စဆရ ႀကီးOctober 11, 20131min1286
ကိုရင်စိုင်းတစ်ယောက် တော်တော်လေးကို ပေါက်ကွဲနေ၏။ ပေါက်ကွဲဆို ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်လို့ဆိုဆို၊ အတောင်စုံတော့ ရင်ကို ဆောင့်ကန်ကြသလိုလို၊ ငါ့မြင်းငါစိုင်း ပဲခူးရောက်ရောက်၊ ပုဂံရောက်ရောက်ဆိုသလို လုပ်ချင်ရာလုပ်ကြသော ကိုရင်စိုင်း၏ ငယ်မွေးခြံပေါက် ဝန်ထမ်းတစ်ယောက် စော်စော်ကားကား ပြောဆိုခြင်းကို ခံလိုက်ရခြင်းကြောင့်လဲ ဖြစ်တော့၏။ ကိုရင်စိုင်းမှာ အတော်လေး အောက်သက်ကြေအောင် ( ကြေဆို သန့်ရှင်းရေးသမားတောင် လုပ်ခဲ့ရသေး၏)။ ထိုမှ တက်လာသဖြင့်လည်း ကိုရင်စိုင်း သင့်တော်ပြီဟု ရွေးချယ်ကာ ရာထူးတိုး စာမေးပွဲဖြေဆိုရန် လွှတ်လိုက်သောသူတိုင်း မည်သည့်အဆင့်တွင်မှ မကျရှူံးပဲ တောက်လျှောက် ရာထူးတက်သွားပြီး ကိုရင်စိုင်းကိုပင် ရင်ဘောင်တန်းနိုင်သည့် အနေအထားဖြစ်အောင် သင်ကြားလေ့ကျင့်ပေးမြဲလဲ ဖြစ်၏။ သို့သော်လည်း သူတို့ခမျာ တော်ကြရှာပါ၏။ ကိုရင်စိုင်းကို ဘယ်တုန်းကမှ စော်ကားမော်ကား မပြုမူခဲ့ကြဖူးပါ။ သတိရတိုင်း ဖုန်းခေါ်၊ အခက်အခဲရှိတိုင်း ဖုန်းဆက် […]


စဆရ ႀကီးSeptember 28, 20131min23717
“တောက်” အသံတော်တော်ကျယ်သွားသည်ထင့်။ အရှေ့ခုံမှ စာရေးမမှ ကိုရင်စိုင်းကို နားမလည်သည့် အမူအရာဖြင့် လှည့်ကြည့်သည်။ ခုလေးတင် စက်ရုံမှူးရုံးခန်းမသွားခင်ကမှ ပြုံးပြုံးရွှင်ရွှင် အားတက်သရောဖြင့် ထွက်သွားပြီး ပြန်လာသောအခါ ဖိုင်ကိုလဲ အသံကျယ်ကျယ်ပစ်ချလိုက်ပြီး တောက်ခေါက်သံလဲကြားသဖြင့် အထူးအဆန်းအနေနှင့် လှည့်ကြည့်ခြင်းဖြစ်သည်။ ကိုရင်စိုင်းမျက်နှာမှ မကျေနပ်ခြင်းများကို မြင်သွားသဖြင့်လော၊ ဒေါသများကို သိသွားသဖြင့်လောမသိ ဇက်လေးပုပြီး ပြန်လှည့်သွားလေ၏။ ရုံးခန်းတစ်ခုလုံးကား တိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့် အေးစက်သွားတော့သည်။ ခုံလေးတစ်ချက်ရွှေ့လိုက်သည်သော်မျှ မိုးခြိမ်းသံအလားထင်ရအောင်ပင်။ ကိုရင်စိုင်းတစ်ယောက်လဲ အံဆွဲထဲမှ Vegas ဗူးကိုထုတ်လိုက်ပြီး ဒေါသကြောင့် တုန်ရင်နေသည့် လက်ဖြင့် နှုတ်ခမ်းဖျားတွင် တပ်လိုက်ပြီး မီးခြစ်ကို ထောက်ကနဲမြည်အောင်ခြစ်လိုက်ပြီး ခပ်ပြင်းပြင်းတစ်ရှိုက်ရှိုက်လိုက်သည့်တစ်ခဏ နှုတ်ခမ်းမှ မီးခိုးလုံးတစ်ဆုပ်ကို အားပါးတရမှုတ်ထုတ်လိုက်ပြီးနောက် မီးခိုးငွေ့များ လွင့်ပါးသွားရာသို့ အတွေးများကို ရွက်လွှင့်မိပြန်သည်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ မတရားဘူး။ အတော်လေးကို မတရားဘူးဟုထင်မိသည်။ ကိုရင်စိုင်းအပေါ်တွင်တော့မဟုတ်၊ […]


စဆရ ႀကီးSeptember 26, 20131min20114
“သိပ်ကြောက်သွားသလားမမြဝင်း… မကြောက်ပါနဲ့ကွယ်.. ကိုရင်စိုင်း ရွာထဲက ပျောက်နေတယ်ဆိုတာ ပြန်ပေးဆွဲခံသွားရလို့ပါ” “ဟင်” တစ်ညှိုးကြီးပဲ.. ကိုရင်စိုင်းနှုတ်မှ ထွက်သွားသည်ကိုလဲ သိသည်။ ကြားလဲ ကြားနေရသည်။ ငါကိုယ်တိုင်လဲ မပြောမိပါလားဟု စိတ်ထဲမှ ထင်နေတုန်း ဖုန်းမှ ကလင်ကလင်ဟူသောမြည်သံကြောင့် ကိုရင်စိုင်းတစ်ယောက် အိမ်မက်မှ နိုးထလာရလေသည်။ ဘာလိုလိုနှင့် အိမ်မက်ထဲတွင်မတော့ ဗိုလ်ဒေါင်ဒင် ဖြစ်ခွင့်ရသေးသည်။ မနေ့က ဦး မကြီးမငယ်မိုက်ကြီး ရေးထားတာကို ဖတ်မိသဖြင့်ထင်။ စွဲမိစွဲရာ စွဲမိလေခြင်းဖြစ်သည်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဆိုတော့ကာ… ဗိုလ်ဒေါင်ဒင်ဆိုတော့ မမြဝင်းကို သတိမရပဲ ကိုရင်စိုင်းငယ်ဘဝကို ပြေးသတိရမိပြန်လေတော့သည်။ ထိုစဉ်က ကိုရင်စိုင်းတစ်ယောက် သူငယ်တန်းဘဝက ဖြစ်မည်ထင်ပါ၏။ မြန်မာစာနှင့် မြန်မာစကားကို စသင်ကာစ၊ တွေ့သမျှ မြန်မာစာများ လိုက်ဖတ်ပြီး ဘာသာပြန်နေလေ့လဲရှိ၏။ စာပေကို ထိုစဉ်ကပင် စိတ်ဝင်စားသည်ဟု ဆိုရမည်ပင်။ […]


စဆရ ႀကီးAugust 21, 20131min1659
အိမ်မက်တစ်ခု စိတ်ထဲမှ လွတ်ကျသွားသည်… ….. ….. ….. “ခွမ်း” ကနဲ့ မကျေမနပ် မြည်ကွဲသံနှင့်အတူ ကျွန်တော်သည်လည်း ပုံမှန်ရှူသွင်းရှူထုတ်လုပ်နေသော အသက်ရှင်ခြင်းမှ အသက်ဝဝ မရှူနိုင်သော လက်တွေ့ဘဝထဲသို့ ပြန်နိုးထလာတော့သည်။ “ဘုရား… ဘုရား” ” Oh my GOD” “…..” “…..” အစရှိသည့် လူပေါင်းစုံတို့ မတော်တဆ ရွတ်ဆိုမိသည်များကို စုံစေ့အောင် ကပေါက်တိကပေါက်ချာ ရွတ်ဆိုပြီးနောက် ကိုးလိုးကန့်လန့် လူ့လောကကြီးထဲသို့ ရောက်လာတော့သည်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ မကန်းသော်လည်း ပြူးနေသည့် ဝိုင်းစက်စက် မျက်လုံးမှေးမှေးကြီးများကို ပြူးပြီးသကာလ ပါတ်ဝန်းကျင်ကို ရော်ရမ်းကြည့်လိုက်သည့် တစ်ခဏ အချိန်ကား ၁၉၄၂ ခုနှစ် မိုးဦးကျစ ဇွန်လအတွင်းဖြစ်၏။ ဂျပန်တပ်မကြီးများနှင့် မြန်မာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)တို့ နယ်ချဲ့ဗြိတိသျှတပ်များအား မြန်မာနိုင်ငံတဝန်းမှ အပြီးပိုင်မောင်းထုတ်ပြီးနောက် […]


စဆရ ႀကီးJuly 5, 20131min15314
“ငါ့မိန်းမပါဟ” ဒီလိုဆိုတော့လည်း မဟုတ်သေးဘူး။ လူပြောသူပြောများတဲ့ လူယဉ်ကျေးလို ပြောလိုက်ဦးမယ်။ “ငါ့ ချစ်ဇနီးလေးပါဟ” အဲလိုဆို ကောင်းမလိုတော့ ရှိသွားသည်။ စိတ်ထဲမှာ အားရသည့်အတိုင်းသာ ဆက်ပြောပါမည်။ ငါ့မိန်းမပါဟ ။ ********************************************************************** စိတ်ထဲ နည်းနည်းဖုသွားသည်။ ဖုသွားသည်ဆိုခြင်းထက် တော်တော်လေး ဖုသွားသည်ဟု ဆိုရမည်ပင်။ လွန်ခဲ့သော နှစ်ပေါင်း တော်တော်များများက ဖြစ်ပါ၏။ “မမ ကလှလိုက်တာ” “ဒီလိုလေး အမြဲနေပါနော်.. သိပ်ချစ်ဖို့ကောင်းတာပဲ” “အမြဲတမ်း လက်လေးနှစ်ချောင်းထောင်ထားတယ်နော်” “အပျိုကြီး တစ်ကယ်လုပ်တော့မှာလားဟင်” အစရှိသည့် ဖွဘုတ်ပေါ်မှ ကြူနည်း၊ ကြောင်နည်း၊ ကျပ်နည်း အစရှိသည့် ကကြီး ကျမ်းကျေနေသူများကို ကိုရင်ရှူံး ပိုးပန်းနေသည့် ကောင်မလေးပုံများတွင် တွေ့လိုက်သည့် တစ်ခဏ စိတ်ထဲမတော့ မကျေမချမ်း ကျုံးဝါးမိသည်။ “ဒါ.. ငါ့.. ကောင်မလေး… […]


စဆရ ႀကီးJuly 2, 20131min16317
“……..” တံခါးဖွင့်သံ တိုးညှင်းစွာ ထွက်ပေါ်လာပြီးနောက် ကိုရင်ရှူံးတစ်ယောက် နောက်ဘက်မှ ခရီးဆောင်အိတ်ကို အလျင်အမြန်ချပြီးနောက် ဖွင့်ထားခဲ့သော ကားတံခါးကို လျင်မြန်စွာ ပိတ်လိုက်ရလေသည်။ နေရာကား ဒူဘိုင်းမှ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင်ဖြစ်၏။ ကားသမား အီဂျစ်အဖိုးကြီးလည်း လျင်မြန်စွာနှုတ်ဆက်ပြီး ကားကို လေးညှို့မှ လွှတ်လိုက်သည့် မြှားတစ်စင်းအလား လျင်မြန်စွာ မောင်းထွက်သွားတော့၏။ ကျေးဇူးကြီးလှပါပေ၏ ဟုလည်း စိတ်ထဲမှ မချင့်မရဲ ရေရွတ်မိပြန်လေသည်။ သူသာ လိုက်မပို့ခဲ့ပါမူ အာရပ်စော်ဘွားများပြည်ထောင်စု၏ အစွန်အဖျားမြို့နယ်၊ အိုမန်နှင့် နယ်စပ်မြို့လေးတွင် နေထိုင်သူ ကိုရင်ရှူံးတစ်ယောက် ကားခ မြန်မာကျပ်ငွေ ၆၀၀၀ဝ ခန့်ကုန်ကျပြီးမှ ရောက်နိုင်မည့် ခရီးကို ဆီဖိုးခန့်မျှဖြင့် ရောက်ခဲ့ခြင်း ဖြစ်ပေသည်။ ဖြတ်သန်းသွားလာနေသော ကားများမှ တစ်စီးတစ်လေများ ထိုင်စီးများ လာလေမလား စောင့်နေသော်လည်း ကားလမ်းမကြီးဘေးတွင် ခရီးဆောင်အိတ်တစ်လုံးကို လက်တွင်ကိုင်ထားပြီး […]


စဆရ ႀကီးApril 4, 20131min2008
” ကိုယ်ချစ်များ ချစ်မိနေသလား… မရေရာဘူး စိတ်ထဲမှာ…” အဲလိုလဲ မဟုတ်သေးပြန်ဘူး ” ရန်သူငါးပါးထဲမှာ မညှာမတာ ဘယ်သူ့မှမထောက်ပါ သူခိုး ဓါးပြထက်ဆိုးတဲ့ရန်သူဟာ..” ဒါလေးမှ ဟုတ်သလိုလိုရှိသွားတယ်… ကိုရင်ရှူံးတွေးမိသည်ကို သီချင်းဆိုမိခြင်းဖြစ်ပါ၏။ ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××× များမကြာမီမှာပင် ကိုရင်ရှူံးတစ်ယောက် မြန်မာပြေလား မြန်မာပြည်လားမသိသည့် ဗမာလူမျိုးများနေထိုင်သည်ဆိုသော မြေကြီးသို့ ပြန်ရောက်ရပေတော့မည်။ သို့သော်လည်း ရှိစေတော့၊ ဝင်ပေါက်တစ်ပေါက်တည်းသာ ရှိသည့်အတွက် ထိုဝင်ပေါက်တစ်ပေါက်မှပင် ကိုရင်ရှူံးပြန်ရပေတော့မည်။ ကိုရင်ရှူံးနေထိုင်ရာ မြေကြီးတွင်မတော့ နိုင်ငံပေါင်းစုံမှ လူများ လာရောက်လုပ်ကိုင်ကြလေသည်။ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ဆီးရီးယား၊ အီရန်၊ အိုမန်၊ ဘင်္ဂလားဒေ့ရ်ှ၊ ပါကစ္စတန် အစရှိသည်တို့မှ ဖြစ်သည်။ ထိုလူမျိုးများနှင့် နေ့စဉ်လိုလိုပင် ထိတွေ့ဆက်ဆံနေရပါ၏။ သောကြာနေ့ဆိုလျင် နေ့လည် တစ်နာရီမှ […]


စဆရ ႀကီးMarch 12, 20131min22820
ဘာလိုလိုနှင့် သင်္ကြန်တောင် နီးလာပေပြီ။ တစ်ချို့တွေကလဲ ရပ်ဝေးမြေခြားများမှ မြန်မာပြည်သို့ပြန်ပြီး ပျော်မြူးကြရန်အတွက် ခွင့်မရ ရအောင်တင်သူကတင်၊ ပြည်တွင်းနေသူတွေကလဲ သင်္ကြန်ကျရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ကြိုတင်ငွေစုဆောင်းသူများ၊ အစီအစဉ်ရေးဆွဲနေကြသူများနှင့် အလုပ်တွေရှုပ်နေကြပေသည်။ ကိုရင်ရှူံးတို့ငယ်စဉ်ကတော့ ဝန်ထမ်းသားသမီးများပေမို့ (ထိုခေတ်ထိုအခါက) ယိမ်းကခြင်းကို လွန်စွာစိတ်ဝင်စားကြလေသည်။ ယခုခေတ်တွင်မတော့လဲ ယိမ်းကခြင်းကို အမျိုးသားများသာ ဦးဆောင်နေသည်ကို တွေ့မိသည်။ ကိုယ်တွေ့တော့မဟုတ်ပဲ မြန်မာ့ရိုးရာ သင်္ကြန်ပုံရိပ်များကို အိမ်သာပျက်ကြီးကနေတစ်ဆင့် မြင်မိခြင်းဖြစ်သည်။ သင်္ကြန်နှစ်ကူးအခါတိုင်း အမျိုးသားများ ညီညီညာညာ ယိမ်းကနေလိုက်သည်မှာ တောင်ဘက်ယိမ်းလိုက်၊ မြောက်ဘက်ယိမ်းလိုက်နှင့် အချင်းချင်းယိမ်းရင်း ဖေးထိန်းပေးနေသလိုတောင် ဖြစ်သေးတော့သည်။ လက်များတွင်လည်း ပုလင်းများ၊ ဗူးများကိုယ်စီနှင့်။ ထွန်းအိမ်သာဗိုလ် သင်္ကြန်ရောက်တိုင်း ပြန်ဆိုနေကျ သီချင်းလေးလိုပင်.. ×××မူးကြမည့်ပုလင်းသံ ပျံ့လွင့်လို့နေ ကူးပြောင်းစတန်ခူးလေမှာ××× ×××တစ်ယောက်တစ်ပက်မို့ကမ်းကာ လှမ်းသောက်ကြစဉ်××× ×××မသောက်ဖူးပြောကာ အံအောင် သောက်သူရေ××× […]


စဆရ ႀကီးFebruary 5, 20131min16511
ခေါင်းစဉ်ကိုကြည့်ပြီး Military Vehicles များ ( FAW, Aerolus, Lanjian ) တွေကိုပြောတာထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲ့ဒီ့ကားတွေက ချာတူးလန် အဆင့်ထက်တောင်ကျော်နေပါပြီ မဟာချာတူးလန်ဖြစ်နေပါပြီ။ အဲ ဒါပေမယ့် ကျွန်တော်ပြောမှာက War Action Movie တွေအကြောင်းပါ။ ၂၀၀ဝ ခုနှစ် ဝန်းကျင်က ရုံတင်ခဲ့ပြီး အော်စကာတလှေကြီး သိမ်းကြုံးယူသွားတဲ့ Saving Private Ryan ကိုရုပ်ရှင်ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ မင်းသားကြီး Tom Hank ရဲ့ စစ်ခေါင်းဆောင်တယောက်ရဲ့စိတ်ခံစားချက် ပေါ်လွင်တဲ့မျက်နှာသွင်ပြင်၊ သွေးချင်းချင်းနီနေတဲ့ အဂ်လိပ်ရေလက်ကြား၊ Omaha Beach၊ အတုံးအရုံးကျဆုံးနေတဲ့ အမေရိကန် မရိန်းတပ်သားတွေ၊ ရက်စက်လှတဲ့ ဂျာမန်စက်သေနတ်ကြီးတို့ကို မြင်ယောင်မိမှာဖြစ်ပါတယ်။ အမေရိကန် မရိန်းတပ်သားများကို သနားကြသည်၊ လေးစားကြသည်၊ ရန်သူဂျာမန်တို့အပေါ် ရွံမုန်းကြသည်။ […]


စဆရ ႀကီးFebruary 4, 20131min19011
(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ။ ကြောက်တတ်သူများ မဖတ်ပါနှင့်) ၁၉၉၆ လောက်က ခလရ(xx)က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။ ဗိုလ်ကြီးက အသားဖြူဖြူအရပ်မြင့်မြင့် သူ့ချစ်သူဟာလည်း ရုပ်ချောလှပသူဖြစ်ရုံသာမက မြို့မျက်နှာဖုံး ချမ်းသာသူဖြစ်လေတော့ နှစ်ယောက်စလုံးဟာ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်တဲ့ချစ်သူတွေ ဖြစ်ပြီး အားလုံးကအားကျရတဲ့စုံတွဲပါ။ ချစ်သူနှစ်ယောက်ကလည်း မင်္ဂလာဆောင်အတွက်ပျော်မဆုံး မော်မဆုံးနဲ့ ပြင်ဆင်နေကြတာပေါ့လေ။ ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့နေ့ရက်ကို ရောက်ရှိလို့လာပါတယ်။ တပ်မတော်က အရာရှိဖြစ်လေတော့ ဗိုလ်ကြီးက ဆဖာရီကုတ် ခေါ်တဲ့ အခမ်းအနားဝတ်စုံနဲ့ပါ။ သတို့သမီးကလည်း မြန်မာထိုင်မသိမ်းဝတ်စုံဖြူလေးနဲ့ သိပ်လှနေတာပေါ့ဗျာ။ အားလုံးက ကံကောင်းတယ် လိုက်ဖက်ပါတယ်ပြောနေကြတဲ့ ဒီစုံတွဲဟာ အားလုံးကထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြီးနဲ့ဆုံခဲ့ရပါတယ်။ ဒါကတော့ တချိန်က သတို့သမီးရဲ့ချစ်သူဟောင်းဟာ မင်္ဂလာပွဲကို ဓါးတလက်နဲ့ဝင်ရောက်လာပြီး အားလုံးဝိုင်းဆွဲနေတဲ့ကြားထဲက ဆွဲတဲ့သူတွေရော သတို့သမီး […]


စဆရ ႀကီးJanuary 31, 20131min19827
ခေါင်းစဉ်ဖတ်လိုက်တော့ ကြက်ခေါင်းကြီးလားထင်နေတော့မယ်။ မထူးတော့ပါဘူး၊ အားလုံးလဲသိနေကြပြီမို့ ကြော်ငြာလေးတော့ ဝင်လိုက်ပါရစေဦး။ ဟုတ်ကဲ့… ကျွန်တော်ကြက်ကြော်ရောင်းပါသည်။ ဘယ်မှာလုပ်သလဲဆိုတော့ KFC မှာ လုပ်ပါသည်ပဲပေါ့။ KFC ဆိုတာ ဘာလဲ မသိကြသူတွေထဲမှာမှ လက်ရှိအလုပ်လုပ်ရန် လာရောက်ကြသော ဝန်ထမ်းများကို Introduction လုပ်ပေးရသည့်ထဲမှာ ကျွန်တော်လဲ အပါအဝင်ဖြစ်သဖြင့် ၎င်းတို့ အသီးသီး ဖြေကြားကြသည်များမှာလည်း မှတ်သားစရာကောင်းလှပေသည်။ တစ်ခါတစ်ရံ KFC ဆိုတာ ဘာလဲဟု မေးလိုက်လျင် ဖြေကြသည်မှာ ကူဝိတ် ဖုဒ် ကုမ္ပဏီ လို့ပြောကြပါသည်။ လုပ်သက်အနည်းငယ်ရလာသောအခါ Kairo Food Company (အီဂျစ်လူမျိုးများ ရာထူးကြီးကြီးယူထားသောကြောင့် အီဂျစ်မှ မြို့တစ်မြို့နာမည်) ဟုပြောကြပါသည်။ တစ်နှစ်ခွဲခန့်ကြာပြီးသည့် ဝန်ထမ်းများကို ပြန်မေးလျင်တော့ Kitchen Fucking Company ဟု ဆိုကြသည်ကို မှတ်သားဖွယ်ရာ […]


စဆရ ႀကီးJanuary 28, 20131min17622
အားလုံးပဲ မောနင်းဗျို့ နှုတ်ဆက်ပြီးအိပ်တော့မှာမို့ ဒီနေ့အဖို့ စိတ်ဝင်စားစရာကောင်းနိုင်မယ့် ခေါင်းစဉ်လေးတစ်ခု ပေးခဲ့ချင်တယ် ပေါက်ဖော်(သို့) ဗိုက်ကလေး ဘယ်ရောက်နေသလဲ သိချင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့က လူတစ်ယောက် ကမ္ဘာပျက်သွားတယ်ဆိုတာ ရွာထဲမှာ သတင်းကြားလိုက်မိတယ်။ ဒီလောက်ရွာထဲမှာ သောင်းကျန်းနေတဲ့သူ ပျောက်နေတာတော့ ဘယ်သူမှ အဖက်လုပ်မေးကြတာမတွေ့လို့ သေချာပေါက် ကိုပေါက်ဖော်ပဲလို့ သိနေလို့ သတင်းမေးလိုက်ပါတယ်။ တစ်ခြားသူတွေတော့ မသိဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးမသိပေမယ့် သူပျောက်နေတာတော့ သတိထားမိပါတယ်။ ဘပုဆိုရင်တော့ ချီးပန်းရင်း ဘဝပြောင်းသွားသလိုလို၊ အူးကြောင်ဆိုရင်တော့ ဘူးမောင်လို့ သိထားသမို့ ဘယ်သူကများ မခံနိုင်လို့ အပြတ်ရှင်းသွားသလိုလို၊ ကိုကမ်းဆိုရင်တော့ သူ့နံရိုးလေး သူများအရက်နဲ့ မြည်းသွားလို့ ဘဝချင်းလဲသွားသလိုလို၊ အီးတုန်းဆိုရင်တော့ သူ့ကိုကိုနဲ့ အဆင်မပြေတုန်း အရက်မူူးပြီး ဆေးရုံရောက်သွားသလိုလို၊ အေးဝတီကြီးဆိုရင်တော့ နောက်ကွယ်က ဘယ်သူလဲဆိုတာသိသွားလို့ ကိုစံလှကြီးတို့၊ […]