ကြံ့ခိုင်ရေး ပါတီကို ဆဲ ချင်ရင် ဆဲလို့ရပါပြီ ဘာလို့လဲဆိုတော့ သူတို့ FACEBOOK မှာရှိနေလို့ပါဘဲ ဆဲမယ် ဆိုရင်တော့ လင့်လေးကဒီမှာပါ http://www.facebook.com/profile.php?id=100001604809087&ref=mf အားလုံးဝင်ရောက်ဆဲကျပါစို့။


NDF ပါတီ က ခမောက် လိုဂိုသုံးပြီး  NLD ယောင်ဆောင်ပြီး ပြည်သူတွေကိုမဲဆွယ်တယ်။ (ခမောက်မြင်တိုင်း NLD မထင်နဲ့)။ ၈၈၈၈ ပါတီ က ၈၈၈၈မျိုးဆက်ကျောင်းသားပါတီ အယောင်ဆောင်ပြီး ပြည်သူတွေကိုမဲဆွယ် တယ်။ တကယ့် ၈၈မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့   ကိုကိုကြီးတို့ ကိုဂျင်မီ တို့ကတော့ ထောင်ထဲမှာပါဘဲ။ ဒီလိုအယောင်ဆောင်တွေကိုပြည်သူတွေသတိထားဖို့လိုအပ်တယ်လို့မြင်မိပါတယ်။ တခြားပါတီတွေ လည်းအစိုးရ အလိုကျလို့ဘဲမြင်မိတယ်။ ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ တယ် “ပြည်သူတွေ မှာ မဲပေးပိုင် ခွင့်ရှိသလို မဲမပေးပိုင်ခွင့်လဲရှိတယ်”လို့။ အယောင်ဆောင်တွေအများကြီးထဲမှာ ပြည်သူတွေသတိတော့ထားသင့်တယ်။


ပူတူးတူးေလးSeptember 24, 20101min811
ဆလိုင်းထွန်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁ဝ ခုနှစ် ၂၃ နာရီ ဝ၅ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။ ။  ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲနိုင်လျှင် ချင်းအမျိုးသားများ သမ္မတဖြစ်လာရန် အခွင့်သာ၍ ယင်းပါတီအမတ်လောင်းအဖြစ် အရွေးခံရကြောင်း ဒေါက်တာမှုထန်က ပြောသည်။အမတ်လောင်း ဦးရေ ၁,၁၀ဝ ကျော်ဖြင့် တနိုင်ငံလုံးပြိုင်မည့် ပါတီမှာ ကြံ့ဖွံ့ပါတီဖြစ်သောကြောင့် ချင်းအမျိုးသားအရေး ပိုလုပ်နိုင်မည့်အပြင် သမ္မတအထိ တက်လှမ်းနိုင်သဖြင့် ချင်းပြည်နယ်လွှတ်တော်အတွက် ထန်တလန်မှ  ကြံ့ဖွံ့ ကိုယ်စားပြု ဝင်ပြိုင်မည် ဆိုသည်။ဒေါက်တာမှုထန်သည် ၁၉၇၃ တွင် မန္တလေး ဆေးတက္ကသိုလ်မှ  ဘွဲ့ရကာ ၁၉၇၆-၈၆ တွင် ထန်တလန်ဆေးရုံတွင် အမှုထမ်းခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေဖြင့် ထန်တလန်မှပင် ရွေးကောက်ပွဲဝင်ရာ […]


ပူတူးတူးေလးSeptember 21, 20101min1336
ဒီ post လေးကတော့ကျွန်မရဲ့ ဒုတိယမြောက် post လေးပေါ့။ ဒီ post လေးမရေးခင်ကိုယ့်ကိုကိုယ် ခဏလေးမိတ်ဆက်ချင်တယ် အားလုံးကို။ အခုဒီ Post လေးကိုရေးတဲ့ laptop ကို အစ်ကို ကလက်ဆောင်ပေးတဲ့နေ့က “ညီမလေး ဘာလို့ အဲဒီမှာ အချိန်ဖြုန်းနေတာလဲတဲ့ အမြန်ဆုံးလာခဲ့ဖို့အကိုမျှော်လင့်တယ်” ဆိုပြီးအစ်ကိုဖြစ်သူက ညီမကို စိတ်ပျက်စွာနဲ့သူဆီကိုအမြန်လာစေချင်တယ်သဘောနဲ့ပေါ့။ ဒါပေမယ့် အဲဒီနေ့ကဘဲကျွန်မ အစ်ကို့ဆီကိုဖုန်းဆက်ခဲ့တယ်။ “အစ်ကိုကျွန်မဒီမှာနေအုံးမယ် ဖြစ်နိုင်ရင် နိုဝင်ဘာ ရ ရက်နေ့ ပြီးမှ လာခဲ့မယ် ကျွန်မရဲ့ researchတွေအားလုံးပြီးတော့မယ်လို့” ။ ဘာတွေ research လုပ်နေတယ် ဆိုတာ ကျွန်မပြောပြပါ့မယ်။ ဘာလဲဆိုတော့ ဗမာပြည်ရဲ့အစိုးရရော အစိုးရရဲ့လက်အောက်ကဝန်ထမ်းတွေရော မတရားမှုတွေလုပ်နေတာတွေပါ။ ပြီးတော့ ကျွန်မတို့နိုင်ငံကလူတွေက မတရားအုပ်ချုပ်နေတဲ့ အစိုးရကို ထိုင်ဆဲတယ် ဒါကိုလက်ခံတယ် ဒါပေမယ့် […]