San Hla GyiMarch 16, 20141min51488
ဟိုတလောဆီက ဂျာနယ်များတွင် ချစ်သူများနေ့အတွက် ပြင်ကြ ဆင်ကြ ပရိုမိုးရှင်းများ အပြိုင်အဆိုင် ပြုလုပ်ကြသော သတင်းများ ဖတ်လိုက်ရသည်။ ဒါနဲ့ တဆက်တည်း ပါလာသည်က စုံတွဲများအတွက် အခန်းများဌားခြင်း သတင်းများ ဖြစ်သည်။ ထိုကိစ္စနဲ့ ပက်သက်ပြီး စိုးရိမ်သော အချို့ ဆောင်းပါးရှင်များ၏ လူငယ်များကို ဆင်ခြင်ဖို့ တိုက်တွန်းသော ဆောင်းပါးများကိုလည်း တွေ့ရသည်။ ဒါနဲ့ ပက်သက်ပြီး မန်းဂေဇက်တွင်ပင် အတော် ငြင်းခုံကြသည်ကိုလည်း တွေ့လိုက်ရသည်။ ထိုအကြောင်းနဲ့ ဆက်နွယ်ပြီး ဒီဆောင်းပါးအား စာရေးသူ ရေးဖြစ်တာ ဖြစ်ပါသည်။ အဓိက ဆွေးနွေးသွားကြသော အကြောင်းအရာမှာ လူငယ်များ လက်မထပ်ခင် ဒီလို sex ကိစ္စ လုပ်တာ သင့် မသင့်နဲ့ living together ကိစ္စဖြစ်ပါသည်။ နောက်ပိုင်းတွင် ထို […]


San Hla GyiFebruary 23, 20141min48033
(ယခင်လမှ အဆက်) အခန်း (၁၁) ထမင်းစားခန်းထဲတွင် ဘူးဆန်းနဲ့ လီလီ စကားပြောနေတာ တွေ့ရသဖြင့် ယွီရှောင် အနည်းငယ် စိတ်ကသိကအောက် ဖြစ်သွားသည်။ ထို့ကြောင့် နေ့လယ်စာကို ခပ်သွက်သွက်ပင် ပြီးလိုက်ပြီး အလုပ်ပြန်မစမီ အချိန်လေးတွင် အသာလေး မျက်စိများကို မှိတ်ထားကာ မှိန်းနေလိုက်သည်။ သူအကြိုက်ဆုံး အနားယူနည်း တမျိုးလည်း ဖြစ်သည်။ ကိုယ်က ပုံတွေကြည့် ဂဏန်းတွေတွက် ကွန်ပျူတာကြည့် စသည်ဖြင့် မျက်စိရော ခေါင်းရော အလုပ်လုပ်ရသူ ဖြစ်ရာ အခုလို နာရီဝက် လေးဆယ့်ငါးမိနစ်ခန့် မှေးလိုက်ရတာက အတော် အထောက်အကူ ဖြစ်သည်။ ဒီလိုမှ မဟုတ်လျှင် အလုပ်ပြန်စချိန်တွင် မျက်လုံးများ ကျိန်းစပ်စပ်ဖြစ်ကာ အလုပ်လုပ်လို့ မကောင်းပဲ ဖြစ်တတ်သည်။ သူ့အနေနှင့် ဒီကုမ္မဏီမှာ လုပ်လာခဲ့တာ အခုဆိုလျှင် […]


San Hla GyiJanuary 12, 20141min27818
(ယခင်လမှ အဆက်) အခန်း(၆) ပြန်ခါနီး မစ္စတာလိုကျင်း တယောက် စိတ်ပျက်စွာဖြင့် ရုံးခန်းထဲ ထိုင်နေမိသည်။ ဖြစ်ရပုံက မိမိဌာနမှ ဘူးဆန်းဆိုသော လူငယ် တယောက်ကြောင့် ဖြစ်သည်။ မစ္စတာလိုသည် တခြားဌာနမှ လူများ အတွက်သာ ကြောက်စရာ ဖြစ်နေသော်လည်း မိမိဌာနမှ တပည့်တွေ အတွက်တော့ ကြက်သားအုပ်မကြီးက ကြက်ကလေးတွေကို အကာအကွယ် ပေးသလို စောင့်ရှောက် ကာကွယ်ပေးတတ်သည်။ ဒီနေ့ ဖြစ်ရပုံများတော့ မပြောချင်တော့ဟု မစ္စတာလို တွေးနေမိသည်။ ဒါရိုက်တာအဖွဲ့ အစည်းအဝေး ရှိသဖြင့် သူ့အနေနဲ့ နေသိပ်မကောင်းတာတောင် ရုံးကို လာခဲ့သည်။ အစည်းအဝေးခန်းထဲမှာ သူဌေးကြီး ကေကေဝမ် အပါအဝင် အခြားဌာနများမှ လူကြီးများနဲ့ ဆွေးနွေးအပြီး အစည်းအဝေး ပြီးခါနီးတွင် မစ္စတာဝမ်က သူ့ကို ပြောစရာရှိလို့ ဆိုပြီး […]


San Hla GyiDecember 24, 20131min39437
အခန်း (၁) ဒီနေ့ အိပ်ရာထ မဆိုစလောက် နောက်ကျသွားသဖြင့် တိုင်မင် အနည်းငယ်အောက်ကာ အလုပ်သွားဖို့ အိမ်မှ ထွက်တာလည်း နောက်ကျသွားသည်။ ထို့ကြောင့် နှစ်ဘူတာခန့်ဝေးသော စုရပ်ရှိ ကြိုပို့ကားကို မှီရန် ကမန်းကတမ်း အပြေးတပိုင်း အိမ်မှထွက်ကာ ကားနှစ်မှတ်တိုင်ခန့်စီးပြီး အမောတကော သွားရလေ၏။ ဒီအရပ်က မနက်ခင်းကလည်း အလုပ်သွားမည့် သူများ ကျောင်းသွားသူများ ပျားပန်းခတ်ကာ ကျိတ်ကျိတ်တိုး စည်ကားလှသည်။ မှတ်တိုင်မှာဆင်းပြီး စုရပ်သို့ လမ်းကလေး ဓါတ်တိုင် သုံးတိုင်စာလောက် လျှောက်ရသော နေရာလေးကို ကိုယ့်ရှေ့မှလူများကြောင့် တိုးဝှေ့ပြီး သွားရသဖြင့် တော်တော်နှင့်မရောက်။ ကြိုပို့ကားကို မြင်နေရပြီ။ ကံကောင်းသည် မထွက်သေး သီဟ လက်ပြကာ ကမန်းကတမ်း ပြေးလေသည်။ ရှေ့မှလူများကိုလည်း အသာလေးတိုးကာ ဆောရီးဟု ပြုံးပြပြီး ပြေးပါတော့သည်။ […]


San Hla GyiSeptember 6, 20131min52368
ကြာတော့ ကြာပါပြီ။ လွန်ခဲ့သော နှစ်အတော်ကြာက ဆိုပါတော့။ ထိုနေ့က အလုပ်ပိတ်ရက် ဖြစ်သဖြင့် ကိုယ့်ဘာသာကိုယ် အပြင်မသွားတော့ပဲ ရေဒီယိုဖွင့်ပြီး ငြိမ့်နေမိသည်။ မှတ်မှတ်ရရ ဖွင့်ထားသည်က RFA အစီအစဉ် ဖြစ်ပါသည်။ ထိုစဉ်က ထိုအစီအစဉ်များမှာ ပြည်တွင်းတွင် အတော်လေး ကြောက်ရသော အစီအစဉ်များ ဖြစ်ပါသည်။ ယခုကဲ့သို့ လွတ်လပ်စွာ နားမထောင်နိုင်သေး ဆိုပါတော့။ အချို့ဆို အသံလည်း ကျယ်ကျယ် မဖွင့်ရဲကြ။ အိမ်ထဲ ကျိတ်နားထောင်ရသည် ဆိုသော အသံလွှင့် အစီအစဉ်များ ဖြစ်ပါသည်။ အသံမိပြီးစ နားထောင်ကာစပင် အိမ်ရှေ့မှ အသံကြားရသည်။ အိမ်ရှေ့သာ ဆိုသော်လည်း တကယ်တော့ ကိုယ့်အခန်းနဲ့ ဧည့်ခန်းမှာ နီးနီးလေးပဲ။ “အကိုရေ ဧည့်သည်လာတယ်ဗျ”  လှမ်းခေါ်လိုက်သူက အလည်ရောက်နေသည့် ညီဝမ်းကွဲလေး။ ဒါနဲ့ ဘယ်သူပါလိမ့် […]


San Hla GyiDecember 8, 20121min1707137
(ဗုဒ္ဓဝင်ထဲမှ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းကြီး အကြောင်း တင်ဆက်လိုက်ပါတယ်။ ဗုဒ္ဓဝင်ထဲက အချက်အလက်တွေအတိုင်း ရေးတာဖြစ်ပြီး အချို့နေရာမှာတော့ စာရေးသူရဲ့ စိတ်ကူးနဲ့ ဟာသ ထည့်ထားပါတယ်။ ဟာသ ဆိုပေမယ့် တကယ့်အဖြစ်အပျက်တွေ အပေါ်မှာ ဟာသလုပ်တာ ဖြစ်ပါတယ်။ ဟာသကလည်း မြတ်စွာဘုရားရှင်ကိုတော့ မလုပ်ဝံ့လို့ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းသား အခန်းတွေမှာ ဟာသထည့်ထားပါတယ်) အချိန်ကား ဘုန်းတော်ကြီးသော ဂေါတမမြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်တွင် သီတင်းသုံး နေထိုင်တော်မူသော အခါဖြစ်ပေသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရှိတော်မူသော အခါဖြစ်သဖြင့် သာသနာတော်ဝယ် လွန်စွာ လှူဒါန်းပူဇော်သူ များသော အခါလည်းဖြစ်သည်။ လူတို့သည် ကျောင်းသို့ရောက်လျှင် မြတ်စွာဘုရားရှင် အဘယ်မှာနည်း စသည်ဖြင့် ကျောင်းသို့လာကြလေသည်။ ဘုရားရှင်ကို ဖူးတွေ့ပြီးလျှင် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်မဟာကဿပ အရှင်ဘဒ္ဒိယ စသော […]


San Hla GyiNovember 16, 20121min57844
အမှန်တော့ ဒီစာကို ကွန်မန့်ပေးဖို့ ရေးရင်းနဲ့ နည်းနည်းရှည်သွားလို့ ပို့စ်အနေနဲ့ သီးသန့်တင်လိုက်ပါတယ်။ ထုံးစံအတိုင်း ဦးနှောက်ကို မုန်တိုင်းတိုက်လိုက်တယ်ဗျာ။ ကိုရှုံးနိမ့်မှုများနဲ့လူက စည်းကမ်းချက် အမှတ် ၁၃ ကိုပြောတာ မြင်လို့ ကျနော်လဲ စိတ်ဝင်စားတာနဲ့ ဝင်ပါလိုက်တယ်ဗျာ။ အဲဒီ စည်းကမ်းချက် ၁၃ ကိုပြောချင်တာ ကြာပြီ။ ကျုပ်က ကျုပ်အမြင်ကို ပြောမယ်။ မကျေနပ်သူက ချေဖျက်နိုင်တယ်။ ကျုပ်ကလဲ ပြန်လည် ချေဖျက်ဆွေးနွေးမယ်။ ထုံးစံအတိုင်းပေါ့။ အဲဒီ စည်းကမ်းချက် ၁၃ အကြောင်းပြောချင်တာ ကျနော်ရေးတဲ့ စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသားအရေးသို့ ပြန်ကြားချက်နဲ့ ကိုကြောင်ဝတုတ်ရေးတဲ့ ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ဆိုတဲ့ ဆောင်းပါးကတည်းကပဲ။ ကျုပ်အမြင်နဲ့ တချို့လူတွေ အမြင်တူမှာ မဟုတ်ဘူး။ ကျုပ်စိတ်ထင် အဲဒီစည်းကမ်းချက်ကို တွင်တွင်ပြောနေသူတွေတောင်  ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ကွဲပုံမရဘူး။ […]


San Hla GyiOctober 21, 20121min329105
ယနေ့ ကမ္ဘာတွင် ခေတ်စားနေသော အယူအဆနှစ်ခုမှာ အများ သိတော်မူပြီးသည့်အတိုင်း conservative နဲ့ liberal လို့ဆိုကြပါစို့။ တကယ်က ထိုအယူအဆနှစ်ခု ဝါ အုပ်စုနှစ်ခုမှာ အတော်ရှေးကျကတည်းက ရှိခဲ့သည်သာ ဖြစ်ပါ၏။ ဘယ်ကတည်းက စခဲ့သလဲဆိုရင် သေသေချာချာတောင် မသိပါ။ ဒါပေမယ့် အတော်ရှေးကျကတည်းက ရှိခဲ့တာတော့ သေချာလှသည်။ ဆီလျော်အောင် မြန်မာမှု ပြုရသော် ရှေးရိုးစွဲဝါဒီများ နှင့် တိုးတတ်ရေးဝါဒီများ ဟုဆိုရမည် ထင်သည်။ ဂေဇက်သူကြီး၏ စကားလုံးကို သုံးစွဲရသော် လွတ်ပြန့်စွဲ ရှိသူများနဲ့ လွတ်ပြန့်စွဲမှ လွတ်မြောက်သူများဟုလည်း ဆိုနိုင်ပါ၏။ နှစ်သက်ရာကို ယူတော်မူကြပါကုန်။ ဆိုခဲ့ပြီးသည့်အတိုင်း အုပ်စုနှစ်ခု ဝါ အရှေ့နှင့်အနောက်ပမာ ဆန့်ကျင်ဘက် ဝါဒနှစ်ခု ဖြစ်ရကား အခါအားလျော်စွာ ဓမ္မဖိုက်တင်ပွဲလေးများလည်း ရှိကြကုန်၏။ ကျွန်ုပ်မှာကား ပြာမှုန်မှိုင်းရီ […]


San Hla GyiJuly 28, 20121min32422
ဆွမ်းဦးပုညရှင် စေတီတော်သမိုင်းကို နှစ်ခါတောင်မေးတာ တွေ့လို့  မိတ်ဆွေတွေ သိပ်သိချင်နေတယ် ထင်လို့ ကျနော်သိသမျှ ပြောပြလိုက်ပါတယ်။ ကျနော် ရေးခဲ့ဖူးတဲ့ မွန်ဂိုတွေနဲ့ မြန်မာတွေ တိုက်ခိုက်တဲ့ စစ်ပွဲကို ဦးစီးတဲ့ ရှမ်းဗမာမင်းကြီး ပင်းယသီဟသူလက်ထက် မှာတည်ခဲ့တာပါ။ အဆို ၂ ခုဖတ်ဖူးပါတယ်။ အနော်ရထာမင်းကြီး ကွမ်းခွက်တော်မှာ ထည့်ပြီး ကိုးကွယ်ခဲ့တဲ့ ဘုရားရှင်ရဲ့ ဓတ်တော် ရဆူအနက် ၅ဆူကို ကောင်းမှုတော် ရွှေစည်းခုံဘုရားတွင် ဌာပနာတော်မူတယ်။ ကျန် ၂ဆူကို ပုညအမတ်ကြီးက စစ်ကိုင်းပုညရှင်ဘုရား တည်ပြီး ဌာပနာပါတယ်။ ဒါက ပထမအဆိုပါ။ နောက်ထပ်တွေ့တဲ့ အဆိုက ပင်းယသီဟသူမင်းကြီး လက်ထက်မှာ သီဟိုဋ္ဌ်ကုလားတို့သည် ပြည်ရွာပျက်ပြားစေခြင်းဌာ ကွမ်းလောင်း ကွမ်းခွက်တွင် မွေတော် ဓတ်တော်တို့ကို ဌာပနာပြီးလျှင် ဆက်သလိုက်၏။ မင်းကြီးလည်း ပညာရှိတို့ကို […]


San Hla GyiJuly 14, 20121min51659
လူတိုင်းလိုလို မိဘမဲ့ကလေးများကို မြင်ဘူးကြားဘူး ကြမည်ဖြစ်ပါသည်။ ကြားလိုက်သည်နှင့် ဖြစ်ပေါ်တတ်သည့် ခံစားမှုက သနားခြင်း ဖြစ်ပါသည်။ မိဘမဲ့ ဖြစ်ရာတွင် အကြောင်းအမျိုးမျိုး ရှိပါသည်။ မိဘများ သေဆုံးသွား၍ မိဘများက စွန့်ပစ်သွား၍ မိဘများနှင့် ကွဲကွာသွား၍ စသည်ဖြင့်ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အလွန်ငယ်သည့် အရွယ်မှာ မိဘမဲ့ ဖြစ်ပြီဆိုလျှင်တော့ ကောက်ယူမွေးစားသူ မရှိပါက သေဖို့သာရှိပါသည်။ ကိုယ့်ကိုကိုယ် မစောင့်ရှောက်နိုင်သည့် အရွယ်ပေကိုး။ ဟုတ်ပါသည်။ ကျနော်လည်း တခါက မိဘမဲ့ကလေး တဦးကို ကောက်ယူမွေးစားခဲ့ဖူးပါသည်။ မမွေးစားလို့လည်း မရပါ။ ထိုမိဘမဲ့ကလေးက ကျနော့်ခြံထဲသို့ မိဘများနှင့် ကွဲကာဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ခြင်း ကြောင့်ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်ရသဖြင့် ကျေနပ်မိပါသည်။ ထိုသို့ဆိုလျှင် ကျနော်ထိုစဉ်က နေသောအိမ်ကို အကျဉ်းမျှ ပြောပြရန် လိုပါသည်။ ထိုစဉ်ကဟု […]


San Hla GyiJune 16, 20121min42250
(ဒီဆောင်းပါးဟာ ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၁) နဲ့ (အပိုင်း ၂) ရဲ့အဆက်ဆောင်းပါး ဖြစ်ပါတယ်။) နောက်တော့ နရသီဟပတေ့မင်းက လက်နက်ချဖို့ စဉ်းစားပြီး ရှင်ဒိသာပါမောက်ကို ငြိမ်းချမ်းရေးအတွက်နဲ့ သံတမန်အဖြစ် ကူဗလေခန်ရှိရာ တိုင်ကူး(ဝါ)တယ်တူ(ယခု ပီကင်း) ကိုလွှတ်ပါတယ်။ ဆရာတော်ဟာ ယူနန်က ယချည်(Yachi) မှာဝါဆိုပြီးမှ ပီကင်းကို ဆောင်းလယ်မှာ ရောက်သွားပါတယ်။ ရှင်ဒိသာပါမောက်နဲ့ ကူဗလေခန်တို့ အမေးအဖြေ ပြောပုံဆိုပုံတွေကိုတော့ ကျောင်းသုံးစာအုပ်တွေမှာလည်း ပြဌာန်းထားလို့ အသေးစိတ် မရေးတော့ပါဘူး။ အနှစ်ချုပ်ကတော့ တိုင်းပြည်မှာ လူမရှိရင် ဘာမှလုပ်လို့ မရဘူး။ ဒါကြောင့် စစ်သည်ရဲမက်တွေ ပြန်ခေါ် လူတွေပြန်ခေါ် ကောက်ပဲစိုက် ပြီးမှအခွန်သိမ်းဖို့လာပါ ဆိုတဲ့ ရှင်ဒီသာပါမောက် စကားကို မွန်ဂိုဘုရင်ကြီး သိပ်ကြိုက်ပြီး ငြိမ်းချမ်းရေး ရခဲ့ပါတယ်။ […]


San Hla GyiJune 2, 20121min75253
(ဒီဆောင်းပါးဟာ ပုဂံခေတ်နှောင်းပိုင်း (၁၂၈၃) မြန်မာ-မွန်ဂို စစ်ပွဲများ(အပိုင်း ၁) ရဲ့အဆက်ဆောင်းပါး ဖြစ်ပါတယ်။) နရသီဟပတေ့မင်းဟာ အဲဒီလို မွန်ဂိုဘုရင် ကူဗလေခန်နဲ့ ပြဿနာတတ်ပြီး မွန်ဂိုတပ်တွေ မြန်မာနိုင်ငံတွင်းကို ချီတတ်လာပေမယ့် ချက်ချင်းချီလာနိုင် တာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ တခြားစစ်မျက်နှာတွေလည်း ဖွင့်ထားလို့ပါ။ ၁၂၇ရ မှာ မြန်မာတပ်နဲ့ မွန်ဂိုတပ်တို့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်အနီးမှာ တိုက်ပွဲဖြစ်ပွားပါတယ်။ မွန်ဂိုမြင်းတပ်နဲ့ မြန်မာဆင်တပ်တို့ ပထမဆုံးတိုက်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ပထမဆုံးတိုက်တုန်းကတော့ မြန်မာက စစ်ရေးသာတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ မြင်းတွေက ဆင်ကိုလန့်ပြီး တောထဲကို ဆုတ်ပြေးပါတယ်။ ဒီမှာတင် မွန်ဂို လေးသည်တော်တွေက မြင်းပေါ်ကဆင်းပြီး သစ်ပင်တွေကို အကာအကွယ်ယူပြီး မြှားမိုးရွာပါတယ်။ သစ်လုံးကြီးတွေကို မီးရှို့ပြီး တွန်းပေးတဲ့အခါ ဆင်တွေက မီးရောင်မြင်ပြီး […]


San Hla GyiMay 26, 20121min36327
(ဒီဆောင်းပါးဟာ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန်အကြောင်း ရေးရင်းနဲ့ ဆက်ရေးစရာလေးတွေ ပေါ်လာလို့ ရေးလိုက်တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ရေးတုန်းကတော့ အပိုင်းမခွဲဘဲ တပုဒ်ထဲ ရေးမလို့ပါ။ ဒါပေမယ့် သိပ်ပြီးရှည်တာရယ် အထောက်အထားတွေကို တတ်နိုင်သလောက် ဖတ်နေရလို့ပါ။ ရသမျှ အချိန်လေးမှာ တတ်နိုင်သမျှ ကြိုးစားထားပါတယ်။ သိပ်မကောင်းပေမယ့် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ အရင်တုန်းက မေးဖူးတဲ့ ကိစ္စလေးတွေကိုလည်း နောက်တပိုင်းမှာ ဖြေနိုင်အောင် ကြိုးစားပါမယ်။) မွန်ဂိုစစ်သည်တွေ မြန်မာနိုင်ငံကို ပုဂံခေတ်နှောင်းပိုင်း လောက်မှာလာတိုက်ခဲ့တာ မှန်ပါတယ်။ သက္ကရာဇ် ၁၂၈၃ လောက်မှာ ဖြစ်ပြီး နရသီဟပတေ့(မင်းခွေးချေး) လို့ကျော်ကြားတဲ့ ဟင်းခွက် ၃၀ဝ ပြည့်မှပွဲတော် တည်သူ လက်ထက်မှာပါ။ မြန်မာရာဇဝင်မှာတော့ တရုတ်တရက်တို့ လာရောက်နှောင့်ယှက်ခြင်း လို့ရေးပါတယ်။ နရသီဟပတေ့ကို မြန်မာရာဇဝင်မှာ တရုတ်ပြေးမင်းလို့လည်း ခေါ်ပါတယ်။ အမှန်တော့ […]