yanaungOctober 10, 20101min962
မန်းရွှေမြို့တွင် ရေဘေးဒုကခခံနေရသော လူဦးရေမှာ (၄၅၀၀)ခန့် ဖြစ်ပါတယ်။ ကြားဖြတ်သတင်းအရ လူအသေအပျောက်အနည်းငယ်ရှိသည်ဟု ပြောစကားများအရ သိရှိရပါတယ်။ ထိုရေများ ပြန်မကျခင် စားဝတ်နေရေးအဆင်ပြေစေရန် လူမှုအဖွဲ့ အစည်းများ၊ စေတနာရှင်ပြည်သူများ၊ ဌာနဆိုင်ရာ(သက်ဆိုင်ရာ) အစိုးရအဖွဲ့အစည်းများမှ ထမင်း၊ ဟင်း၊ ရေသန့်ဗူးများနှင့် အခြားအသူံးအဆောင် ပစည်းများ လှူဒါန်းကြပါတယ်။ ရပ်ကွက်အချို့မှ ထမင်း၊ ဟင်း၊ လှူဒါန်းရန် ဝိုင်းဝန်းချက်ပြုတ်နေကြပုံများကို သာဓုခေါ် ဝမ်းမြောက်ဖွယ် ကုသိုလ်ပြု တင်ပြအပ်ပါသည်။ အားလုံး ကျန်းမာ၊ ချမ်းသာ ကြပါစေ……။


yanaungOctober 8, 20101min975
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများတွင် မိုးရွာသွန်းမည်ဟု မိုးလေဝသနှင့်ဇလဗေဒက ကြေညာထားပါတယ်။ မန္တလေးမြို့တွင် ကြာသာပတေးနေ့ညပိုင်း(7.10.2010)နဲ့ သောကြာနေ့မနက်ပိုင်း(8.10.2010) မိုးရွာသွန်းမှုမှာ အနိမ့်ပိုင်းရပ်ကွက်တွေကို ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ရေဟာ အောင်ပင်လယ်၊ မြရည်နန္ဒာ၊ထွန်တုန်း၊ သင်ပန်းကုန်းရပ်ကွက်များမှာ အဓိက လွှမ်းမိုးခဲ့ပါတယ်။ တချို့နေရာတွေမှာ ဒူး၊ ပေါင်၊ တချိုမှာ လူတစ်ရပ်နီးပါရှိပါတယ။် ဆည်တော်ကြီးမှလည်း ရေထပ်လွှတ်မည်ဟု ကြားသိရပါတယ်။ ဌာနဆိုင်ရာများ၊ Ngo အဖွဲ့အစည်းများနှင့် လုပ်အားပေးအဖွဲ့အစည်းများက ယနေ့မနက်ပိုင်းမိုးနည်းချိန်မှ စတင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်နေပါတယ်။ ယခုထိ အသေအပျောက်မရှိဟု သိရပါတယ်။


yanaungMay 6, 20101min824
ကျွန်တော်အခုဒီအကြောင်းအရာကို မေတ္တာနှင့်ရေးလိုက်တာပါ။လူသားတိုင်းမှာ ရူးသွပ်မှုတွေရှိတတ်ကြပါတယ်။ ဒီရူးသွပ်မှုကသူတစ်ပါးကိုထိခိုက်မိရင် မကောင်းပါဘူး။ ကျွန်တော်တို့မြို့ကဆိုင်ကယ်နဲ့အများဆုံးသွားလာတဲ့မြို့ဖြစ်ပါတယ်။ ဆိုင်ကယ်ကိုစီးနှင်းရင်းက ဆန်းသစ်သော၊တိုးတက်သောနည်းပညာတွေကြောင့် စတေကာ၊အိပ်ဇောအတိုအရှည်၊မီးရောင်စုံ၊အသံရောင်စုံတတ်ဆင်လာကြပါတယ်။ ကိုယ့်အတွက်အလှအပက အများအတွက်အနှောင့်အယှက်ဖြစ်ရင် ်မကောင်းဘူးပေါ့ခင်ဗျာ။ တစ်နေ့ညနေခင်း ကုန်တင်ကားတစ်စီးရှေ့က မောင်းသွားတာတွေရပါတယ် သူနောက်မှာ အရေးပေါ်ကားတစ်စီးလိုက်လာတယ်။ အရေးပေါ်ကားက လမ်းတောင်းတယ်။ ဒါပေမယ့် ကုန်တင်ကားက လမ်းမပေးဘူးခင်ဗျ။ သူနောက်ကြည်မှန်ထဲမှာနောက်ကားကို မမြင်ရဘူးခင်ဗျ (ကားကြီးမောင်းသူရဲ့အားနည်းချက်ပါ)။နောက်တစ်ချက်က သူထင်တာက ဆိုင်ကယ်တစ်စီးနောက်ကလာစတယ်ထင်တာပါ။ ဆိုင်ကယ်တွေမှာ တတ်လေ့ရှိတဲ့ အရေးပေါ်ကားသံ၊ မီးသတ်ကားဥဩစွဲသံတွေကြောင့် ယုံထင်ကြောင်ထင်ဖြစ်ရတာပါ။ ဒီတော့အရေးပေါ်လူနာက ဆေးရုံရောက်နောက်ကျရပါတယ်။ ကို့ပျော်ရွှင့်မှုကြောင့် သူတစ်ပါးမှာအနှောင့်အယှက်ဖြစ်ရပါတယ်။ နိူင်ငံကြီးတိုးတတ်လာဖို့ဆိုရင် အများအတွက် စဉ်းစားရမှာပါ။ ဒီကိစ္စလေးတွေက ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့အမူအကျင့်တွေကို အရုပ်ဆိုး အကြည်းတန်စေပါတယ်။ အများကောင်းကျိုးအတွက် ကိုယ့်အကြိုက်ထဲကတစ်ခုကို စွန့်ရတာဟာ ကောင်းမြတ်တဲ့ အမူအကျင့်ပါ။ ကျွန်တော်တို့အတွက်ဘာမှမနစ်နာပါဘူး။ ကျွန်တော်တိုလူသားအားလုံး ကိုယ့်အသိစိတ်လေးနဲ့ကိုယ် ဆင်ခြင်ရမှာပါ။ တာဝန်ရှိလူကြီးမင်းများအနေနဲ့လည်းယာဉ်စည်းကမ်းအတိုင်း ဆောင်ရွက်ပေးကြပါ […]