phone_kyawFebruary 14, 20121min19215
လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က ကျနော်နဲ ့ကျနော့်ဇနီး ဒီလိုအချိန်မှာ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ကိုယ်ချစ်တဲ့ ချစ်သူဆီက အဖြေတောင်းလာခဲ့တာ ကြာပြီ။ သူကလည်း ဒီလိုနေ ့ကြမှ အဖြေပေးမယ်လို ့ပြောထားတော့ ရင်ခုန်စွာနဲ ့ချစ်သူများနေ ့ကို တန်ဖိုထားမိပါတယ်။ သမီးရည်းစားမဖြစ်ခင် ချစ်သူအတွက် ချစ်သူများနေ ့အမှတ်တရအဖြစ် နှင်းဆီပန်းလေး တစ်ပွင့်ပေးရင်ကောင်းမလား။ ဘာများလက်ဆောင်ပေးရင်ကောင်းမလား။ စဉ်းစားရင်းနဲ ့ရင်တွေခုန်၊ ကြည်နူးရတာကိုက အရသာတစ်ခုပဲ။ ချိန်းထားတဲ့နေ ့ရောက်တော့ ဝယ်စရာ ပိုက်ဆံမရှိလို ့အိမ်ဘေးက နှင်းဆီပန်းလေးကို ချိုးပြီး အမှတ်တရလက်ဆောင်ပေးလိုက်တယ်။ ချစ်သူလည်းပျော်၊ ကိုယ်လည်း ကြည်နှုးပေါ့ဗျာ။ ပန်းတပွင့်ကို အရင်းတည်ပြီး ချစ်လားဆိုတဲ့ အဖြေကို တောင်းပါလေတော့တယ်။ “ချစ်လားဟင်” အင်းလဲမလုပ် အဲလည်းမလုပ်နဲ ့။ ခေါင်းတော့ငြိမ်ြ့ပတယ်။ ဒါဆိုရင် သူမ ငါ့ကိုယ်ချစ်ပြီဆိုတာ တပ်အပ်သိပြီ။ […]


phone_kyawFebruary 13, 20121min621
“ကျုပ်တို ့တိုင်းပြည် ခြင် ကိုက်တယ်ဗျာ။ လမ်းဘေးတွေမှာလည်း ညစ်ပတ်ပေရည်နေတယ်။ အရမ်းနံတယ်” ကိုမောင်အေးက ဩစတျေးလျနိုင်ငံမှာ ၁၆-နှစ်လောက် နေပြီးတော့ မြန်မာပြည်ကို အလည်သွားခဲ့တယ်။ သမ္မတကြီးက ပြန်လာပါဆိုလို ့သူလည်း ပြန်သွားပါတယ်။ မြန်မာပြည်ပြန်တဲ့အတွေ ့အကြုံကို သူက ကျနော့်ကို ပြောပြနေတာပါ။ သူက ဆက်ပြီး…နေရာတကာ ငွေပေးမှ အလုပ်ဖြစ်တယ်ဗျာ…ဆိုပြီးစိတ်ပျက်တဲ့လေသံနဲ ့လည်းပြောရှာတယ်။ ဩစတျေးလျကို ကိုမောင်အေးလာဖို ့အတွက် နယ်စပ်က ဒုက္ခသည်စခန်းထဲမှာ သုံးနှစ်လောက် နေခဲ့ရတယ်။ ရန်ကုန်က ပါလာတဲ့ ငွေလေးတွေနဲ ့မိသားစု ခြိုးခြံချွေတာပြီး စားတယ်။ စခန်းကပေးတဲ့ ရိက္ခာလေးတွေနဲ ့ဆိုတော့ လုံလောက်တယ်။ ဩစတျေးလျနိုင်ငံရောက်တော့ အင်္ဂလိပ်စာမတက်တဲ့ ကိုယ်မောင်အေးကို သူငယ်ချင်းတစ်ယောက်က သန် ့ရှင်းရေးအလုပ်တစ်ခုရအောင် ဖန်တီးပေးတယ်။ ရန်ကုန်မှာ စက်ရုံအလုပ်သမားအဖြစ်လုပ်ဖူးတဲ့ ကိုမောင်အေးဟာ သန် […]


phone_kyawFebruary 8, 20121min8810
ရုပ်ရှင်အကယ်ဒမီပေးပွဲကို တီဗွီကနေတိုက်ရိုက်ထုတ်လွှင့်တာကိုကြည့်ရတာ ပျော်စရာကောင်းတယ်။ အရောင်အသွေးစုံလင်လှတဲ့ အီစီကလီမလေးတွေရော၊ ပညာရှင်တွေရော၊ ရုပ်ရှင်မင်းသားမဟုတ်တဲ့ ဝန်ကြီးတွေကော အားလုံးကို စုံလင်စွာ တွေ ့ရတယ်။ ကြည်ပြီးတော့ ကျနော် နိဂုံးချုပ်ကြည့်တယ်။ ငါ့အတွက် ဘာများ ရလဲ။ ဒီလိုမျိူးအကယ်ဒမီပေးပွဲကို ကြည့်တဲ့ အတွက် ဗဟုသုတရလား၊ ပညာရလား၊ ပျော်ရွှင်မှုရလား၊ စိတ်ချမ်းသာမှုရလား စသဖြင့်…ဘာများရလဲလို ့တွေးမိနေတယ်။ စိတ်ထဲမှာတော့ မင်းသမီးချောချောလေးတွေကို ကြည့်ရတာတော့ မဆိုးဘူးလို ့ပြောချင်တယ်။ ဒါတော့ ရတယ်။ ပြီးတော့ ခဏပဲ ခံတယ်။ ရတဲ့ဟာက ပျောက်သွားတယ်။ ဒီလိုမျိူး အရည်မရ အဖတ်မရ အကယ်ဒမီးပေးပွဲကိုတောင် တီဗွီမှာတိုက်ရိုက်လွှင်တယ်ဆိုရင် ဘာ့ကြောင့်များ လွှတ်တော်တွင်းမှာ ဆွေးနွေးနေတာကို တိုက်ရိုက်မလွှင့်တာလဲ။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ တိုက်ရိုက်လွှင်တာတင်မကဘူး စိတ်ဝင်စားတဲ့ပြည်သူကတောင် စိတ်ပါရင် လွှတ်တော်ထဲမှာ သွားပြီး နားထောင်လို […]


phone_kyawFebruary 7, 20121min721
ခုတလော ရှောက်သီးဆေးပြားရောင်းတဲ့ သူတွေ လက်တောင်မလည်ဘူးဖြစ်နေတယ်။ အောင်အောင်၊ သန်းသန်း၊ ဆွေဆွေနဲ ့ညိုညိုတို ့အုပ်စုကတော့ ဒီနှစ်မှာ စီးပွားရေးအရတွက်ခြေကိုက်နေတယ်။ သူတို ့ရဲ  ့အဆို၊ အက နဲ ့နွဲ ့ဟန်တွေကို ကာစတန်မာတွေက သဘောကြတယ်။ ရှောက်သီးဆေးပြားကလည်း ၂ဝ၁၁-ခုနှစ် ဦးသိန်းစိန် ကုမ္မဏီက ထုတ်တာဆိုတော့ ဦးသန်းရွှေရဲ  ့လက်ယာနဲ ့မတူ။ တမူထူးနေတယ်။ အရသာရှိတယ်။ မရှိတာက အလုံးစုံရောဂါမပျောက်ဘူးဆိုပြီး ကာစတန်မာတွေက မှတ်ချက်ပေးကြတယ်။ အောင်အောင်၊ သန်းသန်း၊ ဆွေဆွေနဲ ့ညိုညိုတို ့အုပ်စုက ရပ်ကွက်တိုင်းကိုလှည့်ပြီးရောင်းတယ်။ ကရင်မရပ်ကွက်၊ မွန်မရပ်ကွက်တွေမှာတော့ အရောင်းရဆုံး။ ဒါပေမဲ့ ထူးခြားတာက ကချင်မရပ်ကွက်မှာတော့ သူတို ့ရှောက်သီးဆေးပြားကို ဘယ်သူမှ မကြိုက်ဘူး။ ဘာဖြစ်လို ့လဲဆိုတော့ ကချင်တွေစားချင်တာက ရှောက်သီးဆေးပြားမှ မဟုတ်တာ။ […]


phone_kyawFebruary 5, 20121min1269
တစ်ကပြန်စမယ် တခါတုန်းက မင်းတုန်းမင်းနဲ့ ပြင်သစ်သမ္မတတို့ တွေ့ဆုံပွဲ လုပ်ကြပါသတဲ့။ ပြင်သစ်သမ္မတကလဲ မြန်မာပြည်ကို ကြည့်ပြီး အထင်သေးစွာနဲ့ သူတို့နိုင်ငံမှာ ဘယ်လို တိုးတက်နေကြောင်း ကြွားလေးတဲ့ အခါ မင်းတုန်းမင်းကြီးလဲ ခေါင်းငုံနေရပါရောလား။ နောက် ယောက်ျားတွေဆိုတော့ သိတဲ့ အတိုင်း ပြောတဲ့ စကားတွေက မိန်းမကိစ္စရောက်သွားတာပေါ့။ ပြင်သစ်သမ္မတက သူက တစ်နေ့ကို မောင်းမ ၁ဝယောက်နဲ့ ပုံမှန်နေကြောင်း ကာမာအစွမ်းအလွန်ကြီးကြောင်းပြောပါ သတဲ့။ ထို အခါ မင်းတုန်းမင်းက အားကျမခံ သူက တနေ့ အယောက်၂ဝခန့်နဲ့ နေကြောင်း ပြန်ပြောပါသတဲ့။ ထိုအခါ ပြင်သစ်သမ္မတက မယုံသလို မျက်နှာပေးနဲ့ ဒီလောက် အစွမ်းကြီးနေအောင် ဘာတွေများစားသလဲ မယုံနိုင်လောက်အောင်ပါပဲလို ပြောတယ်တဲ့။ ထိုအခါ မင်းတုန်းမင်းကြီးက စာကလေးအသဲအမြစ်စားကြောင်း ထို့ကြောင့် ထိုလောက်နေနိုင်နေတာဖြစ်ကြောင်း […]


phone_kyawFebruary 3, 20121min18127
၂ဝဝ၈-အခြေခ့ ဥပဒေကို ပြင်ကြမယ်ဆိုပြီး လွှတ်တော်ထဲ ဝင်ကြမယ်။ ဘယ်တော့မှ ပြင်ပြီးမှာလဲ။ နောက်ထပ်နှစ်ပေါင်း ၅ဝ-၁ဝဝ လား။ ဆိုတော့ ဘယ်သူမှ အတိအကျ မသိဘူး။ သူတို ့က မတရား အာဏာယူထားတယ်။ ဒါ့ကြောင့် ငါတို ့မကြိုက်ဘူး၊ အသိအမှတ်မပြုဘူး။ ဒီလိုခံစားချက်မျိူးလည်း ရှိတယ်။ ဒါလည်းမှန်တာပဲ။ လွှတ်တော်ထဲကနေ တဖြည်းဖြည်းချင်း တိုးပြီး တောင်းသွားရင် တနေ ့မှာ ဖြစ်လာမယ်။ ဒါလည်းမှန်တာပဲ။ လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲပေါင်းစပ်ပြီး ဖြိုချလိုက်ရင် အာဏာရှင်စနစ် ပြုတ်ကျပြီး အရပ်သားအစိုးရ အာဏာရလာမယ်။ ဒါလည်းမှန်တာပဲ။ အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသားသူပုန်တွေ တွေ ့ဆုံဆွေးနွေးရေးလုပ်ရင် တိုင်းပြည်ငြိမ်းချမ်းနိုင်တယ်။ တွေ ့ဆုံကြပါ။ ဒါလည်းမှန်တာပဲ။ မှန်တာတွေကတော့ အများကြီးပဲ။ တစ်ခုမှ လက်တွေ ့သိပ္ပံနည်းကျ […]


phone_kyawJanuary 31, 20121min627
မဟာမိတ် ညီအကို ကျနော်တို ့တွေ တစ်ရုံးတက် တစ်ရုံဆင်း ထမင်းစားလာတာ အတော်လေးကိုကြာနေပြီ။ ဒါ့ကြောင့် ရုံးတိုင်းရဲ ့အခြေအနေကို ကျနော်သိတယ်။ ဘယ်သူ ့ရုံးပဲဖြစ်ဖြစ် ဟင်းကောင်းတယ်ဆိုရင် ဘယ်သူ ့မှပြောစရာမလိုပဲ ဝင်းတီးတာပဲ။ မင်းကအတော် အစားကြီးတယ်။ မင်းက ဟင်းပဲစားတယ်ဆိုတဲ့ အပြစ်တင်သံလည်း ဘယ်သူ ့မှမပြောဘူး။ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ ့ပဲ တစ်ယောကိုတစ်ယောက်နောက်ပြီး ထမင်းစားကြတယ်။ တစ်ခါတလေ သူတို ့ရုံးမှာ အကူအညီလိုရင် ကျနော်တို ့လည်း ဝိုင်းပြီးကူလုပ်တယ်။ မြက်ပေါက်တာကအစ အခမ်းအနားတွေမှာ မုန် ့ဟင်းခါးချက်တာအဆုံး ကျနော် အားတက်သရော ပါဝင်လုပ်ပေးခဲ့ဘူးတယ်။ စံခလပူရီ (ဘုရားသုံးဆူနယ်စပ်) မြို ့လေးမှာ အဲဒိအချိန်တုန်းက အဖွဲ ့အစည်းရုံးပေါင်း လေးငါးရုံးလောက်ရှိတယ်။ ၂၀၀၁-၂ နှစ်လောက်မှာပါ။ ကျနော်နဲ ့ရင်းနှီးတဲ့ […]


phone_kyawJanuary 25, 20121min20419
ခင်ဗျားတို ့ဝိုင်းပြီးဆဲတာကို မချိမဆံ့ခံရတဲ့ ကျနော်ဘုန်းကျော်ပုံဖြစ်ပါတယ်။


phone_kyawJanuary 24, 20121min19720
ကျနော့်အဖေလည်း ထောင်ကျပြီး စစ်တပ်ကထွက်တယ်။ ပင်စင်၊ ဂရေဂျူတီတွေလည်းမရတဲ့အပြင် နေစရာအိမ်တောင်မရှိခဲ့ဘူး။ သူလည်း စစ်တပ်ထဲမှာ တပ်ကြပ်ကြီးတာဝန်နဲ ့နှစ်ပေါင်း ၃ဝ-နီးပါးလောက် စစ်သားကောင်းပီသစွာ တိုင်းပြည်အပေါ်မှာ တာဝန်ကျေခဲ့တယ်လို ့ပြောလို ့ရတယ်။ အခုတော့ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း နို ့ဘိုးဒုက္ခသည်စခန်းမှာ လင်မယားနှစ်ယောက် မုန် ့ဟင်းခါးရောင်းပြီးအသက်မွေးနေရတယ်။ ဒီလိုဖြစ်နေပေမဲ့ အတော်အေးချမ်းလှပါတယ်။ ဦးခင်ညွန် ့လည်းစစ်သားပါပဲ။ သူနဲ ့ကျနော်အဖေတို ့ဟာ လုပ်သက်ချင်းလည်း သိတ်မကွာဘူး။ ရာထူးပဲကွာတာ။ သူလည်း ထောင်ကျတာပဲ။ သူလည်း ဘာပင်စင်မှ ဘာခံစားခွင့်မှ မရပါဘူး။ ဒါပေမဲ့ သူ ့အိမ်က တိုက်အိမ်။ ရွှေတောင်ကွပ်ထားသေးတယ်။ အခုလည်း တစ်လကို ဒေါ်လာငါးထောင်နဲ့ ဘာမှလုပ်စရာမလိုတဲ့ အလုပ်တစ်ခုကို ရနေပြီ။ ဒါတောင် တခြားဂွင်တွေမပါသေးပါဘူး။ ဒါ့ကြောင့်စစ်သားချင်းတူပေမဲ့ ခံစားခွင့်ခြင်းမတူပါဘူးဗျာ။ […]


phone_kyawJanuary 22, 20121min13111
” စာဆိုတာ ရေးတိုင်းလည်း မကောင်းဘူးကွ။ အရမ်းပေါသလိုဖြစ်နေမယ်။ တစ်ပတ်ကို တစ်ပုဒ်လောက်ပဲရေးရင် တော်လောက်ပြီ ”  တချို  ့သူငယ်ချင်းတွေက စေတနာနဲ ့အကြံပေးတာဆိုတော့ ဟုတ်ကဲ့လို ့ပဲ ပြန်ဖြေမိပါတယ်။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့ ဖီလင်လာတဲ့အချိန်မှာရေးတာဆိုတော့ နေ ့ဘက်လည်းရေးရင်ရေးမယ်၊ ညသန်းခေါင်ယံလည်း ရေးရင်ရေးမယ်။ အချိန်ဇယားနဲ ့လူစိတ်ဝင်စားအောင် လူအထင်ကြီးအောင်ရေးနေတာမှမဟုတ်တာ။ ကိုယ့်ခေါင်းထဲက အတွေးတွေ၊ ကိုယ့်ရဲ  ့ရင်ခုန်သံတွေကို စာနဲ ့ဖွင့်ချတာဆိုတော့ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ရေးချင်တာရေးတယ်ဗျာ။ ဖတ်ချင်လည်းဖတ်၊ မဖတ်ချင်လည်းနေ။  အပေါစားလွှတ်တော်အမတ်တွေဖြစ်မှာ စိုးရိမ်တယ်  နိုင်ငံခြားတိုင်းပြည်တွေက လွှတ်တော်အမတ်တွေကို သတိထားမိတယ်။ ကိုယ့်တိုင်းပြည်ထဲက လွွှတ်တော်အမတ်တွေနဲ ့ယှဉ်ကြည့်မိတယ်။ ဒီလိုပြောလို ့နိုင်ငံခြားကို အထင်ကြီးနေတယ်လို ့တော့မထင်နဲ ့။ လိုအပ်လို ့ပြောနေတာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို ့က […]


phone_kyawJanuary 21, 20121min11512
ငတ်လွန်းလို ့လာသာ ဟိုဟာလုပ်စားတာ။ အလုပ်အကိုင်အခွင့်အလမ်းကောင်းကောင်းရှိရင် မြန်မာမိန်းခလေးတွေ ဟိုဟာအဖြစ် အလုပ်မလုပ်ကြပါဘူး။ ဩစတျေးလျနိုင်ငံ ပတ်မြို  ့က သတင်းစာထဲမှာ ဂျပန်၊ တရုတ်၊ ထိုင်း၊ တောင်ကိုရီးယားစတဲ့ နိုင်ငံပေါင်းစုံက ပြည့်တန်ဆာ မတွေ တစ်ပုံကြီးကို ကြော်ငြာနေတာ တွေ ့ရတယ်။ ထူးခြားတာက ပတ်မှာ မြန်မာတွေ တစ်သောင်းကျော်လောက်ရှိနေတာတောင် မြန်မာ ပြည့်တန်ဆာကို မတွေ ့ရဘူး။ ဘာဖြစ်လို ့လဲ။ ကျနော်နိဂုံးချုပ်မိတာက ဩစတျေးလျမှာ အလုပ်လုပ်တဲ့သူတိုင်း လူလိုသူလို နေနိုင်လို ့ဖြစ်မယ်။ မြန်မာတွေဟာ အရမ်းငတ်မှ အခွင့်အလမ်းမရှိမှာသာ ဒီလမ်းကို ရွေးကြတယ်ထင်တယ်။ ဘယ်လောက် ဂုဏ်ယူစရာကောင်းတဲ့ မြန်မာမလေးတွေလဲဆိုတာကို ဒီနေရာမှာ ပေါ်လွင်နေပြီ။ ခိုးကြောင်ခိုးဝှက်တော့ မသိဘူးနော်။


phone_kyawJanuary 11, 20121min879
တစ်ခါလာလည်း သမ္မတကြီး တစ်ခါလာလည်း သမ္မတကြီး။ ဘာပဲဖြစ်ဖြစ် ဦးသိန်းစိန်ဆီကို လိပ်မှုပြီးတိုင်ကြတောကြနဲ ့။ တယ်လီဖုန်းဆင်းကတ်လေးအရောင်းအဝယ်လုပ်လည်း သမ္မတကြီး မပါမဖြစ်။ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို ့စာရေးတောင်းဆိုလည်း သမ္မတကြီး ထိပ်ပြောင်ပဲ။ လမ်းဘေးက အမှိုက်ပုံရွှေ ့ပေးဖို ့လည်း ဒီဦးသိန်းစိန်ကိုပဲ စာရေးကြတယ်။ တစ်ခုခုမဖြစ်နဲ ့ဖြစ်တာနဲ ့ ဦးသိန်းစိန်ဆီကိုပဲ လိပ်မှုတယ်။ ဆိုတော့ဗျာ..လက်ရှိအစိုးရအဖွဲ ့ထဲမှာ ဦးသိန်းစိန်ပဲ အသက်ရှိတာကြနေတာပဲ။ ဆိုင်ရာဝန်ကြီးတွေ လွှတ်တော်အမတ်တွေရှိနေတာပဲ။ ဘယ်လိုဖြစ်လို ့ ဦးသိန်းစိန်ဟုခေါ်သော ထိပ်ပြောင်အဘိုးကြီးကိုပဲ အားကိုးနေကြတာလဲ။ လွဲနေလားလို ့ပါ။


phone_kyawJanuary 11, 20121min988
“မိုင်းထဲကို မသွားနဲ ့အုံး။ ရုံးရှေ  ့မှာစောင့်နေပါ” လုံခြုံရေးအစောင့်တစ်ယောက်က စိတ်မကောင်းတဲ့မျက်နှာနဲ ့ဝင်လာတဲ့အလုပ်သမားတိုင်းကို ပြောနေတဲ့အသံပါ။ ဘတ်စ်ကားပေါ်က ဆင်းဆင်းခြင်း ပုံမှန်ထက် ထူးခြားတဲ့အခြေအနေကို မြင်တွေ ့လိုက်ရတယ်။ ဘာဖြစ်တာလဲ။ လူတွေစုရုံးစုရုံးနဲ ့တစ်ခုခုတော့ ဖြစ်ပြီထင်တယ်။ ဒါနဲ ့ဘေးနားလူတစ်ဦးကို မေးကြည့်တယ်။ “ဘာဖြစ်တာလဲဗျ” “မြေအောက်မိုင်းမှာ ကျောက်ပြိုလို ့ အလုပ်သမားသုံးယောက် ဒဏ်ရာရသွားတယ်။ ဒါ့ကြောင့် ဘယ်သူမှ အလုပ်ထဲကို မသွားသေးပဲ ရုံးရှေ  ့မှာ စောင့်ခိုင်းနေတာ” သူကလည်း မြေအောက်မှာလုပ်တဲ့ အလုပ်သမား။ ယူနီဖောင်းမှာ ကျောက်မှုန်တွေ၊ စက်ဆီတွေနဲ ့ဆိုတော့ ဒရေလာပဲဖြစ်ရမယ်။ သူ ့မျက်နှာကလည်း အတော်လေးကို စိုးရိမ်နေတဲ့ပုံစံ။ တစ်ခါမှ ကျောက်ပိတာ မတွေ ့ဘူးဘူး။ တီဗွီထဲမှာတော့ မြေအောက်မိုင်းတွေ ခဏခဏ ပိတ်မိလို […]