စဆရ ႀကီးJanuary 6, 20121min13026
မေမြို့ဆောင်းသည်ကား အေးမြလွန်းလှပေစွ။ နှင်းဟု အလွယ်တကူခေါ်ကြသော ရေငွေ့ရေမှုန်များသည် ပါတ်ဝန်းကျင်တွင် ရစ်သိုင်းမှိုင်းဝေနေသည်မှာ ရှေ့တစ်လံမျှကိုပင် ရေးရေးသော်မျှ မမြင်နိုင်ရှိတော့သည်။ မယ်ဇလီပင်များထက်မှ ပင့်ကူမျှင်ကြိုးများဖြင့် တွဲလောင်းကျနေသော ခူယားကောင်များသည်လည်း လမ်းမထက်တွင် တွဲလောင်းချိတ်လျက် ရှိနေသည်။ ပြောရလျင် ကဗျာနည်းနည်းမှ မဆန်သော ဆောင်းမနက်ခင်းတစ်ခုဖြစ်သည်။ မြို့ကြီးသည်ကား တိတ်ဆိတ်ငြိမ်သက်ခြင်း ဝတ်ရုံလွှာကို ခပ်ပါးပါး လွှမ်းခြုံရင်း အိပ်မောကျနေတုန်းပင်ရှိသည်။ ……………………………………………….. ×× ……………………………………………….. ကတ္တရာလမ်းပေါ် ဖိနပ်ရိုက်ခတ်သံများဖြင့် တိတ်ဆိတ်နေသော နံနက်ခင်းနှင့် ပိတ်ဆိုင်းနေသော နှင်းမှုန်များကို ဖြိုခွဲပြီး လူနှစ်ယောက် တိုးထွက်လာလေသည်။ အနွေးထည်ကိုယ်စီ၊ အားကစားဝတ်စုံကိုယ်စီဖြင့် နံနက်စောစော အပြေးလေ့ကျင့်နေသော ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ယောက်မှာ ပြေးရင်း၊ စကားပြောရင်းနှင့် တစ်မနက်စာ လေ့ကျင့်ခန်းပြီးဆုံးရာ ကန်တော်လေး ကန်ဘောင်ပေါ်သို့ ရောက်ရှိတော့သည်။ ကန်ဘောင်တစ်လျှောက် ဖြတ်သန်းလာသော လေနုအေးကို […]


စဆရ ႀကီးDecember 26, 20111min56824
“ဗျာ….” ကိုအောင်ခန့်နှုတ်ဖျားမှ အံ့ဩသည့်စကားလုံးကြီးတစ်လုံး လွှတ်ကနဲ ထွက်ကျသွားလေ၏။ အိမ်မက်ပေလားဟု ကိုယ့်ကိုယ်ကို ပြန်မဆိတ်မိတော့ပါ။ နေ့လည်ဘက်ကြီး နားနှင့်ဆတ်ဆတ်ကြားလိုက်ရသည်မှာ ဘယ်လိုမှ မမှားနိုင်ပေ။ ကိုအောင်ခန့်ကိုယ်တိုင် ပုံစံထုတ်၊ လက်သမားများနှင့်အတူ အိမ်တိုင်ထောင် ဆောက်လုပ်ခဲ့သော သူ၏အိမ်ပေါ်တွင် ယောကျာ်းသားတစ်ယောက် တက်နေနေသည်မှာ တစ်နှစ်ခန့်ပင်ရှိတော့မည်ဟူသတတ်။ တစ်မိသားစုလုံး သူနှင့် သူ့ဇနီးသာ နှစ်ယောက်တည်းရှိသောအိမ်မှ သူထွက်လာသောအခါ သူ့မိန်းမတစ်ယောက်တည်း ရှိနေရမည်ဖြစ်သော်လည်း ခုတော့ တစ်ခြားယောကျာ်းတစ်ယောက် အိမ်ပေါ်ရောက်နေသည်ဟုကြားရပြန်တော့ ထိုသူ ဘယ်သူလဲဟု သိချင်စိတ်က ကြီးစိုးလာလေပြီဖြစ်သည်။ စိတ်ထဲတွင်မတော့ သူ့ထက်အသက်ကြီးသော၊ ရွက်ကြမ်းရေကျို၊ တောသူမတစ်ယောက်ကို ယူထားသည့်အတွက် မဖြစ်နိုင်ပါဘူးလေဟု ကိုယ့်ကိုယ်ကို လိမ်လည်နေမိသည်။ နီးစပ်ရာအသိများကို အဆက်အသွယ်မရ ရအောင်လုပ်ပြီးမေးသောအခါတွင်လည်း စိတ်မကောင်းသည့်လေသံများဖြင့် သူတို့မသိကြောင်းသာဖြေဆိုကြသဖြင့် ကိုအောင်ခန့်မှာ နေမထိ၊ထိုင်မသာ ဖြစ်လာရလေပြီ။ ခက်သည်က ကိုအောင်ခန့်သည် ဘဝကို ကိုယ်တိုင်ရုန်းကန်လာရသူဖြစ်သည့်အတွက် […]


စဆရ ႀကီးDecember 25, 20111min16810
သွပ်ပြားအမိုးပေါ် မိုးရေကျသံများ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ည၏ တိတ်ဆိတ်ခြင်းကို ကျယ်လောင်စွာ ဖြိုခွင်းနေသဖြင့် မဇင်ဇာသည် အိပ်ယာထက်တွင် အေးမြလှသော ရာသီဥတုကြား အိမ်စက်ခြင်းငှာ မပြုနိုင်ပဲလူးလူးလွန့်လွန့်ဖြင့် ရှိနေသည်။ ပြင်ပလောကသည်ကား အေးချမ်းမှုအတိဖြင့်ရှိသော်လည်း မဇင်ဇာရင်မှာမူ ပူလောင်လွန်းလှပေပြီ။ များမကြာမီကာလကပင် အိမ်သို့နောက်ဆုံးရောက်ခဲ့သော စာတစ်စောင်ကြောင့်ဖြစ်သည်။ လင်ယောကျာ်းပြန်လာတော့မည်ဆိုသည့်အကြောင်း အသိပေးစာတစ်စောင်ကြောင့် သူမ၏ အသားကျနေသောဘဝလေး တည်ငြိမ်နေသည့် ကန်ရေပြင်ကို ခဲဖြင့် အပေါက်ခံလိုက်ရသည့်အလား အတွေးစဉ်လှိုင်းများ တစ်လိမ့်ချင်း၊ တစ်လိမ့်ချင်းနှင့် ဟိုးစဉ်က သူမ၏ လင်တော်မောင်နှင့် စတင်တွေ့ဆုံခဲ့စဉ်က အခြေအနေများကို ပြန်ပြောင်းမြင်ယောင်မိတော့သည်။ ======================================================== တစ်ကယ်တော့ ဇင်ဇာခက်ကျော်ဆိုသော မိန်းမသားသည်ကား ဧရာဝတီတိုင်းတွင်းမှ မထင်မရှားမြို့နယ်လေးရှိ အတော်ပင် ဝေးလံခေါင်ဖျားလှသောရွာလေးမှ ကျေးတောသူလေးသာဖြစ်သည်။ အသားအရေမှာလည်း ငယ်စဉ်က အနာစက်များပေါက်ခဲ့ဖူးသဖြင့်လည်းကောင်း၊ ကောက်စိုက်လိုက်ခဲ့ဖူးသဖြင့်လည်းကောင်း အတန်ငယ်ပင် ညိုစိမ့်စိမ့်နှင့်ဖြစ်သည်။ အသက် ၄ဝ […]


စဆရ ႀကီးDecember 24, 20111min22221
သက်ရှိကမ္ဘာကြီးသည်ကား အမှောင်ထု ကြီးစိုးနေလေပြီ။ နေ့အလင်းရောင်ကို တုပြိုင်ကာ နီယွန်မီးရောင်များဖြင့် ဆင်ယင်ထားပါသော်ငြား အဘယ်သို့မျှ ထပ်တူ မညီနိုင်ပြီဖြစ်၏။ မီးတိုင်များအောက်တွင်မတော့ ညီညာပြန့်ပြူးနေသော ကတ္တရာလမ်းမကြီးသည်ကား ငြိမ်သက်စွာ လှဲလှောင်းနေ၏။ ဘေးပါတ်ဝန်းကျင်တွင်မတော့ အရာရာသည် အမှောင်ထုအောက်တွင် အိန္ဒြေကြီးမားလှစွာ တိတ်ဆိတ်ပျောက်ကွယ်နေသည်။ Nissan NPR Truck ကားနောက်ခန်းတွင် လူမျိုးပေါင်းစုံပါဝင်သော သင်္ဘောကျင်းအလုပ်သမားများသည် ကြမ်းပြင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ပူးပူးကပ်ကပ်၊ ကြပ်ကြပ်ညပ်ညပ်ထိုင်ရင်း သဘာဝအတိုင်းတိုးဝင်လာသော လေများကိုခံရင်း အပြုံးအရယ် ကင်းမဲ့စွာဖြင့် လိုက်ပါလာကြလေသည်။ မြို့အစွန်အဖျားဖြစ်သည့်အတွက် ကြည့်စရာမိုးမျှော်တိုက်တာတွေလဲမရှိ၊ ပေါင်တိုဖြူဖြူလေးတွေလဲ ငမ်းစရာမရှိသည့်အတွက် ငိုက်မျည်းရင်းသာ ရှိကြကုန်၏။ တရားဝင်ခွင့်ပြုထားသော ၂၅ ယောက်စာမကသည့်လူဦးရေကို နေ့စဉ်သယ်ပိုးကာ သွားနေရသောကားမှာ ဖမ်းဆီးမည့်ရဲလဲမရှိသဖြင့် အေးအေးလူလူသာ လိုရာခရီးကို မောင်းနှင်နေဆဲဖြစ်သည်။ ဘုရားစူး တိုးတက်စည်ကားလှပါသည်ဆိုသော နိုင်ငံ၊ မြေနေရာ ရှားပါးလှပါသည်ဆိုသော […]


စဆရ ႀကီးDecember 23, 20111min27627
တစ်ရက်တာအတွက် အလုပ်သိမ်းချိန်သို့တိုင်လေပြီ။ ကိုရင်ရှူံးသည်ကား ခမောက်ကို ချွတ်ပြီးနောက် လည်ပင်းတွင်ပါတ်ထားသော မျက်နှာသုတ်ပဝါစဖြင့် ချွေးပြန်နေသော မျက်နှာအားအားပါးတရ သုတ်လိုက်မိတော့သည်။ အချိန်သည်ကား ၆း၃ဝ ရန် ၁၅ မိနစ်မျှသာလိုတော့ကြောင်းပြနေပြီဖြစ်သည်။ ဘေးတွင်ချထားသော ရေဗူးမှရေအား တစ်ကျိုက်ခန့်မော့လိုက်ပြီးသည့်နောက် အတန်ငယ် လန်းဆန်းသလိုတော့ဖြစ်သွားသည်။ ပြန်ချိန်ရောက်နေပြီကတစ်ကြောင်း၊ တစ်ရက်တာ ကုန်ဆုံးသွားပြီကဖြစ်သည့်အတွက်ကြောင့်တစ်ကြောင်း စိတ်လက်ပေါ့ပါးနေတော့သည်။ အပြာရောင် ကုမ္ပဏီဝတ်စုံသည်ကား ချွေးများနှင့် ဆေးမှုန်များ၊ ဖုန်မှုန့်များရောနှောနေသည့်အတွက် အနက်ရောင်သို့ပင် ပြောင်းလုပြောင်းခင်ဖြစ်တော့သည်။ မပြန်ခင် ပစ္စည်းများကို ဆာလာအိတ်အတွင်းထည့်ပြီးနောက် သေတ္တာတွင်းသို့ သွားထားရင်းနှင့် ကုန်းပါတ်ပေါ်သို့ တက်လာခဲ့မိသည်။ သင်္ဘောတစ်စီးလုံးကား တစ်နေကုန် ဆူညံသံများစွာဖြင့် သက်ဝင်လှုပ်ရှားခဲ့သည်မှာ သူမဟုတ်လေသည့်အလား တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးနေသည်။ ကုန်းပါတ်ပေါ်တွင်မတော့ Tank အတွင်းနှင့်မတူ ညနေခင်းလေပြည်အေးသည်ကား ရေပြင်ကို ဖြတ်တိုက်လာခြင်းကြောင့် အေးမြနေလေသည်။ ယခုမှပင် လေကိုဝဝ ရှူရတော့သည်။ […]


စဆရ ႀကီးDecember 21, 20111min33722
ခေါင်းစဉ်ဖတ်ပြီး စဉ်းစားရကျပ်သွားလေမလားမသိ။ တစ်ခမ်းမွှေးဆိုသည်မှာ နှစ်ခမ်းမွှေး မဟုတ်ခြင်းကြောင့် တစ်ခမ်းမွှေးဟုသာ ဆိုလိုရင်းဖြစ်သည်။ မျက်နှာပေါ်တွင် နှုတ်ခမ်းတစ်ခမ်းထဲသာ ကပ်ပြီးပေါက်နေခြင်းကြောင့် တစ်ခမ်းမွှေးထားရခြင်းဖြစ်ကြောင်း သိစေအပ်ပေသည်။ ဇာတ်ကြောင်းရယ်ကို ပြန်ပြောင်းကာ လှန်ရမယ်ဆိုလျင်ဖြင့် ကျွန်ုပ်၏ အုပ်ထိန်းသူ မိန်းမချောလေးသည်ကား အိနိ္ဒယသွေး အနည်းငယ်မျှပါလာသောကြောင့် ရင်ဘတ်အမွှေးများပါလျင် သဘောကျကြောင်း၊ တစ်ခမ်းမွှေးခန့်ခန့်ညားညားနှင့် ယောကျာ်းများကို လွန်စွာမှ နှစ်သက်လှကြောင်း မကြာခဏပြောဆိုခြင်းကြောင့်လည်းကောင်း သျှမ်းကြီးကျွန်တော်မျိုးမှာ ပြောင်စပ်စပ်မျက်နှာကို ခန့်ညားစေခြင်းအလို့ငှာ တစ်ခမ်းမွှေးကို တယုတယ မွေးမြူခြင်း ပြုရတော့သည်။ ရင်ဘတ်မွှေးကိုတော့မူကား အဘယ်သို့မျှ မတတ်နိုင်သောကြောင့် မထားနိုင်ပေ။ ရှိစေတော့၊ သူအလွယ်တကူမြင်နိုင်သည့် မျက်နှာတွင်ပဲ ထားတော့မယ်ဟု စိတ်ကို ဒုန်းဒုန်းချကာ မရိတ်မသင်ဘဲထားတော့သည်။ တစ်ဖြည်းဖြည်းနှင့် ထူလာသော ကိုယ့်တစ်ခမ်းမွှေးကိုယ်ပြန်ကြည့်ကာ လွန်စွာမှပင် နှစ်ထောင်းအားရခြင်းလဲ ဖြစ်မိပြန်သေးသည်။ အလုပ်မှ ကုလားကြီး၏ တစ်ခမ်းမွှေးအထူကြီးကိုကြည့်ကာ ငါလဲတစ်နေ့တော့ […]


စဆရ ႀကီးDecember 19, 20111min13912
စင်္ကာပူမိုးသည်ကား အညှိုးကြီးလွန်းလှပေစွ။ မနက်ကတည်းက ရွာလိုက်သည်မှာ ယခုနေ့လည်တိုင်အောင် မရပ်နိုင်သေး။ ကိုရင်ရှူံးသည်လည်း ထမင်းစားချိန်ရောက်ပြီဖြစ်သောကြောင့် သင်္ဘောပေါ်မှဆင်းရန် တိုးဝှေ့လုယက်နေကြသော လူအများကြားတွင် ကုန်းပေါ်သို့ အမြန်ဆုံးရောက်နိုင်ရေး တိုးဝှေ့နေရလေသည်။ အရေးထဲမှ အရာပေါ်သကဲ့သို့ Safety Officer မှ အမှိုက်မပါလျင် အောက်မဆင်းရဆိုသည့်အတွက် တွေ့ရာ သံတို၊ သံစများကို Air Tube ကို စုတ်ဖြဲပြီး အိတ်လုပ်ကာ ကိုင်ထားရသည်မှာလည်း လက်ပင် အတော်အောင့်နေပြီဖြစ်သည်။ လူ ၅၀ဝ ခန့်လုပ်ကိုင်ရာ သင်္ဘောပေါ်မှပြင်ပသို့ထွက်ရာ လှေကားသည်ကား နှစ်စင်းထဲသာ ထိုးထားသည်။ တစ်စင်းလျင် လူတစ်ယောက်ခန့်သာ သွားနိုင်သည့်အတွက် များပြားလှသော လူအုပ်ကြီးမှာ အပြင်သို့ထွက်နိုင်ရေး ဆူညံသံပေးလျက်ဖြင့် ကမ္ဘာပျက်နေသည့်အလားပင်။ တိုးရင်းဝှေ့ရင်းနှင့်ပင် ကုန်းပေါ်သို့ ခြေချမိတော့သည်။ Board တွင် ချိတ်ထားသော Name Tag […]


စဆရ ႀကီးDecember 15, 20111min20319
သိသောသူများလဲသိကြပေလိမ့်မည်။ မသိသေးသောသူများအဖို့လည်း အသစ်အဆန်းဖြစ်နေလေမည်။ ကျွန်တော်တို့အတွက်မှာမူကား နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်များသာ ဖြစ်တော့သည်။ ကိုယ်ကိုယ်တိုင် စွဲချက်တင်၊ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်၊ ကိုယ်ကိုယ်တိုင် စီရင်ချက်ချနေရသောသူများမှာ ရွှေ့ပြောင်းအလုပ်သမား ကျွန်တော်တို့လို လူစားများသာ ဖြစ်ပေတော့သည်။ ============================================================================ တစ်မြေရပ်ခြားတွင် သွားရောက်အလုပ် လုပ်ကိုင်မှ ကြီးပွားချမ်းသာမည်ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံကူးလတ်မှတ်ထုတ်ပေးရာရုံးတွင် စာရွက်စာတမ်းများကိုကိုင်ဆောင်ကာ လူအမျိုးမျိုးအထွေထွေကြားတွင် တိုးဝှေ့တန်းစီရင်း ချွေးသံတစ်ရွှဲရွှဲဖြင့် တိုးဝှေ့ထားသည့် ရုပ်ကြီးဖြင့် ဖြစ်သလိုရိုက်ပေးလိုက်သော ပုံကြီးကို အခန့်သားကပ်ပေးထားသော ကျက်သရေတုံးလှသည့် ကိုယ့်ပုံကြီးကပ်ထားသော နိုင်ငံကူးလတ်မှတ် နီနီရဲရဲကြီး လက်ဝယ်တွင် ရောက်ရှိလာရာမှ အစပြုပြီး နိုင်ငံခြားဆိုသောစကားသည် လွန်စွာမှပင် စိတ်ကူးယဉ်ချင်စရာကောင်းသော နတ်ဘုံ၊ နတ်နန်းကြီးတမျှ စိတ်ကူးယဉ်ချင်စရာကောင်းတော့သည်။ ညီညာချောမွေ့နေသော လမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသော ကားကောင်းကားသန့်များ၊ နီယွန်မီးများဖြင့် စည်ကားနေသည့် Night Life များ၊ မီးမပျက်သည့် မြို့တော်ကြီးများ၊ […]


စဆရ ႀကီးDecember 5, 20111min1379
နေရာကား ဆင့်ကာပူရ (singapora) ခေါ် စင်္ကာပူ (အင်္ဂပူ မဟုတ်ကြောင်း သေချာဖတ်ရှုပါကုန်) ရောက်ပြီး သိပ်မကြာခင်မှာပင် လတ်လျားလတ်လျား လမ်းသလားချင်စိတ်များကား တားမနိုင်၊ ဆီးမရ နန့်နန့်ထိုးလျက် ရှိရကား ဘယ်သူမှလဲ မရောက်ဖူးသည့်အတူတူ မျက်နှာဖြူစကား အတော်အတန်သွားသော ကျွန်တော်မှ ကျန်ငမိုက်သား ခြောက်ယောက်ကို ဦးဆောင်လမ်းပြလျက် ဟိုစာဖတ်၊ ဒီစာဖတ်ဖြင့် နေထိုင်ရာ limchukeng တောနက်ကြီးမှ ကားတစ်တန်၊ ရထားတစ်တန်ဖြင့် City Hall MRT Station တွင်ဆင်း၊ မြင်သမျှ၊ တွေ့သမျှ ပါးစပ်အဟောင်းသားဖြင့်ငေးရင်း မြန်မာကုန်တိုက်ဟုဆိုသော Pennisula Plaza သို့ မေးရင်း၊ စမ်းရင်း ရောက်လာတော့သည်။ အပြန်လမ်းကို သေချာစေရန်အတွက် မြင်သမျှ ဆိုင်းဘုတ်များကို ဖုန်းတစ်လုံးဖြင့် ရိုက်ယူရင်း မဝန့်မရဲဖြင့် ရောက်လာရတော့သည်။ ရောက်ရောက်ချင်းပင် […]


စဆရ ႀကီးNovember 29, 20111min14616
ဆိုင်တွင် Cashier အဖြစ်လုပ်ကိုင်နေသော ကျွန်တော်သည်ကား အိနိ္ဒယအမျိုးသားတစ်ဦး၊ သီရိလင်္ကာ အမျိုးသားတစ်ဦး၊ နီပေါ အမျိုးသားတစ်ဦး၊ ဖိလစ်ပိုင် အမျိုးသမီး ၂ ဦးဖြင့် အလှည့်ကျ လုပ်ငန်းခွင်ဆင်းရခြင်းဖြစ်သည်။ ရှားရှားပါးပါး အမျိုးသမီး ၂ ဦးသာရှိသည့်ဆိုင်တွင် တစ်ဦးမှာ ၄ဝ ကျော် ပုပုသေးသေး အိမ်ထောင်သည် အမျိုးသမီးနှင့် တစ်ဦးမှာ ၃ဝ ကျော် အတန်ငယ်လှသည်ဟု ဆိုနိုင်သော အပြိုဟုခေါ်သည့် ဖိလစ်ပိုင်မလေးတစ်ဦးတို့ ဖြစ်ကြသည်။ နေထိုင်ရာမြို့လေးသည်ကား လွန်စွာမှပင် အစွန်အဖျားကျလှပေသည်။ တစ်မြို့လုံးတွင်မှ ကုန်တိုက်စုစုပေါင်းတစ်ခု၊ အမေရိကန် စားသောက်ဆိုင်ဆိုလို့ KFC တစ်ဆိုင်ပဲ ရှိသည့်ကြားကမှ ကျွန်တော်တို့ဆိုင်သို့ လာရောက်ကြသူများ မျက်စိဘဝင်အေးစရာကြည့်ရှူရန်မှာ ထိုဖိလစ်ပိုင်မလေးမှတစ်ပါး ဘယ်သူမှမရှိကြသဖြင့် ထိုကောင်မလေး Cashier လုပ်သည့်နေ့ကား ရောင်းကောင်းသောနေ့သာ ဖြစ်တော့သတည်း။ ကျန်နေ့များတွင်မူ နှုတ်ခမ်းမွှေး […]


စဆရ ႀကီးNovember 27, 20111min7611
အန်တီဝေရေးထားတဲ့ သဘောမကျတာလေးတစ်ခုကို ဝင်ဖတ်ရင်း၊ မန့်ရင်းနဲ့ သဘောမကျတာလေးတွေ့လို့ ကိုယ့်ဖာသာ ထပ်မန့်ချင်တာလေး ရေးတင်လိုက်တယ်။ သူများတွေ ဘယ်လိုမြင်လဲသိချင်တာလဲပါတယ်။ ပေးချင်တဲ့ အတွေးလေးတွေလဲပါလို့ ကိုယ့်ဖာသာ သတ်သတ်တစ်ပုဒ်တင်လိုက်တယ်။ ===================================================== မြန်မာတွေ ရှေးကတည်းက ဘိုးစဉ်ဘောင်ဆက် မြင့်မြတ်ပါတယ်ဆိုတဲ့ မဟာ ပုရိသ အနွယ်ဝင်တွေ၊ ဘာသာရေးအရ မကောင်းဘူးလို့ပြောထားတဲ့ သူရာမေရယ၊ သူတစ်ပါးသားသမီးကို မပြစ်မှားရဆိုတဲ့ ကာမေသု မိစ္တာစာရ၊ အဲဒီနှစ်ချက် တည့်တည့်ကြီး ဖောက်ပြန်နေကြသူအများစု အိမ်မှာကျတော့ အိမ်ထောင်ဦးစီးမို့ သိပ်မြင့်မြတ်တဲ့အတွက် အခွင့်ထူးခံချင်ကြတယ်လား။ စဉ်းစားပါ မောင်ရင်။ ၉၅% ခန့်သော မြန်မာအမျိုးသမီးတွေ အဲဒီနှစ်ချက်ကို မဖောက်ပြန်တတ်ကြဘူးဆိုတာ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးလာတဲ့သူတိုင်း သိကြမှာပဲ။ အဲဒီတော့ ဘာသာရေးအရကြည့်မယ်ဆိုရင် သီလရှိသူကသာ ပိုမြင့်မြတ်ရိုး မဟုတ်ပေဘူးလား။ ဘာသာတရားကို လိုသလိုဆွဲသုံး၊ ကိုယ့်ကိုထိခိုက်မယ်ထင်တာတွေကျတော့ လျှိုထား၊ […]


စဆရ ႀကီးNovember 22, 20111min510
စာတွေ သိပ်မရေးဖြစ်တာလဲကြာပြီ.. ရေးမယ်ဆိုတော့လည်း လက်မတွေ့တော့ သိပ်မရေးဖြစ်ပြန်ဘူးဖြစ်နေပြန်တယ်.. ရေးလိုက်ရင်လဲ တစ်မေ့တစ်မောကြီးဖြစ်အောင် ရေးနေမိတော့ တန်းလန်းထားရင်း ထားရင်းနဲ့ တန်းလန်းကြီးဖြစ်မှန်းမသိကို ဖြစ်နေပြန်ပေါ့။ ဟယ်… မထူးပါဘူးလေဆိုပြီး ရေးတော့မယ်ဆိုတော့လည်း ခုတစ်လော ခံစားမိတာလေးပဲ ရေးချင်လာပြန်ရော။ ရေးစရာကုန်ကြမ်းကတော့ ကိုယ့်ဆီမှာပဲ ကိုယ်ပြန်ရှာတွေ့တော့တယ်။ အသက်ကလဲ စကောစက အရွယ်ရောက်နေတော့ တရားအကြောင်းလဲ ရေးဖို့ မပြည့်စုံသေး၊ အပျော်အပျက်တွေရေးဖို့ကလည်း ကိုယ့်ကိုယ်ကို မငယ်တော့ဆိုပြန်တော့ ဘဝအကြောင်းပဲ ရေးရပြန်သေးတာပေါ့။ (၁) ထိုစဉ်ကဖြစ်ပါသည်။ ကျွန်တော်သည်ကား ဟိုစပ်စပ်၊ ဒီစပ်စပ် အနည်းငယ်စီ စပ်စပ်စုစုသိရှိထားသဖြင့် လူငယ်များနှင့်စကားပြောသည့်အခါ ဗဟုသုတ ဟင်းလေးအိုးကြီးဟု မဆီမဆိုင် အထင်ကြီးခံရခြင်း၊ ထိုစဉ်က လုပ်ငန်းတစ်ခုတွင် ကံကြမ္မာမျက်နှာသာပေးသဖြင့် ရာထူးအတော်ကြီးကြီး ရယူထားနိုင်ခြင်း၊ ပေးနိုင်ကမ်းနိုင်သဖြင့် ချွေမှ ရံသော အခြွေအရံပေါများခြင်းတို့ကြောင့် ကျွန်တော်နေထိုင်ရာ အစွန်အဖျားမြို့နယ်လေးရှိ […]


စဆရ ႀကီးNovember 9, 20111min12118
ကြာတော့ ကြာခဲ့ပါပြီ… ဆယ်စုနှစ်နှစ်စုစာ ဖြတ်သန်းခဲ့ပြီးသော်လည်း ရင်မှာ ကြေကွဲအမှတ်တရ၊ တွေးမိတိုင်း ပြန်သတိရဆဲပါ ပြင်ဦးလွင်။ ================================= အချိန်ကား မနက် ၅းဝဝ ခန့်သာ ရှိသေး၏။ နှိုးစက်သံကြောင့် အိပ်ရာမှ လန့်နိုးလာသော ကျွန်တော်သည်ကား ဒေါသတကြီးဖြင့် ခလုပ်ကို ဆောင့်ကာ အောင့်ကာ ပိတ်လိုက်ပြီးနောက် အိပ်ယာမှ မထချင် ထချင်ဖြင့်ထရလေသည်။ တောင်ပေါ်ဒေသဖြစ်သည့်အတွက် ခြင်ထောင်သိမ်းရခြင်းအမှုကား ငြိမ်းလေ၏။ ဂွမ်းကပ်ကို စနစ်တကျ လုံးထွေးပုံလိုက်ရင်း မထချင်၊ ထချင်ဖြင့် အိပ်ယာထက်မှ ပျင်းရိပျင်းတွဲ၊လေးလံသော မျက်လုံးအစုံဖြင့် အိပ်မှုံစုံဖွားထရတော့သည်။ အိမ်ပြင်ဘက် အုတ်ကန်တွင်းရှိ ရေခဲရေဖြင့် မျက်နှာသစ်ခြင်း ပြုလိုက်သောအခါ သေးကွေးလှသော ကျွန်တော်၏ မျက်လုံးအစုံမှာ ထိုက်သင့်သလောက် ပြူးကျယ်ခြင်းသို့ ရောက်တော့သည်။ ထို့နောက်တွင်မတော့ လေးလံလှသော အနွေးထည်ကြီးကိုချွတ်၊ ဂျင်းဘောင်းဘီကို ဘောင်းဘီတိုနှင့် […]