စဆရ ႀကီးJuly 5, 20121min33821
ရွာထဲတွင် သူပုန်တွေ သောင်းကျန်းနေပါ၏။ ရွာ၏အစဉ်အလာများ ပျောက်ဆုံးနေသကဲ့သို့ အမာခံများလည်း တစ်ဖြုတ်ဖြုတ် ကြွေလွင့်သူတွေကကြွေလွင့်၊ တစ်မြေရပ်ခြားသို့ ရှောင်ပုန်းသူကပုန်းနှင့်။ ရွာထဲတွင်တော့ အတော်လေးစည်ကားနေသေးသည်။ အိမ်ကြီးအိမ်ကောင်းများမှာတော့ မရှိတော့သလောက်ပင်။ ဘယ်ကရောက်လာမှန်းမသိသော လူတစ်ကာ၏ ရွက်ဖျင်တဲလေးများသာ နေရာတစ်ကာ မြင်နေရပြန်သည်။ အရင်ကထက် အသံနည်းနည်းပိုကျယ်လာသည်။ တစ်ချို့က လက်လုပ်ဂျင်ကလိလေးများဖြင့် မထိတစ်ထိ ပြစ်ကြ၏။ တစ်ချို့ကျပြန်တော့လဲ ကျည်မပါသည့် သင်္ကြန်အမြှောက်ကြီးတွေ တစ်ဂျိမ်းဂျိမ်းဖြင့် ပြစ်နေကြ၏။ တစ်ချို့ကမူ ဟိုကရတာလေးယူ၊ ဒီကရတာလေးယူနှင့် မပါဝင်ဘဲ ရှိလိုက်ရလေမည်အလား သူတစ်ချက်ဆို ငါနှစ်ချက်၊ သူလုပ်တာ အားပေးထောက်ခံ၊ ကိုယ်လုပ်တာ ဝိုင်းဝန်းပံ့ပိုးကြရန် ဆွယ်ကြပြန်သေးသည်။ ထိုသူများ၏ နောက်တွင်တော့ကား အတိုအစလေးများ တစ်ချက်စီနှင့် ဝေစုခွဲဝေယူကြပြန်သေးသည်။ သက်ကြီးဝါကြီးလဲမသိ၊ ဂုဏ်သရေရှိလဲမသိ၊ ပညာရှင်မှန်းမသိပဲ လူစု၊ လူဝေးဖြင့် ဝိုင်းပြောကြသည်။ သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများမှာမူ […]


စဆရ ႀကီးJune 25, 20121min35219
ခက်တော့ခက်နေပြီ… အတော်လေးကို ဂွကျတော့သည်။ ဘယ်လို့ဘယ်လိုမှကို မလုပ်တတ်တော့ပေ။ လက်တစ်ဖက်တွင် ကင်မရာကြီးကိုင်ပြီး ဟိုဘက်ဆွဲခေါ်ပါသွားလိုက်၊ ဒီဘက်ဆွဲခေါ်ပါသွားလိုက်နှင့်။ ဘေးမှဝိုင်းပြောနေကြသော်လည်း ကိုရင်ရှူံးခြေလက်တွေမှာ ခဲ(ဂဲ)ဆွဲခံထားရသည့်အလား.. လေထဲသို့ပင်မမြောက်၊ မျက်နှာဘယ်လိုထားရမယ်မှန်းမသိအောင်ပင်။ လူပုံအလယ်တွင်မှ ပေါင်းသင်းဆက်ဆံရေးညံ့လှသည့်အကြောင်း ဘွင်းဘွင်းကြီးပြလိုက်သလိုပင်။ ခက်ချေ၏။ ——————————————————————————————————————– (၁) မန်နေဂျာမှ ထူးထူးဆန်းဆန်း ကိုရင်ရှူံးတို့အား အစည်းအဝေးခေါ်သဖြင့် ထူးပေ့ဆန်းပေ့ဟု ခံစားမိတော့သည်။ ယခုဆိုင်သို့ ကိုရင်ရှူံးရောက်သည်မှာ ၄ လခန့်ပင်ရှိတော့မည်။ ဆိုင်ရှိဝန်ထမ်းများအားလုံးနှင့်လည်း အတော်လေး သိကျွမ်းပြီးသည့်နောက် ဆိုင်ရှိဝန်ထမ်းများအကြောင်း၊ ဆိုင်မန်နေဂျာအကြောင်းနှင့် ဆိုင်၏အခြေအနေများကို အတော်လေး တီးမိ၊ ခေါက်မိ ရှိနေပြီဖြစ်သည်။ တစ်ခါဖူးမျှ ဝန်ထမ်းများနှင့်ရော၊ ဆိုင်အုပ်ချုပ်သူများနှင့်ပါ ထိုကဲ့သို့ တစ်ကူးတစ်က အစည်းအဝေးလုပ်သည်ဟု မကြားမိသေး။ မကြားမိဆို နှစ်နှင့်ပင်ချီနေပြီဖြစ်သည်။ ယနေ့တွင်မှ ဆိုင်စီမံခန့်ခွဲသူများနှင့် မန်နေဂျာသီးသန့် အစည်းအဝေးဟုဆိုသဖြင့် ကိုရင်ရှူံးလည်း ဘာများလဲဟု […]


စဆရ ႀကီးJune 23, 20121min32215
မိတ်ဟောင်းမိတ်သစ်များ၊ စာရေးဖော်ရေးဖက်ဟောင်းများအားလုံး အဆင်မှပြေပါလေစ။ ကျွန်တော်သည်ကား သိသူများလဲရှိသလို မသိသူများလဲ အတော်များသော တစ်ချိန်က အရေးသွက်သွက်ဖြင့် စာရေးခဲ့သောသူပါပေ။ မထင်မှတ်သော အကြောင်းအရာတစ်ခုကြောင့် စာရေးသားခြင်းအမှုကို အတန်ငယ်စိတ်ပျက်သွားသည်ကတစ်ကြောင်း၊ စာရေးမည်ဟု ကီးဘုတ်ပေါ်လက်တင်လိုက်သည်နှင့် တုန့်ဆိုင်းနေသော အတွေးများကြောင့်လည်းကောင်း စာပေရေးသားခြင်းအမှုကို အတော်လေးပင် မေ့မေ့ပျောက်ပျောက်ရှိသွားသလိုဖြစ်တော့သည်။ တစ်နည်းဆိုရလျင်မူ ယခင်ကလောက် မပျော်ပိုက်တော့ခြင်းကြောင့်လည်း ဖြစ်ပေမည်။ အရေးသွက်သွက်၊ အတွေးထက်ထက်ဖြင့် ခပ်စိပ်စိပ်လေးရေးသားတတ်ကြသော ရေးဖော်ရေးဖက်ဟောင်းကြီးများ၏ လက်ရာများကိုလည်း မဖတ်ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သို့ဆိုလျင် ကျွန်ုပ်သည်ကား နောက်ပြန်ဆွဲသမားကြီးလေလားဟု ဆိုကြပြန်ပေဦးမည်။ မဟုတ်ပါ၊ မဟုတ်ဟုပင် ငြင်းပါရစေ။ စာပေရေးသားခြင်းအမှုဆိုသည်မှာ အပြောလွယ်သလောက် အရေးခက်လှသည်။ အဆိုးဆုံးမှာ ရေးစရာ အကြောင်းအရာရှာရခြင်းဖြစ်သည်။ ကျွန်တော်သည်ကား ကိုယ့်အကြောင်းကိုယ်သာရေးသော (ကိုယ့်ပေါင်ကိုယ် ခပ်ဖွဖွလေး လှန်ထောင်းသောသူ) ဟု ကင်ပွန်းတပ်ချင်လဲ တပ်နိုင်သော ကိုယ်တိုင်ရေး စာသမားဖြစ်သည့်အားလျော်စွာ […]


စဆရ ႀကီးJune 6, 20121min62826
ဒီနေ့ သတင်းလေးဖတ်ရပါတယ်.. အဲဒီက စာရေးသူတစ်ယောက်ရဲ့ အာဘော်အလိုအရဆို ကျွန်တော်တို့ဆိုက်ကြီးက သွေးထိုးလှုံ့ဆော်နေသလိုလို၊ သတင်းဖော်ပြတာပဲ မြန်သလိုလို၊ တောင်ကုတ်မှာ လူသတ်ခံရတာ ဒီဆိုက်ကြောင့်ပဲလိုလို၊ ရွာသူ/သား တွေ ဖတ်ကြည့်စေလိုကြောင်း… အောက်မှာတော့ သူရေးထားတာ အပြည့်အစုံလေးပါ။ လူမျိုးရေး ပြဿနာကို ဘယ်လိုကိုင်တွယ်ကြမလဲ။ သန်းစိုးလှိုင် (မိုးမခ)၊ ဇွန် ၆ ၊ ၂၀၁၂ မေလ ၂၈ ရက်နေ့က ကျောက်နီမော်ကျေးရွာအနီးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပေါ် အစပြုပြီး ဇွန်လ ၃ ရက်နေ့မှာ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ အုပ်စုလိုက် အသတ်ခံ လိုက်ရပါတယ်။ အဲဒီအဖြစ်အပျက်ဖြစ်ပွားတဲ့ ညမှာပဲ စစ်တွေမြို့မှာလည်း ဈေးကောက်ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာမှ တဆင့် ရဲစခန်းကို ဝိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားကာ ည သန်းခေါင်အချိန်မှာတော့ သေနတ်နဲ့ ပစ်ခတ်လူစုခွဲတဲ့ […]


စဆရ ႀကီးApril 12, 20121min16811
ကျွန်တော်သည်ကား ဘဝကားကြီးကို တအိအိဖြင့် မောင်းနှင်နေပါသည်။ လူအများတင်စားဆိုကြသော ဘဝရထားမဟုတ်ပဲ ဘဝကားဟုဆိုရခြင်းမှာ တစ်ဦးတည်းပိုင်ဟု ယူဆနိုင်သောကြောင့်ဖြစ်သည်။ ရထားဆိုသည်မှာ လူအများကြီးကို ပုံစံတူဘဝများ ဖန်တီးပေးနေသလိုဖြစ်သည်ဟုထင်သောကြောင့်ဖြစ်သည်။ အမှန်တော့ လူသားတစ်ဦးချင်းစီတိုင်းတွင် ကိုယ်ပိုင်ဘဝပုံစံတစ်ခုစီရှိလေသည်။ ကျွန်တော်သည်ကား ၁၉၈၃ မော်ဒယ်ကားတစ်စီးကို ပိုင်ဆိုင်ထားလေသည်။ ကားဂိုဒေါင်မှ ထုတ်ပြီးနောက် မပြည့်မစုံ ထိန်းသိ်မ်းစောင့်ရှောက်မှုများဖြင့် မောင်းနှင်လာရလေသည်။ သွားရမည့် နေရာသည်ကား ယမမင်းဆိုသည့်အရပ်သို့ဖြစ်သည်။ ထိုနေရာသည် ကျွန်တော်မောင်းနှင်နေရာဖြစ်သည်။ ဂိုဒေါင်အတွင်းမှ ထွက်လာပြီးနောက် ပါတ်ဝန်းကျင်တွင် မြင်မြင်သမျှ ဆိုင်းဘုတ်များ၊ အဖြစ်အပျက်များကို ငေးမောကြည့်ရင်း တစ်ရွေ့ရွေ့ဖြင့် ခရီးဆက်လာခဲ့သည်။ မိုင်တိုင်အမှတ် ၁၉၈၈ တွင် လူအများ သတ်ဖြတ်နေကြသည်ကို ယာဉ်လမ်းကြောပိတ်ဆို့နေသဖြင့် ရပ်ပြီးကြည့်ခဲ့ဖူးသည်။ ကားများပေါ်တွင် အနီရောင်ဝတ် ဦးရည်းပြောင်ပြောင်များမှ သေနတ်များမြှောက်ကာ ကြွေးကြော်သံများ ကြွေးကြော်ကာ မောင်းနှင်ထွက်ခွာသွားကြသည်ကို မြင်ခဲ့ရသည်။ သို့နှင့် […]


စဆရ ႀကီးApril 11, 20121min22412
ရေးရင်းတန်းလန်းနှင့် လက်စမသပ်ရသေးသည်များလဲရှိသည်။ ရေးချင်စိတ်မရှိတော့သောကြောင့် ဆက်မရေးတော့သည်များလဲရှိသည်။ ရေးရင်း ရေးရင်း အခန့်မသင့်တော့သည်နှင့် မရေးတော့သည်များလဲရှိသည်။ ကျွန်တော်သည်ကား အပျော်တန်း စာရိုက်သူပေမလား… ကြိုကြားကြိုကြားသာ ရေးသားခြင်း ပြုနိုင်တော့သည်။ ယနေ့တော့ ရေးလက်စ တန်းလန်းလေးတစ်ခုကို အဆုံးသတ်ခြင်း ပြုရပေတော့မည်။ ပညာရှင်အနေဖြင့် လေ့လာရေးသားခြင်းမဟုတ်ပဲ သိသမျှ၊ မြင်သမျှကိုသာ စာစီရိုက်ခြင်းဖြစ်သည့်အတွက် ကွဲလွဲမှုများ၊ မစေ့စပ် မသေချာမှုများရှိပါက ခွင့်လွှတ်ကြပါကုန်…။ +++++++++++++++++++++++++++++++++++++++++++++++++++++ ကျမ်းမာရေးပြီးသည့်အခါ လမ်းပန်းဆက်သွယ်ရေးကို ဆက်ရပေတော့မည်။ ဆက်သွယ်ရေး မြန်မာပြည်ရှိ ဆက်သွယ်ရေးများနှင့် နင်လား၊ ငါလား ရှိသလောက်ပင်ဖြစ်သည်။ အနည်းငယ်သာ သာသည်ဟု ပြောရပေမည်။ အမှန်အတိုင်းဆိုပါမူ ကျွန်တော်သည်ကား စင်္ကာပူ မှိုင်းမိနေသော လူသားတစ်ယောက်ဖြစ်သည့်အတွက် စင်္ကာပူစံနှင့်သာ နှိုင်းယှဉ် ချိန်ထိုးကြည့်မိလျက်သားဖြစ်လေရာ အမှတ်ပေးစရာ တစ်ကွက်မှ မရှိသလိုပင်ဖြစ်တော့သည်။ ဦးစွာပထမ ဆက်သွယ်ရေးဟုဆိုရာတွင် မိုဘိုင်းလ် […]


စဆရ ႀကီးApril 7, 20121min25017
ကျွန်တော် အိပ်ချင်နေပါသည်.. အတော်လေးကိုပင် လေးလံလှသော မျက်ခွံကြီးကို ထမ်းပိုးထားရသည့် အဖြစ်ဆိုးကို လူတော်တော်များများ ကြုံဖူးကြမည်ထင်ပါ၏။ ကျွန်တော်သည်ကား သံယောဇဉ်နည်းလွန်းလှသောသူဖြစ်သည့်အားလျော်စွာ ဝိုင်းပြီးဆော်ပလော်တီးခံလိုက်ရပြီးသည့်နောက် ငြိမ်သက်စွာပင် မိခင်ဆိုက်လေးကို တိတ်တခိုး ဝင်ရောက်ပိုးပန်းရုံသာရှိနေရာမှ ခုတစ်လော စိတ်ထပြီး ရေးလိုက်သည့်စာများ အတော်လေး အကောင်းမြင်ခြင်းခံရသည့်အတွက် အနည်းငယ်မျှ ထပ်မံရေးသားချင်စိတ် ပေါက်လာသည်ကတစ်ကြောင်း.. စိတ်ကူးလေးလဲ အတော်လေး ကွန့်မြူးနေသည့်အတွက်က တစ်ကြောင်း၊ ယခင်ပုံစံများနှင့်မတူသည့် ဒေသန္တရ ဗဟုသုတအကြောင်းလေးကို သိသမျှ ရေးသားလိုက်ရပေ၏။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ အာရပ်စော်ဘွားများ ပြည်ထောင်စုသည်ကား ပြည်နယ်(၇)ခုကို ၁၉၇၁ ခုနှစ်တွင် စုပေါင်းပြီး နိုင်ငံတစ်ခု ထူထောင်ထားခြင်းဖြစ်သည်။ နိုင်ငံဟုဆိုသော်ငြား ပြည်ထောင်စုဟုခေါ်သည့် မြန်မာနိုင်ငံနှင့်မတူပေ၊ ပြည်နယ်တစ်ခုနှင့်တစ်ခု ဥပဒေ၊ စည်းမျဉ်းခြင်းမတူပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည်။ ကိုယ့်စိတ်ကြိုက် ဥပဒေထုတ်ပြီး အုပ်ချုပ်ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်ဆိုလျင်မူ Abu Dabi […]


စဆရ ႀကီးApril 6, 20121min31725
ကျွန်တော် လမ်းလျှောက်နေပါသည်.. အတော်လေးကို ခပ်ဝေးဝေးရောက်အောင် လျှောက်နေပါ၏။ မွန်းကျပ်မှုများနှင့်ဝေးရာ၊ မြို့ပြ၏ သက်ပြင်းရှိုက်သံများနှင့်ဝေးရာသို့…. ++++++++++++++++++++++++++++ ကြာတော့ကြာခဲ့ပါပြီ.. ++++++++++++++++++++++++++++++++++++ တစ်ကယ်တန်းပြန်တွေးတော့လည်း မနေ့တစ်နေ့ကလိုပင်၊ အရာရာသည် ခပ်ဝါးဝါး ပုံပမာအလားရှိနေဆဲပါပဲ။ သို့သော် ပြတ်ပြတ်သားသား ခံစားနေရတုန်းပင်။ ထိုစဉ်တုန်းက အတော်လေးပင် နုနယ်ခဲ့သည့် နှလုံးသားတစ်စုံကို ပိုင်ဆိုင်ခဲ့ဖူးသည်မို့ ပိုလို့ခံစားနေမိသလားထင့်။ ထိုနေ့က ကျွန်တော့်အမေနှင့်အစ်မ အိမ်မှ သေတ္တာတစ်လုံးကို ယူပြီး တောင်ပေါ်မှ ရန်ကုန်သို့ လွတ်လွတ်လပ်လပ်ကြီး ထွက်ခွာသွားသောနေ့ဖြစ်သည်။ ပေ ၁၀ဝ ပါတ်လည်ခြံဝန်းအတွင်း ထီးထီးကြီးရှိနေသော အိမ်တွင်ကား ၁၄ နှစ်သားကျွန်တော်နှင့် ၈ နှစ်သားညီလေးမှာ ငွေ၂၀ဝ ကျပ်၊ ဆန်နို့ဆီဗူးနှစ်လုံးဖြင့် ဘယ်တော့ပြန်လာမည်မှန်းမသိသည့် မိဘနှစ်ပါးအား ငေးမော စောင့်ဆိုင်းလျက်သား။ ဖခင်ဖြစ်သူသည်ကား နိုင်ငံဝန်ထမ်းပေမို့ ဘယ်ဆီဘယ်ဝယ်မှန်းမသိသည့်နေရာသို့ သွားရောက်တာဝန်ထမ်းဆောင်နေရပေသည်။ အိမ်ကြီးတစ်လုံးထဲတွင် […]


စဆရ ႀကီးApril 1, 20121min71227
ကျွန်တော် ဘဝကို Plan ချခဲ့ပါသည်။ အောင်မြင်ခဲ့သည့် Plan လဲရှိသလို မအောင်မြင်ခဲ့သည့် Plan များလဲရှိပါသည်။ အဘယ်သို့ဆိုစေကာမူ ကျွန်တော်သည်ကား Plan ချမြဲ ချလျက် ရှိနေပါစဲ..။ (၁၀)နှစ် ထိုစဉ်က ကျွန်တော်သည်ကား ဆယ်တန်းကျောင်းသားကြီးလုံးလုံးဖြစ်ချင်ခဲ့သည်။ နေရာတစ်ကာတွင် နင်က ကလေးပဲရှိသေးတယ်ဟူသော အပြောကို ခံနေရသဖြင့်တစ်ကြောင်း၊ ဆယ်တန်းကျောင်းသားကြီးများမှာမူ အိမ်မှ ဖူးဖူးမှုတ်ခံထားရခြင်း၊ မုန့်ဖိုးများ အများကြီးရခြင်း၊ ကျောင်းတွင် အခမ်းအနားများလုပ်တိုင်း နေရာပေးခံရခြင်းများကို တွေ့ခြင်းကြောင့် ဆယ်တန်းကျောင်းသား မြန်မြန်ဖြစ်ပါစေတော့ဟု ဆုတောင်းမိခဲ့သည်။ (၁၆)နှစ် ဆယ်တန်းကျောင်းသားကြီးဖြစ်လေပြီ။ သိသင့် သိထိုက်သလောက်လဲ သိလာပေပြီ။ ဆယ်တန်းအောင်ပြီးလျင် ဘာလုပ်မလဲဟု စဉ်းစားသောအခါ အင်ဂျင်နီယာသာ ဖြစ်လိုရင်းဖြစ်သောကြောင့် ထိုစဉ်က နာမည်ကြီး RIT ကျောင်းကို ဝင်ခွင့်ရရေးအတွက် စာကို အပါတ်တကုပ် ကြိုးစားတော့သည်။ […]


စဆရ ႀကီးFebruary 25, 20121min59634
“……………………………………………..” နာရီမှ လက်တံသည် သန်းခေါင်ကိုကျော်ပြီး မနက်ပိုင်းသို့ပင် အတော်လေးရောက်နေပြီဖြစ်သည်။ အိပ်ခန်းသည်ကား အမှောင်ထုကြီးစိုးလျက်၊ အဲကွန်းသံမှတစ်ပါး အရာရာသည် ဆိတ်ငြိမ်လျက်သား။ သက်ရှိလောကကြီးသည်ကား အမှောင်ထုအောက်တွင် ပျောက်ကွယ်တိတ်ဆိတ်လျက်။ လူသားအားလုံး အိပ်မောကျနေသယောင်ယောင်ပင်။ ကိုရင်ရှူံးတစ်ယောက် အိပ်ယာထဲတွင် လူးကာလှိမ့်ကာဖြင့် အိပ်မရဖြစ်နေသည်။ ညနေမှအဖြစ်အပျက်ကို တစ်နုံ့နုံ့ပြန်တွေးကာ အတွေးများ များပြားလွန်းနေသည်။ စေ့စေ့တွေး၊ ရေးရေးပေါ်ဆိုသလို ဖြစ်စဉ်များ ဖြစ်ပျက်ခဲ့သည်များ၊ ပြောဆိုခဲ့သည့်စကားလုံးများ နားထဲတွင် တစ်လုံးစ နှစ်လုံးစ ပြန်လည်လာရိုက်ခတ်နေသည့်အလား။ အဆုံးတွင်မတော့ သက်ပြင်းကြီးတစ်ချက်သာ ချရင်း ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရတော့သည်။ ဘာပဲပြောပြော ဘယ်သူမပြု မိမိမှုပဲလေဟု။ အရာရာသည်ကား ကိုယ့်လူမျိုးများနှင့် အတူနေလိုသော ကိုရင်ရှူံး၏ လျှာရှည်မှုများကြောင့်ပင်၊ အဘယ်သို့ကဲ့များ ယခုကဲ့သို့ စကားများ ပလ္လင်ခံနေရပါမူ….. (၁) အရှေ့အလည်ပိုင်းဒေသသို့ ကိုရင်ရှူံးရောက်နေသည်မှာ နှစ်အတော်အတန်ပင်ကြာပြီဖြစ်သည်။ ရောက်စကပင် […]


စဆရ ႀကီးJanuary 14, 20121min30021
စာတွေရေးကြပါသည်။ တစ်ချို့က ချစ်သူအတွက် တစ်ချို့က မိသားစုအတွက် တစ်ချို့က အလုပ်အတွက် တစ်ချို့က …. တစ်ချို့က …. အစရှိသည်ဖြင့် အကြောင်းအရာအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ရေးသားကြခြင်းဖြစ်သည်။ တစ်ချို့မှာမူကား ရင်ဘတ်ဖြင့် ရေးသားကြခြင်းဖြစ်သည်။ ယခုရေးသားနေသော ဆိုက်မှ ထင်ရှားသူများဆိုလျင် မမှီ၊ သော်ဇင်(လွိုင်ကော်)၊ အလင်းဆက်၊ Pooch၊ သူရဿဝါ တို့ဖြစ်ကြသည်။ သူတို့မှာကား ကိုယ်ခံစားမိသမျှများကို ခံစားမိသည့်အချိန်တွင် ခံစားမိသလိုရေးခြင်းဖြစ်သည့်အတွက် အတော်လေးပင် စာရေးကျဲကြလေသည်။ တော်ရုံတန်ရုံနှင့် စာတစ်ပုဒ် ဖြစ်မလာပေ။ ပုံမှန်ဝင်ဖတ်သူမှသာ သူတို့သည် ခံစားချက်ရေးသူများဖြစ်ကြောင်း သိကြပေမည်။ ယခုလို တစ်ရက်အပုဒ် (၂၀)ခန့်တက်သည့်အချိန်တွင်မူ သူတို့ခံစားချက်စာစုများသည်ကား တော်ရုံလူ ဖတ်နိုင်ခြင်းမရှိပေ။ ဘယ်သူ့ ဘယ်သူကမှလဲ ထင်ပေါ်လို့ စင်တော်ကောက်ခြင်းလဲမပြု၊ မူဝါဒနှင့် မညီလေသလောမသိ။ ပြင်ပလောကတွင်မူကား အမျိုးသားစာပေဆုရ စာရေးဆရာသည်ကား […]


စဆရ ႀကီးJanuary 10, 20121min24219
တိတ်ဆိတ်နေသော လမ်းပေါ်တွင် စက်ဘီးရွှံကာနှင့် ခြေနင်းမှ တကျွိကျွိမြည်နေသံမှတစ်ပါး အရာရာသည်တိတ်ဆိတ်ငြိမ်သက်လျက်သား။ ငြိမ်သက်ဆို ည ၁၁းဝဝ ကျော်လဲရှိနေပြီဖြစ်သည့်အတွက်ဉာဏ်ကွဲရပ်ကွက်ကြီးသည်ကား မေမြို့၏ အအေးဒဏ်ကြောင့်ထင်၊ အိပ်မောကျနေသယောင်ပင်။ ကိုရင်ရှူံးသည် မျက်မှန်ကို အသာအယာပွတ်လိုက်သည်။ ရေငွေ့များက မှန်ပေါ်တွင် လာရောက်တွဲခိုနေသည့်အတွက် ရှေ့ကိုသဲသဲကွဲကွဲ မမြင်ရပေ။ အိမ်များမှ ဖြာကျလာသည့် အလင်းရောင်များဖြင့် သွားနေကျလမ်းကို ဖြေးဖြေးချင်းဆက်နင်းလာခဲ့သည်။ မန္တလေး-လားရှိူးလမ်းမကြီးပေါ်အရောက်တွင်မတော့ အနည်းငယ် ဆူဆူညံညံရှိလာပြီဖြစ်သည်။ ထိုတော့မှ ကိုရင်ရှူံးလည်း စက်ဘီးကို အသံပေါင်းစုံထွက်အောင် အမြန်နင်းရင်း ဉာဏ်တော ၁၈ လမ်းသို့ ခပ်သုတ်သုတ်လေးနင်းလာခဲ့သည်။ အိမ်မှထွက်လာသည်မှာ အတော်ပင်နောက်ကျနေပြီဖြစ်သည်။ သူတို့တွေ စောင့်နေကြတော့မည်။ သူတို့တွေဆိုသည်မှာ… (ကျွဲ) လွန်စွာလိုက်ဖက်သော နာမည်ပင်ဖြစ်သည်။ အသက်မှာ ၁၆ နှစ်သားသာရှိသေးသော်လည်း လူကောင်မှာ အတော်လေးထွားကျိုင်းလှသည်။ ကြွက်သားများ အပြိုင်းပြိုင်းထနေသောကြောင့် မူရင်းနာမည်ပျောက်ပြီး ချစ်စနိုးဖြင့် […]


စဆရ ႀကီးJanuary 8, 20121min14415
ရောက်ပါလေပြီ။ အခန်းဝတွင် မယောင်မလည်ဖြင့် ကိုယ်ယောင်ပြနေမိသည်။ ပြောမယ့်သာပြောရတာ၊ ကိုရင်ရှူံးမှာ အသည်းသာငယ်သော်လည်း လူကောင်က လူတန်းစေ့ဖြစ်သည့်အတွက် အလွယ်တကူမြင်နိုင်သည်။ လက်နှစ်ဖက်ကို အရှေ့မှာထားရမည်လား၊ အနောက်မှာပဲ ထားရမည်လားနှင့် မွေးကတည်းက ပါလာသော အဲဒီဟာကြီးကို ဘယ်နားထားရမည်မသိအောင် အတော်လေးဂွကျလှပေသည်။ မျက်နှာကို ဘယ်လိုထားရမလဲဟုလည်း စဉ်းစားမိသေးသည်။ ပြုံးနေရမလား…? ဒါလဲ မဖြစ်သေးပါဘူးလေ၊ ရုပ်ကိုက ပြောင်စပ်စပ်နဲ့ဆိုပြီး ဝိုက်လက်သီး၊ ပင့်လက်သီးတွေက အဆက်မပြတ်ကျလာမှ ဒုက္ခ။ တည်နေရမလား…? ဒါလဲ မဖြစ်နိုင်၊ ရုပ်တည်ကြီးနဲ့ ကောင်မလေးကိုလာပိုးတယ်ဆိုတာ တော်တော်ကြောင်တယ်ဟု တွေးမိပြန်သည်။ နောက်ဆုံးတွင်မတော့ မချိသွားဖြဲလေးဖြင့် ကပိုကယိုလေး လက်လှမ်းပြလိုက်သည်။ (ဒါမှ သူလဲ ကျေနပ်ပေလိမ့်မပေါ့) သူကခဏနေဦးဆိုသည့်သဘောဖြင့် လက်ဝါးကာပြသည်။ မျက်လုံးထဲတွင်မတော့ လက်သီးကြည့်ထားဟု ပြသည်ပဲ ထင်မှတ်နေတုန်း။ သိပ်မကြာခင်မှာပင် ငါးသလောက်ပြုံးလေးဖြင့် သူမမှ သူမပုံစံအတိုင်း […]