စဆရ ႀကီးMay 3, 20111min19616
မြန်မာပြည်ပြန်ပါမည်… တမ်းတမ်းတတ လွမ်းခဲ့ရသော အမိမြေသို့ ပြန်ရပါတော့မည်.. ကြိုတင်တွေးကာ အောက်ပါအတိုင်း ပြင်ဆင်ထားမိသည်။ လေဆိပ်မှ ကောင်းမွန်စွာ အပြင်သို့ထွက်နိုင်စေရန်အတွက် လိုအပ်သည့်အရာများကို အိပ်ကပ်ထဲတွင် အသင့်ဆောင်သွားပါမည်။ မိမိ၏ အထုပ်အပိုးများကို အကောင်းအတိုင်း ရရှိစေရန်သော်လည်းကောင်း၊ ပျောက်ရှခြင်းမရှိစေရန်အတွက်သော်လည်းကောင်း တတ်သမျှ၊ မှတ်သမျှ ဆုတောင်းများကို လေယာဉ်ဘီး မြေပြင်သို့ စတင်ထိတွေ့သည်နှင့် ဆုတောင်းနေပါမည်။ လေဆိပ်မှအထွက် မိမိအထုပ်အပိုးများအား တရားဝင်လုယက်သူများလက်ဝယ်သို့ မရောက်ရှိစေရန် မိမိကိုယ်တိုင် အစွမ်းကုန်စောင့်ရှောက်ပါမည်။ အဲကွန်းမပါသော ရှေးဟောင်းသမိုင်းဝင် အငှားယာဉ်များအား စီးနင်းစဉ်တွင် ခါးပါတ်ကြိုးလဲ မရှိသောကြောင့် ကိုယ့်ခါးပါတ်ကိုယ် ထိုင်ခုံတွင် မြဲအောင်ချည်ပြီး ညီညာပေါက်ပြဲလှသော လမ်းမများထက်တွင် စိတ်ရှည်သည်းခံတတ်စေရန် ပြင်ဆင်ထားပါမည်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သည့်အားလျော်စွာ မိမိနိုင်ငံသို့ အလည်ပြန်ရောက်စဉ် ဧည့်သည်အဖြစ် ညစဉ် ဧည့်စာရင်းတိုင်ပါမည်။ ပျက်လိုက်၊ မလာလိုက်ရှိတတ်သော လျှပ်စစ်မီးများကို အန်တုရင်ဆိုင်ရန်အတွက် […]


စဆရ ႀကီးApril 29, 20111min23534
ကိုင်း… ဖွလိုက်ပါပြီ ခေါင်းစဉ်တစ်ခုတော့၊ ဒီ Site ထဲမှာ ဘာသာရေးအကြောင်း အတော်အတန်အပြောများနေလို့ မေးခွန်းထုတ်လိုက်ခြင်းပါ။ ကျမ်းဂန်လာတွေကို ဖွင့်ဆိုပြနိုင်သူတွေ အတော်ပဲများပါတယ်။ သေချာဖတ်ကြည့်ရာတွင်မူ ဘာမှ နားမလည်ပါ။ ဉာဏ်တိမ်သည်ဟုပဲဆိုဆို၊ တုံးလွန်းသည်ဟုပဲဆိုဆို နားမလည်သည်မှာတော့ အမှန်ပါ။ ကျွန်တော်သည် ငယ်စဉ်ကပင် ဘာသာရေးဟူသောခေါင်းစဉ်ကို အတော်လေး စိတ်ဝင်စားပါသည်။ မြန်မာနိုင်ငံမှ ပထမတန်းစား ဘာသာရေးနှင့် ဒုတိယတန်းစား ဘာသာရေးကို လက်လှမ်းမှီရာ လေ့လာဖူးပါသည်။ အတော်အတန်လဲ ကျင့်ကြံခဲ့ဖူးပါသည်။ ကျေနပ်အားရခြင်းမရှိပါ။ ထို့ကြောင့် ယခုအခါ ကျွန်တော့်အား ဘယ်ဘာသာလဲဟု မေးလာလျင် ဘယ်ဘာသာမှန်းမသိပါ။ ငယ်စဉ်က မိရိုးဖလာဖြစ်ခဲ့ပါ၏။ ကြီးလာသောအခါ ဒီဇင်ဘာ ရက်များကို မြတ်နိုးစွာ ဖြတ်ကျော်ခဲ့ဖူးပါ၏။ လက်ရှိတွင်မတော့ ဖြစ်နေသမျှကို မေးခွန်းပေါင်းများစွာထုတ်ရင်း ကျော်လွှားနေသောသူ… လူတစ်ယောက်ဖြစ်ပါသည်။ ယခင်နှင့်ယခု ဘာများထူးခြားစွာ ဖြစ်ပျက်ပြောင်းလဲခဲ့ပါသလဲဟုမေးလျင် […]


စဆရ ႀကီးApril 26, 20111min16110
ရွာထဲမှာဆူ ပူနေပေါ့လား ဟိုကယူ ဒီကယူလူတစ်ရောက်ရယ်ကို ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာလုပ်စေရော့ရယ်လို့ ထောက်ခံသူကထောက်ခံ ကန့်ကွက်သူက ကန့်ကွက်နဲ့ ပင်တိုင်ရေးစာပေကို ပေါ်တင်ပင်ကူးချခံရကာမှ မျက်လုံးပြူး မျက်ဆန်ပြူးရယ်ကွဲ့ ဝိုင်းကာဝန်း ပြောကာပင်ဆိုကြပါငြား ရာဇသံမည်မျှပင်ဆိုစေကာမူ တုတ်တုတ်ပင် မလှုပ်တာရယ်ကြောင့် သူကြီးရေ.. ကျောပြင်ကို ဗျောတင်လို့သာ ဝေးရာကို သွားစေဖို့အရေး နှင်ပါတော့ မနှေး။ ။ (တ’;ဂွမ်းခေ;)


စဆရ ႀကီးApril 24, 20111min16614
၁၉၈ဝ ကျော်ကာလ၏ တစ်ခုသောချမ်းအေးလှသည့် Mandalay ၏ နံနက်စောစောပိုင်းတွင် တပ်တွင်းဆေးခန်းမှ သူနာပြုဆရာမများနှင့် သူနာပြုတပ်သားများမှာ လွန်စွာ အလုပ်များလျက်ရှိကြလေ၏။ ညကတည်းက ရောက်လာသော မွေးလူနာ၊ တပ်ကြပ်ကြီးကတော်သည်လည်း ကုတင်ထက်တွင် ညည်းငြူသံများပြုလျက် မွေးဖွားရန် အသင့်ဖြစ်နေသည်။ သားဦးမဟုတ်သော်လည်း ဆေးဝါးမစုံလင်သည့် တပ်တွင်းဆေးခန်းဆိုတော့လည်း သူနာပြုဆရာမကြီးမှာ အတော်ပင် ပူပန်လျက်ရှိလေသည်။ မျက်ပါးရပ်နှင့် ပြည်သူ့ဆေးရုံကြီးမှာ အတော်ပင်နီးသော်လည်း ညကြီးအချိန်မတော်ဖြစ်သောကြောင့် အရေးကြုံက သွားရန်လာရန် ခက်ခဲသောကြောင့် ဖြစ်သည်။ နံနက် (၄း၃၅) ကလေးငယ်တစ်ယောက်၏ လူ့လောကအတွင်းသို့ အငိုဖြင့် စတင်ဝင်ရောက်လာသံကို ကြားရသည်။ ဖခင်စစ်သားကြီးမှာ ပြုံးပျော်နေလေ၏။ မိခင်လတ်လတ်ဆတ်ဆတ်မှာလည်း ပင်ပန်းနာကျင်ခဲ့ရသမျှကို အပြုံးတစ်ပွင့်ဖြင့် ဖြေဖျောက်နိုင်လေပြီ။ သူနာပြုများမှာလည်း ပူပန်မှုများ ကင်းစင်သွားသောကြောင့် ယခုမှပင် သက်ပြင်းချနိုင်သည်။ ကလေးမှာ သားယောကျာ်းလေးဖြစ်သည်။ နေတက်၊ ရေတက် […]


စဆရ ႀကီးApril 22, 20111min12115
စတင်ပါမည်… ကိုယ်ပိုင်အမြင်သီးသန့်ဖြင့်သာ ရေးသားဆွေးနွေးပါမည်.. ကျန်ရှိသောသူများသည်လည်း ဝင်ရောက်ဆွေးနွေးမည်ဟု မျှော်လင့်ပါကြောင်း။ ဦးစွာပထမ ယောကျာ်းနှင့်မိန်းမတွင် သိသာခြားနားစွာ ကွဲပြားချက်မှာ နူးညံ့ခြင်းနှင့် သန်မာခက်ထန်ခြင်းဟူသော နှစ်ခု ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါလျက်နှင့် ပေါင်းဆုံမိရန်ကြိုးစားနေကြခြင်းနှင့် ပေါင်းဖက်ပြီးနောက် ထိုအရာနှစ်ခုကို မတူညီသောနှစ်ခု ပေါင်းစပ်ခြင်းမှ ထိုကဲ့သို့သော မတူညီရာ အရာပေါင်းများစွာကို မျိုးဆက်ပွား လက်ဆင့်ကမ်းလာသည်မှာ ယနေ့တိုင်အောင်ဖြစ်သည့်အတွက် ကျွန်တော်သည်လည်းကောင်း၊ ခင်ဗျားသည်လည်းကောင်း၊ သူတစ်ပါးတို့သည်လည်းကောင်း၊ ယောကျာ်း၊ မိန်းမတို့သည်လည်းကောင်း တည်ရှိနေကြခြင်း ဖြစ်ပေသည်မဟုတ်ပါလား။ ကျွန်တော့်အား လူ့လောက၏ ဆင်းရဲခြင်း၊ ချမ်းသာသုခအစရှိသည်တို့ကို ခံစားစေရန်အတွက် ကျွန်တော့်မိဘများမှ သားဟုကင်ပွန်းတပ်၊ လူ့ဘောင်လောကတွင်းမှ လူသားများ၏တာဝန်ကို ကျေပြွန်စွာထမ်းဆောင်ရင်း Mandalay၊ မျက်ပါးရပ်ရှိ တပ်တွင်းဆေးခန်းတစ်ခုတွင် လောကကြီးအား အငိုမျက်ဝန်းဖြင့်စတင်မွေးဖွားပေးခဲ့သည်။ ကျွန်တော်ထင်ပါသည်… ဒီလောကတွင် တစ်စုံတစ်ယောက်ငိုကြွေးနေခြင်းအား ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုကြသည်မှာ သားသမီးများ၏ မိဘများပင်ဖြစ်မည်ထင်ပါသည်။ ထိုအချိန်မှစတင်ပြီး […]


စဆရ ႀကီးApril 21, 20111min20020
အမြဲတမ်း ဖတ်ရှုပေးနေတယ်လို့ ယူဆရသော ဆူး၏တောင်းဆိုမှုအရ ဒီ Post လေးကို ရေးလိုက်သည်ဟု ဦးစွာဝန်ခံပါရစေ။ ထို့နောက်တွင်မတော့ ဘာမှ မရှိသော ကျွန်တော့်တွင် ရှားရှားပါးပါး ရှိနေသော၊ ပိုင်ဆိုင်သည်ဟုထင်ရသော၊ တစ်ဦးတည်းသော ဂရုစိုက်ပေးသူ… သူ…. သူမအကြောင်းကို စတင်ပါတော့မည်။ စိတ်ဝင်စားက ဆက်လက်ဖတ်ရှုကြပါကုန်။ စိတ်မဝင်စားပါက ဒီနေရာတွင်ပင် ရပ်လိုက်ကြနိုင်ပါသည်။ ကျွန်တော်သည် လွတ်လပ်မှုကို အတော်ပင် မြတ်နိုးပါသည်။ မလွတ်လပ်ခဲ့သည်မှာ မွေးကတည်းကမို့လား။ (စတွေ့ချိန်) အရာအားလုံးနှင့် ဝေးကွာခဲ့ပြီးနောက် တစ်ကိုယ်တည်း အထီးကျန်နေရချိန်များတွင် အင်တာနက်ကို ဖောသီစွာ သုံးခွင့်ရသောနိုင်ငံတစ်ခုသို့ရောက်ရှိနေသော ကျွန်တော်သည် မိမိကိုယ်ပိုင် ကွန်ပျူတာလေးကို အသုံးချပြီး Facebook၊ Gtalk များကို မြန်မာနိုင်ငံတွင် ဈေးကြီးပေး၊ အချိန်ပေးသုံးစွဲခဲ့ရသမျှ အတိုးချကာ ဖောဖောသီသီကြီးသုံးနေလေသည်။ တစ်ခါတစ်ရံ အိပ်ပျော်သွားသည်တောင်မှ ကွန်ပျူတာကို […]


စဆရ ႀကီးApril 19, 20111min34128
အမှန်တော့ ဒီနေ့ဘာကိုမှ ရေးချင်စိတ်ကို မရှိပါ… အကြောင်းရင်းမှာတော့ ကျွန်တော့်မဒမ်လောင်းလျာလေးကို မြန်မာပြည်တစ်ခွင် ပြဲပြဲစင်အောင် လျှောက်လည်နေသော အမှတ်တရပုံများ သူမ၏ Facebook တွင် တွေ့လိုက်ရသောကြောင့်တည်း… ဘာမှမဖြစ်ပါ.. အရာရာမှာ ရှူံးနိမ့်ပြီးသားမို့ နောက်ထပ်ရှူံးနိမ့်သော်လည်း လက်ရှိနာမည်ကို ထပ်မံ ကင်ပွန်းတပ်ရန်မလိုပါ.. ဒါ ဘဝပါ.. အငဲသီချင်းလိုပေါ့ “လက်ခံလိုက်မယ်” လေရှည်မနေတော့ပါဘူး… ဖတ်သူရှိ၊ ဖတ်သူမရှိ ကိုယ်တိုင်ရေး ကိုယ့်ဘဝဇာတ်ကြောင်းလေး ဆက်ပါဦးမည်။ ရုပ်ရှင်ရုံဖွင့်ပွဲပြီး နောက်ပိုင်းပေါ့…… (၁) ကျွန်တော်နှင့် ဦးဝင်းမောင်မှာ ဆေးလိ်ပ်ကြိုက်တတ်သူများ အားလျော်စွာ နှစ်ယောက်ပေါင်းပြီး ကြယ်နီတစ်စည်းကို မပြတ်တမ်း ဝယ်ထားရလေ၏။ ကြုံတုန်း ပြောပြပါရစေ။ ပြင်ဦးလွင် ကြယ်နီဆေးပေါ့လိပ်မှာ တုတ်တုတ်တိုတိုနှင့် အတော်ပင် ပြင်းထန်လှပေ၏။ (တစ်မျိုးမတွေးစေလိုပါ၊ ဆေးစပ်ကို ဆိုလိုရင်းဖြစ်ပါ၏) ရန်ကုန်ရောက်တုန်းရောက်ခိုက် ကြယ်နီကို မပြတ်နိုင်သော […]


စဆရ ႀကီးApril 16, 20111min11410
၁။ ဒီနေရာလေးမှာ ရှူံးနိမ့်သူ လူ နှစ်ဦးရှိနေတဲ့အထဲက ကျွန်တော်က ဒုတိယမြောက် ရှူံးနိမ့်သူဆိုတော့ ပိုများ ရှူံးနေမလားပဲနော်… စာပေတွေ ဖတ်ရှူရတာကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့လို့ ခုအရွယ်တိုင်အောင် ကျွန်တော်က စာဖတ် ဝါသနာပါမြဲပါ။ ဒီလိုပြောလို့ ဘယ်အရွယ်လဲလို့တော့ မမေးနဲ့ဗျာ။ စိတ်ဆိုးတယ်။ အသေသာသတ်လိုက်၊ လုံးဝမပြောဘူး။ ခုလာမယ့် ဒီဇင်ဘာ ၁၅ မှာ ၂ရ ပြည့်ပါမယ်။ ပြင်ဦးလွင်စာပန်းအိမ်အကြောင်းရေးပြီးကတည်းက ဝေဖန်ရေးနဲ့ လေကန်ရေးပဲ လုပ်လာလိုက်တာ ဒီနေ့တော့ အားအားယားယားရှိနေတာနဲ့ပဲ နောက်ထပ် အတွေ့အကြုံလေးကို ပြန်လည်ဝေမျှ ရေးသားရဦးမှာပေါ့လေ… အရင်တစ်ခေါက်တုန်းက လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြခြင်းကြောင့် ခုတစ်ယောက် ရေးရတာ အားရှိသဗျား…။ ၂။ ကျောင်းဆရာဘဝကို စိတ်ကုန်ခဲ့ပြီးသကာလ အဆောင်ကနေ ကိုယ့်အထုပ်ကိုယ်ဆွဲ၊ မနီးမဝေးက ယူဂိုဆလပ်(ရ.က.က ၁) ကို […]


စဆရ ႀကီးApril 10, 20111min1287
၁။ ရုံးမှ ကြိုပို့ကားသည် ကျွန်တော်နေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်အတွင်းသို့ မဝင်နိုင်သည့်အားလျော်စွာ အများသူငါ Bus စောင့်စားရာမှတ်တိုင်တွင် ကျွန်တော့်အား စွန့်ပစ်ခဲ့ပြီးသကာလ အခြားသောသူများကို နေထိုင်ရာအရပ်သို့ ရောက်စေခြင်းအလို့ငှာ နှုတ်မဆက်ပါဘဲ ထွက်ခွာသွားလေ၏။ ထိုအကြောင်းအရာကို အပြစ် တင်သင့်/မတင်သင့် စဉ်းစားနေချိန်မရ၊ တစ်နေ့တာ ပင်ပန်းခဲ့သည့် ခြေလှမ်းများက သွက်လက်လွန်းလှပါဘိ။ ဪ… အိမ် ပြန်ရောက်တော့မှာပါလား။ ၂။ အိမ်ခြံစည်းရိုး ဖြူဖြူလေးကို လှမ်းမြင်လိုက်တဲ့သကာလမှာပဲ မြေသင်းနံ့လေးတွေ တငွေ့ငွေ့လွင့်ပျံ့လာတာကိုရှူရှိုက်မိပြီး ငါ့အိမ်ကို ပြန်ရောက်ပါရော့လားဆိုတဲ့အသိနဲ့ ခပ်သုတ်သုတ်လှမ်းမိတဲ့ခဏမှာ အိမ်ဝင်းတံခါးလေးကိုတွန်းဖွင့်၊ နေ့စဉ်မပြောင်းလဲနိုင်တဲ့အကြည့်နဲ့ အိမ်တံစက်မြိတ်အောက်ကို လှမ်းမျှော်ကြည့်လိုက်ပြန်တော့ ရေချိုး၊ သနပ်ခါးလိမ်းပြီး ကျွန်တော်ပြန်အလာကို မျှော်လင့်တကြီးစောင့်စားနေတဲ့ မဒမ်… လူကို တွေ့လိုက်ရတာနဲ့ တစ်နေ့တာ ပင်ပန်းခဲ့ပါတယ်ဆိုတာ ဘာကိုဆိုရမလဲမသိအောင် အမောပြေသွားလိုက်တာ၊ သူ့ဆီက အနမ်းပန်းလေးတစ်ပွင့်၊ ရေကြည်ချမ်းမြလေးတစ်ခွက်မသောက်ရခင်ကိုက နွမ်းသမျှ […]


စဆရ ႀကီးApril 8, 20111min20120
တစ်ရက်တစ်ရက် သူများတွေရေးထားတာတွေကို ဖတ်နေရင်းနဲ့ လက်က ယားသလိုလိုတော့ရှိလာသားဗျ.. မြန်မာစာကို ကောင်းကောင်းမရေးတတ်ပြန်တော့လည်း ရေးရမှာကို ဝန့်သလိုလိုတော့ရှိသား.. ကဲဟယ်.. ဝါသနာကို တားမရ ဆီးမရ ဖြစ်နေလို့ စာတစ်ပုဒ်ကိုရေးတော့မယ်ဆိုတော့လည်း ကိုယ့်ဖာသာကြီးကြီးကျယ်ကျယ်ချမှတ်ထားတဲ့ ခံယူချက်တွေကြောင့် ကိုယ်ရေးချင်ရာ လျှောက်ရေးထားတဲ့ Zawgyi Font တွေကို မျက်စိအညောင်းခံ၊ ပိုက်ဆံအကုန်ခံပြီး ဖတ်တဲ့သူတွေကိုလည်း အားနာတာကြောင့် ဘာမှ မရေးဖြစ်ဘဲ ဝေဖန်ရေးနဲ့ လေကန်ရေးသာ လျှောက်လုပ်နေရာကနေ ဒီနေ့တော့ Post တစ်ခုကို ထပ်တင်ဖြစ်ပါပြီ။ စဉ်းစားမိသမျှထဲမှာ အဝေးကြီးရောက်နေလို့ပဲလားမသိ၊ ချရေးစရာ ကုန်ကြမ်းမရ ဖြစ်နေရာကနေ ဒီနေ့မှ စိတ်ကူးတစ်ခုရသွားတယ်။ အဝေးကြီးကိုကြည့်နေမိတော့ အနီးလေးမှာ ရှိနေတာတွေကို မမြင်မိဘူးဖြစ်သွားတယ်။ ကျွန်တော့်ဘဝထဲက အမှတ်တရ အဖြစ်လေးတွေပဲ ရေးတော့မယ်လို့ စိတ်ကူးရသွားမိတာပါ။ ခုတော့ ကျွန်တော့်အသက် ၁၆ နှစ်အရွယ်ကနေ […]


စဆရ ႀကီးApril 4, 20111min19112
Mandalaygazette ကို ခုတစ်လောတွေ့နေရတာကို ကိုယ်ပိုင်အမြင်နဲ့ ပြောပြရမယ်ဆိုရင် နည်းနည်းငြီးငွေ့လာတယ်လို့ ဆိုရမလားဘဲ။ ဖတ်စရာ အကြောင်းအရာ ကောင်းကောင်းရှာမရဘဲ အပျော်ဖတ်စာပေတစ်ခုအနေနဲ့၊ Email Forward တွေကို ပြန်ပြီးရေးပြနေတဲ့ နေရာတစ်ခုလို့ပဲ မြင်လာမိပါတယ်။ နေ့တိုင်းတော့ မဖတ်ရမနေနိုင်လို့ ဝင်ဖတ်မိနေပေမယ့် မှတ်သားစရာ ဘာမှ မကျန်တော့လဲ နောင်ကို တော်တော်စဉ်းစားယူရမလို ဖြစ်နေပြန်တယ်။ ပင်တိုင်ဆောင်းပါးရှင်တွေအနေနဲ့လဲ Post များများတင်ချင်တဲ့စိတ်တစ်ခုနဲ့ ရရာနေရာကနေ ဆွဲယူသုံးနေလို့ Problem တွေဖြစ်နေတာကို မြင်နေရပြန်တော့လဲ စိတ်မကောင်းဖြစ်မိပြန်ပါတယ်။ ကျွန်တော်ဟာဆိုရင် ဒီ Site မှာ အတော်လေးကိုနောက်ကျမှ ရောက်ရှိလာတဲ့ စာဖတ်သူအသစ်တစ်ယောက်ဖြစ်သော်လည်း ဒီ Site လေးကို တွယ်တာပါတယ်။ သိပ်ကိုအောင်မြင်စေချင်တဲ့ စိတ်ရင်းအမှန်လဲရှိပါတယ်။ ဒါကြောင့်လဲ ဒီ Site က အမာခံစာရေးသားသူတွေကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေ […]