စဆရ ႀကီးSeptember 11, 20111min12410
နံနက်ဆိုင်ရောက်သည်နှင့် ဆိုင်တံခါးဖွင့်၊ ဆိုင်မှ အလုပ်သမားများဖြင့် သန့်ရှင်းရေးလုပ်ပြီးသည့်နောက် ဆိုင်ရှေ့ရှိလမ်းမပေါ်တွင် ဆန်ကွဲအိတ်များချရန် အသီးသီးစောင့်ကြိုနေကြသည့် ကားများကို စိတ်မသက်မသာ တွေ့မြင်ရတော့သည်။ ကားသမားများမှာလည်း နေရာမရဖြစ်နေရှာသည်။ ၎င်းတို့မှာ ကံကော်လမ်းတိုတိုလေးကို အချိန်ကြာမြင့်စွာ ဖြတ်ကျော်ခဲ့ပြီးမှ ရောက်ခဲ့ကြသည်မို့ ကုန်မြန်မြန်ချပြီး ပြန်လည်ထွက်ချင်နေကြသည်မှာ ဆိုင်ရှေ့သို့ ရောက်ကတည်းကပင်ဖြစ်သည်။ သက်ဆိုင်ရာ ရေတင်အသီးသီးမှ ပေးသည့်စာရင်းများအရ ဆန်ကွဲအိတ်များကို ချရသည်။ အကြမ်းအားဖြင့် ၂ ပိုင်းကျိုး၊၃ ပိုင်းကျိုး၊ ၄ ပိုင်းကျိုးနှင့် ဖွဲ/ဇကွဲ ရောရာတို့ဖြစ်သည်။ ကားပေါ်မှချသည်နှင့် မိမိအောက်တွင် ဆန်ကာ ၃ခု၊ လက်တွင် ကလောင်တစ်ချောင်းဖြင့် ကားပေါ်မှ ထမ်းဆင်းလာသမျှအိတ်တို့ကို မလွတ်တမ်းထိုးပြီး အမျိုးအစားကို အော်ပြောရသည်က တစ်မျိုး၊ ဆိုင်အတွင်း သက်ဆိုင်ရာ ပိုင်ပုံတွင် ချ/မချ ပြူးပြဲကြည့်ရသည်ကတစ်ဖုံ၊ ပိုင်ရှင်အဖွားကြီးမေးသမျှကို မနားတမ်း ပြန်လည်ဖြေကြားနေရသည်နှင့် […]


စဆရ ႀကီးSeptember 11, 20111min34114
ရန်ကုန်သို့ရောက်ပြီး ၂ နှစ်ခန့်အကြာတွင်ဖြစ်ပါ၏။ ထိုစဉ်က ကျွန်တော်သည် နေ့စဉ် ဘီယာရီဝေဝေဖြင့် ဘဝကို ပေလယက်ကန်ဖြတ်သန်းနေချိန်လဲဖြစ်၏။ ၁။ စက်ရုံသို့ ပုလင်းများသွင်းသော စော်ဘွားကြီးကုန်း ကုလားများ၏ လူယုံမှာ ကိုဝင်းဦးဆိုသော မြန်မာအမျိုးသားဖြစ်သည်။ ထိုသူမှာလည်း ဘီယာအတော်ကြိုက်တတ်သောသူ ဖြစ်သောကြောင့် ကျွန်တော်နှင့် အတော်ပင် ပလဲပနံသင့်လေသည်။ ပုလင်းကားတစ်စီးဆိုက်သည်နှင့် ပုလင်းများချနေချိန်တွင်လည်းကောင်း၊ ပုလင်းများ ရွေးချယ်စီစစ်နေစဉ်တွင်လည်းကောင်း ရောက်တတ်ရာရာ စကားများကို ပြောဆိုတတ်ကြလေသည်။ ထိုစဉ်က ကျွန်တော်သည်ကား အရွယ်အားဖြင့် ၁၉ နှစ်သာသာ ရှိသေးသော်လည်း ကိုဝင်းဦးမှာ အသက် ၂ရ အရွယ်တိုင်အောင် ရှိနေပြီဖြစ်သည့်အတွက် ၎င်းထံမှ အတွေ့အကြုံများကို နားထောင်ရုံသက်သက်သာဖြစ်သည်။ တစ်ရက်တွင်မတော့မူ ကျွန်တော်သည်လည်း ထိုစက်ရုံတွင် မဖြစ်စလောက်လစာလေးဖြင့် လုပ်ကိုင်နေရသည်ကို စိတ်ပျက်မိကြောင်းပြောရာမှ တစ်ဆင့် ကိုဝင်းဦးနှင့် အလုပ်အကြောင်းများ ဆက်စပ်မိလေသည်။ ဘော်တယ်ကုလားလောကသို့ […]


စဆရ ႀကီးSeptember 8, 20111min22718
ကန္တာရ၏ နံနက်ခင်းနေကား ပူလောင်လှပါဘိ။ ယနေ့မှ ကြို/ပို့ကားမရှိသဖြင့် နေပူကျဲကျဲတွင် ဆယ်မိနစ်ခန့်လမ်းလျှောက်ရုံမျှဖြင့် ရောက်ရှိနိုင်သော ကေအက်(ဖ်)စီ (ကန်တပ်ကီ ကြက်ကြော်ဆိုင်) သို့ ချွေးတစ်လုံးလုံးဖြင့် အဖော်မပါ တစ်ယောက်တည်းခြေလှမ်းများဖြင့် ခပ်သုတ်သုတ် လှမ်းခဲ့မိလေသည်။ ယနေ့နံနက်ပိုင်းတွင် VZO မှတစ်ဆင့် စကားဖောင်ဖွဲ့နေသည်မှာ အလုပ်ချိန်တိုင်မှကွန်ပျူတာရှေ့မှ ခွာမိသဖြင့် ၁ဝ မိနစ်ခန့် အလိုအလျောက်ပင် နောက်ကျနေပြီဖြစ်သည်။ ကိစ္စမရှိပါ.. အမြဲတမ်းနောက်ကျနေတတ်သဖြင့် ထူးပြီး ဆန်းမလာတော့ပါ။ ဆိုင်သို့အရောက်တွင် India ဖွားအမျိုးသား Jeejish မှ မျှော်လင့်တစ်ကြီးဖြင့် စောင့်မျှော်နေသည်ကို တွေ့ရသည်။ ဆိုင်ကို စတင်ဖွင့်လှစ်ရသည်မှာ သူနှင့်ကျွန်တော် နှစ်ဦးသာဖြစ်သည့်အတွက် သူတစ်ယောက်တည်း ဆိုင်ထဲသို့ဝင်ရန် မဖြစ်နိုင်ပေ။ လုပ်ငန်းသဘာဝအရ ဆိုင်ရှိတံခါးများ ပွင့်နေ/မနေကို လိုက်လံ စစ်ဆေးရသည်။ ဆိုင်မှာ မှန်များဖြင့်သာ အများအားဖြင့်ကာရံထားသော်လည်း မည်သည့်အခါမျှ […]


စဆရ ႀကီးAugust 25, 20111min17713
ထိုစဉ်က ကျွန်တော်သည် ဘာမှ မသိသော၊ တစ်ခါဖူးမျှ မကြုံဆုံခဲ့ဖူးသော Restaurant Field အတွင်းသို့ မိုက်မိုက်ကန်းကန်း ရွေးချယ်လုပ်ကိုင်ရန် ရောက်ရှိလာခြင်းဖြစ်ပါ၏။ (၁) အရှေ့အလယ်ပိုင်းနိုင်ငံသည်ကား ကျွန်တော်တို့ လူတစ်သိုက်အား အေးချမ်းခြင်းနိမိတ်ဖြင့် လမ်းတစ်လျှောက် ရေနှုတ်မြောင်းများ မရှိသည့်အလျောက် ရေတစ်ဖွေးဖွေးဖြင့် ဆီးကြိုနေသည်ကို တွေ့ရလေသည်။ လာရောက်ကြိုဆိုသော ကားပေါ်တွင်မူ မိန်းကလေး(၃)ယောက်၊ ကျွန်တော်အပါအဝင် ယောကျာ်းလေး(၉)ယောက်တို့သည်ကား လမ်းဘေးဝဲယာမှ သွားလာနေကြသော ကားများကိုလည်းကောင်း၊ အတွန့်တွန့် အတက်တက်ဖြင့် ရေးသားထားသော ဆိုင်းဘုတ်များကို ငေးမောရင်းဖြင့် လိုက်ပါလာကြသည်။ စုစုပေါင်း ၁ရ နာရီခန့်ကြာမြင့်အောင် လေယာဉ်စီးနင်းလာရသော်လည်း အတွေ့အကြုံသစ်ဖြစ်သည့်အတွက် မည်သူမျှ ပင်ပန်းနွမ်းနယ်သည်ဟု မခံစားမိကြပေ။ ကျွန်တော့်မှာမူကား ယခင်နေထိုင်ခဲ့ဖူးသည့်နိုင်ငံနှင့် ယှဉ်ကာ ကြည့်ကြည့်သောအခါ အလွန်တရာမှပင် ခြောက်သွေ့သည်ဟု ခံစားမိသည်။ ကျွန်တော်တို့ လူတစ်သိုက်မှာ ရုံးချုပ်ရှိ […]


စဆရ ႀကီးAugust 16, 20111min26525
ဒီနေ့မှပဲ သူကြီးက https://myanmargazette.net/61381/uncategorized-other/copypaste မှာ ဆွေးနွေးဖို့ဖိတ်ခေါ်ထားတာ တွေ့မိလို့ အဲလို စာကြောင်းလေးငါးကြောင်းလောက် ရေးထားတဲ့ Post တစ်ခုမှာ ဝင်မန့်ရင် နောင်ကို အဲလောက်ပဲရေးမယ့်သူတွေအတွက် အားပေးအားမြှောက်ဖြစ်မယ်ဆိုတာ တွေးမိလို့ ဒီနေရာကနေပဲ ကိုယ်ပိုင်အာဘော်ကို ရေးလိုက်ရသပေါ့ဗျာ။ ပြောရမယ်ဆိုရင် ဒို့မြန်မာတွေ သိပ်ပြောနေကြလွန်းတဲ့ မြန်မာ့ ဝတ်စားဆင်ယင်မှုကိုပဲ အဓိကထားပြောကြည့်တာပေါ့။ မြန်မာအမျိုးသားဆိုရင် ပုဆိုး(လုံချည်)နဲ့ တိုက်ပုံ၊ အမျိုးသမီးဆိုရင် ရင်ဖုံးနဲ့ ချိတ်ထမီပေါ့ (ယောကျာ်းဝတ် ချိတ်ထမီများကို မဆိုလို)။ ဒီတော့ကာ အဲဒီဝတ်စုံတွေက မြန်မာတွေဖာသာ သီးသန့်တီထွင်ခဲ့တဲ့ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန် ဖြစ်ပါရဲ့လား? ခုနေမှာ သိပ်ပြောနေကြလွန်းတဲ့သူတွေ သမိုင်းနဲ့ယှဉ်ကြည့်ကြပါစို့လို့ ပြောချင်တယ်။ ကျွန်တော်ကိုယ်တိုင်ကလဲ သမိုင်းပညာကို လေ့လာလိုက်စားနေတာ မဟုတ်တဲ့အတွက် ကိုယ်ပိုင်အမြင်တစ်ခုကိုပဲ ဆွေးနွေးကြည့်တာပေါ့။ ခေတ်အဆက်ဆက် မြန်မာတွေ ဝတ်စားဆင်ယင်မှုကို သေချာကြည့်ကြမယ်ဆိုရင် […]


စဆရ ႀကီးAugust 11, 20111min17813
ငါဟာ မြန်မာပါ။ ငါဟာ မြန်မာပြည်ထဲက လူမျိုးနွယ်စုတွေထဲက လူတစ်ယောက်ဖြစ်တဲ့အတွက် ငါဟာလဲ မြန်မာပါပဲ။ ဒုဋ္ဌဝတီနဲ့ ကြီးပြင်းလာရပေမယ့်လည်း သူ့ရဲ့အရှင်သခင် ဧရာဝတီကို ငါမြတ်နိုးတယ်။ ငါ့သမိုင်းမှာ ဧရာဝတီဟာ မှတ်သားလောက်စရာ ကျေးဇူးမပြုခဲ့ပေမယ့်လည်း မြန်မာနိုင်ငံ အဓွန့်ရှည်နေခဲ့ဖို့ အဓိကအကျဆုံး သမိုင်းတွေကို ဖန်တီးခဲ့လို့ ငါလေးစားတယ်။ သူစီးဆင်းနေခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ စပါးကျီ ဖြစ်ပေါ်ခဲ့ရတဲ့အတွက်လည်း ငါကျေးဇူးတင်တယ်။ ကမ္ဘာမှာ မြန်မာလို့ သိရှိစေနိုင်တဲ့ ဧရာဝတီလင်းပိုင်တွေကို ရင်ဝယ်ပိုက်ထွေး မွေးမြူစေခဲ့တဲ့ သင့်ကို ငါ ချစ်ခင်ပါပေတယ်။ နိုင်းမြစ်ကြီးလောက် မရှည်ပေမယ့် မြန်မာနိုင်ငံရဲ့ အတွင်းအကျဆုံးအပိုင်းကနေ မျိုးချစ်စိတ် ထက်သန်စွာနဲ့ နှစ်ပေါင်း ထောင်သောင်းချီအောင် စီးဆင်းနေတဲ့ သင့်ကို ငါ ချီးကျူးတယ်။ မြစ်ဝါကြီးတော့ တိမ်ကောတော့မယ်။ သူ့လူမျိုးကတော့ ချစ်ကြပါရဲ့။ ခုတော့ ကယ်ဆယ်ဖို့ […]


စဆရ ႀကီးAugust 7, 20111min32622
၁။ ထိုစဉ်က ကျွန်တော်သည် အတော်ပင်ငယ်ပါသေး၏။ တောင်ပေါ်မှ မဟာရန်ကုန်ဟုခေါ်တွင်အပ်သော ရန်ကုန်မြို့သို့ မိဘများနှင့်အတူ မအူမလည်ဖြင့် ရောက်ရှိခဲ့စဉ် အချိန်ကာလကပင်ဖြစ်ပါသည်။ ဆယ်တန်းစာမေးပွဲကိုဖြေဆိုပြီးသောအခါ ကျွန်တော်၏ ပညာသင်ကြားခြင်းသည်လည်း အလိုအလျောက်ပင် ဆုံးရှူံးသွားပြီဖြစ်သော အခါပင်ဖြစ်လေသည်။ အသက် ၁၆ နှစ်ကျော်ပြီဖြစ်သည့်အတွက် ငွေရှာဖွေရပေတော့မည်။ ပင်စင်စားမိဘ၏ ဝင်ငွေဖြင့် ကျွန်တော့်အား လောက်ငှအောင်မကျွေးနိုင်တော့ကြောင်း မိဘများမှ အသိပေးသဖြင့် အလုပ်ရှာဖွေရလေပြီ။ သို့ကလိုဖြင့် ကျွန်တော်သည်ကား ရန်ကုန်မြို့နှင့် အတော်အလှမ်းဝေးရာ၊ တောရွာလေးတစ်ရွာတွင် ခမ်းခမ်းနားနား တည်ဆောက်ထားသော မြန်မာနိုင်ငံရှိ သိပ်မများလှသော ဘီယာစက်ရုံ(၃)ရုံအနက်မှ တစ်ရုံတွင် Store Keeper ရာထူးကို တစ်လလျင် မြန်မာငွေ ၈၀၀ဝ ကျပ်တိတိဖြင့် အလုပ်ခန့်အပ်ခြင်း ခံရလေတော့သည်။ ၂။ စက်ရုံ၏ တည်နေပုံကို အကျဉ်းချုံးဖော်ပြရလျင် ရန်ကုန် အမှတ်(-) လမ်းမကြီးဘေးတွင် […]


စဆရ ႀကီးJune 22, 20111min21811
ဒီရက်ပိုင်းအတွင်းမှာ စာတွေအတော်များများ တက်လာတော့ ဖတ်နေရပါတယ်.. ဒါပေမယ့် ကိုယ်ပိုင်စာတွေအရေးကောင်းတဲ့ Hmee ပြောသလိုပါပဲ၊ ကိုယ့်ရဲ့စိတ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အရေးအသားတွေနဲ့ ရေးတင်နေကြသူတွေ၊ ကိုယ်ပိုင်အတွေ့အကြုံတွေကို ရေးသားတင်ပြနေကြတဲ့ စာရိုက်သူတွေ၊ ဥပမာဆို “ဆူး”၊ ကျွန်တော်ကိုယ်တိုင်ဆိုရင်လဲ ဒီ Site ကို ဝင်ရောက်ဖတ်နေကြတဲ့သူတွေ ပညာရရှိစေရေးအတွက် KFC ကြက်ကြော်နည်းတွေကို အသေးစိတ် ရေးပြဖို့ရှိသလို တစ်ခြားသော ဗဟုသုတရဖွယ်ရာတွေကို ချပြဖို့ရာ အများကြီးရှိနေပါတယ်။ ဒါပေမယ့်လည်း… ကိုယ်တင်လိုက်တဲ့ Post တစ်ခု (ကိုယ့်အတွေးနဲ့ကိုယ်ဆို သိပ်ကို တန်ဖိုးရှိမယ်လို့ထင်တဲ့ စာတွေ)ခမျာ တစ်ရက်တာတောင် စံမြန်းခွင့်တွေမရဘဲ အလိုလို နောက်ရောက်သွားရရှာလေတော့ Keyboard ပေါ် လက်တင်လိုက်တာနဲ့ စာရေးချင်စိတ်တွေ ကုန်သလောက်တော့ ရှိနေတာအမှန်ပဲပေါ့လေ။ လူသစ်တွေ များပြားလာတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်စာတွေကိုတော့ […]


စဆရ ႀကီးJune 16, 20111min14710
ကျွန်တော်ငယ်စဉ်က Game များများစားစား မကစားဖူးပါ။ အရွယ်ရောက်လာသောအခါတွင်လည်း အလုပ်နှင့် ကျောင်းနှင့် မနည်းအချိန်လုနေရသောကြောင့်လည်း မကစားဖြစ်ခဲ့ပါ။ ယခုလိုအချိန်ဆိုလျင်တော့မူကား ဆိုဖွယ်ရာမရှိတော့ပြီကို သဘောပေါက်လောက်မည် ထင်ပါသည်။ ပြောရမည်ဆိုလျင် ကျွန်တော်လည်း ငယ်စဉ်က သူများတွေ ကစားနေကြစဉ် မိမိကိုယ်တိုင် လိုက်ပါကစားချင်သော်လည်း ငွေကြေးမပြည့်စုံမှုကြောင့် မိမိအိမ်တွင်လည်းမရှိ၊ အပြင်တွင်လည်းမကစားခဲ့သောကြောင့် Game ကစားခြင်း၏ Feel ကို ယခုတိုင်အောင် မခံစားတတ်ပါ။ တစ်ခါကဖြစ်မည်ထင်ပါ၏။ Game ကစားခြင်းဖြင့် လူငယ်များ၏ ဖြတ်ထိုးဉာဏ်ကို ပိုမိုကြွယ်ဝလာစေနိုင်ကြောင်း ဖတ်ဖူးပါသည်။ ဖြစ်နိုင်ပါသည်။ ယခုရက်ပိုင်းတွင် ငယ်စဉ်က သူငယ်ချင်းတစ်ဦးနှင့် ပြန်လည်ဆုံတွေ့ဖြစ်သည်။ ၎င်း၏အသက်မှာ ၃ဝ ကျော်နေပြီဖြစ်သည်။ အိမ်ထောင်မရှိ၊ တစ်ကိုယ်တည်း အဆောင်တွင်ငှားနေသူဖြစ်သည်။ ကျွန်တော်နေထိုင်ရာတိုက်ခန်းတွင် ဟိုဘက်အခန်း၊ ဒီဘက်အခန်းနေထိုင်ကြပြီး ရုတ်တရက် ပြန်လည်ဆုံတွေ့ကြခြင်းဖြစ်သည်။ မှတ်မိစရာပင်မရှိ၊ မျက်ကွင်းများညိုနေသည်။ သူသွားစရာရှိသည်ဟုဆိုသဖြင့် […]


စဆရ ႀကီးJune 13, 20111min8611
ရွာလိုက်တဲ့မိုးနည်းနည်းမှ စဲမယ်မထင်ရော့ ညို့ကာမှိုင်း ရှစ်တိုင်းတစ်ခွင်လုံး။ မျှော်နေတုန်းပေါ်လာ သူရိယနေမင်းကြီး ထွန်းကာလင်းတော့ လှလိုက်တဲ့မြင်ကွင်း ရှူကာသာကြည့်ပါလော့ ဗွက်အိုင်တွေ တဗွမ်းဗွမ်းပေါ် လူ/ကား/လှည်း ဖြတ်ကာသာသွားကြ ရေနှုတ်မြောင်းမနိုင်၊ လမ်းပေါက်တွေအိုင်ထွန်း ချောကျိကျိ မြေလမ်းတွေပေါ် တောင်ကိုယိမ်း၊ မြောက်ကိုယိုင် ချစ်သူကိုထိန်းကာသာ လှမ်းလို့ရယ်လျှောက်နေတော့မယ် အိုဘယ့်… ရန်ကုန်လမ်း။ ။


စဆရ ႀကီးJune 13, 20111min978
ပြောရမယ်ဆိုရင်တော့ ရောက်တုန်းရောက်ခိုက် တစ်ခြားတစ်ယောက်က ပြောပြလို့ သေသေချာချာ ရှာရိုက်ထားတဲ့ပုံလေးပါ။ တော်တော်လေးကို လက်ရာပြောင်မြောက်ပါပေတယ်.. .


စဆရ ႀကီးMay 29, 20111min501
လူသားမိဘနှစ်ဦးမှ လက်နှစ်ဖက်ကြားတွင် ဦးခေါင်းတစ်လုံး၊ အောက်ပိုင်းတွင် ကိုယ်ခန္ဒာကို နှစ်ခြမ်းဖြဲပြီး သွားလာနိုင်စေရန်အတွက် ခြေထောက်နှစ်ချောင်းဖြင့် မွေးဖွားလာခဲ့သူ ဘယ်သူမဆို “လူ” ဟူသည့် မျိုးနွယ်ဝင်တစ်ယောက်အဖြစ် အလိုအလျောက် သတ်မှတ်ခြင်း ခံရပြီးဖြစ်လေ၏။ သို့သော် လူ့ပါတ်ဝန်းကျင်က လက်ခံသည့် လူသားတစ်ယောက် မဟုတ်သေးပါ။ လောကကြီးသို့ အငိုသံဖြင့်စတင်ဝင်ရောက်လာသည့် လူသားတစ်ယောက်အား အဘယ့်အတွက်ကြောင့်များ အသက်စောစီးစွာ ရှူနေကြသည့်သူများမှ ဝမ်းသာအဲလဲ ကြိုဆိုနေကြပါသနည်းဟု ကျွန်တော်အတော်အတန်လေး အသက်အရွယ်ရလာသောအခါ ဘုကျကျ စဉ်းစားဖူးလေ၏။ ဒီလိုဖြစ်မည်ထင်ပါ၏။ သူတို့လိုပဲ လူ့လောကကြီး ဆင်းရဲခြင်းအပေါင်း၊ သုခအပေါင်းတို့ကို မျှဝေခံစားမည့် သတ္တဝါတစ်ကောင် မွေးဖွားလာခြင်းဟု ပျော်ရွှင်နေကြခြင်းဖြစ်မည်ထင်ပါ၏။ ငါ ဟူသော အသိဉာဏ်လေး မရှိသေးခင်အချိန်ထိ ကျွန်တော်သည် ချမ်းသာခြင်းသုခ အပြည့်အဝရှိနေသော ဘာမှန်းမသိသည့် ရုပ်လဲမရှိ၊ နာမ်လဲမရှိသော ဘာဆိုဘာမှ မရှိသော ကျွန်တော်ဖြစ်နေမည်ထင်ပါ၏။ […]