပြောမဆုံးမဲ့ ဇာတ်လမ်းတစ်ပုဒ်-၁ ”  Post မှာ ဝင်မန့်ရင်း ရှည်သွားလို့ Foreign Resident  က “စဉ်းစားကြစေလိုပါတယ် ( ၁၂ ) ”  ကို ရေးပါတယ်။ (https://myanmargazette.net/104405/creative-writing/my-thinking-different) “အမျိုးသမီးတွေရဲ့ လိင်မှု့ဆိုင်ရာ လွတ်လပ်ခွင့်”   ပေါ့။   ကျုပ်လဲပဲ ကိုဖေါရင်းရဲ့ “စဉ်းစားကြစေလိုပါတယ် ( ၁၂ ) ” ကို ဝင်မန့်ချင်တာနဲ့ အောက်ကစာလေးရေးမိတာ ရှည်သွားပြန်တယ်။ ချစ်စွာသောရွာသူရွာသားများ သည်းခံပြီး […]


        ဤစာရေးဖြစ်ခြင်း၏အကြောင်းရင်းကား   တခုတည်းသာ.. ဦးပါလေရာတယောက် စာအလွန်ရေးချင်နေသောကြောင့်သာတည်း။ အခြေအနေပေးလျှင်ပေးသလို လွန်စွာစကားများလှသော ဦးပါလေရာသည် မန်းဂေဇက်တည်းဟူသောရွာသို့ ဝင်ရောက်လည်ပတ်ရာ၌လဲ သူများရေးတာငြိမ်ငြိမ်ဖတ်ရုံဖြင့်အားမရ- မိမ်ိဉာဏ်တစ်ထွာတမိုက်မျှဖြင့် ဟိုစပ်စပ်သည်စပ်စပ် ရေးချင်ပြောချင်ပြန်သေးသည်။   ထို့ကြောင့် ရေးရန်အကြောင်းရှာ၏။ ဘာအကြောင်းရေးရပါ့မလဲ ?? သူများကို အပြစ်ပြောခြင်းနှင့် သူများကိုဩဝါဒပေးခြင်း တည်းဟူသော လောကတွင်အလွယ်ဆုံးအလုပ်နှစ်မျိုးရှိလေရာ ဒုတိယအမျိုးအစားကိုကားမလုပ်ဝံ့..။ ဒီဆိုက်ထဲဝင်ဖတ်မိကတည်းက ဒီရွာသားတွေ နှယ်နှယ်ရရမဟုတ်မှန်းလောက်တော့ ခန့်မှန်းမိပါ၏။ ထို့ကြောင့် ပထမအမျိုးအစားကို ရွေးချယ်ရန် အားထုတ်၏။ အမြင်မတော်သော ဌာနများကို ပိုးစိုးပက်စက် ဝေဖန်ပြောဆိုရန် ဟန်ပြင်၏။   သို့ရာတွင်- မဖြစ်သေး …. ဦးပါလေရာကား သူ့သူငယ်ချင်းနှစ်ဦးဖြစ်သော ရဲဘော်ဟောင်း နှင့် ဗေဒင်ဆရာ တို့ကဲ့သို့ သေသေဝပ်ဝပ်နေသည်မဟုတ်။ မိတ်ဆွေအပေါင်းအသင်းမင်လှသဖြင့် ဟိုလူနှင့်တွေ့ချင် ဒီလူနှင့်တွေ့ချင် […]


      ပွဲစားအိမ်..။ ပွဲစားအိမ်…။  ဘယ်မှာလဲ ပွဲစားအိမ်..။ ဒီမြို့လဲဟုတ်ပါသည်။ ဒီရပ်ကွက်လဲဟုတ်ပါသည်။ ဒီလမ်းလဲဟုတ်ပါသည်။ ဒါပေမယ့် တခြားမြို့တခုရောက်သွားသည့်အလား..။ ယခင်ကဆူညံလှုပ်ရှားနေသော မြို့စွန်ရပ်ကွက်ကလေး တိတ်ဆိတ်လို့နေသည်။ ယခင်က လမ်းဖြောင့်ဖြောင့်မှ လျှောက်မရအောင် ဆိုင်ကယ်တဝီဝီ ကားတဝီဝီဖြင့် ပျားပန်းခပ်မျှ ရှုပ်ထွေးနေသောမြို့ဆင်ခြေဖုံးကလေးသည် ကျီးနှင့်ဖုတ်ဖုတ်ပမာ..။ သွက်သွက်လည်သောအရူးမအား စိတ်ငြိမ်ဆေးတိုက်လိုက်သလို မမှတ်မိနိုင်လောက်အောင် ပကတိငြိမ်သက်သွားတော့သည်။ ဘယ့်နှယ်ဖြစ်တာပါလိမ့်..။ ရင်ထဲမှာထိတ်ကနဲဖြစ်၏။  လွန်ခဲ့သောဆယ့်သုံးနှစ်က  ပဲခူးမြစ်ကမ်းပါးမှ  ဒိုက်နံ့မှော်နံ့တွေ  ပြန်ရလာသယောင်ယောင်။ သို့နှင့်ပင် ပွဲစားကြီးနှင့် မြေဝယ်ခဲ့သောအိမ်ကလေးကို မှန်းကာ ဆကာ ရှာရတော့သည်။ လမ်းတိုလေးကို ရှေ့ပြန်နောက်ပြန် သုံးလေးခေါက်လျှောက်ရှာလေမှ လုံးဝ မမှတ်မိနိုင်အောင် ပြောင်းလဲသွားသော ပွဲစားကြီးအိမ်ကို အပ်ချမတ်ချ လက်ညှိုးထိုးနိုင်လေတော့သည်။ ဘယ်လို မှတ်မိနိုင်မည်နည်း……။ အိမ်ရှေ့ ကလဖျင်းပမာ တဖက်ရပ်မိုးထားသော ပီနံစယာယီအမိုးလဲမရှိတော့။ အိမ်ရှေ့တွင်ကစဉ့်ကလျှားချထားသည့် […]


    ယောက်ျားတို့လုံ့လ မိုးချုပ်ခါမှလျှော့မည်ဟု သံဓိဌာန်ခိုင်ခိုင်ချကာ တစ်နာရီနီးပါး စောင့်ရင်းတိုးရင်းဖြင့် ပွဲစားအနီးသို့ရောက်လေမှ ဦးပါလေရာတယောက် အောင့်ထားသောသက်မကိုချရ၏။ ဒါက အနားရောက်တာပဲရှိသေးတာ။ ကိုယ့်အလှည့်ကားမကျသေး။ အခြားဝယ်လက်သုံးလေးဦးတို့နှင့် တလှည့်စီငြင်းရင်းခုန်ရင်း စာရွက်တထပ် ဖုံးနှစ်လုံးဖြင့် ပတ်ချာလည်အလုပ်ရှုပ်နေသော ပွဲစားကြီးမျက်နှာကို ဖူးမျှော်လျှက် မိမိတို့အလှည့်ကို စောင့်ရရှာလေသည်။ မျက်နှာချင်းဆိုင်မှ အမျိုးသမီးကြီးကတော့ စိတ်မရှည်ပုံရသည်။ “ဒါဆိုလဲ သုံးဆယ်တော့လျှော့ခိုင်းမယ်.. ရ မရ သာ မေးကြည့်လိုက်တော့..” ဟုလောဆော်သည်။ “ကျောက်လမ်းပေါ်တော့ ကိုးရာအောက်တကွက်မှမရှိတော့ဘူး၊ ဂုတ်ကွက်တကွက်တောင် ခွန်နှစ်ရာအော်နေတာ၊ အမကြီးမယူရင် ခုနက ဦးလေးကြီးပဲ ခေါ်ပေးလိုက်တော့မယ်..” ဟူသော ပွဲစားမင်း၏ တင်းတင်းမာမာစကားကိုကြားရသည်၌ ထိုအမျိုးသမီး၏မျက်နှာမှာ ပန်ထားသောစိန်နားကပ်ကြီးထက်ပင် သေး၍သွားသည်မှာ သနားဖွယ်ကောင်းသေးတော့သည်။ စကားခဏအပြတ်၌ ဘေးတဖက်မှ ဝယ်သူတဦးက ကမန်းကတမ်း “ခုနက အေးမေတ္တာကွက်ကရော လေးရာ့ငါးဆယ်ထက်လျော့ဦးမလား” ဟု […]


        ပင်ပန်းသည်။ ခေါင်းတွေထဲ မူးနောက်နောက်နဲ့..။ တကိုယ်လုံး နှုံးချည့်နေသလိုလို..။ စိတ်ထောင်းတော့ ကိုယ်ကြေသည်ပေါ့..။ ဒီတော့လဲ စိတ်ပြေလက်ပျောက် လဘက်ရည်ဆိုင်လေးဝင်ပြီး ကော်ဖီမစ်လေးတခွက်လောက်သောက်လိုက်ဘို့ စိတ်ကူးမိလေသည်။ ဆိုင်ဝကလှမ်းကြည့်တော့ နေ့လည်ကြောင်တောင်ကြီးမှာတောင် စားပွဲတွေကသိပ်မလွတ်ချင်။ တိုက်နှစ်လုံးကြား အပြင်ဒေါင့်က စားပွဲလေးသာကိုယ့်အတွက်ကျန်သည်။ ဘယ်တတ်နိုင်မလဲ။ ရတဲ့နေရာပေါ့…။ တကယ်တော့ ဒီစားပွဲကသိပ်ထိုင်လို့ကောင်းသည်မဟုတ်။ ဘေးမှာကလဲ တိုက်နှစ်လုံးကြားမှရေမြောင်းငယ်ရှိတော့ နဲနဲညစ်တီးညစ်ပတ်နိုင်လေသည်။ ပိုဆိုးတာက အပေါ်ထပ်အခန်းမှ အဲယားကွန်းရေပြန်ပိုက်ကို စည်းမဲ့ကမ်းမဲ့အပြင်ထုတ်ထားတော့ ရေစက်တွေ ရေမြောင်းထဲတည့်တည့်ကျကာ အပြင်ကို စင်တတ်သည်။ ကိုယ့်ခြေထောက်လာမထိအောင် ခပ်ရှောင်ရှောင် လွှဲထိုင်ရလေသည်။ နက်စ်ကော်ဖီမစ်တခွက်မှာရင်း ဆေးလိပ်ဗူးထုတ်ကာ တလိပ်ညှိလိုက်သည်။ ပြီးတော့ မှုတ်ထုတ်လိုက်သည့် ဆေးလိပ်မီးခိုးများကိုကြည့်ရင်း လွန်ခဲ့တဲ့လနည်းငယ်ဆီ စိတ်က ပြန်ရောက်သွားပြန်သည်။   အော်… လုပ်စားတော့ မိုးခေါင်ဆိုလား…. သည်တနှစ်လုံးအဆင်မပြေလှ။ တရုတ်မကြီးပိုက်မိလိုက်လို့ […]


      အဲဒါ ကျွန်တော်တို့ကို လူကြီးတွေ ဆုံးမခဲ့တာ.. သူများကို လက်ညှိုးတစ်ချောင်းထိုးရင် ကိုယ့်ကိုယ်ကို လက်ခလယ်ရယ် လက်သူကြွယ်ရယ် လက်သန်းရယ်ဆိုပြီး လက်ချောင်းသုံးချောင်းပြန်ထိုးပြီးဖြစ်တတ်သတဲ့။ အခုလဲအဲဒါပါခင်ဗျား…။ ဘယ်သူတွေက လာဘ်စားလို့…..၊ ဘယ်လိုမသမာလို့…..၊ ဘယ်လောက်အကျင့်ပျက်လို့ ……၊ ??လို့….    XXလို့…..   **လို့….. အဲဒီတော့ အဲဒီလာဘ်က  ဘယ်သူပေးတာလ???ဲ  ဘာကြောင့်ပေးတာလဲ ??? အဲဒါလေးလဲ ပြန်ကြည့် ပြန်စီစစ်သင့်လှပါတယ်။ လုပ်ရကိုင်ရ အဆင်ပြေအောင်လို့၊ ကောင်းမွန်တဲ့ဝန်ဆောင်မှု့ရချင်လို့၊ ကိုယ်အကျွမ်းမဝင်တာတွေအတွက် လွယ်ကူအောင်လို့ – ဆိုပြီး ပေးကြတဲ့ လာဘ် ဆိုတာ ပေးသူကလဲ နဲနဲပါ။  ရသူအတွက်လဲ မများပါဘူး။ ဒါကိုကောင်းတယ်လို့ ရှေ့နေလိုက်မလို့မဟုတ်ပါဘူးနော် ဒါ့ထက် ဆိုးတာတွေကို ယှဉ်ပြမလို့ပါ။   တကယ်တော့ – အပုံလိုက်ပေးကြရ၊ ပက်ကနဲ […]


– – ၃။ ………….. ဝန်ထမ်းများအတွက် အမှားပြင် အမှန်ရောက်နည်းလမ်းများ   အံမယ်.. အံမယ်.. ကြီးကြီးကျယ်ကျယ်.. “မင်းကရော ဘယ်လောက်မှန်နေလို့တုန်းးးး ကွ” ….လို့ ထ ဆဲချင်စရာတော့ပစ်လေး တချက်လောက်တော့  တို့ ထိ ပါရစေ။ ဟုတ်ပါတယ်ခင်ဗျာ။ မှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အမှားမကင်းပါဘူး။ ပတ်ဝန်းကျင်မှာတော့ – လူဝတ်ကြောင်ထဲမှာဖြင့် အမှားကင်းတယ်လို့ ဝန်ခံနိုင်သူကလဲ သိပ်မများလှဘူးလို့ ထင်ပါရဲ့ခင်ဗျာ။ ဒါကြောင့်လဲ ကိုယ်တိုင်အတွက်ရော သူများအတွက်ပါ ဖြေဆေးလေးတွေရှာမိတာပါ။ မှားတာကို ပြင်ချင်မှဖြင့် အနည်းဆုံးတချက်က မှားတာကို မှားမှန်း လက်ခံနိုင်ရပါမယ်။ မှားတာအတွက် အကြောင်းပြချက်တွေရှိပါတယ်။ မငြင်းနိုင်တဲ့ဆင်ခြေတွေရှိပါတယ်။ မရှောင်သာတဲ့ အခြေအနေတွေရှိပါတယ်။ သို့သော်-  မှားတာကတော့ မှားတာပါပဲ။ အဲသလို လက်ခံမှလဲ အမှားတွေကို ထပ်မတိုးအောင် ထိန်းချုပ်နိုင်မှာ… […]


  ၅။ “……………………………အကျင့်ပျက်နေသောစိတ်ဓါတ်များ…………”   အခုနောက်ပိုင်းမှာတော့ဖြင့် လူတွေကြားထဲမှာ အကျင့်စာရိတ္တပျက်ပြားနေတာတွေ စိတ်ဓါတ်ပျက်ပြားနေတာတွေကလဲ အဆန်းမဟုတ်တော့သလိုပဲ။ ဘာလို့လဲလို့ အကြောင်းရှာကြည့်ရင် စိတ်ဓါတ်ကောင်းတွေ စာရိတ္တကောင်းတွေကို တန်ဘိုးမထားကြတော့တာလဲ အရေးကြီးတဲ့ အချက်တခုပါပဲ။ ဘာကြောင့်တန်ဘိုးမထားကြတော့တာလဲလို့ ခြေရာထပ်ကောက်ရင် – ဒီခေတ်ကြီးမှာ အဲဒါတွေက အသုံးကျပုံမရတော့လို့ .. ဆိုပြီး အဖြေတခုရလာပါတယ်။ ဥပမာတခုပြောရရင် လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်အထိ သူတပါးပစ္စည်းခိုးတာ အလွဲသုံးစားလုပ်တာကို ကျွန်တော်တို့ လူမှု့ဝန်းကျင်မှာ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြတယ်။ ရှုတ်ချကြတယ်။ အစိုးရ / သမဝါယမ ဝန်ထမ်းတယောက် စာရင်းစစ်ဝင်လို့ အလွဲသုံးစားလုပ်တာ ပေါ်ပေါက်ပြီဆိုရင် လျော်တာမလျော်တာထားလို့- အရေးယူတာမယူတာထားလို့- သူနေတဲ့ရပ်ကွက်ထဲတောင် ကောင်းကောင်းမနေနိုင်တော့ဘူး။ သူ့ကို လူတွေက အပြစ်မြင်ကြတယ် ၊ ရှောင်ကျဉ်ကြတယ် ၊ လက်မခံကြောင်းပြကြပါတယ်။ သူ့သားသမီးတွေလဲ ကျောင်းတက်ရတာ မဖြောင့်တော့ဘူး။ […]


– ၄။ …. “ဟိုလူ့လက်ညှိုးထိုး၊ သည်လူ့လက်ညှိုးထိုး အကျင့်ပါနေသော ………”   ဟုတ်ပါတယ်ခင်ဗျ…။ အဲဒါ ကျွန်တော်ပါခင်ဗျာ…။ စကားပုံအရှိသားမဟုတ်လား – “လူမတန် ကံ ချ”  တဲ့… ရှိပြီးသားစကားပုံလေး မသုံးလိုက်ရရင် နှမြောစရာကြီး။ ကိုယ်အဆင်မပြေမှု့တွေ   တွေ့ကြုံ   ကြားသိ ရလေတိုင်း – ကိုယ့်လိုအင်ဆန္ဒတွေမပြည့်လာလေတိုင်း- ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာတွေ မဖြစ်လာလေတိုင်း- လူတွေမှ စည်းကမ်းမရှိတာ…. အုပ်ချုပ်သူတွေက ဘာဖြစ်တာ…. ရာသီဥတုကဘယ်လို… ရေခံမြေခံတွေကဘယ်လို… တရုတ်တွေကဘာလုပ်လို့   ကုလားတွေကဘာလုပ်လို့ အဲသလို  အဲသလို သူများလွှဲချရတာ တော်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် ဒါပေမယ့် – ကြာလာတော့လေ- ကိုယ်ပေးတဲ့ဆင်ခြေတွေ ပတ်လည်ဝိုင်းလာပြီး ကိုယ့်ကိုယ်ကို ပိတ်လှောင်မိလျှက်သား ဖြစ်နေတော့တယ်။ ကိုယ့်ကိုယ်ကို ဖုံးကာထားမိလျှက်သားဖြစ်နေတော့တယ်။ ပြီးတော့ ကိုယ့်တိုးတက်မှု့တွေလုပ်ဆောင်ဘို့လမ်းကြောင်းမှာ- ကိုယ့်ကိုယ်ကို […]


(ကိုသစ်မင်းရဲ့ ဂေဇက်ဆီမီနာ(၂)  ကိုဖတ်ပြီး ဝင်ပါချင်စိတ်တွေဖြစ်လာတယ်။ တကယ်တော့ ဆရာသစ်ရဲ့အောက်လိုင်းအတိုင်း တန်တန်ရာရာ ဝင်ဖြည့်ဆွေးနွေးနိုင်စွမ်းတော့ မရှိပါဘူး။ ဒါကြောင့် ပိုစ့်မူရင်းထဲမှာ ဆွမ်းဆန်ထဲ ဝင်မရောရဲတာနဲ့ အစလေးတွေ ဆွဲထုတ်ပြီး ပြောချင်တာတွေ လျှှောက်ပြောပါတော့မယ်။)   ၂။…..“ကျ”ဆင်းနေသော ကိုယ့်ကိုယ်ကိုယုံကြည်မှုများ   ကျွန်တော်တို့ အများစုမှာ မရှိတာတွေထဲက လိုအပ်တာတွေထဲက တခုက အဲဒါ…. “ ကိုယ့်ကိုယ်ကို ယုံကြည်မှု ” ဆင်ခြေတွေပေးပါ့မယ်- ဘဝရေခံမြေခံကဘယ်သို့၊ အုပ်ချုပ်တဲ့စံနစ်ကဘာဖြစ်လို့၊ လူမျိုးရဲ့စရိုက်က ဘယ့်နှယ်နေလို့၊ တိုင်းပြည်က ဘယ်လိုဖြစ်နေလို့ … … လို့ … လို့ … လို့ … အကြောင်းတွေကိုတော့ မငြင်းတော့ပါဘူး… အဲဒီတော့ အကျိုးကို လက်ခံသလား ?? ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူးဆိုတဲ့ […]


            လွန်ခဲ့သောနှစ်အစိတ်ကျော် ခန့် မြန်မာနိုင်ငံတော်ကြီး၏ သမိုင်းတကွေ့ဖြစ်ခဲ့ရသော ရှစ်လေးလုံးအရေးအခင်းကြီးမဖြစ်မီ သုံးနှစ်ခန့်အလို- ဒီဖင်ဘာလ၏ ပျင်းရိဘွယ်ကောင်းလှသော နေ့လည်အချိန်တခုတွင်ဖြစ်လေသည်…။   ရန်ကုန်တက္ကသိုလ်ကြီး၏ စာသင်ခန်းအသီးသီးဝယ် အမျိုးကောင်းသားမီးတို့ အပတ်တကုတ် ပညာဆည်းပူးလျှက်ရှိကြသော စာသင်ချိန်ကြီးတွင် လူငယ်တဦးသည် တောင်ငူဆောင်နောက်ပေါက်မှထွက် မန္တလေးဆောင်ဘေးမှဖြတ်ပြီးသကာလ မြောက်ဘက်ယွန်းယွန်းတွင် ခြံစည်းရိုးနှင့်ကပ်လျှက်တည်ရှိနေသော ဦးချစ်ဆိုင်  အမည်ရှိ လဘက်ရည်ဆိုင်သို့ ဦးတည်သွားလျှက်ရှိချေသည်။ အနှီလူငယ်ကား အရပ်နိမ့်နိမ့်၊ အသားလတ်လတ်၊ ဆံပင်ဂုတ်ထောက်ဖြင့်၊ မျက်မှန်ကြီးကြီးတခုကိုတပ်ဆင်ထားပြီး ပုဆိုးကွက်ကျဲ ရှပ်လက်ရှည်ကို လက်ပင့်ခေါက်ထားလျှက် ကချင်လွယ်အိတ်တလုံးကို ဖုထုံးကြီးကြီးထုံး၍ လွယ်ကာ ခပ်မော့မော့ ဆောင့်ကြွားကြွား လမ်းလျှောက်နေလေရာ ထိုမျှအချိုးမကျသောလူငယ်ကို မြင်မိသူအပေါင်းတို့သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာလွှဲကြရကုန်၏။ များမကြာမီပင် လူငယ်သည် ဦးချစ်လဘက်ရည်ဆိုင်သို့ရောက်ရှိပြီး တံစက်မိတ်အတွင်းသို့ ဝင်မိလေရာ အလင်းမှအမှောင်သို့ […]