pyiminluApril 15, 20122min1037
ဒီနှစ် မန္တလေးသင်္ကြန်မှာ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးကို အထူးဂရုပြု လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ လမ်းများကို တစ်လမ်းမောင်းအဖြစ်သတ်မှတ်၊ ယာဉ်ထိန်းရဲ အင်အားကို လမ်းဆုံ၊ လမ်းခွများမှာ တာဝန်ချထား၊ လမ်းပိတ်ဆို့မှု ကြာမြင့်စေတဲ့ ကားကို ကရိန်းနဲ့ မရွှေ့ စတဲ့ လုပ်ဆောင်ချက်တွေကတော့ ကျွန်တော့် အမြင်အရ ကောင်းတဲ့ ပြောင်းလဲခြင်းများပါ။ ဒါပေမယ့် ရေကစားမဏ္ဍပ် အများဆုံးရှိတဲ့ ၂၆ လမ်းမှာတော့ ယာဉ်ကြောပိတ်ဆို့မှုကတော့ ရှိဆဲပါ။ ၂၆ လမ်းတခုလုံးကို တစ်လမ်းမောင်းလုပ်ထားလို့ လမ်းလယ်ကျွန်းရဲ့ တဖက်စီမှာ ယာဉ်သွားလမ်း ၂ခုစီနဲ့ စုစုပေါင်း ၄ခု ရှိတာတောင် ကား၊ဆိုင်ကယ်၊လူ များနဲ့ ပြည့်နေပါတယ်။ ဒီလို ယာဉ်ကြောပိတ်မှုရဲ့ အဓိက အချက်ကတော့ ကား၊ ဆိုင်ကယ်များကို မဏ္ဍပ်များရှေ့မှာ ကျောက်ချ ရပ်ထားပြီး စင်ပေါ်မှ […]


pyiminluApril 15, 20125min15711
  ဒီနေ့တော့ သင်္ကြန်ရေပက်နေတဲ့ပုံထက် လည်တဲ့သူ၊ ရေပက်တဲ့သူ အလန်းတွေကို ရိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန် သင်္ကြန်ပုံများလိုတော့ စက်ဆီဖြစ်တဲ့ ပုံရိပ်တွေများများ မတွေ့ရပါဘူး။ may be i’m not at right place and right time….. ခင်မင်မှုဖြင့် pml


pyiminluApril 14, 20122min1467
  ၂. မှန်းစမ်း….ငါကြည့် ကြည့်မယ်။   ဒီပို့စ်ကို တော့ water-melon ရဲ့ ဒီထက်လန်းတာလေးတွေတင်ပေးပါအုံးလို့ တောင်းဆိုမှုကြောင့် တင်ဖြစ်သွားတာပါ။ ရန်ကုန်လောက် အတို၊ အဟိုက်တွေ မပေါတဲ့ မန္တလေးမှာ ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ Tokyo Yankee မဏ္ဍပ် ၆၆လမ်း အလုပ်သမားဆေးရုံရှေ့မှာ ကနေ၊ ကဲနေတဲ့ သင်္ကြန်မမတွေကို တွေ့ပြီး ရိုက်ခဲ့တာပါ။ ကျေနပ်မယ်လို့ထင်ပါတယ်။ ခင်မင်မှုဖြင့် pml


pyiminluMarch 31, 20121min510
ဒီနေ့ မနက် ပျင်းပျင်းရှိတာနဲ့ မန်းလေးမြို့ထဲ ဆိုင်ကယ်စီးပြီး အိမ်ကနေထွက်၊ ကျူံးမြောက်ဘက်လမ်း အတိုင်း အနောက်ကိုမောင်း၊ ပြီး လမ်း၈ဝ အတိုင်း ဟိုကြည့် ဒီကြည့်နဲ့ သွားလိုက်တာ ၃၅ လမ်း မီးပွိုင့်လဲ ရောက်ရော ကားတွေ၊ ဆိုင်ကယ်တွေ က လမ်းလေးခွမှာ လမ်းအပြည့်နဲ့၊ ယာဉ်ထိန်းရဲကလည်း ၃၅ ကုန်းတံတားပေါ်က ဆင်းလာတဲ့ ကား မှန်သမျှကို လမ်း၈ဝ မြောက်ဘက်ကိုဘဲ ကွေ့ခိုင်းနေတော့ စိတ်ထဲမှာ ၈၁၊ ၈၂ လမ်းဘက်မှာ ယာဉ်တိုက်မှု ဖြစ်လို့လားလို့ အရင်တွေးမိတယ်။ နောက်တော့ NLD နဖူးစည်း စည်းပြီး ခွပ်ဒေါင်းအလံတွေ လွှင့်လာတဲ့ ဆိုင်ကယ်တွေ မြင်တော့မှ NLD မဲဆွယ်လှုပ်ရှားမှုကြောင့်လို့ သဘောပေါက်ပြီး လမ်း၈ဝ အတိုင်း ဆက်ထွက်လာလိုက်တာ ၃ရလမ်းရောက်တော့ […]


pyiminluDecember 26, 20111min39019
ယနေ့ ၂၅၊၁၂၊၂၀၁၁ ရက် နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့် အချိန် မန္တလေးတိုင်း ကျောက်ဆည်မြို့၏ လူ၊ ကား အစည်ကားဆုံးနေရာဖြစ်သော မြို့လယ်ခေါင် လမ်းလေးခွဆုံ (ဒေသအခေါ် လက်ပြတိုင်) အနီးတွင် အမျိုးသမီး တစ်ဦး လသားအရွယ် ကလေးငယ်တစ်ဦးအား ရင်ခွင်ပိုက်လျက် ကားလမ်းမ အလယ်တွင် တင်ပလင်ခွေထိုင် ကာ သူမ၏ စိတ်ညစ်ဖွယ်ကောင်းသော ဘဝကို အဆုံးသတ်ရန် ကြံစည်မှု တစ်ခု ဖြစ်ခဲ့ပါသည်။ ဖြစ်ပွားပုံအကျဉ်းမှာ ထိုအမျိုးသမီးသည် သူ၏ ကလေးငယ်ကို လက်တဖက်ဖြင့် ရင်ခွင်ပိုက်ကာ အခြားလက်တဖက်ဖြင့် လက်ဆွဲဆာလာအိတ်ပန်းရောင်ကို ကိုင်လျက် လမ်းလယ်ခေါင်သို့ လျှောက်လာပြီးလျင် ဆွဲလာသောအိတ်ကိုချကာ ထိုင်ချလိုက်ပါသည်။ ထိုအခါ ဖြတ်သန်းသွားလာနေသော လူအများလည်း ပထမ၌ ခေတ္တ ခဏ အထူးအဆန်းဖြစ်ပြီး […]


pyiminluDecember 12, 20114min5648
2/12/2011 နေ့က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေမှာရှိတဲ့ သစ္စ ဝေဒဂူ မိုးကုတ်ဝိပဿနာ ရိပ်သာကို ရောက်ဖူးခြင်တာကြောင့် ဆိုင်ကယ်နှင့် သွားရောက်ခဲ့ပါတယ်။ လမ်းမှာ ဆိုင်ကယ်ရပ်ပြီး ရိတ်သိမ်းခါနီး စပါးစိုက်ခင်းကို ရန်ကင်းတောင် နောက်ခံဖြင့် ရိုက်ယူခဲ့ပြီး ခရီးဆက်ခဲ့ပါတယ်။ ရေတံခွန်တောင် ဂေါက်ကွင်းအဝင်မုဒ်ဦးကို ကျော်လွန်ခဲ့ပြီးနောက် သစ္စဝေဒဂူ မိုးကုတ် ဝိပဿနာ ကို ရောက်ခဲ့ပါတယ်။ မုဒ်ဦးမှ အဝင် ဘယ်ဘက်ခြမ်းတွင် သစ္စဝေဒဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တည်ရှိပြီး စာသင်သား ကလေးသူငယ်များကိုလည်း တွေ့ခဲ့ ရပါတယ်။ ဆက်ဝင်သွားတော့ ရိပ်သာမုဒ်ဦးအနီးမှာ တွေ့ရတဲ့ ဦးဇင်း (၃)ပါးကို ရိပ်သာ၏ တရားစခန်း အချိန် ဇယားကို သိလိုကြောင်း လျှောက်ထားရာ ဦးဇင် (၁)ပါးမှ လမ်းညွှန်ပေးပါသည်။ ဒီလိုနှင့် ကျွန်တော် […]