ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သော ဦးသန့်၏ စာလေးတစ်ခုကို ဖတ်မိရာက တင်ပြမိခြင်းပါ။ အများသဘော “ အများသဘောသည် အမှားပေါကြောင်းကို ကြီးပွားရေးမဂ္ဂဇင်း တစ်စောင်တွင် ဆိုခဲ့ပြီးလေပြီ။ မည်သည့် တိုင်းပြည် နိုင်ငံ၌မဆို ပညာရှိသောသူ အရေအတွက်သည် ပညာမဲ့သောသူ အရေအတွက်ထက် နည်း၏။ ထို့ကြောင့် အများ သဘောကျ ဆောင်ရွက်လုပ်ကိုင်ရသော ကိစ္စဟူသမျှသည် အမြဲမကောင်းချေ။ နိုင်ငံအုပ်ချုပ်ရာ၌လည်း အများသဘောကျ အုပ်ချုပ်ခြင်းသည် မအောင်မြင်ကြောင်း ယခု ကောင်းစွာ သိကြရပေပြီ။ အများသဘောကျဆိုသော စကားသည်လည်း တစ်ခါတစ်ရံ အဓိပ္ပါယ်မရှိချေ။ အများသဘောကျ ဆို၍ ရွေးချယ်တင်မြှောက်လိုက်သော အမတ်များပင် အများသဘောကျသော အမတ်များ မဟုတ်ကြပေ။ ရှင်းဦးအံ့။ မင်းတိုင်ပင် အမတ်ရွေးကောက်ပွဲတွင် ပုဇွန်တောင် တစ်နေရာအတွက် ဦးဖြူ၊ ဦးမဲနှင့် ဦးနီ သုံးဦးအရွေးခံကြ၏။ […]