peacespeakerSeptember 19, 20111min1189
ကြားလိုက်ရပြန်ချေပြီ တမုံ့။ အဓမ္မဝါဒ ဖေါ်ထုတ်ရေး စာမူဖိတ်ခေါ်ပြိုင်ပွဲတဲ့။ ဪ သိဒ္ဓတ္ထဂေါတမသာသနာဟာ မျက်နှာငယ်လေးဖြစ်နေရော့သလား။ ထေရဝါဒအမည်ခံ မြန်မာပြည်ရဲ့ အကြီးဆုံး သံဃာ့နာယက အဖွဲ့ကြီးက သာသနာတော်မှာရှိတဲ့ အဓမ္မဝါဒတွေ ပပျောက်ဖို့အတွက် သူတို့ကိုယ်တိုင် တရားနည်းလမ်းတကျ မလုပ်ကြတော့ပဲနဲ့ ပြည်သူတွေရဲ့ လက်ထဲကိုထည့်ပြီး နိုင်ငံတော်ရဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ပုံစံအတိုင်း ဘုရားရဲ့ ဝါဒကိုလည်း ဒီမိုကရေစီဆန်ဆန် တကယ်သွားစေချင်တာလား။ ဒါမှမဟုတ် တို့အဖွဲ့အစည်းကြီးက သာလျှင် ဓမ္မဖြစ်ကြောင်း တခြားအဖွဲ့အစည်းကြီးတွေကြတော့ အဓမ္မဖြစ်ကြောင်း ထောက်ခံခိုင်းစေချင်တာလား။ ဖော်ထုတ်ရေးအဖွဲ့မှ ………(ယော)ဆိုတဲ့ပုဂ္ဂိုလ်ရေ ထင်တစ်လုံးနဲ့ အမြင်တွေဆုံးပြီး ….ကုန်းရမှာ ကြောက်နေတဲ့အဖြစ် ရောက်နေပြီလား။ သနားစရာ။ သာသနာတော်ရဲ့ အသက်ဟာ ဝိနည်းပါ ဝိနည်းပါလို့ တကြော်ကြော် တမော်မော် အော်နေပြီးတော့ အခုကြကာမှ သုတ္တန်တရားတွေကို ဖအေအရင်းမှန်း သိကြရော့သလား။ ဝိနည်းကိုဖျက်ဆီး […]