အသက်မပြည့်သောလိင်ကျေးကျွန်များ ရန်ကုန်မြို့တွင်များပြားလာ ရန်ကုန်၊ဇွန် ၁၉ ရက် သတင်းဆောင်းပါး- Josher ပစ္စည်းစုံစုံလင်လင် တင်ထားသောဈေးဆိုင်လေးတစ်ဆိုင်….သဲ ရယ်၊မေမေ ရယ်၊အဖွားနှင့် မောင်လေး ညီမလေးတို့မိသားစု ငါးယောက်လုံးအတွက် လူမှုဘဝရပ်တည်မှုတစ်ခုလုံးကို ထိုဈေးဆိုင်လေးက ဖြည့်စီးပေးနိုင်ပေလိမ့်မည်။ထိုအခါမေမေက ထိုဆိုင်လေးကို ဦးစီးလုပ်ကိုင်လို့ ၊ သဲ ကတော့မေမေ့ကို ကူညီပြီးစှေးရောင်းပေးမည်။၁၂ နှစ်အရွယ် ညီမလေးနှင့်  ကိုနှစ်အရွယ်မောင်လေးတို့ကတော့ ကျောင်ပြန်နေကြပါစေဦး ။ ယင်းအချိန်တွင် သဲ နောက်ထပ်မျှော်လင့်ချင်တာတစ်ခုက သဲ ကို အမှန်တစ်ကယ် ချစ်မြတ်နိုးသူ တစ်ယောက် ရှိလာမည်ဟုပင်ဖြစ်သည်။ ဒါတွေကအသက် ၁ရ နှစ်အရွယ် သဲဆိုသောကောင်မလေး တစ်ယောက်ရဲ့ အိမ်မက်ကမာ္ဘထဲက စိတ်ကူးယဉ် အနနာဂတ်သာဖြစ်တော့သည်။၁ရ နှစ်အရွယ်သူမအတွက်တော့ ဈေးဆိုင်လေးတစ်ဆိုင်နှင့် အဆင်ပြေသောမိသားစုဘဝလေးက အလိုချင်ဆုံဆန္ဒတစ်ခု၊ သူမရဲ့မိသားစုတွေက မွန်ပြည်နယ် မုဒုံမြို့တွင်ရှိကြသည်။တစ်ကယ်တော့ သူ့မောင်လေးနှင့် ညီမလေးတို့ ကျောင်မနေနိုင်ကြ။အမေမနက်ပိုင်ဈေးတွင် […]