researcherJuly 6, 20111min22431
ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းကို ရွာသာကြီးပို့လိုက်ပြီလို့ သတင်းကြားပါတယ်။ သတင်းမှန်သိသူများ ရေးသားပေးစေလိုပါတယ်။   ဖွတာမဟုတ်ပါ။ သတင်းမှန်၊ မမှန်သိချင်လို့ပါ။    


researcherJune 30, 20112min570
                                                                                                              […]


researcherJune 30, 20111min988
eros ရေ စိတ်ထဲက တင်းကျပ်မှုတွေကို ပြေလျော့စေဖို့  Thoerm လေးတစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။ ( မဝေအတွက်လဲ ရည်ရွယ်ပါတယ်။) e-mail ထဲ ရောက်လာဖူးတဲ့ စာလေးပါ။ ကြာပြီဆိုတော့ ဖျက်ထားပြီးဖြစ်နေလို့ google မှာ ပြန်ရှာပြီး ပို့ပေးလိုက်တာပါ။ eros နဲ့ မဝေ ရဲ့ e-mail address မသိလို့ MG ကနေပဲ Publish လုပ်လိုက်ပါတယ်။ eros က ဘယ်လို field ထဲမှာ လုပ်နေတာလဲတော့ မသိပါဘူး။ ဘာပဲပြောပြော တင်းကျပ်နေတဲ့စိတ်တွေ ပေါ့ပေါ့ပါးပါးလေးဖြစ်သွားစေချင်လို့ပါ။   ……………………………………………… SALARY THEOREM Dilbert’s “Salary Theorem” states that: “Engineers and scientists can […]


researcherMay 5, 20111min31
  MG ကို ပုံမှန်ဖတ်ရှုနေသည့် researcher တယောက် မမလေးရဲ့ ကိုယ် အလေးချိန် ၁၀၀၈ ပေါင်ရှိချင်သူ Post မှာ သူကြီးက MG ကိုဖတ်ရှုနေသူဦးရေနဲ့ ပတ်သက်တဲ့ Statistics တွေ ဖေါ်ပြထားတာတွေကို ဖတ်မိတော့ စဉ်းစားစရာတွေဖြစ်နေပါတယ်။     ပထမပိုင်း အင်းးးးးးးးး (သက်ပြင်းရှည်ချရင်း စဉ်းစားခန်းဝင်နေဟန် ဖြင့်) သူကြီးက သူ့ရဲ့ site ကို လာရောက်ကြည့်ရှုသူ အရေအတွက်ဟာ April 2011 မှာ 105,706 Visits ရှိတယ် လို့ ဆိုထားတယ်။ မနေ့က ( May 4, 2011 ) လူ ၄၀၀ဝ ကျော်လာတယ်လို့လဲ သူကြီး က မှတ်ချက်ပြုတားတယ်။ […]


researcherApril 7, 20111min765
တကမ႓ာလုံးအတိုင်းအတာနဲ့ သာသနာတော်ပြန့်ပွားရေးဆောင်ရွက်မယ်ဆိုရင်တော့ စနစ်တကျစီစဉ် ဆောင်ရွက်တတ်ဖို့ လိုမယ်လို့ တပည့်တော်ထင်ပါတယ်ဘုရာ့။ ဗုဒ္ဓဘာသာကို အမွန်မြတ်ဆုံးဘာသာ အနေနဲ့ အခြားဘာသာရေးခေါင်းဆောင်တွေက အသိအမှတ်ပြု ထားတောင် ဗုဒ္ဓဘာသာက တကမ႓ာလုံး အတိုင်းအတာနဲ့ မပြန့်နှံ့တာ ဘာဖြစ်လို့လဲတာ ပြန်ပြီး သုံးသပ်ကြည့်ရမှာပါ။ လောကီမှာတော့ လုပ်ငန်းတစ်ခု၊ စနစ်တခု မအောင်မြင်ရင် ဘာကြောင့်မအောင်မြင်တာလဲ၊ ဘာတွေလိုနေလို့လဲ ဆိုတာကို ပြန်ပြီး သုံးသပ် Review လုပြ်ပီး ပြုပြင်၊ ပြောင်းလဲမှုတွေ လုပ်ကြရပါတယ်။ ဒီလိုပဲ သာသနာတော် ပြန့်ပွားခြင်း လုပ်ငန်းကို တကမ႓လုံး အတိုင်းအတာနဲ့ ဆောင်ရွက်ချင်တယ်ဆိုရင်ဖြင့် လက်ရှိအခြေအနေ အရပ်ရပ်ကို ပြန်သုံးသပ် ကြည့်ဖို့ လိုပါမယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို ရှင်းလင်းဖေါ်ထုတ်ပြသတဲ့ နေရာမှာ ရှင်းပြတဲ့သူတွေ အနေနဲ့ နည်းပညာကျွမ်းကျင်မှု လို့ဆိုတဲ့ နည်းနိဿယတွေလို့ခေါ်တဲ့ Technique […]


researcherApril 7, 20111min641
အရှင်ဘုရားရဲ့ ပြောပြစရာတွေ တပုံကြီးကို ဖတ်ပြီး အရှင်ဘုရားထံ ပြန်လည် ရှင်းလင်း ပါမယ်လို့ ရေးထားတဲ့အတွက် တပည့်တော်ပြန်ရေးလိုက်ခြင်းဖြစ်ပါတယ်ဘုရား။ လောကီကို တကယ်မစွန့်လွှတ်နိုင်လျှင် ရဟန်းမဝတ်သင့်ပါ လို့ထင်ကြောင်း တပည့်တော်က ရေးထားပါတယ်။ အရှင်ဘုရားပြန်လည်ရေးထားတဲ့ထဲမှာ ၁၂ နှစ်၊ ၁၃ နှစ် အရွယ် လောကီမှန်း၊ လောကုတ္တရာမှန်း မသိသေးတဲ့ အချိန်မှာ မိဘတွေ ကိုရင် ဝတ် ပေးလို့ သာသနာ့ဘောင် ထဲရောက်ပြီး သာသနာ့အာဇာနည်တွေအဖြစ် သာသနာ့ တာဝန်တွေထမ်းဆောင်နေကြတဲ့ ဆရာတော် ကြီးတွေ၊ ရဟန်း၊ သံဃာတော်တွေကို ထောက်ပြထားပါတယ်။ အရှင်ဘုရားက သာသနာ့ဘောင်ထဲက ဆိုတော့ သာသနာ့ ဘောင်မှာ တင်ကျန်နေတဲ့ သူတွေကိုမြင်နေတာပေါ့ဘုရာ့။ တပည့်တော်တို့က လောကီ လူ့ဘောင်မှာ နေသူတွေဖြစ်လေတော့ သာသနာ့ဘောင်မှာ မတင်ကျန်ပဲ လောကီထဲ ပြန်ရောက်လာသူတွေကို […]


researcherMarch 30, 20111min23321
နိဗ္ဗာန်ကို ရှေးရှုခြင်း မပြုပဲ ပရဟိတအကျိုးဆောင်ရွက်နေတဲ့ ရဟန်းသံဃာတော်များနဲ့ပတ်သက်ပြီး ပြောရရင် လူမှုရေးရှုထောင့်ကကြည့်ရင် သာဓု (၃) ကြိမ်မက အကြိမ်ကြိမ် ခေါ်ဖို့ကောင်းပါတယ်ဘုရာ့။ သို့သော်လည်း ဗုဒ္ဓဘာသာဝင်တွေ ရဟန်းသံဃာတော်တွေကို ကိုးကွယ်တယ်ဆိုတာ လူမှုရေးအရလေးစားလို့မဟုတ်ပါ ဘူး။ ဘာသာရေးအရ ကိုယ်မကျင့်ကြံနိုင်တဲ့၊ ကောင်းမွန်တဲ့ အကျင့်တွေ ကျင့်ကြံနေတဲ့၊ ကိလေသာတရားတွေ အထိုက်အလျောက် ကင်းစင်နေတဲ့ ပုဂ္ဂိုလ်တွေဆိုပြီး ကိုးကွယ် တာပါ။ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်သူ ပြည်သားတွေ လေးစားကြပါတယ်။ သိမှီလိုက်သူကော မသိမှီလိုက်သူကော လေးစားကြပါတယ်။ ဘယ်လောက်ပဲ တသသနဲ့ လေးစားလေးစား၊ ဦးမချဘူး ၊ ရှိမခိုးပါဘူးဘုရာ့။ အဲဒီလိုပဲ ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့သူတွေ ၊ လူသားကောင်းကျိုးတွေ ဆောင်ရွက်လို့ နိုဘယ်(လ်) ငြိမ်းချမ်းရေးဆု ရရှိတဲ့ သူတွေ ရှိပါတယ်ဘုရာ့၊ ဘယ်လောက်ပဲ […]


researcherMarch 30, 20111min914
အရှင်ဘုရားရဲ့ ဘုန်းကြီး၊ ငွေ၊ နိဗ္ဗာန်၊ ကား ဆိုတဲ့ Post ကိုဖတ်ပြီး ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ဆန္ဒကို ဖွင့်ပြောချင်လို့ ဒီ Post ကို တင်လိုက်တာပါ။ တပည့်တော် ဗုဒ္ဓဘာသာဝင် တယောက်ပါ။ ဗုဒ္ဓဘာသာ တိုင်းပြည်မှာနေ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလာလို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်နေတယ် ဆိုပေမယ့် တပည့် တော်က ဘာသာတရားနဲ့ပတ်သက်ရင် တချို့ကိစ္စတွေကို ကိုယ့်ဉာဏ်မီ သလောက် ကိုယ် စဉ်းစားပြီး လက်ခံပါတယ်။ ဒါဟာလဲ မြတ်စွာဘုရားက ကာလာမ မင်းတွေကို ဆုံးမတဲ့ စကားတွေကို သဘောကျလို့ပါ။ ကျမ်းဂန်က ဒီလိုဆိုတယ် ဆိုပြီးလဲလက်မခံဖို့၊ ကိုယ့်ဆရာသမားတွေက ဒီလိုဆိုတယ်ဆိုပြီးလဲ လက်မခံဖို့ ၊ ကိုယ့်မိဘ၊ ဘိုးဘွား တွေ လက်ထက်ကတည်းက […]


researcherMarch 16, 20111min752
မြန်မာနိုင်ငံတွင် အမျိုးသား အင်အားစု အများဆုံးရှိသည့် နေရာသည် စစ်တပ် နှင့် သံဃာ့ အဖွဲ့အစည်းဖြစ်ပါသည်။ ကျန်အမျိုးသားများထဲမှ အများအပြားမှာလည်း လမ်းများပေါ်တွင် ရှိနေပါသည်။ တနိုင်ငံလုံးအတိုင်းအတာ နှင့် ပြောရလျှင် မြန်မာနိုင်ငံ ၏ ကုန်ထုတ်လုပ်မှုစွမ်းအားတွင် အမျိုးသမီးအရေအတွက်က ပိုပြီးများပြားနေပါသည်။ ဒါတွေဟာမဖြစ်သင့်ပါ။ အမှန်တကယ်ဆိုလျှင် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အမျိုးသား များ၏ အခန်းကဏ္ဍသည် အမျိုးသမီးများထက် ပိုအရေးကြီးပါသည်။ ယခုတော့ များပြားလှစွာသော အမျိုးသား အင်အားစုကြီးသည် နိုင်ငံဖွဲ့ဖြိုးရေးလုပ်ငန်းများ ၊ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် မပါဝင်သကဲ့သို့ဖြစ်နေသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမျိုးသားများ အင်အားပြည့် ပါဝင်ခွင့်မရခြင်း၊ မပါဝင်ခြင်း နှင့် ပတ်သက်၍ အစိုးရမကောင်းသည်ကိုပဲ အပြစ်ပုံချ၍မရပါ။ ဒီအစိုးရနှင့်ကိုပဲ အလုပ်လုပ်ပြီးကြီးပွားနေကြသည့် လူမျိုးခြား များစွာရှိပါသည်။ ကုမ္ပဏီကောင်းကောင်း ကြီးကြီးဆိုလျှင် ကြည့်လိုက်ပါ၊ […]


researcherFebruary 17, 20111min37011
Kyawmonkhant ရေးထားတဲ့ ကုမုဒြာကြာပန်းအလှ ဆိုတာကိုကြည့်ပြီး ရေးချင်စိတ်ဖြစ်သွားလို့ ဒီစာကိုရေးလိုက်တာပါ။ ကုမုဒြာမျိုးကွဲ ဘယ်နှစ်မျိုး ရှိလဲတော့မသိပါဘူး၊ ကျွန်တော်တို့ အိမ်မှာလဲ ကုမုဒြာဆိုတဲ့အပင် စိုက်ဘူးပါတယ်၊ အရွက်တွေက ပုံထဲမှာပါတာနဲ့တူတယ်၊ ကျွန်တော်တို့အပင်က အရမ်းပွားပြီး ကြီးသွားလို့လားမသိဘူး၊ အရွက်တွေအရှည်ကြီးနဲ့ အုံလိုက်ကြီးပဲ၊ ပန်းကတော့ ညဖက်မှာပွင့်တယ်၊ ည ၁ဝ နာရီခွဲ ၁၁ နာရီဆိုပွင့်ပြီး မနက်ဆို ညှိုးနေပြီ၊ ပန်းပွင့်က အဖြူရောင်ပဲ၊ ဒါပေမယ့် ပွင့်ဖတ်တွေကတော့ ပုံမှာပါတာနဲ့မတူဘူး၊ ပုံထဲက ပွင့်ဖတ်တွေက ငှက်မွှေးပုံစံ အထပ်အထပ်လေးတွေ ၊ ပန်းပွင့်ပုံစံဝိုင်းတယ်၊ ကျွန်တော်တို့ အိမ်က ပန်းက ပွင့်ဖတ်က သေးသေးသွယ်သွယ် ရှည်မျောမျောလေးတွေ၊ မြင်သာအောင်ပြောရရင် ငုံနေတဲ့အချိန်မှာ ရုံးပတီသီးလိုမျိုး ရှည်ရှည်လေး၊ ရုံးပတီသီးလောက်တောင် မတုတ်ဘူး၊ ပွင့်ဖတ်တွေ မများတဲ့အတွက် အထပ်အထပ်လဲ […]