poochJune 18, 20111min29816
တနေ့မှာ အာရပ်ကုန်သည်တစုဟာ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ရာ အတွက် တစ်မြို့ ဝင် တစ်မြို့ထွက် ခရီးသွားရင်း သဲကန္တာရ တခုကို ညကြီးမိုးချုပ်  ဖြတ်သွားရပါတယ်တဲ့။ အဲဒီအချိန်မှာ မထင်မှတ်ပဲ သူတို့အုပ်စုထဲက လူတယောက်က အင်မတန်နက်တဲ့ တွင်းကြီးတတွင်းထဲကို ပြုတ်ကျသွားပါတယ်။ အဲဒီတွင်းကြီးထဲ မှာ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဆိုးတွေက စောင့်ကြိုနေခဲ့ပါတယ်။ ညအမှောင်ထဲမှာဆို တော့ မြွေမျက်လုံးကြီးတွေကလည်း တလက်လက်တောက်နေခဲ့ပါတယ်။ အဲဒါနဲ့ တွင်းထဲက လူက သူ့လူတွေကို ဆင်းမလာခဲ့ဖို့ လက်ဟန်ခြေဟန်နဲ့ ပြပါတယ်။ တတ်နိုင်သမျှ အသံကုန်ဟစ်ပြီးတော့လည်း ပြောပါတယ်။ ဒါပေမဲ့ တွင်းပေါ်က လူတွေရဲ့ အမြင်မှာတော့ ညအမှောင်ထဲမှာ  တလက်လက်တောက်နေတဲ့ မြွေကြီးတွေရဲ့ မျက်လုံး တွေ ကို လက်လက်ထနေတဲ့ စိန်ရိုင်းတုန်းကြီးတွေလို့ မြင်ပါတယ်။  သူတို့အထင်မှာတော့ ဒီစိန်တုံးကြီးတွေကို သူတယောက်ထဲ […]


poochMay 26, 20111min35236
ပထမဆုံး မေးခွန်းလေးတွေကို အရင်အကုန် ဖတ်ပြီး ကိုယ်ပထမဆုံး လုပ်ချင်တာက စပြီး  နံပါတ်စဉ်  ၁၊ ၂၊ ၃၊ ၄၊ ၅  ဆိုပြီးတော့ အစဉ်လိုက် စီလိုက်ပါ။ ဖြေတဲ့ အဖြေပေါ် မူတည်ပြီး ကိုယ်ဘယ်လိုလူစားလည်း ဆိုတာ  အဖြေထုတ်ပေးသွားမှာပါ။ အပျင်းပြေပေါ့။ ကဲစပြီနော်   တနေ့အိမ်မှာ မိသားစုတွေ အားလုံး အပြင်သွားလို့ ကိုယ်နဲ့ ကိုယ့်တူလေး ၂ ( နှစ်သားအရွယ်) နှစ်ယောက်ထဲ ကျန်ခဲ့တယ်။ အဲဒီကလေးကလည်း တအားအော်ငိုနေတယ် ၊၊  အဲ့ဒီအချိန် မှာပဲ  တပြိုင်နက် ဆိုသလို  တယ်လီဖုန်း ကလဲ မြည်နေတယ်။  အိမ်ရှေ့ မှာ လည်း ဧည့်သည်တစ်ယောက်က လူခေါ်ဘဲလ် ကို တီးနေတယ်။  နောက်ဖေးမှာ လည်း […]