တေစၧSeptember 14, 20121min490
တောင်ကြီးမြို့မှာ ခွင့်ပြုချက်မရရှိပဲ ဆောက်လုပ်သီတင်းသုံးနေတဲ့ ကျူးကျော်ဘုန်းတော်ကြီးကျောင်း (၁၃) ကျောင်း ကို 12.9.2012 ရက်နေ့မှာ ဖျက်သိမ်းခဲ့ပါတယ် အဲဒီ ဘုန်းတော်ကြီးကျောင်းတွေဟာ တောင်ကြီးမြို့ ဘေးမဲ့သစ်တော ကြိုးဝိုင်းအတွင်းမှာရှိနေပြီး သစ်တောဦးစီးဌာနက 2011 ခုနှစ် နိုဝင်ဘာလမှာ နောက်ဆုံးထား ပြောင်းရွှေ့ဖို့ ကျောင်းထိုင်များကို အသိပေးထားပြီး ဘုန်းတော်ကြီးများကလည်း မြို့နယ်သံဃာ့နာယကအဖွဲ့ရဲ့ ရှေ့မှောက်မှာ ဝန်ခံကတိ ရေးထိုးပြီးဖြစ်တယ်လို့လဲသိရပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိ ကျောင်းများရွှေ့ပြောင်းခြင်းမရှိတဲ့အတွက် ပြည်နယ် သာသနာရေးဦးစီးဌာနနဲ့ မြို့နယ်သံဃာ့နာယကအဖွဲ့တို့က ဦးဆောင်ပြီး ဘုန်းတော်ကြီးကျောင်းတွေကို ဖျက်သိမ်းရွှေ့ပြောင်းခဲ့တာ ဖြစ်တယ်လို့လဲသိရပါတယ်။ ရွှေ့ပြောင်းခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေကတော့ နဂါးလိုဏ်ဂူကျောင်း၊ ရွှေဉာဏ်ပင်တောရကျောင်း၊ နိဗာန်ဂူတောရကျောင်း၊ ဗလတောင်ကုန်းကျောင်း ထင်းရှူးမြိုင်တောရကျောင်း၊ မေတ္တာရေကန်ကျောင်း၊ ဝိမုတ္တိတောရကျောင်း၊ ဝိမုတ္တိ်တောရကျောင်းခွဲ၊ မိဂဒါဝုန်ကျောင်း၊ သဲကျင်းဂူကမ္မဌာန်းကျောင်း၊ ရွှေဥဒေါင်းတောရကျောင်း နဲ့ အမည်မရှိသေးသည့် ကျောင်းနှစ်ကျောင်း စုစုပေါင်း […]


တေစၧJanuary 30, 20121min18212
ကျွန်တော့်ဘဝမှာ ကျွန်တော့အသက်အရွယ်နဲ့ လိုက်ဖက်ညီတဲ့ အရာတော်တော်များများကို သဘောပေါက် နားလည်ခဲ့ပြီ ထင်ခဲ့ပေမယ့် ပြန်စဉ်းစားလိုက်တော့ ကျွန်တော်မသိတာတွေတော်တော်များမှန်း သိခဲ့ရတော့မှ တော်တော်ညံ့သေးတာပဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ် ပထမဆုံးတစ်ခုကတော့ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားက ကားတွေတင်သွင်းခွင့်ပြုပြီဆိုတဲ့သတင်းပါပဲ ကားတစ်စီးကို ဒေါ်လာ ၃၅၀ဝ ဝန်းကျင်ဆိုတော့ ကျွန်တော့်မှာ ဝမ်းသာလိုက်ရတာ ငါတော့ ပိုက်ပိုက်လေးစုပြီး ကားကြီးဝယ်စီးလိုက်ဦးမယ်ပေါ့ ဘယ့်နှယ်လုပ် ဘယ်လို မျက်လှည့်ပြလိုက်တယ်မိသိ မြန်မာပြည်ရောက်တော့ ဒေါ်လာ ၁၀၀၀ဝ အောက် တစ်စီးမှမပါဘူး သဘောင်္ခတွေဈေးကြီးလို့နေမှာပါလေ ဆိုပြီး ကိုယ့်ဟာကို တံတွေးလေးမျိုချပြီး နှစ်သိမ့်လိုက်မိတယ် အခွန်တွေကပဲကြီးတာလား လောဘတွေကပဲကြီးတာလား ကုန်ဈေးနှုန်းကပဲ ကြီးတာလား ကျွန်တော့်မှာ လားပေါင်းများစွာနဲ့ စိတ်ကုူးလေးကို စိတ်ကူးထဲမှာပဲ ချွေးသိပ်ခဲ့ရပါတယ်။ နောက်တော့လာပြန်ပြီတစ်မျိုး ကုမ္ပဏီတစ်ခုက ဂျီအက်စ်အမ် ဖုန်းကဒ်ကို တစ်ကဒ် ၅၀၀ဝ နှုန်းနဲ့ […]


တေစၧJanuary 6, 20121min1076
တောင်ကြီးမှာ လွတ်လပ်ရေးနေ့က ဗိုလ်ချုပ်အောင်ဆန်းပုံတွေသီးသန့် ပြခဲ့တဲ့ သစ္စာပြတင်းပန်းချီပြပွဲလုပ်ခဲ့ပါတယ် အဲဒီပြပွဲမှာ ထူးထူးခြားခြား ဗိုလ်ချုပ်ပုံကို တက်တူးထိုးပေးနေတာကိုလည်း တွေ့ခဲ့ရပြီး အမှောင်ခန်းထဲမှာ အဏုမြူအလင်းနဲ့ပုံဖော်ထားတဲ့ ဗိုလ်ချုပ်ပုံတွေ နောက်ပြီးတော့ မှတ်တမ်းတွေကို ပြန်ပြပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကော်နက်ရှင်ကမကောင်းတာနဲ့ တင်နေတာ ၃ ရက်ကြာသွားတယ် ( ဆိုးလိုက်တာ )။ မတွေ့တာကြာပြီဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ ပုံတွေကို ပြန်မြင်ရတဲ့ခါ စိတ်ထဲမှာ တစ်မျိုးခံစားရပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ရဲ့ သီချင်းကိုလည်း ရေဒီယိုကနေ တိုက်ရိုက်လွှင့်နေတဲ့ပုံနဲ့ performance လုပ်ထားတာလည်း တွေ့ခဲ့ရတယ် သီချင်းကတော့ ဆိုဒ်ကြီးနေလို့ ကော်နက်ရှင်နဲ့အဆင်မပြေတဲ့အတွက် မတင်ပေးတော့ပါဘူး ပုံတွေတောင် အများကြီးရိုက်လာတယ် တင်တာဘယ်လိုမှအဆင်မပြေဘူး ဒါကြောင့် ဝမ်းနည်းစွာနဲ့ပဲ ပုံနည်းနည်းပဲ တင်လိုက်ပါတယ် ပုံတွေကိုတော့ အမှတ်တရ တင်ပေးလိုက်ပါတယ်       […]


တေစၧSeptember 13, 20111min1236
ဒီလိုနဲ့ အလုပ်လုပ်တာ တစ်လလောက်ကြာတော့ ကျွန်တော်တို့ တော်တော်လေး ရင်းနှီးလာပါပြီ ဒါပေမယ့် ကျွန်တော်ကတော့ အရင်လို သတ္တိတွေ ကင်းမဲ့နေတုန်းပါပဲ သူမကိုသာ ကြည့်ရင်း နေ့ရက်တွေကုန်လွန် သွားလိုက်တာ ဒီလောက်ရက်တွေကုန်မြန်တာ ဒီတစ်ခါပဲတွေ့ဖူးသေးတယ်။ နေ့တိုင်း သူမရဲ့   ကိုယ်ပိုင်စတိုင်ဖြစ်တဲ့ တစ်ကိုယ်လုံးလှုပ်ရှားပြီး စကားပြောတတ်ပုံလေးတွေကို ငေးကြည့်နေရင်း ကျွန်တော့်မှာ ရောဂါတွေတိုးပြီးရင်းတိုးနေတော့တာပဲ။ တစ်ရက်ကျတော့ ကျွန်တော်တို့နှစ်ယောက်ကို မန်နေဂျာက ပစ္စည်းပို့ဖို့ ကားဂိတ်ကို လွှတ်လိုက်ပါတယ် ကျွန်တော့်မှာ သူမနဲ့ နှစ်ယောက်တည်း သွားရတော့ ရင်တွေခုန်လွန်းလို့ တစ်သက်လုံး သွားနေတဲ့ လမ်းတွေကိုတောင် အယောင်ယောင်အမှားမှားနဲ့ လမ်းတွေမှားလို့ သူမကလဲ တစ်လမ်းလုံး စကားတွေ ပြောနေလိုက်တာ ကျွန်တော့်မှာ မကြားတစ်ချက်ကြားတစ်ချက်နဲ့ နောက်နေ့တွေကျရင် ဒီလိုအခွင့်အရေးမျိုး မရတော့ဘူးနော် ဆိုတဲ့ အတွေးတွေက ခေါင်းထဲဝင်လာလိုက် မဖြစ်သေးပါဘူးကွာ စိတ်ဆိုးသွားရင် […]


တေစၧSeptember 11, 20111min13310
သူမဒုတိယနှစ်တစ်နှစ်လုံး ရည်းစားမထားပဲနဲ့ ကျောင်းမှာပေသီးလုပ်နေတာတွေအကုန်လုံးကို ကျွန်တော် အကုန်သိနေတော့ နည်းနည်းတော့စိတ်အေးရတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ရည်းစားမရသေးတော့ ကျွန်တော့်မှာမျှော်လင့်ခွင့် ရှိနေသေးတယ်ပေါ့  သူမရဲ့ အမူအယာလေးတွေနဲ့ စကားပြောတတ်တဲ့ပုံစံကတော့ ကျွန်တော့်နှလုံးသားထဲမှာ စွဲထင်နေပါပြီ တစ်ခြားမိန်းကလေးတွေနဲ့ လုံးဝမတူတဲ့သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေ စကားပြောရင် လက်တွေခြေတွေနဲ့ ရှုပ်ရှက်ခတ်နေတာလေးတွေက ကျွန်တော့်ကို ဖမ်းစားနိုင်လွန်းတယ်ဗျာ။ ဒီလိုနဲ့ သူမလဲ တတိယနှစ်ကိုရောက်ရော ရည်းစားနောက်တစ်ယောက်ထပ်ရသွားပြန်ပါတယ် ကျွန်တော်လဲ ဒုတိယမ္ပိ အသည်းကွဲပြန်တာပေါ့ ခက်တယ်နော် ကိုယ်ကြိုက်နေတာလဲ သူမသိဘဲနဲ့ ကိုယ့်မှာ တစ်ယောက်တည်း အသည်းတွေလိုက်လိုက်ကွဲနေရတာ ခက်ရချည်ရဲ့  သူမကတော့ ဘာမှကိုမသိရှာပါဘူး ဒီလိုနဲ့ပဲ ကျွန်တော့်မှာ တစ်ယောက်တည်း အချစ်တွေကို မြိုသိပ်လို့ အသည်းတွေ ကွဲပြီးရင်း ကွဲနေတော့တာပါပဲ။ ကံကြမ္မာကလဲ ကျီစယ်တတ်ပြန်တော့ နှစ်လလောက်အကြာမှာပဲ သူမ ဒုတိယရည်းစားနဲ့ ပြတ်သွားပါတယ် […]


တေစၧSeptember 9, 20111min13512
ဒီနေ့တော့ မနက်စာအစောကြီးကို နိုးနေတယ် စိတ်ကပဲ လောလို့လား ဒီနေ့မှ နေမင်းကြီးကပဲ နောက်ကျပြီးထွက်နေသလား မသိပါဘူး။ ဒါနဲ့ ရေမိုးချိုးပဲလေးဘာလေးများပြီး သွားမယ်ပေါ့ ရေလဲချိုးပြီးရော စိတ်ကူးတစ်ခုဝင်လာတယ် ဒီနေ့တော့ ပုဆိုးလေးနဲ့ဆိုရင်ကောင်းမယ် ဒါမှ သပ်သပ်ရပ်ရပ်နဲ့ ဖြစ်မှာပေါ့။ ကျွန်တော်က ပုဆိုးဝတ်ခဲပါတယ် ဘာလို့လဲဆိုတော့ ဘောင်းဘီနဲ့ဆိုရင် ဘယ်သွားသွား လွတ်လွတ်လပ်လပ် သွားလို့ရလို့ပါ ပုဆိုးကျတော့ သွားရလာရတာ မလွတ်သလိုခံစားရလို့။ ဒီလိုနဲ့ ပုဆိုးလေးနဲ့ ရိုးသားချင်ယောင်ဆောင်ပြီး ဆိုင်ကယ်တစ်စင်းနဲ့ ကျောင်းကိုထွက်လာပါတော့တယ်။ ကျောင်းမရောက်ခင်မှာပဲ   ပြဿနာကောင် ဝေယံနဲ့တွေ့တယ် ကျွန်တော့်ကို ကျူတိုဖြေထားတဲ့စာအုပ်တွေတစ်ထပ်ကြီးပေးပြီးတော့ ကျောင်းကို ယူသွားပေးပါတဲ့    သူဒီနေ့ ကောင်မလေးနဲ့ချိန်းထားလို့ ကျောင်းမသွားတော့ဘူး ဆရာမက လမ်းကြုံသူ့ကိုခိုင်းလို့ သူကကျွန်တော့်ကို လမ်းကြုံခိုင်းတယ်လေ။ သူမို့အားမနာ ကျွန်တော်လဲ ကောင်မလေးနဲ့တွေ့မှာပဲလေ ဒါပေမယ့် ဒီနေ့တော့ စိတ်ကောင်းထားလိုက်ပါတယ် […]


တေစၧSeptember 7, 20111min1288
အားပေးကြတာကို ကျေးဇူးတင်ပါတယ် ခု နောက်ထပ်တစ်ပိုင်းပေါ့   ဒီလိုနဲ့ပဲ ကျွန်တော့်သူငယ်ချင်းကောင်မလေးနှစ်ယောက်ရှမ်း welcome မှာမော်ဒယ်ရှိုးလျှောက်တဲ့ ကောင်မလေးတွေရဲ့ စာရင်းကို ကျွန်တော့်ကိုရှာလာပေးပါတယ် စာရင်းအရ 17 ယောက်ရှိပါတယ် နီးတော့ နီးစပ်နေပါပြီ  အဲဒီ 17 ယောက်ထဲက တစ်ယောက်ဖြစ်မှာတော့ သေချာပါတယ်။ အင်္ဂလိပ်မေဂျာက သုံးယောက် သချာင်္က သုံးယောက် physics က ငါးယောက် chemistry က,လေးယောက် သမိုင်းက တစ်ယောက် ဖလော်က တစ်ယောက် ပြီးတော့ နှစ်တွေကလဲ မတူကြဘူး ကဲ ဘယ်လိုလုပ်မလဲ ကျောင်းမှာ အော်လံနဲ့ နာမည် နဲ့မေဂျာ တွဲပြီးအော်ရှာရမယ့် အပေါက်မျိုး နာမည်တွေကိုဖတ်ကြည့်လိုက်တော့ သိပ်မထူးခြားပါဘူး တစ်ယောက်ချင်းကို ဘယ်လိုလုပ်ပြီး လိုက်ရှာရမလဲ စဉ်းစားနေတုန်း ကယ်တင်ရှင် တစ်ယောက်ပေါ်လာပါတယ်။ သူကတော့ […]


တေစၧSeptember 5, 20111min1008
ခပ်ကျဲကျဲ အလင်းစက်တစ်ချို့ မိန်းရှေ့  သစ်ပင်ကို ပွတ်သပ်ကျီစယ်နေတာကို ကျွန်တော်အဓိပ္ပာယ်မဲ့ ငေးကြည့် နေမိတယ် ။ ကျောင်းဖွင့်စ,ရက်ကတော့ လန်းဆန်း တက်ကြွပြီး ပျိုမျစ်နုနယ်နေလိုက်ပုံများ  အဲဒီအချိန်မှာ ကျွန်တော့်မျက်လုံးထဲကို မြင်ကွင်းတစ်ခုဝင်လာပါတယ်…။ အဲဒါကတော့ မိန်းကလေးတစ်ယောက်ပါ တကယ့်ကို မိန်းကလေး တစ်ယောက်ပါပဲ လမ်းလျှောက်လာတဲ့ သူ့ပုံစံက ဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ မော့လို့ လက်ထဲမှာလည်း ဘယ်သူမှ တက္ကသိုလ်မှာ ဆောင်းဖို့ ( အထူးသဖြင့် သူမလို လှတပတ မိန်းကလေးတွေပေါ့ ) စိတ်မကူးတဲ့ ထီးကောက်ကြီးတစ်လက်ကို မြေကြီးပေါ် လမ်းလျှောက်တုတ်ကောက်ကြီးတစ်လက်လို ထောက်ပြီးတော့လေ.. ကျွန်တော်ကြည့်နေတုန်းမှာပဲ သူ့သူငယ်ချင်းတွေကိုတွေ့သွားတယ်ထင်ပါရဲ့  မျက်နှာက ပြုံးလာပြီး ထီးကောက်ကြီးကိုမြှောက်လို့ ”ဟေ့ ….  နင်တို့ဘယ်တုန်းကရောက်နေတာလဲ” ဆိုတဲ့အသံစာစာလေးနဲ့  အော်ပြီး ပြေးသွားတယ် ဒီတော့မှ သူ့သူငယ်ချင်းတွေက မြင်သွားပြီး တစ်ယောက်နဲ့တစ်ယောက် […]


တေစၧMarch 24, 20111min949
တစ်ည ကားတန်းကြီးတွေက နှစ်ထပ် အရှည်ကြီး ဆိုင်ကယ်တွေကလည်း အများကြီးနဲ့ ဟာ ဘာများဖြစ်ကြလို့ ဘာပွဲတွေများ လုပ်ကုန်ကြပြီလဲ ငါလဲ ဝင်ကြည့်ဦးမှ ဆိုပြီး ကြည့်လိုက်တော့ ဘယ်ဟုတ်မလဲ ဆီထုတ်ဖို့တဲ့ ဘယ့်နှယ် ကမာ္ဘမှာ လောင်စာ ရှားပါးတဲ့ ပြဿနာတွေများ ဖြစ်ကုန်ပြီလား ကမာ္ဘပျက်လို့များ ဘယ်ရောက်ရောက် မောင်းပြေးကြတော့ မလို့လားလို့ ဆီဆိုင်တွေမှာ ညအိပ်စောင့်ပြီးတော့တောင် စောင့်ဝယ်ရတယ်လို့ ကြားကြားဖူးပေါင် စက်သုံးဆီဆိုင်တွေ ပုဂ္ဂလိကကို ပေးလိုက်လို့ လောင်စာဆီများ အဆင်ပြေမလားဆို ခုမှပဲ မမြင်ဖူးတာတွေ မမြင်ရ အလုပ်အကိုင်သစ်တွေ ရနဲ့ ဟုတ်နေတာပဲ အလုပ်အကိုင်သစ်ဆိုတာက အလုပ်မရှိအကိုင်မရှိတဲ့သူတွေ ဆိုင်ကယ်တစ်စီးနဲ့ ဆီထုတ် ပြီးတော့ စုထား အပြင်မှာရောင်းစား အပြင်ပေါက်ဈေးက တစ်ဂါလန် ၅ ထောင်ကျော် ၆ ထောင်နီးပါး ဆီပန့်ပေါက်ဈေးက […]


တေစၧMarch 19, 20111min17123
ကျွန်တော်တို့ ငယ်ငယ်ကတည်းက သင်္ကြန်ဆိုတာကို ကြုံဖူးပြီး အနည်းနဲ့အများတော့ ပျော်ခဲ့ဖူးကြပါတယ်။ ဒါပေမယ့် အခု အသက်ကြီးလာတဲ့အခါ ပြန်စဉ်းစားကြည့်တော့ တရားရဲ့လားလို့ ပြန်တွေးမိလာတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပျော်ပျော်ပါးပါး ရေတွေကို တစ်ယောက်နဲ့တစ်ယောက် ပက်ကြရုံတင်မက ပိုက်တွေနဲ့ထိုး လမ်းတွေပေါ်လောင်းချ ဒီလိုနဲ့ ရေတွေ လမ်းပေါ်မှာ စီးဆင်းနေကြတာ တစ်နေကုန်နီးပါး နေရာတကာ ရေတွေရွှဲရွဲစိုလို့ လူတွေကလဲစို လမ်းတွေကလဲစို နောက်ဆုံးတော့ သင်္ကြန်ပြီးတဲ့အချိန် ရေတွေလမ်းမှာစီးရုံတင်မက အိုင်တွေတောင်ထွန်းလို့ ကျွန်တော်တို့ ဘာများရလိုက်လဲ နောက်ဆုံးတော့ ရေစိုတယ် ပြီးတော့ ခြောက်တယ် ပြီးတော့ စိုတယ်။ ဒီလိုနဲ့နှစ်ဟောင်းကနေ နှစ်သစ်ကို ပြောင်းခဲ့ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေ ကမာ္ဘကြီးရဲ့ အမွေအနှစ်တွေကို လမ်းပေါ်မှာ အလဟဿ လောင်းချနေကြတယ်ဆိုတာကို မစဉ်းစားမိခဲ့ကြဘူးလေ။ ကမာ္ဘတစ်ဖက်က ကျွန်တော်တို့တွေ ပျော်ပျော်ပါးပါး […]


တေစၧFebruary 5, 20111min813
2ျွန်တော်တို့ 4.2.2011 မှာ ကမာ္ဘ့ပရိတ်သတ်အများဆုံးမျက်လှည့်ပွဲတစ်ခုကို ကြည့်လိုက်ရပါတယ်။ ပရိတ်သတ်က ဂင်းနစ်မှတ်တမ်းဝင်လောက်အောင်များပြီး သန်း (၆၀) ရှိတယ်။ မျက်လှည့်ပွဲ လုပ်တာကလည်း ကမာ္ဘ့အကြာဆုံးစံချိန်တင် ဖြစ်ခဲ့ပြီး နိုဝင်ဘာလ ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီမျက်လှည့်ပွဲကတော့ တခြားထူးထူးခြားခြား ပြသသွားတာမရှိပေမယ့် လူအများဆုံးစိတ်ဝင်စားတဲ့ပွဲဖြစ်ပြီးတော ့ ကမာ္ဘကလည်း စောင့်ကြည့်ရတဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ပထမဆုံး နိုဝင်ဘာလမတိုင်မီမှာ မျက်လှည့်စင်ပေါ်ကို မယုံကြည်သူတွေ တက်ရောက်စစ်ဆေးနိုင်အောင် စင်ပေါ်ကို ဖိတ်ခေါ်တဲ့ အကြောင်း ကြော်ငြာခဲ့တယ်။ မျက်လှည့်ပွဲက စတယ်ဆိုတာနဲ့ လူဝင်အောင် ခေါ်တော့တာပါပဲ ပြီးတာနဲ့ သူတို့ရဲ့ မျက်လှည့် အဖွဲ့ဝင်တွေ အပါအဝင် ဝင်ရောက် စမ်းသပ်ကြမယ့် ပရိတ်သတ်တွေလည်း အဆင့်ဆင့် အရွေးခံပြီး နောက်ထပ်တစ်ဆင့်အနေနဲ့ စင်ပေါ်မှာ ပြသတဲ့အဆင့်ကို စတင်တော့တာပါပဲ။ စင်ပေါ်ရောက်တဲ့အခါမှာတော့ ပရိတ်သတ်တွေက […]


တေစၧJanuary 17, 20111min1110
ကျွန်တော်တို့တွေ ကိုယ်ပိုင်ခံစားချက်လေးတွေပဲဖြစ်ဖြစ် တစ်နေ့တာရဲ့ အကြောင်းအရာလေးတွေပဲဖြစ်ဖြစ် ဒိုင်ယာရီလေးတွေ ရေးမယ်ဆိုရင် စာရွက်တွေစာအုပ်တွေမလိုတဲ့ ဆော့ဖ်ဝဲ ကောင်းလေးပါ portable အနေနဲ့ရှိသလို install လုပ်လို့ရတဲ့ အနေနဲ့လည်း ရှိပါတယ်။ သူ့ရဲ့ကောင်းတာတွေကတော့ free ရတယ် ပြီးရင် ကိုယ့်ဒိုင်ယာရီလေးကို password နဲ့ပိတ်လို့ရတဲ့အပြင် minimize လုပ်ပြီး ပြန်ဖွင့်တဲ့အခါလည်း password ပေးမှပြန်တက်အောင်လည်း လုပ်လို့ရပါတယ်။ တစ်နေကုန်ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့သူတွေအတွက်လည်း address book နဲ့ ချိန်းထားတာတွေကို အချိန်မရောက်ခင် ကြိုပြီး သတိပေးနိုင်တဲ့ alarm စနစ်လည်းပါပါတယ်။ ယောကျာင်္းလေးတွေအတွက် ပုံစံနဲ့ မိန်းကလေးကြိုက်ပုံစံ နှစ်မျိုးရှိလို့ မိန်းကလေးတွေလည်း ကြိုက်မှာပါ။ အောက်က လင့်လေးတွေမှာ ဒေါင်းနိုင်ပါတယ်။ တကယ်လို့ install ပုံစံနဲ့လိုချင်တယ်ဆိုရင်လည်း software နာမည်နဲ့ ရှာလိုက်ရင် ရမှာပါ […]


တေစၧJanuary 12, 20111min12712
ကျွန်တော် ဒီထဲက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်မယ် ဆိုတာကို ဖတ်လိုက်ရတဲ့အခါ တစ်ခုတွေးမိတယ် သူတို့တွေက ဒီမိုကရေစီဆိုတာကို လူတွေကြောက်အောင် ဖြဲခြောက်နေတာများလားလို့ ဒီမိုကရေစီက ဘယ်နားနေတယ်မသိသေးဘူး စစ်မှု မထမ်းမနေရဆိုတာက ဖြစ်လာပြီ တိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာ စစ်မှုမထမ်းမနေရစနစ် ရှိတယ် ဆိုတာ ဟုတ်ပေမယ့် ဒီလိုအပြောင်းအလဲကာလမှာ မကျေနပ်လို့ ပုန်ကန်တဲ့သူတွေလည်း ရှိလာမှာပဲ ဒီလို ရှိလာတဲ့အခါ ပြည်သူတွေထဲက စစ်သားတွေကို တိုက်ခိုင်းပြီး သူတို့က အချင်းချင်းသတ်ပွဲကို စည်းစိမ်ယစ်ပြီး မှတ်ပြီလား ဆိုတဲ့ပုံနဲ့ ကြည့်နေကြမှာ တကယ်တန်းက သူများနိုင်ငံ ဥပမာ အင်္ဂလန်ဆိုရင် မင်းသားဟယ်ရီလည်း တိုက်ပွဲဖြစ်နေတဲ့ အာဖဂန်ကို သွားရပါတယ် ချုပ်ချုပ်ကြီးရဲ့ မြေးချစ်လေးကရော အဲဒီလိုလုပ်နိုင်မှာလား နောက်ဆုံးတော့ သူတို့က သက်သာတဲ့နေရာကနေ “တက်” “ချ” ဆိုတဲ့ စကားတွေနဲ့ မြှောက်ပေးကြမှာ […]