Phaung PhaungJanuary 19, 20131min796
အားလုံးပဲ နေကောင်းကြတယ်နော်… စီးပွားရေး၊ကြီးပွားရေးနဲ့ သားသမီးအရေးပါမကျန် ရုန်းကန်လှုပ်ရှားနေရတာနဲ့ ဂေဇက်ထဲကိုတောင် မဝင်ဖြစ်တာကြာပါပြီ။ အဟီးးးး…. အခုသိချင်တာလေးတခုရှိလို့ ဒီဂေဇက်မှာလည်း ဂျာပန်မှာ အလုပ်လုပ်နေကြတဲ့သူတွေရှိလို့လေ… ဂျပန်ကနေ မြန်မာပြည်ကိုငွေလွှဲချင်တာ … အေးဂျင့် ( မြန်မာပြည်ဘက်) ဆက်သွယ်ရမယ့်ဖုန်းလေးများသိရင် ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်. လေးစားစွာဖြင့် ဖောင်းဖောင်း


Phaung PhaungAugust 3, 20121min30324
ဝါဆိုလပြည့်နေ့မှာ ဗိုလ်တစ်ထောင်ဘုရားကို သွားဖူးခဲ့ပါတယ်။ ကျွန်မမှတ်မိသလောက် ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြီး ဗိုလ်တစ်ထောင်ဘုရားကို တစ်ခါမှမရောက်ဖူးပါဘူး..အဟိ ကြွားတာ… 😀 နေ့ထူးနေ့မြတ်မို့ လူတွေကြိတ်ကြိတ်တိုးစည်ကားနေတာပါပဲ။ ဘုရားဖူးတွေနဲ့ ရင်ပြင်တော် ပေါ်မှာပြည့်နေတာပါပဲ။ မရောက်ဖူးလို့ အေးအေးဆေးဆေးလည်း မဖူးခဲ့ရပါဘူး… လူတွေများနေတာနဲ့။ မိုးကလည်းရွာထားသေးတော့ စိုစိုစွတ်စွတ်နဲ့ မချော်လဲအောင်တောင် မနည်းလျှောက်ခဲ့ရပါတယ်။ တခုတော့ ဘယ်ဘုရားမှာမှမတွေ့ရတဲ့ ဌာပနာတွင်းကိုတော့ ဖူးခဲ့ရပါတယ်။ လူများတဲ့နေ့မို့ တော်တော်လေးတန်းစီလိုက်ရပါတယ်။ အထဲမှာ ရွှေစင်ရွှေသား အတိနဲ့ ဘေးနံရံတွေရော/အမိုးအထိပါ ပူဇော်ထားပါတယ်။ ဌာပနာတွင်းမှာ လည်း ဘုရားဖူးပြည်သူတွေရဲ့လှူဒါန်းငွေတွေနဲ့ပြည့်နေတာကို တွေ့ခဲ့ရပါတယ်။ ဒီကြားထဲ အမျိုးသမီးကြီးတစ်ယောက်က လူအများလိုတန်းမစီပဲ ထွက်ပေါက်ဖက်ကနေဝင်လာပြီး ထိပ်ဆုံးကနေတိုးကြိတ်ပြီး ဖူးသွားပါတယ်။ ဘုရားအစောင့်ကလည်း ဒီဘက်ကနေဝင်လို့မရပါဘူး ပြောနေတဲ့ကြားထဲကကို အတင်းကိုဝင်တာပါပဲ။ အော်…….. အသက်ကြီးပေမယ့် ……..။ လိပ်ကန်မှာလည်း လိပ်စာကန်စွန်းရွက်တွေ ရေမျက်နှာပြင်မှာအပြည့်ပါပဲ….။လိပ်တွေကလည်း အများကြီးပဲ။ […]


Phaung PhaungAugust 3, 20121min18010
ဂေဇက်မန်ဘာများ ဝါဆိုလပြည့်နေ့ကနေစပြီး ကျမ်းမာချမ်းသာကြပါစေ။ အခုပို့စ်ကတော့ ဝန်ကြီးတွေရဲ့အတ္တသဘောနဲ့ ကိုယ်ကျိုးရှေ့ထားပြီး ပြုမူဆောင်ရွက်နေတာတွေကို ဌာနတွင်းအရာရှိတစ်ဦးရဲ့ ရင်ဖွင့်သံကနေ အများပြည်သူသိရှိနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မူရင်းပို့စ်အတိုင်းပြန်လည်တင်ပေးလိုက်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး၏ ဌာနပျက်စီးစေရန် လုပ်ဆောင်ချက်များ -ဇေယျာမာဃ -၂၄.၆.၂၀၁၂ ကျွန်တော်ဟာ မြိ ု ့ရွာနှင့်အိုးအိမ်ဖွံ ့ဖြိ ုးရေးဦးစီးဌာနက အရာရှိတစ်ဦးပါ ၊ ဝန်ကြီးဦးခင်မောင်မြင့်ရောက်လာတဲ့အချိန်က စပြီးကျွန်တော်တို ့ဌာနဟာ နာမယ်ပြောင်းသွားပါတယ် ၊ မြိ ု ့ရွာနှင့်အိုးအိမ် စစ်သားစုဆောင်းရေး ဦးစီးဌာန ဖြစ်သွားပါတယ် ၊ တပ်က ဗိုလ်ပြုတ် ၊ ဗိုလ် ငြိမ်း တွေထည့်လိုက်တာ အငယ်ဆုံး အရာရှိအဆင့်မှာ ထက်ဝက်လောက် ၊ အလယ် အလတ်အဆင့်မှာ ၆၀% လောက် ၊ အထက်အဆင့်မှာ ၉ဝ % […]


Phaung PhaungJune 27, 20121min21812
အီးမေးလ်ထဲကို ဝင်လာတာလေးပါ။ သဘောကျလို့ ရွာသူားတွေကိုလည်း မျှဝေခြင်တာနဲ့ တင်ပေးလိုက်တာပါ။ သူကြီးရေ ပွိုင့်မလိုချင်ပါဘူးနော်။ အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ အက္ခရာတွေကို ဒီလို နံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . . A=1, B=2, C=3, D=4, E=5, F=6, G=7, H=8, I=9, J=10, K=11, L=12, M=13, N=14, O=15 P=16, Q=17, R=18, S=19, T=20 U=21, V=22, W=23, X=24, Y=25, Z=26 အဲဒီလို […]


Phaung PhaungJune 23, 20121min31424
ဇွန်လ(19)ရက်နေ့ကရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ဝန်ကြီး ဘုန်းဆွေက အစိုးရ အနေဖြင့် ယခု ရခိုင်အရေးတွင် ဒိုင်လူကြီး လုပ်မည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။ ထိုသို့ပြောကြားလိုက်ခြင်းမှာ အစိုုးရအဖွဲ့ဝင် ဝန်ကြီး တစ်ဦး အနေဖြင့် မပြောသင့် မပြောထိုက်သော စကားဖြစ်ပြီး တာဝန်မဲ့ရာ ကျလွန်းသည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စား လှယ် တစ်ဦးက ပြောသည်။ ၎င်းပြင် အစည်းအဝေးတွင်လည်း ရခိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရွှေထွန်းအောင်မှ အစိုးရ အနေဖြင့် ဒိုင်လူကြီး မလုပ်ဘဲ ပြည်ထောင်စု အရေးနှင့် အချုပ်အချာ ပိုင်စိုးမူအတွက် အသေအချာ စဉ်းစား လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု ဆိုသည်။ “ ဦးရွှေထွန်းအောင်က ဘယ်လိုတင်ပြသလဲဆိုရင် […]


Phaung PhaungJune 9, 20121min1098
အယ်ကိုင်ဒါမှ မြန်မာပြည်သို့ အသိပေးကြေငြာချက်ဆိုပြီး ဖေ့ဘွတ်ပေါ်မှာတွေ့လိုက်ရလို့ ဒေါသအလိပ်လိုက်ထွက်ပြီး ဒီပို့စ်ရေးဖို့ဖြစ်လာရတာပါ။ ရေးထားတာကိုလည်းကြည့်လိုက်ပါဦး။ အလ်ကာအိးဟ်(အလ်ကိုင်ဒါ)မှ မြန်မာပြည်သို့ အသိပေးကြေငြာချက် ကျွန်ုပ်တို့သည် အလ်ကိုင်ဒဟ်အဖွဲ့အစည်းအား နေရာဒေသတစ်ခု(သို့) လူမျိုးစုတစ်ခုအတွက် ဖွဲ့စည်းထားခြင်အလျဉ်းမဟုတ်။ သို့သာမက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မြတ်နဗီ(ဆွ)၏အမိန့်တော်အား သက်သေပြရန်အတွက်၊ကျမ်းမြတ်ကုရ်အာန်၏ အမိန့်တော်အား လိုက်နာနေသူများအဖြစ်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် လွန်ခဲ့ သောဆယ်စုနှစ်များမှစရျ် မြန်မာပြည်၏မွတ်စလင်များ အခြေအနေအရပ်ရပ်အား လေ့လာနေကြပြီး၊ စီမံကိန်းကြီးများပြုလုပ်လျှက်ရှိခဲ့သည်။ (အကြမ်းဖက်သိမ်းပိုက်ဖို့စီမံကိန်းလား ? ? အမေရိကန် မျိုးဖြုတ်လို့မကုန်သေးရင် မြန်မာတွေဆက်ပြီး ဒင်းတို့ကိုမျိုးဖြုတ်ပေးမယ်) ယခုမြန်မာနိုင်ငံမှ ကျွန်ုပ်တို့အား တိုင်ကြားစာ၊အကူအညီတောင်းခံစာများစွာ ရောက်ရှိလာသကဲ့သို့ အခြေအနေအရပ်ရပ်တို့ အားလေ့လာခွင့်၊သိရှိခွင့်များမှာလည်း ယခင်နှစ်များနှင့်မတူပဲဖြစ်နေတော့ပေသည်။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့အနေနှင့်ဦးစွာပထမ အသိပေးသဘောဖြင့် ကျ်ကျေငြာချက်အား မြန်မာပြည်သူများနှင့်အစိုးရထံသို့ပေးပို့လိုက်ပါသည်။လွန်ခဲ့သည့်အပတ်တွင် ဖြစ်ပွားခဲ့သော သဗ်လီဂီမွတ်စလင်(10)ဦးအား ရက်စက်စွာ ရိုက်နှက်သတ်ဖြတ်မှုနှင့်ပတ်သတ်ရျ် ကျွန်ုပ်တို့သည် မွတ်စလင်များနှင့်ထပ်တူကြေကွဲခံစားရပါသည်။ မြန်မာပြည်ရှိမွတ်စလင်လူငယ်များ၊အမျိုးသားအမျိုးသမီးများအားလုံးအနေနှင့်၎င်း(10)ဦးအား […]


Phaung PhaungJune 8, 20121min19616
ဒီနေ့မနက် MRTV-4 ကနေ ငွေကျပ်တစ်သောင်းတန် ထွက်မည့်အကြောင်း ကြေငြာသွားပါတယ်။ ရုံးရောက်တော့ မေးလ်ထဲကိုဝင်ထားတဲ့ ဆရာခင်မောင်ညို(ဘောဂဗေဒ)ရဲ့ အမြင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကျပ်တစ်သောင်းတန်ကို Aကြောင်းပြု၍ ၁။ ငါးထောင်ကျပ်တန် မထွက်မီနှင့် ထွက်ပြီးချိန်ကလည်း ဈေးနှုန်းများ တက်မည်၊ ငွေဖောင်း ပွမှု မြင့်မားမည်ဟု တွက်ဆခဲ့ကြသော်လည်း မဖြစ်ခဲ့ပါ။ ငါးထောင်တန်သည် ပြည်သူလူထု Aထူးသဖြင့် Aခြေခံလူတန်းစားAတွင်းသို့ ပျံ့နှံ့ရောက်ရှိမှု နည်းပါးသဖြင့် Aချိန်Aတန် ကြာသည်Aထိ ငါးထောင်ကျပ်တန်ကို မမြင်ဖူးသူများ ရှိခဲ့သကဲ့သို့ ငါးထောင်တန်ကို မိတ္တူကူးပြီး လိမ်လည်သူများ ရှိခဲ့ပါသည်။ ၂။ တစ်သောင်းကျပ်တန် ထွက်သည်ကို Aကြောင်းပြု၍ Aထွေထွေ ဈေးနှုန်းများ တက်မည်၊ ငွေဖောင်းပွမှု မြင့်မားလာမည်ဟု မျှော်လင့်ကြပါUီးမည်။ ဈေးကစားမှုများလည်း Aတန်Aသင့် ရှိနိုင်ပါသည်။ ၃။ လက်ရှိAခြေAနေတွင် Aထွေထွေကုန်ပစ္စည်းဈေးနှုန်း […]


Phaung PhaungJune 7, 20121min10912
အီးမေးလ်ထဲကိုဝင်ထားတာလေး ပြန်ပြီးမျှဝေတာပါ။ (၃၁-၅-၂၀၁၂) မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့ အာဘော်ပါ။ မိုဘိုင်းဖုန်း မသုံးတတ်သူတွေအတွက် ပညာပေး ရေးသားတိုက်တွန်းထားတာပါ။ (၁) နိုင်ငံတော်ရဲ့ စေတနာကြောင့် ငွေ(၂)သိန်းသာရှိခဲ့ရင် မည်သူမဆို ဖုန်းဝယ်နိုင်ပါပြီ။ (နိုင်ငံတော်ရဲ့ စေတနာကြောင့် SIM Card တစ်ခုကို ဒေါ်လာ (၂၅၀) လောက်နဲ့ ရနိုင်ပါပြီလို့ ဆိုလိုချင်ပုံ ရပါတယ်) (၂) လူအများစု ဖုန်းကိုင်နိုင်သော ခေတ်ကို ရောက်ပါပြီ (မြန်မာနိုင်ငံဟာ ITU ရဲ့ ၂၀၁၁ စာရင်းတွေ အရ လူဦးရေ ၅၄ သန်းကျော်မှာ Penetration rate ၃% လောက်ပဲ ရှိပါတယ်) (၃) မိုဘိုင်းဖုန်း သုံးတဲ့လူတွေ ဖုန်းနံပါတ်မှတ်ဖို့ စာအုပ်နဲ့ ဘောပင် အမြဲဆောင်ထားဖို့ လိုပါတယ်။ […]


Phaung PhaungJune 5, 20121min158
အခုလေးတင် (5-6-12) 2း45 pm ဆူးလေဘလီမှာ ကုလားတွေ ဆန္ဒပြနေတယ်လို့ သတင်းရပါတယ်။ အင်း…. ဘယ်လိုပြောရမလဲ ( ချောကလက်…ပေါက်ထွက်သွားအောင်…ဘယ်လိုပြောရမလဲ ) အိုအိရှိကြော်ငြာ မဟုတ်ဘူးနော်။ ဒီဘာသာခြားတွေ အသတ်ခံရတဲ့ကိစ္စက ကြိုးစကိုရှာရင် ရခိုင်မိန်းကလေးကို စော်ကားရာကနေစခဲ့တာပါ။ သူတို့အနေနဲ့ တခြားဘာသာဝင်မိန်းကလေးတစ်ဦးကို ဒီလိုမလုပ်ခဲ့ရင် ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။ ( ရိုးရိုးရှင်းရှင်းတွေးမယ်ဆိုရင် ) ဘာပဲဖြစ်ဖြစ် ဆူးလေတစ်ဝိုက်မှာတော့ ကုလားတွေကြီးစိုးနေပါတယ်။ စီးပွားရေးကအစ…ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းကြီးတော်တော်များများက (ရှိုင်း construction , Naing Group,Mother Land , Father Land ) ကုလားတွေပါပဲ။ အဲဒီလိုငွေရှင်ကုလားတွေက သူတို့ဘာသာရေးအစွန်းရောက်ပြီး လူလူချင်းမျိုဖို့ ငွေအင်အားများစွာပံ့ပိုးပေးနေပါတယ်။ ဒါကြောင့်သူတို့တွေက ပါဝါပြကြဦးမှာပါ။ ကျွန်မသိရတဲ့ကုလားသူဌေးတွေကတော့ တချို့လည်း မိရိုးဖလာကုလားမို့လို့သာ ကုလားဖြစ်ကြပေမယ့် စိတ်သဘောထားတွေတော့ မဆိုးကြပါဘူး။ […]


Phaung PhaungMay 29, 20121min15620
လူ့လောကထဲကို လူရယ်လို့ရောက်လာခဲ့ရင် တနေ့တော့ ဇရာဆိုတဲ့ အိုခြင်းတစ်ရားကို ရင်ဆိုင်ရစမြဲပါပဲ။ မိမိကိုယ်တိုင်လည်း ဘဝမှာဖြတ်သန်းရင်း တွေ့နေရတဲ့ အဘိုး/အဘွား အရွယ်တွေ ဇရာကိုဘယ်လိုအန်တုနေသလဲဆိုတာကို အမြဲသတိထားလေ့လာနေမိပါတယ်။ တစ်ချို့တွေလည်း အင်မတန်မှ အိုဇာတာကောင်းပါတယ်။ တစ်ချို့ကျတော့လည်း သနားစရာ ကောင်းလောက်အောင်ဘဝကိုရုန်းကန်နေရတုန်းပါပဲ။ ကျွန်မ သွားရင်းလာရင်းတွေ့နေရတဲ့ လမ်းမပေါ်ကအဘိုး/အဘွားတွေကတော့ ရုန်းကန်နေရ ဆဲပေါ့။ ဗန္ဓုလလမ်းပေါ် ဆူးလေဘုရားနားက အသက်75 ကျော်လောက်ရှိတဲ့ အဘွားတစ်ဦးဆိုရင် မြေပဲလှော်ရောင်းပြီး အသက်မွေးနေရတုန်းပါ။ မနက် 8း30 လောက်ဆို ရင် သူဈေးခင်းနေပါပြီ။ ဖြူဖျော့ဖျော့အသားအရေမှာ သနပ်ခါးဘဲကျားလေးလူးထားပါတယ်။ ဘေးနားမှာ ပီနံအိတ်/ကျွတ်ကျွတ်အိတ်နဲ့ထုတ်ထားတဲ့ သူ့ရဲ့ပစ္စည်း တွေကိုနေရာချ၊ မီးဖိုလေးနဲ့မီးမွှေး၊ ပြီးရင် ဒယ်အိုးတင်/ အိုးထဲကိုသဲထည့်ပြီး သဲူပူလာပြီဆို ရင် မြေထဲတွေထည့်ပြီးလှော်ပါတယ်။ ကျက်သွားတဲ့မြေပဲတွေကို စက္ကူကန်တော့လေးနဲ့ ထည့်ပြီး ဝယ်သူကိုမျှော်ရင်း အရည်တွန့်နေပြီဖြစ်တဲ့လက်တစ်စုံကလည်း မြေပဲအိုးကို […]


Phaung PhaungMay 18, 20121min16511
သီတဂူဆရာတော် အရှင်ဉာဏိဿရ ဟောကြားတဲ့တရားတော်ပါ။ အထိမိဆုံး စာကြောင်းလေးတွေပဲရေးပြပါ့မယ်။ 1။ နည်းမှားတွေကိုလုပ်တယ် 2။ သူတစ်ပါးကိုလည်း အဲဒီအမှားတွေကိုလုပ်ခိုင်းတယ်။ 3။ အဲဒီနည်းအမှားကြီးကိုလည်း သိပ်တန်ဖိုးထားတယ်။ 4။ မှားနေပြီလို့ပြောရင် ပြောတဲ့သူကိုရန်ရှာတယ်။ အရမ်းကိုရင်ထဲမှာထိသွားတာပဲ။မှန်လိုက်လေခြင်းလို့။ အဟီး ………. ဆရာတော်ကြီးကတော့ ရိုးရိုးတရားဟောပေမယ့်လို့ တရားနာပရိသတ်ကတော့ ကွက်ကွက်ကွင်းကွင်းကြီးကို သဘောပေါက်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် တို့တိုင်းပြည်အုပ်ချုပ်သူတွေ လူမိုက်လက္ခဏာ(4)ပါးကို ရှောင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ တော်သေးပြီ… မပိန်တဲ့ဖောင်းဖောင်း


Phaung PhaungApril 20, 20121min24622
ကုန်းကုန်းအော်နေတဲ့ ကိုဘုန်းကျော်သို့ သို့ ကိုဘုန်းကျော် ကိုဘုန်းကျော်ရဲ့ “မုန်တိုင်းကထန်ထန် အဖေကမှုးမှုး” ဆိုတဲ့ ပို့စ်ထဲမှာ NLD အမတ်တွေ လွှတ်တော်တက်ဖို့ ကျမ်းကျိန်တဲ့ကိစ္စလေးကို ဝေဖန်ထားတာလေးကို မိမိအမြင်နဲ့ ဒီလို လေးပြန်ရှင်းချင်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုစဉ်အတွင်း ရွတ်ဆိုရတာက….. 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ရမယ်လို့…..ပါပါတယ်။ ရိုးရိုးလေးပဲတွေးကြည့်ရအောင်ပါ…..။ ဥပဒေဆိုတာ ပြဌာန်းပြီးရင် ဘာလုပ်ရမလဲ ?? အဲဒီဥပဒေကို လေးစားလိုက်နာရမယ်မဟုတ်လား ။ လုံးဝကို လိုက်နာရ တော့မှာလေ။ အခုဟာက ဒီဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတော့ ဥပဒေကိုပြဌာန်း ထားတဲ့သူတွေက ဥပဒေရဲ့အထက်အပေါ်မှာ ရှိနေတဲ့သဘောပေါ့။ ဥပဒေရဲ့အထက်မှာ မည်သူမှမရှိစေရဆိုတာတော့ ကိုဘုန်းကျော်သိပြီးသားဖြစ်မှာပါ။ ဆိုတော့ကာ….(မိုးဒီလေသံနဲ့ ) ဥပဒေဆိုတာ ပြဌာန်းသူတွေရဲ့ ပါးစပ်ထဲမှာရှိသလိုဖြစ်နေမှာပေါ့ ။ အဲဒီလို မလိမ့် တပတ်လုပ်ခဲ့လို့လဲ နှစ် 20 […]


Phaung PhaungMarch 24, 20121min1488
ဟာသလေးတွေပါ…………… 🙂 ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ။ ရယ်စရာ(1) အင်မတန်ချောမောပြီး ယောက်ျားပီသတဲ့ လူတစ်ယောက်ကိုတွေ့ရင် မင်းဘာလုပ်မလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးတယ်။ ခင်ဗျားကိုလည်း ကျွန်တော်က အဲဒီမေးခွန်းပြန်မေးချင်တယ်။ ကျွန်တော့်အဖြေလား။ ခင်ဗျားစိတ်ဝင်စားရင် ပြောပြမယ်။ အဲဒီလူကို ကျွန်တော်သေသေချာချာကို စိုက်ကြည့်မယ်။ ကျွန်တော့်မျက်လုံးတွေ ဘယ်ကိုမှ မရွှေ့ဘဲ အဲဒီလူကို စိုက်ကြည့်နေမယ်။ စိတ်ထဲမှာလည်း အတော်ကို ဥပဓိရုပ်ကောင်းတဲ့လူပါလားဆိုပြီ း ချီးကျူးနေမယ်။ ဒီလူလောက်ချောမောပြီး ယောက်ျားပီသတဲ့လူ ဒီကမ္ဘာပေါ်မှာ ရှိမှရှိပါ့မလားလို့လည်း တွေးနေမယ်။ ပြီးရင် ကျွန်တော်ပြုံးပြမယ်။ ထပ်ပြီးပြုံးဦးမယ်။ အဲ… အဲဒီလူကိုစိုက်ကြည့်နေရတာ အတော်လေးကို ကျွန်တော်ပင်ပန်းသွားပြီဆိုပါတော့ဗျာ။ ဘာလုပ်မလဲ… ဟုတ်လား။ ဘာလုပ်ရမလဲဗျ။ ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ မှန်ကို အောက်ချရတော့မှာပေါ့။ မှန်ကို ကျွန်တော်အကြာကြီး ကိုင်မထားနိုင်ဘူးလေဗျာ။ ရယ်စရာ(2) အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ […]