စဆရ ႀကီးJuly 15, 20161min17011
၂၀၁၅ ရ လပိုင်း ၁၆ ရက်နေ့က နောက်ဆုံးရေးခဲ့တယ်ဆိုတော့ ခုဆို တစ်နှစ်တင်းတင်းပြည့် အမှတ်တရ(ကိုယ့်ဘာသာ) ဖြစ်လိုက်ပါတယ်။ ကျွန်တော်နှင့် စိတ်ဝမ်းကွဲသူများ၊ ကျွန်တော့်အား ကြည့်မရသူများ၊ ကျွန်တော့်အား စမ်းစမ်းတင့်ဖြစ်သူများအားလုံးအား မင်္ဂလာဆောင်ပါ။ တစ်ချို့ကား နေမြဲ၊ တစ်ချို့ကား ခုတစ်လောပြန်သိရသလောက် အရင်လို ငြင်းခုန်ခြင်း အနုပညာမရှိတော့ပဲ ငါ့စကားနွားရများ၊ အရင်လို ကိုယ့်အမြင်၊ အတွေးအခေါ်များကို လွတ်လွတ်လပ်လပ် ချမရေးတတ်တော့ပဲ နောက်ဆုံးမှာ ပျောက်ကွယ်သွားကြသူများ၊ ဘယ်လိုဖြစ်ဖြစ်ပါ။ တစ်ချိန်တုန်းကကို ကျွန်တော်အလွန်သဘောကျပါတယ်။ ကျွန်တော်တိုု့လို စာမရေးတတ်သူများ စာတွေရေးချင်လာအောင်၊ ဘယ်လိုရေးရင်ကောင်းမယ်ဆိုတာကိုပါ သွန်သင်လမ်းပြ အားပေးခဲ့ကြသူများကို လွန်စွာမှ ကျေးဇူးတင်ပါကြောင်း။ ဟုတ်ကဲ့ ကျွန်တော် စမ်းစမ်းတင့်(ရွာပြင်)မှ သတင်း၊ အတင်းများကို စဉ်ဆက်မပြတ် ထုတ်လွှင့်နေပါကြောင်း။ ၂ နှစ်လောက်ရှိပြီထင်ထားရာကနေ ခုမှပြန်ကြည့်မိတော့ တစ်နှစ်လောက်ပဲရှိေသေးတယ်ဆိုတော့ အားမလို […]


စဆရ ႀကီးJuly 16, 20151min29821
ကိုင်းဗျာ.. ပြောမယ် ပြောမယ်နဲ့ ပြောချင်နေတာ ယားနေလို့သာ ပြောရတယ်၊ ကျုပ်ရောက်ကာစက အဖြစ်အပျက်တွေကို သတိရသဗျ။ ရဆို ကျုပ်တစ်ယောက် မွေးစကနေ အသက် ၂ဝ နည်းနည်းကျော်တဲ့ထိ မြန်မာပြည်ကြီးထဲမှာပဲ သွားလာလှုပ်ရှားခဲ့ရတာလား။ ပြောရမယ်ဆို မွေးကတည်းက တောင်ပေါ်တောင်အောင် ဇာတိဆိုတာ ပြောမရအောင် နေခဲ့ရတာ။ ဆိုတော့ ကျုပ်တစ်ယောက် မြန်မာပြည်တစ်ခြမ်းလောက်တော့ နေခဲ့ဖူးပါတယ်။ အဲ့လိုပြောမယ့်သာပြောရတာ တစ်ကယ်တော့ အုငဲ ဆိုကတည်းက စတွက်လို့ပါ။ ကျုပ်ကိုကျုပ် လူမှန်းသိတော့ ရန်ကုန်ရောက်နေပြီ။ ကျန်တာတွေက ပြန်ပြောပြလို့ သိရတာမှတ်။ လူမှန်းသိပြီးတော့မှ ကျန်တာတွေ လေ့လာတော့ သိပ်တော့ မရှိပါဘူးလေ။ ဘာပဲပြောပြော သူများတွေလိုတော့ (ကိုယ်နဲ့ ခေတ်ပြိုင်များကို ဆိုလိုပါတယ် ) သိသင့်သိထိုက်တာတွေ သိတယ်ပေါ့နော။ ကျုပ်ကလဲ နေရာတစ်ကာ စပ်စုတာလား။ ငယ်ငယ်ကတည်းက […]


စဆရ ႀကီးMay 29, 20151min20311
ဘာရယ်တော့ မဟုတ်ဘူးဗျာ။ လှနုထွန်းကြောင့်ဖြစ်မယ်ထင်တယ်။ ဘယ့်နှယ့်ဗျာ.. မယ်တွေသွားပြိုင်ဖို့ ရွေးလိုက်ရင် မျက်နှာလေးတစ်ခုကလွဲ ကျန်တာ ဘာမှ အဆင်ကိုမပြေတာ။ နမ်းချင်စရာကြီးကနေစလိုက်တာ ခင်ညှစ်စရာထိ။ နောက်ဆုံးဖင်မည်းကြီးကျမှ တော်တော်လေး ပွသွားရှာတယ်။ အဲ့တုန်းက ကျုပ် ဖင်မည်းကြီး ဆာဂျရီလုပ်နေတာကို ရှာရှာဖွေဖွေ တွေ့မိလို့ ဦးဦးဖျားဖျား ဂရုပ်မှာ ရှယ်ဖူးပါ့ဗျား။ ခုနောက်ပိုင်း သူထပ်လွှတ်တာတွေ ကြည့်မိတော့လည်း ထိုနည်းလည်းကောင်းပဲ။ မှားနေတယ်၊ အတော်လေး မှားနေတယ်။ ပြောချင်တာမှ ယားနေတာပဲ။ ကျုပ်တို့လို အားပေးရုံသက်သက်လူတွေများအဖို့တော့ သူရွေးလိုက်သမျှက ဒါ မြန်မာဆိုပြီး ကမ္ဘာကို ချပြနေရသလိုဖြစ်နေတယ်။ မှားတော့လည်းမမှားပါဘူး။ ကျုပ်တို့အနေနဲ့ ရွေးချယ်စရာမှ မရှိတာ။ မြန်မာမှာ ဒါပဲ အကောင်းဆုံးရှိတယ်ဆိုပြီး ချပြရသလိုဖြစ်နေတယ်။ တစ်နိုင်ငံလုံးမှာမှ အကောင်းဆုံးဆိုတာကို ရွေးလွှတ်ရတာလား။ တစ်ချိန်တုန်းကများတော့ ခါးသေးရင်ချီတွေမှ လှတယ်ထင်တာလား။ ခုနောက်ပိုင်းတော့ […]


စဆရ ႀကီးJanuary 23, 20151min13010
မျှော်သာမျှော် ပေါ်မလာ မောင်မလာ မောင်သာငတ် မောင့်နေရာ လူမပြတ် ဟဲ ဟဲ.. ဘာရယ်မဟုတ်ပါဘူးဗျာ။ တစ်ခါတစ်လေတော့ ရေးချင်တာတွေ လျှောက်မရေးဖြစ်တော့ ကိုယ့်ကိုယ်ကို စပျစ်သီးကြီးလို့သတ်မှတ်ပြီး မျှော်နေသူများရှိမလားလို့ တွေးမိတိုင်း အောက်က စာပိုဒ်လေးနှစ်ကြောင်းကို ပြန်တွေးမိတာနဲ့ ကီးဘုတ်ပေါ်တင်ချင်နေတဲ့လက်ကို ဖယ်၊ စိတ်ထဲမှာ ပြောချင်တာတွေများလာတော့လည်း အိပ်ချိန်မစို့မပို့လေးကျန်တာနဲ့ အဲ့လိုနဲ့ကို စကားလုံးတွေမျိုချလိုက်ရပြန်တယ်ပေါ့။ ပြောရရင်တော့ (တစ်ကယ်ပါ) စိတ်ထဲထင်တာပြောရရင် ကျွန်တော်စာပေကင်ပေတိုင်ရုံးကိုလည်း ကြောက်တာပါတယ်ပေါ့။ တစ်ကယ်ဗျာ.. အရင်ကဆို ရေးချင်တာတွေ စိတ်လွတ်ကိုယ်လွတ်၊ စည်းမဲ့ဘောင်မဲ့ (စည်းလွတ်ဝါးလွတ်မဟုတ်ဘူးနော်) လွပ်လပ်စွာတွေးတော၊ ကျယ်ပြန့်စွာ ရေးပြောလေသတည်းပေါ့။ ကိုယ်ထင် ကုတင်ရွှေနန်းပေမို့လား။ ကိုယ့်အိပ်ယာ တစ်ကမ္ဘာထင်သလိုပေါ့နော်။ စိတ်ထဲပေါ်လာတာနဲ့ လက်ကို ကီးဘုတ်ပေါ်တင်ပြီး အစကနေအဆုံး တစ်ထိုင်တည်းရေးလိုက်တာ တစ်ခါတစ်လေတော့နာရီဝက်၊ တစ်ခါတစ်လေတော့လည်း ၃၊ ၄ နာရီအကြာမှာ ရေးချင်တာရေးပြီး […]


စဆရ ႀကီးDecember 14, 20141min1312
ဘာရယ်တော့မဟုတ်ဘူး၊ Deactivate လုပ်ထားတာကြာတဲ့ ဖွဘုတ်အကောင့်လေးကို ပြန်ကြည့်တော့ ကဗျာလေးတစ်ပုဒ် ၂၀၁ဝ တုန်းကရေးထားတာ သဘောကျလို့။ ကိုယ့်ဖာသာ ရေးခဲ့တယ်ဆိုတာကို ကိုယ့် Wall မှာ ကိုယ်ပြန်တွေ့ရလို့သာ။ ခုနေဖတ်ကြည့်တော့ ကောင်းသလိုလိုရှိသား။ ချစ်သူရေ.. ကြာတော့ကြာခဲ့ပါပြီအချိန်တွေလားတော့ မမေးနဲ့ စက္ကန့်တွေနဲ့ပဲတွက်ယူ ငါဆိုတဲ့လူ တော်တော်ကို ဒူ သေးတာပဲလို့ မင်း… မှတ်ယူချင်လဲမှတ်ယူ စက္ကန့်တွေကို ခုနှစ်တွေလို့ ခုထိ တွက်ယူနေတုန်းပဲ။ ချစ်သူရေ.. ကန္တာရဆိုတာ မိုးမညိုဘူးလို့ မင်းမမှတ်ယူလေနဲ့ သူ့ဟာနဲ့သူ ညိုချင်လဲညို ပြီး ပြိုချင်လဲ ပြိုခဲ့တာပဲ မိုးရေတွေ ရွှဲရွှဲမစိုတာပဲရှိမယ် သူ့ဟာနဲ့သူတော့ ချမ်းလို့ ခိုက်ခိုက်တုန်နေခဲ့မှာပဲ။ ချစ်သူရေ.. တစ်မြေရပ်ခြားမှာမို့ သူတစ်ယောက်တော့ နီယွန်မီးရောင်တွေကြား ပေါင်တိုလှလှလေးတွေကြား ပျော်မြူးနေမှာပဲလို့ ထင်ချင်တော့ ထင်နေမှာပဲ အိမ်ပေါက်ကခြေထောက် အလုပ်ကိုလျှောက် […]


စဆရ ႀကီးDecember 6, 20141min1507
တစ်ကယ်ပါကျုပ်မလိမ်ဘူး တစ်ကယ်ကို အချစ်နဲ့ ကျုပ်မဆုံခဲ့လေဘူး ဟဲ.. ဟဲ ညာတယ်လို့ဆို တစ်ကယ်ပါ ကျုပ်.. ရင်တစ်ခြမ်းပျက်ကြွေစေလေဦး တစ်ကယ့်တစ်ကယ် ကျုပ်ညတွေ မှောင်မိုက်နေတုန်း။ ကွယ် နေသာမှ ဖြေသာတယ်လား တစ်ကယ်ဆို ငှက်တွေတောင် အိပ်တန်းအတူတက်ကြတာလား ကျုပ်ဘာလို့များ လွမ်းလို့ကျန်နေတာတုန်း အနော်မာတစ်ဖက်ကမ်းမှာ လွမ်းလို့ကျန်နေတဲ့ ယသော်ဓရာဇာတ်တစ်ခြမ်းကို ဘာလို့ စာတစ်တန်ပေတစ်ဖွဲ့ကျန်မနေတာတုန်း မောင်စိန်ဝင်းတစ်ယောက် အစွန်းတစ်ခြမ်းရောက်ထင်ရဲ့ သူလဲလေ ရင်တစ်ခြမ်းစောင်းကြီးနဲ့ အိမ်မက်အလွမ်း ဆီမီးမှိတ်တုတ် မျက်ရည်စမ်းစမ်းနဲ့ တောင်ပေါ်ကကျောင်းဆရာ ဇာတ်အလွမ်း မှန်း… ငိုလေစမ်း အိမ်မက်… အလွမ်း တဲ့ ကောင်းသန့်လို့ ဆိုလေစမ်း အလွမ်းတွေ အိမ်မက်ဖြစ်လေသလား အိမ်မက်တွေပဲ အလွမ်းဖြစ်လေသလား လက်တွေ့မှာတော့ ငါလေလွမ်းရင်းနဲ့.. ကြွေလွင့် ဒီပန်း။ ကြွေလွင့်ပန်း (၆/၁၂/၂၀၁၄)


စဆရ ႀကီးNovember 23, 20141min1407
ရှိစုမဲ့စု၊ မူးစုပဲစုနဲ့ ငါ့ကောင်းကင်ကြီးတစ်ခု တိမ်တွေကိုစုထားလိုက်တာများ ရာသီသုံးလီကျော်လို့ တစ်ရက်ကူးတောင် ဒီမိုးနှယ် တစ်ကယ်မရွာဘူး သစ်မြစ်တွေတောင် မိုးကိုမျှော်လို့ ခြောက်သယောင်းယောင်း။ ဘဝရယ် ကြယ်တွေများစုပြီးထမ်းထားသလားထင် ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ စုရင်းမောနေရတာ လတစ်စင်းလောက်သာကောက်ရမယ်ဆိုရင်တော့ လေညှင်းလေးတော့ အပိုဆုရမယ်ထင် ခုများတော့.. ပိုးစုန်းကျူးလေးတွေနဲ့ ငါ့တစ်ည လင်းလက်စေခြင်း။ နေ့ရက်တိုင်းသာ အရေခွံလဲရမယ်ဆိုရင် ငါ့ဆံပင်တွေလဲ ငွေရောင်သမ်းမယ်မထင် နှောင်းတစ်မြေ့မြေ့နဲ့ လွမ်းလို့နေဆဲပါခင် အနာဂါတ်ကိုခိုးသွားတဲ့ ပစ္စုပ္ပန်ကတော့ လှောင်လို့ရယ်ပြုံး။ အိပ်မနေတော့ပါဘူးလေ ညတစ်ည ဘယ်သူခိုးသွားတာမှတ်လို့ မနေ့ကသာ နေ့တစ်ခုကို ညကခိုးသွားတာ အနက်ရော်အပြည့်နဲ့ ဒီတစ်ညကိုပဲ စောင့်ကြည့်နေတော့မယ် ဘယ်သူသိတာမှတ်လို့။ တစ်နေဝင်တစ်မိုးချုပ်နဲ့ ငါ့ခေါက်ရိုးကျိုးထဲ ရင်ဘတ်တစ်ခြမ်း ဈာပနကိုရှု တစ်ခုခုကိုတော့ လိုနေသလားလို့ ပြန်စမ်းကြည့်တော့မှပဲ ငါ့…. တစ်ကိုယ်တည်း။ ။ (၂၃/၁၁/၂၀၁၄)


စဆရ ႀကီးNovember 14, 20141min22911
ကျုပ်ရဲ့ညတစ်ည သစ္စာကိုမရှိဘူး အိမ်မက်တွေ မက်ချင်သလိုမက်နေတာ ဆီးရီးယားကိစ္စကျနေတာပဲ လူတစ်ကာပြောစရာဖြစ်လို့ ဪ… အာရပ်နွေဦးကစတဲ့ ပုံပြင်တစ်ပုဒ်ရယ်ပါ။ နေပါဦးလေ တစ်မတ်သားတွေက ၇၅ ပြားကိုလွှင့်ပစ်မယ်တဲ့လား ကျုပ်ရင်တစ်ခြမ်းကိုပဲ ပိုင်းရောင်းပါရစေဦး တန်ဖိုးသိတဲ့သူတွေ ဈေးကြီးကြီးပေးဝယ်ကြမပေါ့ ခုများတော့ အရှက်မရှိတဲ့မျက်နှာကြီးနဲ့ တောင်းစားပါရစေဦး။ ဘာ???? ငြိမ်းချမ်းရေးအသီးအပွင့်တွေ ဝေဆာနေသတဲ့လား ဟိုလူလဲ ပြောင်းတိုပြောင်းရှည်နဲ့ ဒီလူလဲ ပြောင်းမတိုမရှည်နဲ့ လူတစ်ကာလက်ထဲ ကျိုက်ထီးရိုးသေနတ်မဟုတ်တာတွေ တစ်ရမ်းရမ်းနဲ့ မြို့ထဲမှာသရမ်းနေမှတော့ အသီးအပွင့်တွေ မဝေရင်နေပါစေလေ ယမ်းငွေ့တွေ မဝေစေလိုတော့ဘူး သူ့ဖာသာ ရောင်းဝယ်ဖောက်ကားကြပါစေပေါ့။ အနောက်တံခါးကျိုးပြီ အမည်ခြုံကုလားတွေ လှိမ့်ဝင်လို့ အတွင်းရေးမှူးရှုပ်လို့ သူတို့လို မပီမပြင်ခေါ်တဲ့ အဲ့လူကြီး ခြေရှုပ်နေတယ်တဲ့လား သူ့အရေး သူ့ဖာသာရှင်းပါစေကွယ် မီးလောင်ရာ လေမပင့်ပါနဲ့လား မင့်နဲ့မှ သန်း ၆ဝ ပြာကျသွားမယ် မသိလဲ မသိသလိုနေပါလား။ […]


စဆရ ႀကီးNovember 12, 20141min20210
ကျုပ်တစ်ယောက် ရုတ်ချည်းအိပ်ပျော်စမှာပင် နိုးထလာရလေသည်။ ပုံမှန်နေ့များဆိုလျင်တော့ ခေါင်းချလိုက်သည်နှင့် နိုးတော့မှပင် နိုးသည်ချည့်သာတည်း။ သို့ဆိုလျင် ဘယ်သူမှ နှောင့်ယှက်မည့်သူမှ မရှိတာ နိုးစရာလားဟုပင်။ ဟုတ်သည်။ ရုတ်ချည်းတဝုန်းဝုန်း၊ တဒိုင်းဒိုင်းနှင့် မှန်တံခါးတွေရော၊ခေါင်မိုးတွေရော ရိုက်ခတ်နေသံများကြောင့် အခန်းတံခါး အပြေးအလွှား ပြေးဖွင့်လိုက်သည့်အခါမှ ပြင်ပလောကြီးတစ်ခွင် မဲမှောင်မှိုင်းညိုုပြီး လေပြင်းများနှင့် အတူ မိုးသီးမိုးပေါက်များ အငမ်းမရ ကြွေကျနေလိုက်သည်များမှာတော့ ကြည့်ကောင်းလွန်းလှပါဘိ။ နံနက်ခင်းအချိန်တွင် ကြွေလွင့်ပေသည့်မိုးမို့လားမသိ၊ ခွန်နှင့်အားနှင့် မြေလွှာကြီးအား အောင်နိုင်သူအနေနှင့် ကောင်းကင်ထက်မှ ထိုးဆင်းလာသည်များမှာ မြေသင်းနံ့ရော၊ မိုးနံ့ရော ရောပြွန်းပြီး ကန္တာရ နံနက်ခင်းတစ်ခုသည် လွမ်းဆွေးခြင်းတစ်ခုကို ဆောင်ကျဉ်းလာလေတော့သည်။ များမကြာမီမှာတော့ မိုးသီးများ လွင့်ဝဲကြွေကျလာရာ မိုးသီးတို့ထိမှန်ခြင်းမှာ နာကျင်သော်လည်း သူတို့ကြား ခုန်ပေါက်ပြေးလွှားပြီး စိတ်အနာတစ်ခုအား ဖြေဖျောက်မိခြင်းလဲဖြစ်တော့သည်။ ကန္တာရမှာ ရွာလေသည့်မိုးပေမလား၊ တစ်ရံတစ်ခါများရွာသည်ကို နားမလည်တော့ […]


စဆရ ႀကီးOctober 31, 20141min18712
တစ်ချိန်တုန်းကများပေါ့.. ကျုပ်ဆိုတဲ့ကောင်တစ်ယောက် အသက်ကလေး ၁၄ နှစ်သားလောက်အရွယ်ကပေါ့၊ နေတာကလဲ တောင်ပေါ်ဒေသဆိုတော့ ဘာစီးပွားရေးမှ လုပ်စားစရာကလဲမရှိနဲ့။ နေရတာကလဲ ဝန်ထမ်းမိသားစုမှာ၊ စုစုပေါင်းမိသားစုက ၅ ယောက်၊ ကျုပ်အဖေကလဲ စစ်သားကွ၊ ငါစစ်သူတောင်းစားမဟုတ်ဘူးဆိုတဲ့ မာနကြီးတစ်ခွဲသားနဲ့ နိုင်ငံတော်က ပေးတဲ့ ရိက္ခာနဲ့ လစာကြီးကို မှီခိုပြီးစားနေရတုန်းအခါပေါ့။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ကျုပ်ရှေ့လာချပေးတဲ့ ထမင်းပန်းကန်ကို ဗိုက်ဆာနေပါလျက်နဲ့ ကျုပ်တစ်ယောက် မျက်စောင်းတစ်ချက်လေးတော့ စောင်းပြီးကြည့်လိုက်မိတယ်။ ဒီနေ့လဲ ဒါပဲဆိုတာသိနေလျက်သားနဲ့၊ ဟုတ်တယ်လေ၊ တပ်ကပေးတဲ့ ရိက္ခာဆန်ကို သကြားလေးဖြူးပြီးစားနေရတာ။ ကျုပ်အဖေက သင်တန်းသွားတက်နေရတော့ သူကတော့ သူ့ရိက္ခာကို မယူသွားပါဘူးပြောလျက်နဲ့ ဘယ်လိုလုပ် သူ့သင်တန်းမှာစားမလဲဆိုပြီးတော့ အမေက ရှင်ပဲယူသွားပါဆိုတာနဲ့ ကျုပ်တို့မှာတစ်လ တစ်ခါထုတ်ပေးတဲ့ဟာလေးနဲ့ စားနေရတာ။ လစာချန်ခဲ့လို့တော်သေးတာပေါ့။ အဲ့ဒါလေးနဲ့ စားနေရတာ။ အဖေကတော့ တပ်ကပေးတဲ့ သင်တန်းတက်ထောက်ပံ့ကြေးနဲ့။ သူလဲ […]


စဆရ ႀကီးOctober 26, 20141min1168
ပြောမယ့်သာပြောရတယ်.. ခုလိုအချိန်မှာများ ကျုပ်တစ်ယောက်ကို စတွေ့၊ သိ၊ မြင်ရတဲ့သူတစ်ယောက်ဆို ကျုပ်တစ်ယောက်များ အစားအသောက်လုပ်ငန်းနဲ့ပါတ်သက်လို့ စိတ်ဝင်စားခဲ့လေသူလား၊ လေ့လာခဲ့သူများလေလားလို့ ထင်ကောင်းထင်မိကြပါပေမယ်။ ဒါမှမဟုတ်လဲ သူလိုကိုယ်လို အလုပ်တစ်ခုကို လုပ်နေတယ်လို့ပဲ ထင်ကြပေမယ်ပေါ့။ ဆိုတော့ကာများ အဲ့လိုများဆိုရင်တော့ သူတို့ထင်တာလဲမမှားဘူးဗျ၊ ဒုတိယအယူအဆကိုပြောပါတယ်။ ကျုပ်လဲ သူလိုကိုယ်လိုပဲ အလုပ်တစ်ခုကို ဝင်လုပ်ခဲ့တယ်ဆိုရမယ်ပေါ့။ ဒါပေမယ့် အင်တာဗျူးခေါ်တော့ KFC ဆိုတာကြီးမြင်ပြီး ငတ်ကြီးကျတာလဲပါမှာပေါ့။ ပြောရမယ်ဆို အတော့်လေးကို ရှည်တယ်ဆိုရပေမယ်။ ကျုပ်တစ်ယောက် သံအလုံပိတ်ခန်းထဲမှာ လမ်းတစ်လျှောက်ပေါက်ပြဲလာတဲ့ ပလပ်စတစ်လေပိုက်လေးကနေ ရသမျှလေလေးကို အကျီင်္ထဲထိုးထည့်ပြီး ဂတ်စ်ဖြတ်တဲ့အခါဖြတ်၊ ဝရိန်ဆော်တဲ့အခါဆော်၊ ကျောက်စက်စားတဲ့အခါစား၊ ဒါမှမဟုတ်လဲ Drawing တစ်ခုနဲ့ ဘယ်လိုများ လိုင်းတစ်ခုပြေးရပါ့ဆိုပြီး ခေါင်းခြောက်နေခဲ့တဲ့အချိန်တွေမှာ နေ့လည်စာကို ကိုယ့်ဖာသာ ချက်လာတဲ့၊ အာဟာရပြည့်ဝရုံ၊ ဖြစ်သလိုပြီးပြီးရောချက်လာတဲ့ ထမင်းနဲ့ဟင်းကို နှစ်အတော်ကြာအောင်စားခဲ့ရသူအဖို့ အဲကွန်းအပြည့်နဲ့ […]


စဆရ ႀကီးOctober 24, 20141min1123
ပင်ပန်းပါပေ့၊ ကြာသပတေးနေ့မို့လား။ မနက်ဖြန်အလုပ်ပိတ်ကြတယ်ဆိုတော့ အလုပ်ကပြန်တာနဲ့ လတ်လျားလတ်လျား ကုန်တိုက်မှာ လမ်းသလားကြသူများကြောင့် ကျုပ်တို့တစ်တွေ ပြဲပြဲစင်အောင် အလုပ်လုပ်ခဲ့ရပြီးတဲ့နောက်….. စိတ်ပျက်လက်ပျက်နဲ့ ကျုပ်တစ်ယောက် အိမ်ကိုပြန်ရောက်လာတယ်။ ရောက်လာလာခြင်းကိုပဲ စိတ်တိုင်းမကျတာက စတွေ့ရတယ်။ အိမ်အဝင်တံခါးမကြီးက တံခါးမရှိ၊ ဓါးမရှိလို့ဆိုရမလားပဲ၊ ဟောင်းလောင်းကြီးဖွင့်လျက်သား။ ဝင်သွားတဲ့ငနာကောင်တွေကလဲ တံခါးလေးတောင် ပြန်စေ့ခဲ့ဖို့စိတ်မကူးဘူးလို့ တွေးမိပြန်တယ်။ အဲ့လိုတွေးမိပြန်တယ်ဆိုတော့လည်း ကျုပ်အဖို့မှာ မနက်အိပ်ယာထလို့ ဘောင်းဘီတိုလေးနဲ့ တံခါးဖွင့်လိုက်လဲ အိမ်အဝင်တံခါးမကြီးကို တန်းတန်းမတ်မတ်ကြီး မြင်နေရတော့ အိပ်ယာနိုးလဲ စိတ်ထဲက ကျိန်ဆဲ၊ ကျုပ်ဟာကျုပ် ခြံဝန်းလေးထဲ လမ်းသလားမလားလို့ ဘောင်းဘီတိုလေးနဲ့။ စွပ်ကျယ်လက်ပြတ်လေးနဲ့ ထွက်လိုက်တိုင်းလဲ မထင်မှတ်ထားပါပဲ လှမ်းကြည့်လိုက်တိုင်း ဘယ်တုန်းကမှ မပိတ်ထားတဲ့ တံခါးကို မြင်နေရတော့ သွားသွားပိတ်နေရတာလဲ ကျုပ်ဒုက္ခ။ ဪ… ပြောမယ့်သာပြောရ၊ ကျုပ်ကိုက ဒီကနေ မခွာနိုင်သေးတော့လဲ နေ့တိုင်း […]


စဆရ ႀကီးOctober 17, 20141min23617
ကျုပ်ဆိုတဲ့ကောင်ကလဲ အတော်လေးကို မကောင်းတာလား။ မကောင်းဆိုသိပ်ပြီးတော့ ကွန်ဆာဗေးတစ်ကြီးဆန်လွန်းတယ်ပဲပြောရလေမလား။ တစ်ကယ်ပါ၊ ကျုပ်ဆိုတဲ့ကောင်ကြီးကလဲ ဗမာသာမဟုတ်တာ မြန်မာဆိုတာတော့ သိပ်ချစ်သား။ မွေးကတည်းက မြန်မာဆိုတာကြီးကို မြတ်နိုးလိုက်တာများဗျာ Brain Wash အလုပ်ခံထားရတယ်ဆိုတာတောင် ကိုယ့်ကိုယ်ကိုမသိပဲ နေရင်းထိုင်ရင်း မြန်မာလို့ဆိုရတာကြီးကို ကြိတ်ကြည်နူးနေမိတဲ့ကောင်ကြီး။ ရောက်လေရာနေရာတိုင်းမှာ မြန်မာဆိုတာ ဘယ်သူမှမသိလေတော့ တက်ဘလွတ်ကြီးထုတ်၊ ဖုန်းကိုထုတ်၊ မြေပုံကြီးပြပြီး တွေ့ပလား၊ သိပလားဟ ဒါငါတို့နိုင်ငံကြီးလေ၊ ငါတို့နိုင်ငံကြီးက ၅၅ သန်းလောက်သော လူဦးရေလေးနဲ့ ၂၆၁၂၂ရ စတုရန်းမိုင်အကျယ်အဝန်းမှာနေတယ်ဆိုတော့ ဖိလစ်ပိုင်မတွေ၊ ဘင်္ဂါလီတွေက အံ့ဩလို့။ အဟင်း… ရှက်ရှက်နဲ့ သူတို့ထပ်ပြောတာများ အမှန်အတိုင်းဝန်ခံရမယ်ဆိုလျင်တော့ သူတို့မှတ်ချက်ချတာက နင်တို့မြန်မာတွေ ကလေးလဲ များများမမွေးနိုင်ကြဘူးထင်တယ်နော်တဲ့။ ဆိုတော့ ဘယ်ရမလဲဗျာ။ မြန်မာဆိုတာ သွေးရဲကြောင်း ခပ်ကြမ်းကြမ်းလေးပြလိုက်တယ်။ ဖားတွေလဲ ရော့နင်တစ်ယောက်ယူ၊ ကျန်တာတွေလဲ နင်ကတော့ […]