Phaung PhaungMarch 14, 20121min751
ဂေဇက်အဖွဲ့ဝင်များသိနိုင်အောင် မေးလ်ဝင်ထားတာလေးကို လက်ဆင့်ကမ်းတင်ပေးလိုက်ပါတယ်။ ဆေးဝါးနဲ့ မကင်းဘူးဆိုရင် သိထားသင့်တာမို့ .. ပို့လိုက်ပါသည် ။ ကျွန်တော်တို ့မြန်မာနိုင်ငံမှာ ဗီတာမင် အစုံပါတဲ့ အားဆေးတွေဟာ နေစဉ်နဲ့ အမျှ အသစ်တွေ ထွက်ပေါ်နေ ကြသလို သူ ထက်ငါ ကောင်းကြောင်း ပြောဆို ကြေငြာနေကြတာ အားလုံးလည်း အသိဖြစ်ပါတယ်။ နေ့စဉ် ရုပ်မြင်သံကြား ၊ ဂျာနယ် ၊လမ်းဘေး ဆေးဆိုင်တွေမှာ အများဆုံး တွေ့ ရတာ လည်း ဒီအားဆေး ကြော်ငြာတွေပါပဲ။ ဒီအားဆေးတွေရဲ့ ကောင်းကျိုး ၊ ဆိုးကျိုး တွေကို ကျွန်တော်တို့ ဆိုဒ်မှ မန်ဘာတွေ လေ့လာနိုင်ရန် မြန်မာနိုင်ငံမှ ဆရာဝန်တစ်ဦး၏ ပြောဆို ချက်များကို ပြန်လည်၍ တင်ပြပေးလိုက်ပါသည်။ အားဆေး ဆိုတိုင်း […]


Phaung PhaungMarch 13, 20121min54
ဒီခေါင်းစဉ်ကို ဘာကြောင့်ပြောချင်ရတာလဲဆိုတော့ ဒီလိုပါ…. ဈေးထဲမှာ ဈေးဝယ်ရင်းခင်မင်ရင်းနှီးမိတဲ့ ဝက်သားသည်အမျိုးသမီးလေးရဲ့ခင်ပွန်းသေဆုံးသွားရတဲ့အကြောင်းလေး။ မထူးဆန်းပေမယ့် မဖြစ်သင့်တဲ့ကိစ္စလေးမို့ပါ။ သူ့ယောက်ျားက ဆေးခြောက်ရောင်းတယ်ဆိုတဲ့အမှုနဲ့ ရဲကဖမ်းသွားတယ်တဲ့။(4)လကြာတဲ့အခါ ထောင်ထဲမှာပဲဆုံးသွားတယ်ဆိုတော့ အံ့ဩလိုက်တာ။ လူကအကောင်းကြီးရှိသေးတာ။ နောက်ဆုံးတော့ ဘာကြောင့်ဆိုတာသိရတယ်။ ရဲဖမ်းသွားတဲ့အချိန်မှာ ရဲက ရိုက်နှက်စစ်ဆေးတော့ ခေါင်းကိုရိုက်လိုက်တာ ချက်ချင်းအဖုကြီးအကြီးကြီးထသွားတယ်တဲ့။ သူတို့ကလဲပိုက်ဆံရှိတော့ ရှေ့နေတွေ၊ဘာတွေနဲ့ရုံးချိန်းလိုက်တာပေါ့လေ။ ရိုက်တဲ့ရဲက သူရိုက်တာဘယ်သူ့မှမပြောနဲ့လို့ပြောတယ်တဲ့။ နောက် အဖုကပိန်သွားတော့ ဘာမှမဖြစ်ဘူးဆိုပြီးနေတာပေါ့လေ။ အင်းစိန်ထောင်ကိုပြောင်းပြီး သေခါနီး တစ်လလောက်မှာ ခေါင်းတွေအုံ၊ခေါင်းတွေမူး၊ ဇက်ကြောတွေတက်နဲ့ နောက်ဆုံးလေဖြတ်ပြီး စကားမပြောနိုင်တော့ဘူး။ ခေါင်းကဒဏ်ရာကအထဲမှာ အသားကြေပြီး ပြည်တည်နေရာကနေဖြစ်တာလို့သိရတယ်။ အမလေးးး…. 4 လပဲကြာလိုက်တယ်နော်။ အော်……..ဒုက္ခ။ အသက်ကလည်း 27 ပဲရှိသေးတာ။ ရဲတွေကိုပဲအပြစ်တင်ရမလား။ ခိုးမှု၊ဆေးမှု၊မဒိန်းမှုတို့ဆို ရဲကလဲဆော်မယ်…လာထားဆိုတာချည်းပဲ။ လူသတ်မှုဆိုရင်တော့ နဲနဲလန့်မယ်ထင်တယ်။ အဲလောက်ရိုက်နှက်စစ်ဆေးရဲပါ့မလားလို့။ နှစ်လုံး၊သုံးလုံးသမားတွေကျတော့လည်း ပိုက်ဆံရတော့ သိပ်ရိုက်မှာမဟုတ်ဘူးနော်။ ဘာပဲဖြစ်ဖြစ် […]


Phaung PhaungMarch 3, 20121min145
မန္တလေးကိုရောက်နေတဲ့အမေစု နေမကောင်းဘူးလို့ကြားလိုက်ရတော့ အတော်လေးစိတ်ပူမိပါတယ်။ ကိုယ့်မိဘကို စိတ်ပူသလိုပါပဲ။ မြန်မာပြည်ရဲ့အနာဂတ်အရေးမှာ အမေစုပါဝင်ရဦးမှာပါ။ နေရာအနှံ့ခရီးထွက်ပြီး စည်းရုံးရေးဆင်းနေရတဲ့အမေစုကို အသက်အရွယ်နဲ့မမျှအပင်ပန်းခံပြီး တိုင်းပြည် အကျိုးသယ်ပိုးနေတာကိုမြင်ပြီး ငါတို့ဘာမှမလုပ်နိုင်သေးပါလား


Phaung PhaungFebruary 15, 20121min721
ငယ်စဉ်ကကျောင်းဖတ်စာမှာသင်ခဲ့ရတဲ့ ဗိုလ်ချုပ်ရဲ့ကဗျာလေးကို ပြန်ဖော်ထုတ်လိုက်ပါတယ်။ အခုခောတ်ကလေးတွေ ဒီကဗျာလေးကို မသိကြလို့ပါ။ ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်းကို တိုင်းပြည်ကိုလက်ဝါးကြီးအုပ်ထားတဲ့လူတစ်စုကဖျောက်ဖျက်ထားကြသောကြောင့် ပျောက်ကွယ်ခဲ့ရပါတယ်။ဒါကြောင့် ဒီကဗျာလေးကိုပြန်တင်ပေးလိုက်ပါတယ်။ သိပြီးသားသူတွေကလဲ သည်းခံပေးပါ။ “ ဖေဖေါ်ဝါရီ တစ်ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စုသား တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် မျက်ရည်သွန်လို့ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး ပြည်ထောင်စုရဲ့ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင် ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ”


Phaung PhaungFebruary 4, 20121min1237
သတင်းလေးတစ်ခုရလို့တင်ပေးလိုက်ပါတယ်။ တချိန်ကတက္ကသိုလ်မှာ အမှတ်တစ်ရများစွာနဲ့ခံစားချက်ရှိခဲ့ကြသူတွေအတွက် ကျောင်းတော်ဟောင်းကြီးကို အလွမ်းပြေစေမှာပါ။ စိတ်ပညာအသင်းက ဦးစီးကျင်းပမယ့် ရန်ကုန်တက္ကသိုလ်နှစ်(100)ပြည့်အထိမ်းအမှတ် ရန်ပုံငွေဂီတဖျော်ဖြေပွဲပါ။ အမည်။ ။ တစ်ခါတုန်းကတက္ကသိုလ် နေ့စွဲ။ ။ 3-3-2012 (စနေနေ့) အချိန်။ ။ ညနေ 6း00 နေရာ။ ။ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC – Outdoor ) နာမည်ကြီးအဆိုတော်များ များစွာပါဝင်ပြီး ယခင်နှင့်ယခုပါ နာမည်ကြီးခဲ့သော၊နာမည်ကြီးနေသော တက္ကသိုလ်နဲ့ပတ်သတ်တဲ့သီချင်းပေါင်းများစွာ သီဆိုမှာဖြစ်ပါတယ်။ မေခလာ၊ခိုင်ထူး၊ကိုင်ဇာကစပြီး Rဇာနည်၊ဖြူဖြူကျော်သိန်း၊စိုင်းစိုင်းခမ်းလှိုင်အထိ များစွာပါဝင်မှာဖြစ်ပါတယ်။ တက္ကသိုလ်ကိုရှေ့မှီ၊နောက်မှီခဲ့တဲ့ပုဂ္ဂိုလ်များ တက္ကသိုလ်နဲ့ပတ်သတ်ပြီးခံစားချက်ရှိသူများ သွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။ ဂီတပွဲလာပရိတ်သတ်တွေ တကယ့်ကျောင်းတော်ကြီးထဲရောက်သွားသလိုခံစားရအောင် ပြင်ဆင်ထားမှာပါ။ National land Mark များဖြစ်တဲ့ ဘွဲ့နှင်းသဘင်၊ ဂျက်ဆင်၊ သစ်ပုတ်ပင်များကို နောက်ခံထားပြီး အဆိုတော်တွေရဲ့လျှောက်လမ်းကို အဓိပတိလမ်းမကြီးရဲ့ပုံစံအတိုင်းလုပ်သွားမှာပါ။ ဘေးမှာလဲ ဦးချစ်၊ယမ်းဘီလူး အစရှိတဲ့ဆိုင်လေးတွေလည်း […]


Phaung PhaungJanuary 31, 20121min12016
ည 8 နာရီသတင်းအစီအစဉ်တွေလာရင် တခါတရံ သေသေချာချာလေးကြည့်ဖြစ်ပါတယ်.. ဘာပြောချင်တာလဲဆိုတော့ကာ.. လူကြီးက သက်ဆိုင်ရာဒေသ၊ဌာန၊စီမံကိန်းများကို လိုက်လံကြည့်ရှုစစ်ဆေးတဲ့သတင်းပါ။ ဟိုးဘုရင်လက်ထက်တုန်းကတော့ တိုင်းခန်းလှည့်လည်တယ်ပေါ့… လူကြီးလာစစ်တော့မယ်ဟေ့ဆိုရင် မြင်ကောင်း၊ရှု့ကောင်းအောင်လုပ်ကြ ( ခဏတာ) .. သဲဖြူခင်း၊ရာဇမတ်ကာ … ဆိုတဲ့စကားပုံလိုပေါ့ .. လူကြီးနောက်ကနေ လူတွေအများကြီးလိုက်.. ကြည့်ရှုခံရတဲ့ ဌာနကလဲ သေသေချာချာပြင်ပြီးကြိုဆို။ အဲဒီလိုပုံစံအတိုင်းသွားနေတာ တော်တော်ကြာပေါ့… လိုအပ်သည်များမှာစားသွားပါတယ် (အဲလေ မှားလို့) လိုအပ်သည်များ မှာကြားသွားပါသည်နဲ့ နိဂုံးချုပ်။ လူကြီးပြန်လို့မှ နောက်ကျောရှိသေးတိုင်း ဒုံရင်းကဒုံရင်း ။ အခုလိုလွတ်လပ်ပွင့်လွင်းမှုရှိလာတဲ့အချိန်မှာ ဖြစ်စေချင်တာကတော့ အဲဒီလိုတွေစီမံပြီးလိုက်မကြည့်ပဲနဲ့ … လာစစ်မှန်းတောင်မသိလိုက်အောင် လူကြီးရဲ့အတွင်းရေးမှူးဖြစ်ဖြစ်၊ တစ်ဦးဦးကိုကြည့်ခိုင်းပြီး အရှိကိုအရှိအတိုင်းတင်ပြမယ်၊ တွေ့နေရတဲ့အနေအထားကို ဘယ်လိုကိုင်တွယ်မယ်၊ စည်းကမ်းသတ်မှတ်မယ် … ဒီလိုတွေလုပ်မယ်ဆိုရင် ပိုပြီးတိုးတက်မယ်လို့မြင်မိပါတယ်။ ဥပမာ.. လာဘ်စားပါတယ်လို့နာမည်ကြီးနေတဲ့ ဌာနဆိုင်ရာတွေ၊ ရုံးတွေကို […]


Phaung PhaungJanuary 20, 20121min1828
ရွှေညဝါဆရာတော်ကြီး သာဓုကျောင်းတိုက်မှ ထွက်ခွာပေးရတယ်ဆိုတဲ့သတင်းကြောင့် ဒီPost ကို တင်ဖြစ်တာပါ… မေးလ်ထဲကို ဝင်နေတာကြာပါပြီ … အခုတော့ မူလစာရေးသူရေးထားတဲ့အကြောင်းအရာတွေနဲ့တိုက်ဆိုင်နေတဲ့အတွက် ဆရာတော့်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ကူးတင်လိုက်ခြင်းဖြစ်ပါတယ်…. သူပြောချင်တာတွေ သံဃာနာယကအဖွဲ့အစည်းကြီးတစ်ခုလုံး သိသွားစေချင်ပါတယ်…. အာဏာရှင်ဘုန်းကြီးများသို့ (ထက်အောင်) ဒီနေ့ လက်ထဲကို စာရွက်လေး (၁) ရွက်ရောက်လာတယ်…။ ကြည့်လိုက်တော့ အင်တာနက်မှာတော်တော်လေးပြောဆိုေ နကြတဲ့ ဆရာတော်ကြီး (၃)ပါးအကြောင်း ဖြစ်နေတယ်…။ ပြည်တွင်းဂျာနယ်တွေမှာတော့ ပါ၊မပါ မသိသေးဘူး…။ ဘာသာရေးကိစ္စဆိုတော့ ကိုယ်လိုလူမျိုးက ဝင်ပြောရအောင်တော်တော်လေးကို ဂွကျနေတယ်….။ နဲနဲတော့ ပြောရမယ်….။ ရိုဟင်ဂျာတုန်းကတော့ ဟိုးလေးတကျော်ကျော်ဖြ…စ်ခဲ့ကြပြီးတော့ ဆရာတော်တွေကိစ္စမှာကျတော့ ယုန်ကလေးနှာစေးသလိုများဖြစ်နေကြပြီလား…။ အစတုန်းကတော့ ဘာသာ၊ သာသနာနဲ့ ပက်သက်ပြီး မရေးတော့ဘူးလို့ပဲနေတာ၊ ခုတော့မနေနိုင်တော့ဘူး…။ မြန်မာလူမျိုးတွေလည်း သီပေါမင်းပါတော်မမူခင်တည်းက အမျိုး၊ဘာသာ၊သာသနာကို တော်တော်လေးကို အစော်ကားခံခဲ့ရတာ ခုထက်ထိမဆုံးနိုင်သေးဘူးကို၊ […]


Phaung PhaungJanuary 17, 20121min672
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြည့်မြင်တိုင်၊အိုးဘိုရပ်ကွက်မှာ စာပေဟောပြောပွဲတစ်ခုရှိခဲ့တယ်လေ… အဲဒီမှာ ဆရာမောင်ဝံသ ၊ ဆရာဖေမြင့် နဲ့ ဆရာမဒေါ်စန်းစန်းနွဲ့(သာယာဝတီ) တို့ဟောပြောကြတာပါ။ PP ကတော့ ဆရာမဒေါ်စန်းစန်းနွဲ့ ဟောသွားတာတွေကို မိမိမှီသလောက် ဂဇက်အဖွဲ့သားတွေနဲ့ ဂဇက်လာပရိသတ်တွေကို ပြန်လည်မျှဝေချင်ပါတယ်…. ဆရာမပြောတာက ပညာရေးအကြောင်းပါ… အခုခောတ်မှာ ပညာဆိုတာကို ရွှေအိုးနဲ့ဆက်နေရပါတယ်.. ငွေကြေးသုံးစွဲနိုင်သလောက်ပဲတတ်တဲ့ပညာရေးလို့ဆိုပါတယ်… ယခင်က ဦးသန့်က ပညာရေးနဲ့ပတ်သတ်ပြီး ကျမ်းပြုစုခဲ့ပါတယ်… ကလေးတွေကို မူလတန်းပညာကို အခြေခိုင်အောင်သင်ကြားပေးဖို့ဆိုရင် မူလတန်းဆရာတွေရဲ့ လုပ်ခလစာကိုတိုးမြှင့်ပေးရမည်ဖြစ်ကြောင်း နှင့် အင်္ဂလိပ်စာဟာ မြန်မာစာပြီးရင် ဒုတိယဘာသာစကားဖြစ်သင့်ကြောင်း ( ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်စာဟာ International Language ဖြစ်တဲ့အတွက်ကြောင့် ) ၊ အကယ်ရျ် လစာတိုးမြှင့်မပေးခဲ့ရင် မူလတန်းကစပြီး ကလေးတွေဟာ အခြေမခိုင်နိုင်ပါဘူးတဲ့ ။ အခုဖြစ်နေတာနဲ့ဆိုရင် တကယ်ကိုမှန်နေပြီ….မိမိမိသားစုစားဝတ်နေရေးအတွက် သောကရောက်နေတဲ့ […]


Phaung PhaungJanuary 12, 20121min11010
ဟိုတလောက တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် မြန်မာပြည်သို့ ကြွရောက်အပူဇော်ခံပါတယ်။ ကဘာအေး ( ပဆင့်တွေရိုက်လို့မရ) ကုန်းမြေထိ သွားရောက်မဖူးမြော်ဖြစ်ပေမယ့် တီဗီကနေ နေ့စဉ်ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ အရမ်းလဲကြည်ညိုမိပါတယ်။ အဲဒီမှာ မြန်မာလူမျိုးတွေ ဘယ်လောက်အလှူအတန်း ရက်ရောသလဲ ၊ သဒါတရားရှိသလဲဆိုတာ တွေ့မြင်ခဲ့ရပါတယ်။ မိမိဝတ်ထားတဲ့လက်ဝတ်ရတနာကို ချွတ်လှူတဲ့ ပုဂိုလ်တွေလည်း အများကြီးပါ ။ သိန်းဂဏန်းနဲ့ လှူတဲ့ပုဂိုလ်တွေလည်း ဂုဏ်ပြုမှတ်တမ်းလေးတွေ လက်ခံပြီး ပိတိဖြာနေကြတာကိုလည်း တွေ့ရပါတယ်။ ကိုယ်တိုင်လည်း အဲလောက်တော့ မလှူနိုင်ပါဘူး ..လှူနိုင်တဲ့လူတွေကို ချီးကျူးမိပါတယ် .. ( အော် … ဒီ အလှူခံရရှိငွေတွေကိုတော့ မြန်မာ့သာသနာရေးမှာ အသုံးပြုမှာပဲလို့ ကိုယ့်ဘာသာတွေးတာပေါ့နော် …. ) အဲဒီအချိန်မှာ ဒီလှူဒါန်းငွေတွေကို မြစ်ဆုံစီမံကိန်းအတွက် မြန်မာအစိုးရက တရုတ်ကို လျှော်ကြေးပေးဖို့ သဘောတူပြီးသား ဆိုတဲ့ […]


Phaung PhaungJanuary 11, 20121min24834
ကိုယ်တွေ့တော့မဟုတ်ပါဘူး …ကိုယ်တိုင်ကတော့ အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်မှာပဲ တရားစခန်းဝင်ဖူးပါတယ်……. အခုက အခြားနာမည်ကြီးတရားစခန်းတစ်ခုပါ…အဲဒီမှာ နှစ်စဉ်ဝင်ဖြစ်တဲ့ ကောင်မလေးတစ်ယောက်ပြောပြလို့သိရတာပါ… အဖြစ်ကဒီလို…. ယောဂီတွေတည်းတဲ့ ဇရပ်တွေမှာ မကျွတ်မလွတ်သေးတဲ့ ပရလောကသားတွေအကြောင်းပါ.. ဇရပ်တစ်ခုမှာ သားအမိ(2)ဦး နဲ့ သမီးရဲ့သူငယ်ချင်း(2)ဦး ပေါင်းလေးဦး စုနေကြတယ် ..စဝင်ပြီး နောက်တနေ့ညမှာ ညဘက်အဆောင်တခါးရဲ့အတွင်းဂျက်ကို အပြင်ကလက်ချောင်းအရှည်ကြီးတွေနဲ့ဖွင့်နေတာ …ဂလောက်၊ ဂလောက်.. နဲ့အကုန်လုံးကြားရတယ်တဲ့ ။ ဒါပေမယ့် ကလေးမလေး 3 ဦးကမမြင်ရပေမယ့် အဒေါ်ကြီးတစ်ယောက်ထဲမြင်နေရတယ်တဲ့ … အဲလိုဖွင့်နေရင်းနဲ့ တံခါးပွင့်သွားပြီး မိန်းမကြီးတစ်ယောက် လမ်းလဲမလျှောက်နိုင်ပဲဖင်တရွတ်တိုက်ဆွဲပြီး ဝင်လာတယ် ။ ခေါင်းမှာလဲ ဆံထုံးကြီးကအကြီးကြီးပဲတဲ့ .. သူကအဒေါ်ကြီးဆီတန်းသွားပြီး လက်အရှည်ကြီးတွေနဲ့ လည်ပင်းညှစ်မလို့ ဒေါကြီးမောကြီးနဲ့လာတာတဲ့ ……. အဒေါ်ကြီးလဲ ကြောက်အားလန့်အားနဲ့ ငါ့ကိုလည်ပင်းညှစ်နေပြီ လုပ်ပါဦးနဲ့ အော်တော့ .. ဘေးကကလေးမတွေကလည်း ဘာမှလည်းမမြင်ရတော့ […]


Phaung PhaungJanuary 10, 20121min11120
အခုတလော ခံစားရတာလေးတခုရှိတယ်။ ကိုယ့်အမျိုးဖြစ်မှပဲသိတော့တယ်လေ။ ဒါကြောင့် ကိုယ့်လိုပဲ ပြည်သူအားလုံးရဲ့ကိုယ်စား ခံစားချက်ချင်းတူနိုင်မယ်ထင်လို့ ဒီPost ကိုရေးဖြစ်တာပါ။ ပြည်သူတရပ်လုံးရဲ့ ကျမ်းမားရေးကဏ္ဍပါ… ရန်ကုန်ဆေးရုံကြီးမှာနည်းပညာ၊ဆေးဝါးကအစ အားလုံးလိုအပ်ချက်တွေနဲ့ဆိုတာ အားလုံးသိကြမှာပါ… အခုက ကင်ဆာရောဂါဝေဒနာရှင်တွေ ဓါတ်ကင်ချင်ရင် ရန်ကုန်မှာကင်လို့မရပါဘူး … စက်ပျက်နေလို့တဲ့ ။ မန်းတလေး နဲ့ တောင်ကြီးမှာပဲသွားကင်လို့ရပါတယ်။ ရန်ကုန်ကနေ တောင်ကြီးကို ဓါတ်ကင်ဖို့သွားရတဲ့လူနာတွေဟာ နေဖို့ထိုင်ဖို့အခက်အခဲရှိကြပါတယ်။ တကယ်လို့ တည်းခိုဖို့အမျိုးရှိရင်တောင် တစ်လခွဲလောက်တည်းရမှာ အားနာစရာကြီးလေ။ အခုခောတ်ကြီးက တစ်ရက်တောင် ဧည့်သည်လုပ်ဖို့ခက်ခဲရချည်ရဲ့။ ဒါကြောင့် ဓါတ်ကင်တဲ့ဌာနဘေးမှာ အဆောင်လေးတွေဆောက်ပြီး ငှားရမ်းတဲ့သူတွေ (အဆောင်ပိုင်ရှင်တွေ)ရှိပါတယ်။ ဓါတ်ကင်ရမယ့်လူနာဟာ အနည်းဆုံး ရက်သတပတ် 6 ပတ် ကင်ကြရပါတယ်။ အဲဒီမှာ နေထိုင်စရိတ်ကြီးပဲ (စားသောက်စရိတ်မပါ) သုံးသိန်းနီးပါးကုန်ခဲ့ကြောင်း သွားရောက်ကုသခဲ့သူကပြောပြပါတယ်။ ပြီးတော့ လူနာကိုဖေးမရမယ့် လူနာဖော် 1 […]