ေတေလFebruary 17, 20121min874
သံတွဲမြို့ မြပြင်ကျေးရွာ ဦးကျော်အောင် ၊ ဒေါ်မေသန်း အမည်ပေါက် VT-၄ဝ မြေချိန်ဧရိယာ (၁.၇၅)ဧက ရှိ ဥယျာဉ်ခြံမြေ ကို ခလရ(၅၅) ခြေလျင်တပ်ရင်း မှ ပိုင်ရှင်မသိစေရပဲ လန(၃၉) ဖေါက်ယူ၍ အတင်းသိမ်းပိုက်ယူသော ကိစ္စတရပ်ဖြစ်ပါသည်။ မြေပိုင်ရှင်တို့မှာ ၎င်း ဥယျဉ်ခြံမြေ ကို လွန်ခဲ့သောနှစ်ပေါင်း (၇၀) ကျော် အဘိုးအဘွားများလက်ထက်မှစ၍ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မြေစရင်းအခွန် ပေးသွင်းလျက် စိုက်ပျိုးအသက်မွေးဝမ်းကြောင်းပြုလာခဲ့ပါသည်။ အဆိုပါဥယျဉ်ခြံမြေကို ရှေ့အဆက်ဆက် မည်သူ့ကိုမှ ရောင်းချ ခြင်း၊ ပေါင်နှံခြင်း၊ လက်ငုတ်စွန့်ပေးခြင်း မရှိခဲ့ပါ။ ယ္ခုသော် မြေပိုင်ရှင်အား အာဏာပြ အတင်းနှင်ထုတ်လျက်ရှိနေပြီး အဆောက်အဦး အတင်းဝင်ဆောက်လုပ်နေ၍ မြေပိုင်ရှင် မိသားတစုမှ ကူမည့်သူ မရှိပဲ ဒုက္ခ ဆင်းရဲခြင်းကြီးစွာ ရောက်လျက်ရှိနေပါသည်။ အခင်းဖြစ်ပွားသည့် ဥယျဉ်ခြံမြေမှာ […]


ေတေလNovember 9, 20111min15512
ဦးရာဇတ်မှသည်ကိုမြအေးအထိ သို့သော် တံခါးလာခေါက်ပြီ(ခိုင်လင်း (မေဃဝတီ)ဆောင်ပါးလေးပါ လွန်ခဲ့တဲ့ တနှစ်ကျော်ကပင် ဒီဆောင်းပါးရေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် မရေးဖြစ်ခဲ့ဘူး။ ဒီဆောင်းပါး အကြောင်းကို ကျနော့်ရဲ့ မိတ်ဆွေတဦးကို ရှင်းပြခဲ့ဖူးတယ်။ သူကတော့ အဲဒီဆာင်းပါးရးပြီးရင် သူ့ဆီကိုပို့ပေးဖို့ သူ့ဆိုဒ်မှာ ဖော်ပြဖို့ပြောပါတယ်။ ကျနှော် မရေးဖြစ်ပါဘူး။ ဒါပေမယ့် ဒီဆောင်းပါးကို ပြန်ရေးဖို့ တွန်းအားတွေပေးလာတာကြောင့် နှစ်ပါတ်လောက်နောက်ကျပြီးမှ ရေးဖြစ်ပြန်တယ်။ ဆိုတော့ ခုတလောဖြစ်ပျက်နေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအဖြစ်အပျက်တွေအပေါ်မှာ ဝုန်းဒိုင်းထကြဲခြင်း မဟုတ်ဘူးဆိုတာ ထင်ရှားစချင်လို ့ပြောတာဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ် ဝန်းကျင်က မိတ်ဆွေတဦး ကျနော့်ကို မေးဖူးတယ်။ ခင်ဗျားတို ့ပြောနေတဲ့ ဘင်္ဂလီတွေဟာ သူတို့ကို သူတို ့ ရိုဟင်ဂျာလို ့ပြောင်း ပိုင်ခွင့် မရှိဘူးလား။ သူတို ့ကိုသူတို ့ ရိုဟင်ဂျာတွေ […]


ေတေလNovember 1, 20111min19518
ကမာ္ဘလူဦးရေသန်း7000မြောက်ကလေးကိုဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာမွေးဖွားလိုက်ပြီတဲ့ရွာသူရွာသားအပေါင်းတို.ရေ အဲ့ဒီသတင်းလင့်ကလေးကတော့ဒီမှာပါ http://www.mrtv4.net.mm/news/view/others:13972/ ဒီကလေးမလေးကတော့မွေးဖွားလာထည်း ကံကောင်းခြင်းတွေကိုစတင်သယ်ဆောင်လာတာပေါ့ ထူးခြားတဲ့ဒီနေ.လေးဖြစ်တဲ့1.11.2011 (အတိုရေးတော့1.11.11)1ငါးလုံးနေ.ဒီနေ.ကစ တို.တွေရဲ.မြန်မာပြည်ကလည်း…….. ကံကောင်းခြင်းတွေရရှိပါစေလို. ရွာသူ/ရွာသားအပေါင်းဆုတောင်းပေးကြပေါ့ဗျာ


ေတေလOctober 27, 20111min2138
သံတွဲခရိုင်အုပ်ချုပ်ရေးမှုးရဲ.လုပ်ရပ်များကိုအထူးစစ်ဆေးစောင့်ကြည့်ရန် လိုအပ်နေပါကြောင်း ရွာသူရွာသားမိတ်ဆွေများသိရှိရန်ဖြစ်ပါတယ် ဘင်္ဂလားဒေရှ်.ပို.ရန် နွားလှေတစ်စီးပင်လယ်ထဲထွက်ရင် ခရိုင်အုပ်ချုပ်ရေးမှုးကိုသုံးသိန်းဆက်ကြေးပေးဆောင်နေရာမှာ ခရိုင်အုပ်ချုပ်ရေးမှုးက သူအတွက်နည်းနေတယ်ဆိုပြီးတော့နောက်ထပ်တစ်သိန်းထပ်မံတောင်းနေလို ့ ယခုတော့စုစုပေါင်းလေးသိန်းပေးနေရပါကြောင်းသိရှိရပါတယ် ဂျိတ္တော အပါအဝင်ပင်လယ်ကမ်းခြေ ငါးလှမ်းကွက်များကိုယခင်နှစ်တစ်ကွက်ကိုငါးသောင်းကျပ်ကနေ ယခုနှစ်တော့သုံးသောင်းငါးထောင်အထိလျော့ချပေးလိုက်ပါပြီဗျို. ကမ်းခြေရှိငါးလှမ်းတဲ့အကွက်တွေကအကွက်၂၀ဝကျော်ဆိုတော့ တစ်ကွက်ကိုသုံးသောင်းငါးထောင်နဲ.စုစုပေါင်းကောက်ခံရငွေကသိန်း၇ဝကျော်ပေါ့နော်…. ကောက်ခံရငွေသိန်း၇ဝကျော်ကိုဘယ်နေရာတွေမှာအသုံးပြုမှာလည်း……… သံတွဲမြို.နယ်ဖွံဖြိုးတိုးတတ်ရေးအတွက်သုံးစွဲမယ်ဆိုရင်တော့ ဒေသခံတွေကကန်.ကွက်ရန်မရှိကြောင်းဒေသခံတွေရဲ.ပြောဆိုသံတွေကြားနေရပါတယ် ရွာသူရွာသားမိတ်ဆွေအပေါင်းတို.ရေ…. အထက်ဖေါ်ပြပါငွေတွေကို ဘယ်နေရာတွေမှာ သံတွဲ ခရိုင်အုပ်ချုပ်ရေးမှုးသုံးမှာလည်းဆိုတာကိုဝိုင်းဝန်းစဉ်းစားကြည်.လိုက်ကြဦးနော်….


ေတေလAugust 11, 20111min1177
တစ်ခြား တိုင်းဒေသကြီး တွေတော့ လက်လှမ်းမမီလို့ မသိနိုင်ပါ ၊ ရေးချင်နေတာ တင်ပြချင်နေတာ ကြာပါပြီ ၊ နိုင်ငံတော် သမ္မတကြီး ပြောတဲ့ ပြုပြင်ပြောင်းလဲမှုမျိုး ဘယ်နေရာ ကစပြီး လုပ်သင့်ပါသလဲ ၊ ကျွန်တော် လို ၁၀၉-၁၁ဝ တစ်ယောက်က ဘယ်လို သိနိုင်ပါ့မလဲ နော် ၊ ဒီတော့ ကိုယ် နေတဲ့ မြို့လေး အတွက် စဉ်းစားကြည့်မိပါတယ် ၊ အောင်မလေးဗျာ…………….. မဟာ့မဟာ ဒရက်ကူလာ အဲ မှားလို့ မာဖီးယား အဖွဲ့ကြီးပါလား ၊ ထိပ်သီးကြီးတွေပါလား ၊ သွားထိလို့ကတော့ ပေါက်ရုံလေးပေါက်မယ် မထင်လိုက် ကြပါနဲ့၊ အကောင်လိုုက်မျိုမှာ ၊ ကောင်းရောင်းကောင်းဝယ် လုပ်ချင်ကြတယ်ဆိုရင် ( ယ္ခင်အခေါ်အတိုင်း) * ခ.ယ.က […]


ေတေလJuly 31, 20111min16826
ငါတို့ဆီကို မင်းတို့ရောက်လာခါစ ကတော့ မျက်လုံးလေး ကလည်ကလည်နဲ့ အဝတ်ထည့်အိတ်လေးတစ်ခု ထင်းရုူးသတ္တာလေး တစ်သတ္တာ ၊ အချိန်တန်လို့အိမ်ပြန်သွားတဲ့အခါ ကုန်တင်ကား တစ်စီးတိုက်အပြည့်နဲ့ ဟုတ်ပါပြီ ထားပါတော့ ၊ ငါတို့မြိုှု့တိုးတက်ဖို့ မင်းတို့ ဘာတွေများလုပ်ခဲ့ပါသလဲ ၊ ဘာတွေတိုးတက်ခဲ့ပါသလဲ ၊ မတိုးတက်မဲ့အပြင် မင်းတို့ အေးဓမြ တိုက်လို့ မွဲတေပြီးကျန်ခဲ့သူတွေ က ဒုနဲ့ဒေး ကွ ၊ ပြည်သူတွေကထောက်ပံ့ပေးပြီးပြည်သူတွေ လုပ်စာထိုင်စားနေတဲ့ မင်းတို့တွေ က များ ပြည်သူတွေကို ထမင်းပြန်ကျွေးရတဲ့ပုံစံနဲ့ စောက်ခွက်တွေက မာကျောလိုက်တာဗျာ ၊ မင်းတို့တွေရဲ့လည်ချောင်းထဲမှာ ခြေမနဲ့ ကလော်ထုတ်ရင်တောင် မင်းတို့မျိုထားတဲ့ ထမင်းတွေ အတောင့်လိုက်ထွက်လာနိုင်တယ် ၊ ဥပမာလေးတစ်ခု…….. အလုပ်အကိုင်လေးများရှားပါးလို့ သုံးဘီးဆိုုင်ကယ် TAXI လေး တစ်စီး ထောင်မိပါတယ် ၊ […]


ေတေလJuly 21, 20111min14918
သံတွဲမြို့ ခရိုင်ဆေးရုံကြီး ၏ ဝန်ထမ်းများနှင့် ဆရာဝန်ဆရာဝန်မ များ တာဝန်ချိန်မှာ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီ သတ်မှတ်ထားပါသည်၊ သို့သော်လည်း ရုံးဝန်ထမ်းများအပါအဝင် ဆရာဝန်များသည် နံနက် ၁ဝ နာရီ ခန့်မှသာလျှင် ဆေးရုံသို့ရောက်ရှိပါသောကြောင့် လူနာများမှာ များစွာအခက်အခဲတွေ့ ရှိနေခြင်းတို့ကို သိရှိပါသလားခင်ဗျာ ။ ( ဆရာဝန်များသည် အပြိုင်အဆိုင် ကိုယ်ပိုင်ဆေးခန်းများကိုယ်စီဖွင့်ထားပါသဖြင့် နံနက်စောစောပိုင်း အချိန်များတွင် စီးပါွးရှာနေကြခြင်းကြောင့် ဆေးရုံသို့အချိန်မီမရောက်ရှိနိုင်ခြင်း ဟုထင်ပါသည်) ဆရာဝန်များသည် မိမိ၏ ဆေးခန်း တွင်လာရောက်ပြသသောလူနာများကိုသာလျှင် ဆေးရုံတွင်း ၌ ဂရုစိုက်လေ့ရှိပြီး ပြင်ပမှ ဆေးခန်းမသွားနိုင်သော ဆင်းရဲသားလူနာများကို ဂရုမစိုက် ပဲ နေခြင်း၊ သေချာစွာကုသပေးမှုမရှိခြင်း တို့ကြောင့် လူနာများစွာတို့မှာ ဒုက္ခရောက်လျက်ရှိနေခြင်းကိုလည်း သိပါသလားခင်ဗျာ ။ […]