ကျွန်တော် မန်းတလေးဂေဇက်ကို စဖတ်မိတာ သိပ်မကြာသေး ။ စိတ်ဝင်စားစရာကောင်းသည် ။ အများသူငှါပျော်နေကြတာ ဆွေးနွေးနေကြတာတွေ ကို မြင်တော့ ကိုယ်ပါ အဲဒီထဲရောက်သွားသလို ခံစားရသည် ။ ယနေ ့၃.၉.၂၀၁၂ တွင်မူ ၊ ကျွန်တော်သုံးနေသော အင်တာနက်ဆိုင်မှာ လိုင်းကောင်းနေသဖြင့် ၊ ရွာသားအဖြစ် မှတ်ပုံတင်လိုက်ပါသည် ။ ယနေ ့မှ စပြီး ကွန်မင့်များလိုက်ပေးပါမည် ။ ယနေ ့မှ စပြီး သိထားသော အကြောင်းအရာလေးများကို စာစီပါမည် ။ အားပေးကြပါ အစ်ကိုတို ့အစ်မတို ့ ပုံ အားလုံးကို ခင်မင်ချင်သော ဝူးဝါး ဝူးဝါး အသက် ၂ဝကျော် အရပ် ၅ပေ ကျော် ဘွဲ ့= သိမ်၂ခါထွက်ဖူးသဖြင့် […]