phone_kyawJuly 12, 20121min15710
သုံးလကို ရွှေအောင်စ ငါးသောင်းထုတ်ရမယ်။ တစ်အောင်စပေါက်ဈေးက ဒေါ်လာ ၁၆ဝဝ နီးပါးရှိတယ်။ ကုန်ကျစရိတ်က တစ်အောင်စကို ရှစ်ရာလောက်ကျတယ်။ ဆိုတော့ အမြတ်က ရှစ်ရာရတယ်။ ရွှေအောင်စ ငါးသောင်းကို ရှစ်ရာနဲ ့မျှောက်ကြည့်ပါ။ ငါးသောင်းထက်ကျော်ရင် ဘိုးနပ်စ်ရမယ်။ နည်းရင် မရဘူး။ အရင်သုံးလကလည်း မရဘူး။ ဒီလလည်း မရဘူး။ သတ်မှတ်ထားတဲ့ ငါးသောင်းထက် ပိုနည်းလို ့ပါ။ မြေအောက်မှာ လူသုံးယောက်ဒါဏ်ရာရတယ်။ ရွှေကျိူတဲ့ ဌာနက လူတစ်ယောက် ဘီဒိုပိတာ ခြေထောက်ကျိူးတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတော့ ဒီသုံးလအတွင်းမရှိဘူး။ အပြောင်းအလဲလုပ်စရာရှိတယ်။ ဝန်ထမ်းတွေထွက်တာများတယ်။ ဒါတွေကို ပြန်ပြီစီမံခန် ့ခွဲရမယ်။ ဒီသုံးလအတွင်းမှာ ရွှေထွက်နည်းလို ့တောင်အာဖရိကမှာနေတဲ့စီအီးအိုက ဘာ့ကြောင့်လဲဆိုပြီးမေးတယ်။ ရွှေထွက်နည်းတာ ခြောက်လတောင်ရှိပြီ။ ကုန်ဈေးနည်းနဲ ့ရွှေပါဝင်နှုံးကြောင့်  နည်းနည်းတော်သေးတယ်။ နောက်သုံးလအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်။ […]


phone_kyawJuly 7, 20121min67253
ထန်းလျှက်ခဲပဲ စားဘူးတဲ့ခလေးက ဘယ်လိုလုပ်ပြီး ချောကလတ်ရဲ  ့အရသာကို သိမှာလဲ။ နိုင်ငံခြားမှာ အနေကြာတဲ့ လူတစ်ယောက်ကလည်း မြန်မာပြည်မှာ ပြန်ပြီးနေဖို ့ဆိုတာက အင်မတန်ကို စဉ်းစားရတဲ့အလုပ်တစ်ခုပါ။ ခင်ဗျားတို ့အားလုံးသိတဲ့အတိုင်း ကျနော့်ဘဝမှာ ထန်းလျှက်ခဲလည်း စားဖူးသလို ချောကလတ်လည်း စားဘူးပါတယ်။ ဒါပေမဲ့ ချောကလတ်တော့ သိတ်ပြီးမကြိုက်လှဘူး။ ထားလျှက်ခဲကမှ ပိုပြီး ကိုယ့်အတွက် သင့်တော်သလိုပဲ။ ဒါက ကျနော့်ခံစားချက်ပါ။ ကျနော့်အကြိုက်။ မြန်မာနိုင်ငံဟာ ယနေ ့ကာလမှာ အခြေအနေဘယ်လိုရှိလဲဆိုတော့ မသိဘူး။ လူနေမှု ့ဘဝတွေကိုပြောတာပါ။ လေထဲကနေပဲ အခြေအနေကို အကဲခတ်လို ့ပဲရတယ်။ ဒါတောင် အတော့်ကို စုတ်ပြတ်နေပြီ။ ထိုင်းနိုင်ငံဟာ မြန်မာပြည်ထက် အတော်လေးကို ချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်ဆိုတာကို လက်ခံလား။ လက်မခံလို ့လည်းမရဘူး။ ဖြစ်နေတာဆိုတော့ဗျာ။ ထိုင်းမှာအနေကြာခဲ့တဲ့ ကျနော်ဟာ […]


phone_kyawJuly 6, 20121min29710
ဒီနေ ့မှာ ကျနော်လုပ်တဲ့ မိုင်းအလုပ်ထဲကို ဩစတျေးလျအလုပ်သမား သမဂအဖွဲ ့လာပါတယ်။ အလုပ်သမားတွေရဲ ့နစ်နာချက် ခံစားချက်နဲ ့ကျန်းမာရေးဆိုင်ရာတွေကို သမဂ ကိုယ်စားလှယ်တွေက လာရောက်နားထောင်တာပါ။ ဒီလိုလာနိုင်ဖို ့အတွက် အလုပ်ကလည်း ခွင့်ပြုချက်ပေးရသလို နေရာထိုင်ခင်းနဲ ့အစည်းအဝေးခန်းမလည်း စီစဉ်ပေးရတယ်။ အလုပ်ရှင်ကလည်း ငြင်းပိုင်ခွင့်မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အစိုးရက အလုပ်သမားတွေအတွက်ရေးဆွဲထားထားတဲ့ ဥပေဒထဲမှာ ဒီလိုမျိူးစီစဉ်ပေးရမယ်လို ့ပြဌာန်းထားပါတယ်။ ဒီလို ဥပမာကို လက်ရှိမြန်မာပြည်ထဲက အလုပ်သမားအရေးကျိူးပမ်းနေတဲ့ လူတွေ သိပါစေ။ဒါမှ အလုပ်သမားတွေရဲ ့ခံစားချက်ကို လုပ်ငန်းခွင်ထဲအထိ သွားရောက်နားထောင်နိုင်မှာပါ။ အခုတော့ လမ်းဘေးမှာ အော်ဟစ်တောင်းဆိုတာတွေကတော့ အဆင့်အတန်းမရှိဘူးလို ့ပဲပြောရမှာပဲ။ အလုပ်ရှင်ကော အလုပ်သမားကော ဒီလိုလုပ်လို ့ဘယ်တော့နစ်နာမှုမရှိကြောင်းကို ဩစတျေနိုင်ငံက သက်သေပြနေတယ်။


phone_kyawJuly 4, 20121min44818
အင့်…အင့်…အီး…အီး နင့်ဖင်ကြီးကို အံကြိတ်ကာ ထောင်း အရမ်းကောင်းတာပဲ အကိုရယ်တဲ့…။ အိုသဇင်ပန်းကို တဗျမ်းဗျမ်းနဲ ့ အကြင်လုလင် ထထ ထောင်းထောင်း ညအမှောင် အခန်းကျဉ်းထဲမှာ အရမ်းဗျင်းတာများ ဟင်း…ဟင်းနဲ ့…ထမင်းမေ့ ဟင်းမေ့ပါလား သဇင်။ ပြည်သူ ့ချစ်တဲ့ မင်းသမီး ပြည်သူ ့အတွက်ဆိုပြီး ပြည်သူ ့အတွက် ရင်းခဲ့ပြီလားကွယ်။ ဘုန်းကျော် ဩစတျေးလျ


phone_kyawJuly 4, 20121min24916
တောထဲမှာနေတာ့ အရက်က ဈေးအရမ်းကြီးလို ့အွန်လိုင်းကနေ ဖာလိုက် ဝယ်ပြီးသောက်ရပါတယ်။ Dan Murphy ဆိုတဲ့အရက်ဆိုင်ပါ။ သူက အွန်လိုင်းကနေလည်း ဝယ်လို ့ရတဲ့ အရက်ဆိုင်ဖြစ်ပါတယ်။ မသိသေးဘူးများ သိအောင်ရှယ်ပေးတာပါဗျာ။ ဘာရယ်လို ့မဟုတ်ပါ။ ဝယ်ချင်ရင် ဒိလင့်ကိုသွားပါ။ ဆိုင်တွေထက်အင်မတန်ဈေးသက်သာပါတယ်။ http://danmurphys.com.au/dm/home.jsp


phone_kyawJuly 3, 20121min28816
ဒီတစ်ပတ် ကျနော်တင်ပြမဲ့အကြောင်းကတော့Celebrity Gossip လို ့ခေါ်တဲ့  နာမည်ကြီးမင်းသားမင်းသမီးတွေရဲ  ့အတင်းအဖျင်းဖြစ်ပါတယ်။ သူတို ့ကို ချစ်တဲ့ပရိသတ်ကလည်း သူတို ့ရဲ  ့အတင်းအဖျင်းတွေကို စိတ်ဝင်စားမယ်လို ့ထင်တယ်။ နာမည်ကြီးတွေရဲ  ့လူမမြင်နိုင်တဲ့ အတင်းအဖျင်းတွေကို ပရိသတ်က မသိပေမဲ့ သူတို ့ကိုစောင့်ကြည့်လေ့လာနေတဲ့ ပညာရှင်တွေကတော့ သိပါတယ်။ ဒီလိုပညာရှင်တွေကို ကျနော်က Watch Dog လို ့နာမည်ပေးချင်ပေမဲ့ခွေးတော့ အဖြစ်မခံနိုင်လို ့ Watch Peacock လို ့နာမည်ပေးချင်တယ်။ အတိုကောက်ကတော့ WP လို ့သတ်မှတ်ပါ။ Watching Politicians လို ့လည်းခေါ်နိုင်ပါတယ်။ နိုင်ငံခြားမှာဆိုရင် လွှတ်တော်အမတ်တွေရဲ  ့လိင်အရှုပ်တော်ပုံ၊နာမည်ကြီးသတင်းသမားတွေရဲ  ့လာဘ်စားပုံတွေကို  ဘလော့ဂ်တွေက ဖော်ပြလေ့ရှိတယ်။ သတင်းကတော့ အတိအကျဟုတ်မဟုတ်ဆိုတာတော့ စာဖတ်သူတွေပဲ ဆုံးဖြတ်ပါ။ ကျနော့်တော့ […]


phone_kyawJuly 2, 20121min26313
“သူ ဉာဏ်ကောင်းတယ်၊ တော်တယ်၊ အနေမှန်တယ်၊ ခိုင်းတာအကုန်လုပ်တော့ လူကြီးကြိုက်တယ်။ အားရင် ကျားပဲထိုးတယ်။ တခါတခါရွေ့ဖို့အရေး နာရီဝက်၊ တနာရီလောက် ကြာတယ်” လို့ ဦးချစ်လှိုင်က ပြောပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ  ့ဆရာ ဦးချင်လှိုင်က သူ ့တပည့်ရဲ  ့တော်ပုံတော်နည်းကို အခုလို ချီးကျူးတော့ ကွန်မြူနစ်ပျက်တွေဟာ သိတ်ပြီး ခေါင်းမရှိပါလို ့ထင်မိတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျားတကွက်ရွှေ  ့ဖို ့တောင် နာရီဝက်လောက် အချိန်ယူရတယ်ဆိုတော့ ကျားကွက်အကုန်လုံးရွှေ  ့ဖို ့ဆိုရင်တော့ တစ်ရက်လောက်ကြာမလားပဲ။  ဖြတ်ထိုးဉာဏ်က နှေး၊ ထုံထိုင်းနေတဲ့လူမဟုတ်ဘူးဆိုရင် နာရီဝက်တောင် ကြာစရာလိုလို ့လား။ မလိုပါဘူး။  ဒါ့ကြောင့် ဦးချစ်လှိုင်ကို လူမှန်တွေက ဒီလိုပြောခဲ့တာဖြစ်မယ်။ “မင်းတို့ နှစ်ယောက်က ဗိုလ်ချပ်ဈေးက အိမ်သာတွေမှာ ‘မိန်းမသွားရန်’၊ ‘ယောက်ျားသွားရန်’ ဆိုင်းဘုတ်ရေးပေးတဲ့ […]


phone_kyawJune 29, 20121min49424
သမ္မတက ပြည်ပရောက်တွေကို ပြန်လာလို ့ခေါ်နေပေမဲ့ ပြန်မလာတဲ့လူတွေများတော့ ရထားဝန်ကြီးနဲ ့ပြည်ထဲရေးဝန်ကြီးက အိမ်တိုင်ရာရောက် လာခေါ်ခဲ့ပါပြီ။ အခေါ်ခံရတဲ့လူတွေကတော့ ထိုင်းအခြေစိုက်အဖွဲ ့အစည်းတွေပဲဖြစ်နေတယ်။ အိနိ္ဒယ အခြေစိုက်၊ တရုတ်နယ်စပ်ကအဖွဲ ့နဲ ့ဘင်္ဂလားဒေ့ရှ်နယ်စပ်က အဖွဲ ့တွေတော့မပါဘူး။ ဒါက နိုင်ငံရေးအဖွဲ ့အစည်းတွေနဲ ့ပက်သက်ပြီးပြောတာပါ။ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ နိုင်ငံရေးအဖွဲ ့အစည်းရှိနေပါတယ်။ မလေးရှားကစလို ့ဂျပန်အဆုံး ဒီမြေပေါ်ကနေ လှုပ်ရှားနေတဲ့နိုင်ငံရေးအဖွဲ ့အစည်းတွေ လူပုဂ္ဂိုလ်တွေရှိနေတာကိုလည်း အားလုံးသိမယ်ထင်တယ်။ ဒီလိုအဖွဲ ့အစည်းတွေထဲကနေ မြန်မာပြည်နဲ ့အနီးစပ်ဆုံး ထိုင်းမြေပေါ်က အဖွဲ ့အစည်းတွေကိုမှ ရွေးပြီး မြန်မာပြည်ကို ပြန်ဖို ့ဖိတ်ခေါ်တာ ကူညီပေးတာတွေဟာ မတရားသလို မညီမျှသလို ဖြစ်နေတာကို တွေ ့ရတယ်။ နောက်ပြီး ဦးအောင်မင်းနဲ ့ဦးခင်ရီတို ့အလုပ်မရှုပ်ရလေအောင် […]


phone_kyawJune 27, 20126min34815
တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းစ် ဆိုတဲ့ အွန်လိုင်းသတင်းစာမှာရေးထားတဲ့ဆောင်းပါးကို ရှယ်ချင်ပါတယ်။ ဆောင်းပါးရေးသူက သူရဲ  ့အမြင်ကို တင်ပြထားတာပါ။ သူကတော့ အကြီးတန်းအယ်ဒီတာတစ်ဦးဆိုတော့ တရုတ်အစိုးရရဲ  ့မြန်မာပြည်နဲ ့ပက်သက်တဲ့မှုဝါဒကို တင်ပြသလိုပါပဲ။ သူပြောချင်တာက- – ဒေါ်စုရဲ  ့ဥရောပခရီးစဉ်ဟာ အနောက်နိုင်ငံတွေရဲ  ့အောင်မြင်မှု ဖြစ်တယ်။ မြန်မာပြည်သူတွေရဲ  ့အောင်မြင်မှုမဟုတ်ပါ။ – ဒေါ်စုဟာ ကုလားအရေးနဲ ့ကချင်အရေးမှာ ပါဝင်မှုနည်းသလို အခြားတိုင်းရင်းသားအရေးမှာလည်း ပါဝင်မှု အားမကောင်းပါ။ – ဒီမိုကရေစီကို အရမ်းပေးရင် တိုင်းရင်းသားတွေအချင်းချင်း ပိုလို ့တောင် သတ်နိုင်တယ်။ ဆိုလိုတာက စစ်အာဏာရှင်စနစ်ကိုပဲ သူတို ့ကြိုက်ပုံရတယ်။ – ရိုဟင်ဂျာအရေးကို တရုတ်အစိုးရက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပုံရတယ်။ (ကျနော့်အမြင်) – ဆောင်းပါးတစ်ခုလုံးကိုခြုံပြီး တစ်လုံးတည်း ပြောရမယ်ဆိုရင် တရုတ်အစိုးရက လက်ရှိမြန်မာပြည်ရဲ  […]


phone_kyawJune 23, 20121min42721
အလုပ်ကနေ ညနေ ၆-နာရီမှာ အိမ်ပြန်ရောက်တော့ မှောင်စပြုနေပြီ။ အေးကလည်း အေးတယ်။ အိမ်ထဲလည်း ဝင်ရော မိန်းမဖြစ်လုပ်သူက မြန်မာရုပ်ရှင်ကို လက်တော့ကွန်ပြူတာနဲ ့ကြည့်တယ်။ သားလုပ်တဲ့သူက အိုင်ပတ်တူးနဲ ့စစ်တိုက်တဲ့ဂိမ်းကစားနေတယ်။ သမီးအလတ်ကလည်း အိုင်ပတ်တူးနဲ ့ထမင်းချက်တဲ့ ဂိမ်းကစားပြီးငြိမ်နေတယ်။ အငယ်ဆုံးသမီးက သူ ့အမဘေးမှာထိုင်ပြီး လေ့လာရေးလုပ်လို ့။ သူတို ့အားလုံးက Living Room ထဲ Leather ဆိုဖာခုံပေါ်မှာ ထိုင်ပြီး သူတို ့စိတ်ဝင်စားတာကို လုပ်နေရလို ့ အလုပ်ကပြန်လာတဲ့ကျနော့်ကို တောင် နုတ်မဆက်အားဘူး။ အရှေ  ့မှာ လက်မ လေးဆယ်လောက်ရှိတဲ့ Flat TV ကိုလည်း ဒီအတိုင်းဖွင့်ထားတယ်။ တီဗွီကြည့်လိုက် ဂိမ်းကစားလိုက် လုပ်နေကြတဲ့ ခလေးတွေနဲ ့မိန်းမ။ ယူနီဖောင်းကိုနဲ ့ဘွတ်ဖိနပ်ကို […]


phone_kyawJune 20, 20121min36826
ရိုဟင်ဂျာအရေးနဲ ့ပက်သက်ပြီး အငြင်းပွားနေတဲ့အရာကတော့ နိုင်ငံသားဖြစ်ပိုင်ခွင့် နဲ ့တိုင်းရင်းသားဖြစ်ပိုင်ခွင့် တို ့ပဲဖြစ်ပါတယ်။ နိုင်ငံခြားက စာနဲနဲတတ်တဲ့ရိုဟင်ဂျာခေါင်းဆောင်လို ့ပြောတဲ့လူတွေက တိုင်းရင်းသားဖြစ်ပိုင်ခွင့်ကိုပဲ အဓိက ဦးတည်တောင်းနေတာကိုပဲတွေ ့ရပါတယ်။ ဒီအထဲမှာ ရိုဟင်ဂျာအဖွဲ ့အစည်းတွေက အဓိက ပါဝင်ပါတယ်။ ဩစတျေးလျနိုင်ငံမှာတောင် ရိုဟင်ဂျာအဖွဲ ့အစည်းတစ်ခုရှိတယ်။ သူတို ့ရဲ  ့အဓိက ရည်ရွယ်ချက်က ရခိုင်ပြည်နယ်ဘက်က ဘင်္ဂါလီကုလားတွေကို ရိုဟင်ဂျာတိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုပေးဖို ့ဖြစ်တယ်။ ဘာ့ကြောင့်တိုင်းရင်းသားအဖြစ်တောင်းရလဲဆိုတော့ ဦးနုအစိုးရဖြစ်တုန်းက သူတို ့ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့တယ်ဆိုတဲ့အထောက်အထားတွေကို ကိုးကားပြီး အဓိက သက်သေအဖြစ်တင်ပြကြတယ်။ ဒါကို ငြင်းစရာအဖြစ်မမြင်မိပါဘူး။ ဟုတ်ပါတယ်။ ဦးနုလုပ်ခဲ့ပါတယ်။ သို ့သော် အဲဒိတုန်းက တိုင်းပြည်ရဲ  ့အခြေအနေက ယနေ ့ကာလထက်ပြည်တွင်းစစ်က ပိုပြီး ကြီးတယ်။ ရန်ကုန်အစိုးရလို […]


phone_kyawJune 19, 20121min60618
မြန်မာနိုင်ငံမှာ ခေါင်းဆောင်နှစ်ဦးရှိတယ်။ ဦးသိန်းစိန်နဲ ့ဒေါ်အောင်ဆန်းစုကြည်။ သူတို ့နှစ်ဦးက အသက်အရွယ်လည်း သိတ်မကွာဘူး။ သူတို ့နှစ်ဦးရဲ  ့တန်ဖိုးကို လေလံပစ်တဲ့အခါမှာ ဦးသိန်းစိန်ရှုံးပြီး ဒေါ်စုနိုင်တာကို ယနေ ့ဥရောပခရီးစဉ်မှာ အထင်အရှားမြင်ရတယ်။ ဘယ်တုန်းက ဦးသိန်းစိန်ကို ဘိုနိုက ဂျက်လေယျာဉ်ပေးခဲ့ဘူးလဲ။ ဘုရင်ခံတွေနဲ ့ထမင်းအတူစားဘူးလား။ နိုဘယ်ငြိမ်းချမ်းရေးဆုမပြောနဲ ့လူ ့အခွင့်အရေးဆုတောင်ရဘူးလို ့လား။ ဒီလိုမျိုးမရှိတဲ့လူတစ်ယောက်ကို နိုင်ငံ့ခေါင်းဆောင်သမ္မတအဖြစ် ထားတဲ့လူတွေကို အရမ်းအံ့ဩမိတယ်။ ရုတ်တရက်ဦးသိန်းစိန်သေသွားရင် ဘာမှအရေးမကြီးပေမဲ့ ဒေါ်စုကတော့ စောစောသေလို ့မဖြစ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ ့လို ခေါင်းဆောင်မျိုးက နှစ်တစ်ရာမှာ တစ်ယောက်တောင်ရှိခဲ့တာမဟုတ်ဘူး။ တန်ဖိုးရှိတဲ့လူသားတစ်ယောက်ကို တန်ဖိုးကြီးတဲ့အလုပ်တွေလုပ်ဖို ့အတွက် တာဝန်ပေးတာပိုကောင်းတယ်။ ဒေါ်စုရဲ  ့နာမည်ကြီးမှု၊ မီဒီယာနဲ ့ဖေ့ဘွတ်စ်မှာ ထင်ရှားနေမှုတွေကို မနာလိုတဲ့သူ ကြည့်မရတဲ့သူတွေရှိတယ်။ ဒါကိုအပြစ်မပြောချင်ပါဘူး။ ကိုယ့်ခံစားချက်နဲ […]


phone_kyawJune 18, 20121min23515
၁၉၉၇-ခုနှစ်မှာ ကျနော် ၁၀-တန်းရောက်တော့ အလုပ်တစ်ခုပြောင်းခဲ့တယ်။ ကျောင်းပိတ်ရက်မှာ အထည်ချုပ်စက်ရုံတွေကိုသွားပြီး နေ ့စားအဖြစ် အထုတ်အပိုးတွေထမ်းပါတယ်။ ရတဲ့လစာက ကျနော့် လက်ဘရည်ဖိုးလောက်ပဲရတယ်။ စက်ရုံမှာလုပ်တဲ့ အလုပ်သမားတိုင်းက အကြွေးနဲ ့မကင်းဘူး။ အထည်ချုပ်စက်ရုံဆိုတော့ လစ်ရင်လစ်သလို အထည်အလိပ်တွေကို ဘတ်ပြီး အပိုဝင်ငွေရှာရတယ်။ဆိုလိုချက်က ခိုးတယ်။ တစ်ခါတလေ လစာတိုးရင် ကျနော်တို ့အရမ်းပျော်တယ်။ အဲတုန်းက ရတဲ့လစာက သုံးလေးသောင်းပဲ။ အခုလို သိန်းနဲ ့ချီပြီး မရဘူး။ အခုဆိုရင် မီဒီယာမှာ တွေ ့ရတယ်။ အလုုပ်သမားတွေ လစာတိုးတောင်းတဲ့သတင်းတွေ။ သူတို ့တိုးတောင်းတဲ့လစာက မြန်မာငွေသုံးလေးသောင်း။  ဒေါ်လာနဲ ့ဆိုရင် ဒေါ်လာသုံးလေးဆယ်ပဲရှိတယ်။ ဒါကိုရဖို ့အတွက်အသည်းအသန်လုပ်ကြ တောင်းကြရတယ်။ ကျနော် ဩစတျေးလျနိုင်ငံမှာ အလုပ်လုပ်တော့ ကျနော့်ရတဲ့လစာက မြန်မာပြည်မှာ တစ်လလုပ်ရင် ဩစီမှာ […]