pyanhlwar315December 3, 20111min635
မင်္ဂလာပါ သူငယ်ချင်းတို့ သူငယ်ချင်းတို့မှာ ဘယ်သူမှမသိစေချင်တဲ့ ကိုယ်ပိုင်လျို့ဝှက်ချက်လေးတွေ ရှိကြမယ်ထင်ပါတယ် (ကောင်းတာရော မကောင်းတာရောပေါ့) လူတွေမှာ ကောင်းတာကိုလျို့ဝှက်ထား တာထက် မကောင်းတာကိုလျို့ဝှက်ထားကြတာများမယ်လို့ထင်ပါတယ် (သူငယ်ချင်းတို့ရောဘယ် လိုမြင်လဲ)အဲ့ဒီလျို့ဝှက်ချက် တွေကိုဘယ်သူကိုပြောမိသေးလဲ ဘယ်သူ့ကိုမှမပြောမိစေနဲ့နော် နောင်တစ်ချိန် နောင်တရနေရလိမ့်မယ် ကျွန်တော်ပြောတာတော့မဟုတ်ပါဘူး ဘုရားအလောင်းမဟော်သဓာက ပြောခဲ့တာပါ သူငယ်ချင်းတို့လဲငယ်ငယ်ကသင်ခဲ့ဘူးမှာပေါ့ ကျွန်တော်လဲသင်ခဲ့ဘူးပါတယ် ကျွန်တော်ကအခုထိမှတ်မိနေလို့ ပြောတာမဟုတ်ပါဘူး ပြန်ဖတ်မိလိုက်လို့ပါ နောင်တစ်ချိန်မှာ အကျိုးမယုတ်ရအောင်လို့ မပြောသင့် မပြောထိုက်သောစကားကို မည်သူတစ်ဦးတစ်ယောက် ကိုမှမပြောမိအောင်ထိန်းသိမ်းသင့်တယ်လို့ပြောခဲ့ပါတယ် အကြံအစည်အောင်မြင်မှသာလျှင်ပြောကြားသင့်ပါတယ်တဲ့ ကျေးဇူးတင်ပါတယ်…    


pyanhlwar315November 30, 20111min788
ကျေနပ်ပါ မိမိကိုယ်ကိုကျေနပ်ပါသူငယ်ချင်းတို့ မကျေနပ်ဘူးဆိုရင် စိတ်ချမ်းသာမှာမဟုတ်ဘူး လူ့သဘာဝအရ ဆန့်ကျင်ဘက်ကို အာရုံစိုက် သဘောကျတက်ကြတယ် အသားညိုတဲ့သူက ဖြူချင်တယ် ဖြူတဲ့သူကညိုချင်တယ် ညိုတဲ့သူတွေက ဖြူအောင် loetion မျိုးစုံလိမ်းကြပေါင်းတင်ကြ အမျိုးစုံအောင် လုပ်ကြတယ် အသားဖြူတဲ့ လူဖြူတွေက ကြေးနီရောင်အသားကိုမှကြိုက်ကြလို့ ခရင်မျိုးစုံ လိမ်းလို့ နေရောင်မှာအလောင်ခံ ကြလေရဲ့ အရပ်ပုတဲ့လူက ရှည်အောင်လို့ အားကစားတွေလုပ် အရပ်ရှည်တဲ့သူကလဲ လူကြားထဲမှာထိုးထိုးထောင်ထောင်နဲ့မို့လို့မကျေနပ် ပြန်ကိုယ်ရဲ့မကျေနပ်ချက်တွေကပြင်လို့ရရင်တော့ပြဿနာမရှိပေမဲ့ ပြင်လို့မရနိုင်တဲ့ ကိစ္စမျိုးဆို ရင်တော့ကိုယ့်ကိုကိုယ် စိတ်ဆင်းရဲအောင်ညှင်းဆဲသလိုဖြစ်နေမှာပါ ဒါကြောင့် ကိုယ့်ရဲ့လက်ရှိအခြေအနေ ကိုယ်ပိုင်ဆိုင်တဲ့ ဘဝ စတာတွေကိုကျေနပ်လိုက်ပါ ဒါဆိုရင်တော့ လူကြီးမင်းတို့စိတ်ချမ်းသာသွားမှာပါ ကိုယ့်ရဲ့မကျေနပ်မှုတွေကိုလိုက်ကြည့်ပြီး စိတ်ဆင်းရဲမနေ ပါနဲ့ ကျေနပ်လိုက်ကြပါ ကျေးဇူးတငိပါတယ်